=
-12/20/12
-1/8/2013
Google Play အတွက် App လုပ်ကြည့်လိုက်ပါကြောင်း..။
-1/9/2013
New User Registration အတွက် စပန်းအကာအကွယ် Plug-in ထည့်လိုက်ပါကြောင်း..
-1/21/2013
လူမဟုတ်သူတွေ ရီဂျစ်တာလာလုပ်တာများနေသညာ် ယူဆပါသဖြင့်.. သချင်္ာတွက်ရသော Plug-inအစား နည်းနည်းပိုခက်တာထည့်လိုက်ပါကြောင်း..
– မန်းဂဖက်ကွန်ဖရင့်န်တက်ခဲ့သည့် သူများအားရာထူးတိုးပေးနေပါကြောင်းနှင့် ကွန်ဖရင့်န်တက်သော်လည်း. မည်သည့်ပို့စ်မှမတင်ရသေးသည် ၂ဦးကိုမူ ချန်ထားပါဦးမည်ဖြစ်ပါကြောင်း…
-2/22/13
Plug-in တချို့ upgrade လုပ်လိုက်ပါတယ်ခင်ဗျ..
ပြဿနာရှိရင်ပြောစေလို…- ၁သိန်းပြည့်တော့မည့် etone အတွက်ငွေလွှဲပြင်ဆင်နေပါကြောင်း..
-3/6/13
ကထူးဆန်းမှ ဒေါ်လာ၁၀၀ လှူထားပါကြောင်းရွာသူားများကို အသိပေးပါတယ်ခင်ဗျား၊ ကျေးဇူးတင်လျှက်ပါလို့။ ၁ခါ..၂ခါ…. အကြိမ်ကြိမ်လှူနေတဲ့ ကထူးဆန်းဖြစ်ပါတယ်ခင်ဗျား။
-3/11/13
တိုင်ဝမ်က KoAung ထံမှ paypal တဆင့်လွှဲလှူငွေ ဒေါ်လာ၃၀၀ လက်ခံရရှိထားပါကြောင်း..။ ကျေးဇူးတင်လျှက်ပါနော။ အခုလှူတာ ဒုတိယအကြိမ်ပါ။ ၂၀၁၁ ဒီဇင်ဘာလကလည်း ဒေါ်လာ၃၀ဝ လှူထားဖူးပါတယ်။
– 3/14/13
ဦးဦးပါလေရာ says:ရွာသူားများရဲ့ အမည်ကိုတပ်ပြီး ခနဲ့စာ သရော်စာများရေးတဲ့ကိစ္စကတော့-
တကယ်တော့ ဘယ်လောက်အတိုင်းအတာဆိုရင် ဘယ်လိုလူမျိုးမှာ ဘယ်လိုထိခိုက်တယ်ဆိုတာ
လူအမျိုးမျိုးအလိုက် ကွဲပြားပါတယ်။ မနစ်နာအောင်အမြဲရေးနိုင်ဖို့ မသေချာပါဘူး။
ဒီလူက ဒီလိုရေးရင်စိတ်မဆိုးပေမယ့် ဟိုလူကရေးရင်တော့ စိတ်ဆိုးမယ် ဆိုတာမျိုးလဲ ရှိပါတယ်။
ဘယ်သူကဖြင့် ဘယ်လိုရေးရင် စိတ်မဆိုးဘူးလို့လဲ စာချုပ်ကြိုမချုပ်ထားပါဘူးနော…။
ဒီတော့ မရေးလျှင်အကောင်းဆုံး၊ ရေးလျှင်တော့ ကိုယ့်တာဝန်ကိုယ်ယူရမည်ဖြစ်ကြောင်း ကြေငြာအသိပေးသင့်ပါတယ်။အစိုးရ ပုဂ္ဂလိက ဌာနများမှ လူအမည်ရာထူး အတိအကျနဲ့ ဝေဖန်ရေးသားရာမှာ ရေးသူက လုံးဝတာဝန်ယူရမှာမို့ ရေးသူရဲ့ identity ပြည့်ပြည့်စုံစုံ ဖေါ်ပြထားတဲ့ ပိုစ့်များ ကွန်မင့်များကိုသာ လက်ခံသင့်တယ်။ ဥပမာ ကျုပ်ဆိုရင် အမည်ရင်း၊ ဓါတ်ပုံ၊ အလုပ်အကိုင်တွေကို အများသိအောင် profile တင်မထားဘူး။ ကျုပ်လိုလူမျိုးက အစိုးရ ပုဂ္ဂလိက ဌာနများမှလူများကို လူအမည်ရာထူး အတိအကျနဲ့ ဝေဖန်ရေးသားရင် ခွင့်မပြုထိုက်ဘူး။ Mod တွေက ဖျက်ပစ်သင့်တယ်။ ကိုယ်ကျတော့ မျက်နှာဖုံးစွပ်ထားပြီး သူများကို တဦးချင်းခွဲပြီး လက်ညှိုးထိုးဝေဖန်တာကို ခွင့်မပြုထိုက်ပါ။
အမှန်တော့ မူကိုပဲ ဝေဖန်ခွင့်ပေးသင့်တယ်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လူကိုတော့ ဝေဖန် စွပ်စွဲ ခွင့် မပေးသင့်ပါ။ ဒီရွာဗွက်ပေါက်သွားမယ်ဖြစ်ကြောင်း……။
-4/28/13
etone ထံ မန်းဂဇက်တွင်စာရေးသားနေခြင်းအတွက် ပွိုင့်၁သိန်းပြည့်သွားသဖြင့် ရပိုင်ခွင့်ငွေ(ဒုတိယအကြိမ်) ကျပ်၁သိန်းလွှဲပြီဖြစ်ပါကြောင်း..
