လောကကြီးမှာ နေတတ်ကြဖို့ ကြိုးစားကြပါစို့…

manawphyulayJuly 21, 20101min741

လူ့ဘဝသက်တမ်းဆိုတာ သံသရာသက်တမ်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရမ်းကို
တိုတောင်းတဲ့ဘဝပါ။ ဒီလိုတိုတောင်းတဲ့ လူ့ဘဝမှာ ကျွန်မတို့တစ်တွေဟာ
ရေစက်ရှိလို့ ကံဆုံကြတာလို့ သတ်မှတ်လို့ရပါတယ်။
ဒီလိုဘဝရတဲ့အချိန်ခဏလေးမှာ လူတိုင်း
စိတ်နှလုံးချမ်းမြေ့ကပျော်ရွှင်စွာ နေထိုင်သွားကြမယ်ဆိုရင်
အလွန်တန်ဖိုးရှိတဲ့လူ့ဘဝမှာ အဓိပ္ပာယ်တွေနဲ့ ပြည့်စုံနေမယ်လို့ ကျွန်မ
ယူဆမိပါတယ်။ လူတိုင်းပေါ့လေ ကျွန်မ စဉ်းစားကြည့်မိတာပါ။
ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းကြမယ်ဆိုရင်
ဘယ်လောက်ကောင်းလိုက်မလဲနော်။ ပညာရှင်တစ်ဦးပြောတဲ့ စကားကိုလည်း ကျွန်မ
လေးလေးနက်နက်ျခံစားကြိုက်နှစ်သက်မိပါတယ်။ ဘဝဟာ သိပ်တိုတောင်းလွန်းလို့
သေးသိမ်ဖို့ အချိန်မရှိပါဘူးတဲ့။ ဘယ်လောက်ကောင်းတဲ့ စကားလေးလဲ။ နောက်ပြီး
ကျွန်မရဲ့ ဆရာက ပြောဖူးတယ်။ လူတိုင်းအပေါ် မေတ္တာထားပါတဲ့။ မိုးလင်းလို့
အိပ်ရာက နိုးတာနဲ့ စိတ်ကို ကြည်လင်အောင် ထားရမယ်တဲ့။
အမှန်တော့ လူတွေဟာ လောကရဲ့ ဧည့်သည်တွေဖြစ်ပါတယ်။ လောကရဲ့ဧည့်သည်အဖြစ်
အချင်းချင်း တွေ့ဆုံကြုံကွဲဖြစ်မြဲ ဓမ္မတာလောကမှာ ဆုံစည်းကြစဉ်အခိုက်မှာ
မိတ်ဆွေအပေါင်းအသင်း၊ ဆွေမျိုးတွေနဲ့ ညီညွတ်ချစ်ခင်စွာ
နေထိုင်သွားသင့်ပါတယ်။ ကျွန်မရဲ့ တက္ကသိုလ်တက်တုန်းက ၄ နှစ်တူတူ
တွေ့ဆုံခဲ့ကြတဲ့သူငယ်ချင်းတွေထဲက တစ်ယောက်က ပြောတယ်။
သူငယ်ချင်းမိတ်ဆွေဆိုတာ ဝေးနေတဲ့မောင်နှမတွေထက် ပိုပြီး
သံယောဇဉ်ရှိပါတယ်တဲ့။ ကျွန်မမှာ သူငယ်ချင်းကောင်းတွေ၊ မိတ်ဆွေကောင်းတွေ
အများကြီး တွေ့ဆုံခဲ့ရတာဟာ
ကံကောင်းတဲ့သူတစ်ယောက်ဖြစ်နေလို့နေမှာပေါ့နော်။ လူတိုင်းမှာ စိတ်ညစ်စရာ
ကိုယ်စီရှိကြမှာပါ။ တစ်နည်းမဟုတ် တစ်နည်းလေနော်။ စိတ်ညစ်လိုက်တာလို့
