မိန်းခလေးငယ်သို့ပေးစာ … ။

etoneJuly 21, 20101min460

(၁) အို..မိန်းခလေးငယ်

ထောင်နေသောစပါးနှံ နှင့် ညွှတ်ကိုင်းနေသောစပါးနှံကို လေ့လာ၍
ယောင်္ကျားတို့အား နှိုင်းယှဉ်ပါ။

(၂) အို..မိန်းခလေးငယ်

မာနဟူသည် ထားသင့်သော သူပေါ်သာထားရ၏ ၊ မထားသင့်သော သူပေါ်၌ ထားမိသော် အမှား
ဖြစ်တတ်၏။ (ကျားသည်ပင် မိဘရှေ့ရောက်က ကြောင်လေးသဖွယ်သာနေတတ်၏ )

(၃) အို..မိန်းခလေးငယ်

အသွင်မတူရင် ဘယ်သောအခါမှ အမြင်မတူနိုင်ပါ၊ ခံစားချက်မတူရင်လည်း
နားလည်မှုတွေ မတူနိုင်ဘူး။

(၄) အို..မိန်းခလေးငယ်

ရှေ့တွင်ရှိသော ပတ္တမြားကို ခရမ်းချဉ်သီးအမှတ် ဖြင့် နင်းကျော်ပြီး ၊
နောက်တွင်ရှိသော မစင်ကို ရွွှွှွှှေအမှတ်ဖြင့် ပြေးကောက်သော်၊ ထိုသူသည်
ဉာဏ်ပညာ သေးသိမ်သော မိုက်မဲသူသာဖြစ်ပေလိမ့်မည်။

(၅) အို..မိန်းခလေးငယ်

ချိုသာသော စကားတိုင်းသည် မုသားမကင်းနိုင်သလို၊ ခါးသီးသော စကားများသည်လည်း
မှန်သော စကားများ ဖြစ်နိုင်ပေသည်။

(၆) အို..မိန်းခလေးငယ်

လှသော မိန်းခလေးငယ်၊ လှပခြင်းအား ဆယ်စုနှစ်တစ်ခုကြာအောင်
သင်ထိန်းသိမ်းနိုင်ပါမည်လော၊ ထာဝရလှပခြင်းအား သင့်ကိုချစ်သောသူ၏
မျက်ဝန်းတစ်ခုတည်း၌သာ သင်တွေ့နိုင်ပါလိမ့်မည်။

(၇) အို..မိန်းခလေးငယ်

စိတ်ထားမကောင်းက တန်ဖိုးမဲ့ရာ၏ ၊ နေခြင်းမလှက တန်ဖိုးမဲ့ရာ၏ ၊
ပြောခြင်းမမှန်က တန်ဖိုးမဲ့ရာ၏။ (စိတ်ထား ကောင်းပါစေ ၊ နေခြင်းလှ၍ ၊
ပြောခြင်းမှန်ပါစေ )

(၈) အို..မိန်းခလေးငယ်

အပျိုအရွယ်ရောက် ပြီဖြစ်သော မိန်းခလေးငယ်၊ သင့်အား အမေ၊အဒေါ်၊အစ်မတို့မှ
မည်သည် ့်အတွေ့အကြုံအမွေကို ပေးကြသနည်း၊ သင် သိပါသည်။ သို့သော် နားလည်မှု
လွဲသွားနိုင်သည်။

(၉) အို..မိန်းခလေးငယ်

ဆူးပေါ်ပဲ ဖက်ကျကျ၊ ဖက်ပေါ်ပဲ ဆူးကျကျ ဖက်သာလျှင် ပေါက်ရိုးထုံးစံရှိ၏။
ပေါက်သွားလျှင် ဘာဖြစ်လဲဟူသောမေးခွန်းအား မမေးပဲ၊ ငါးပြေမကုန်းပေါ်တက်သည့်
အမှုမျိုးအား ရှောင်နိုင်ပါစေ။

(၁၀) အို..မိန်းခလေးငယ်

ဘူးပင်နှင့်တူသော မိန်းခလေး မဖြစ်အောင်နေပါ၊ ဘူးပင်တို့သည်အချိန်တန်အရွယ်ရော
က်သော မှီခိုရမည့်စင်ကို အညွှန့်ရမ်း၍ ရှာဖွေကြ၏ ၊ သူ၏ အညွှန့်ကို
ကိုက်ဖြတ်မည့်သူအား တမ်းတကြ၏။ ထိုမှသာ အသီးအားပေးပြီး ဘူးသီးတို့
ဝေဝေဆာဆာ သီးနိုင်မည်ဟု ဘူးပင်တိ်ု့ခံယူကြ၏ ၊ အို…..မိန်းခလေး
အတုယူမှားကင်းပါစေ။

(၁၁) အို..မိန်းခလေးငယ်

အပျော်ကျူးက ဗိုက်ဖူးတတ်၏ ၊ သွေးတို့ယားသော် အသားတို့လည်း ပဲ့ပေမည်၊
ဆန္ဒတို့ကို သိက္ခာဖြင် ့ထိန်းပါလေ။

(၁၂) အို..မိန်းခလေးငယ်

အရွယ်ရောက်လာသော မိန်းခလေးငယ်တို့ အဘယ်အကြောင်းကို တွေးတောနေကြသနည်း၊
အတွေးတို့မှန်ပါစေ အမေ့ကျေးဇူးဆပ်ဖို့ထက် အမေဆိုတဲ့
ကျေးဇူးကိုဦးစွာခံယူချင်သူသည် ဒုက္ခကိုသာအဖေါ်ပြုရတတ်သည်။

(၁၃) အို..မိန်းခလေးငယ်

မချစ်တတ်တဲ့ သူဆီ၊ အချစ်ငတ်တဲ့ သူက ချစ်ခြင်းကိုအလှူခံရင်တော့ ရလာမှာက
နောင်တနဲ့….. ပဲ။

(၁၄) အို..မိန်းခလေးငယ်

ချစ်တတ်သူတိုင်း ချစ်ပါတယ်ပြောသော်ငြား ၊ ချစ်ပါတယ်ပြောသူတိုင်း မချစ်တတ်ကြပါ။

(၁၅) အို..မိန်းခလေးငယ်

မကြာခင် ငါးစာလာမည်၊ ငါးစာတွင် ငါးမျှားချိတ်ပါမည် ၊ အသိကို
သတိနှင့်ယှဉ်ပြီးနေပါ မိန်းခလေးငယ်။