ထိုင်ပြီး ညည်းနေမယ့်အစား ဒါဟာ ဘာကြောင့်လည်း အဖြေရှာကြည့်မယ်ဆိုရင်
ကိုယ့်အတွက် ထွက်ပေါက်တစ်ခု ဖြစ်လာမှာပါ။ ကျွန်မကို ညီမလေးတစ်ယောက်က
ပြောဖူးတယ်။ သူ စိတ်ညစ်လို့တဲ့။ အစ်မကော စိတ်ညစ်စရာ မရှိဘူးလားတဲ့
မေးတယ်။ ဘယ်နှယ် ပြောပါလိမ့်။ ညီမလေး စိတ်ညစ်တာဟာ အစ်မ စိတ်ညစ်သလောက်
သုံးပုံပုံရင်တောင် တစ်ပုံရှိမယ် မထင်ပါဘူးလို့ ပြန်ပြောလိုက်ပြီး ကျွန်မ
မေးလိုက်ပါတယ်။ ဘာကို စိတ်ညစ်တာလဲ။ အားလုံးပဲလို့ ကျွန်မကို ပြောတော့
တစ်ခုချင်းစီ အဖြေရှာပါလို့ အစ်မမှာ စိတ်ညစ်စရာများလွန်းလို့
ဘယ်ကနေစပြီးညစ်ရမှန်းတောင် မသိတော့ဘူးလို့ ကျွန်မ ပြန်နောက်လိုက်မိပါတယ်။
သူက အစ်မကြည့်ရတာ ပျော်နေသလိုပဲနော်တဲ့။ စိတ်ညစ်စရာကို အကန့်ခွဲထားလို့
ဖြစ်ပါလိမ့်မယ်လို့ ကျွန်မ ပြန်ပြောမိပါတယ်။ သူ ပြောတော့လည်း
ပြောချင်စရာပါပဲလေ။ ကျွန်မ မျက်နှာကိုက အဲလိုပဲ ဆု မတောင်းပဲနဲ့ ပြည့်တာ
ကျွန်မမှာ ပြည့်တာဆိုလို့ တစ်ခုရှိတယ် အဲဒါဘာလဲဆိုတော့ မျက်နှာမြင်
ချစ်ခင်ပါစေဆိုတဲ့ ဆုတစ်ခုလေ။ ပြီးတော့ ကျွန်မ ပြန်နောက်လိုက်မိသေးတယ်။
အခုဆို အစ်မ ဆူးလေဘုရားနားကတောင် ဖြတ်လျှောက်လို့မရဘူးလို့ပြောလိုက်တော့
ဘာဖြစ်လို့လဲတဲ့ ပြန်မေးတယ်။ ဘုရားနားက အစာစားနေတဲ့ ခိုတွေက အစ်မကို
မြင်ရင် အကုန်ပြေးကြတယ်လို့အောကျ​ပါ​အ​တိုငျး​ ဖွဈ​ပါ​ပြောတော့
ဘာဖြစ်လို့လဲမေးတော့ အမ ငြီးတာ မခံနိုင်လို့ပြေးတာလို့ ပြောလိုက်မိတယ်။
လောကမှ နေတတ်ရင် ကျေနပ်စရာကြီးပါပဲ။ လက်ရှိမှာတော့ သေတတ်ဖို့ထက်
နေတတ်ဖို့က အရေးကြီးပါပဲလို့ သဘောပေါက်မိပါတယ်။ အားလုံးပဲ
စိတ်ချမ်းသာကိုယ်ကျန်းမာပြီးလောကကြီးမှာ အနေတတ်ကြပါစေလို့
ဆုတောင်းလျက်….

One comment

  • kopauk mandalay

    August 6, 2010 at 3:39 pm

    လောလောဆယ်တော့ အနေကျပ်တယ်ဗျာ။
    နေတတ်အောင် ခင်ဗျားပြောသလို ကြိုးစားကြည့်လိုက်ပါအုံးမယ်။

Leave a Reply