-5/2/13
ကမ္ဘာ့ကျွန်းနိုင်ငံရောက်ရွာသူား၃ဦးမှ စုပေါင်းလှူဒါန်းငွေ ဒေါ်လာ ၃၀ဝ ယနေ့တွင် paypal မှတဆင့်လက်ခံရရှိပါကြောင်း ရွာသူားများအားဝမ်းမြောက်စွာအသိပေးပါကြောင်း..
အဆိုပါငွေကို Server/Website Performance မြှင့်ရန်အခြားကုမ္ပဏီတခုငှားရမ်းဆောင်ရွက်ရာတွင် သုံးမည်ဖြစ်ပါကြောင်း..။
-May 2014 တွင် ကထူးဆန်းမှ ၁သိန်းနှင့် ကကြောင်ကြီးမှ ၁၀ဝဒေါ်လာ ရွာရံပုံငွေအဖြစ်လှူထားပါကြောင်းနှင့်…
ကိုရင်alinsett အားကျပ်၁သိန်းလွှဲပေးထားပြီဖြစ်ပါကြောင်း..။
518 comments
kai
July 4, 2013 at 12:00 am
အဲဒီအပေါ်က ပလပ်အင် အခုအယ်ရာတက်ပြီး ရပ်နေတယ်…
အဲဒါကြောင့် အီးမေးလ်မရောက်တာ..။ ပလပ်အင်ဒီဗဲလုပ်ပါလဲ.. WordPress Ver အသစ်အတွက် မလုပ်ပေးတော့ဘူး..
တခြားကောင်းတာလေးများ သိရင်ပေးကြပါဦး…။
မဟာရာဇာ အံစာတုံး
July 4, 2013 at 2:52 am
ဆိုင်လား မဆိုင်လားတော့ မသိဘူး
(မကလိဖူးဘူး)
WP Comment Notifier For All
MailPress
ဆိုဒါဒွေဒေါ့ တွေ့မိဒယ် ….
စမ်းပြီး ကလိချင် ကလိကြည့်ပေါ့ဂျာ ….
မဟာရာဇာ အံစာတုံး
July 5, 2013 at 11:47 am
မကျေနပ်ဘူးဗျ … 👿
ဒကယ်ပျောဒါ …
ဘယ့်နှယ့်ဗျာ .. ဘာမှ မလုပ်ဘဲနဲ့ ဒီအတိုင်းကြီး နေရင်းနဲ့
ကျုပ် ပွိုင့်တွေ ပျောက်ကုန်ပါရောလား ….။
ခြေထောက်ပေါက်လို့ ပျောက်ကုန်ဒါလား …
ကွန်မန့် ဖျက်ခံရလို့လည်း မဟုတ်ဘူး …
ဘလိုင်းဂျီး ပျောက်သွားဒါ …
ရေလည် တင်းသွားပြီ …. 👿 👿
surmi
July 5, 2013 at 4:13 pm
ဟဲ့ ဟဲ့ မောင်အံ
ကျုပ်လည်း မဝင်တာကြာလို့လားမသိ
ရာထူးချ ခံလိုက်ရြပြီဟ
မနက်က အက်ဒစ်လုပ်မလို့ လုပ်မရတော့ဘူး
သဂျီး စည်းကမ်းပြောင်းလိုက်ပြီထင်တယ်
အနိစ္စ 🙂
Mr. MarGa
July 5, 2013 at 6:48 pm
ဟုတ်တယ် တင်းဒယ်
ဒီမှာ ရှိတဲ့ အဆင့်ကနေ ပြန် လျော့သွားပြန်ပီ
သဂျီး မိုင် ၁၅၀ဝ ကားမောင်းသွားပြီး ပြန်လာရင် အိုက်ဒါ ရှင်းပေးဘာ…………….
👿 👿
Ma Ma
July 13, 2013 at 8:21 pm
ဒို့ရွာလည်း ခေတ်မီလာပြီ။
ဆန္ဒထုတ်ဖော်ပွဲ လုပ်နေတယ်။
😛
အလင်း ဆက်
July 8, 2013 at 6:57 pm
mail ထဲကို post က
comment တွေက ဝင်တစ်ချက် မဝင်တစ်ချက်နဲ့
surmi
July 13, 2013 at 1:15 pm
ရွာထဲမှာ အသစ်တစ်ယောက် လမ်းပြောက်နေပြီထင်တယ်
တစ်နေ့တည်း ပို့စ်တွေအများကြီးတင်ပြီးကြော်ငြာနေလေရဲ့
သဂျီးးးးးးးရေ……..
အလင်း ဆက်
July 13, 2013 at 1:47 pm
ဟုတ်တယ်ဗျာ
ကျွန်တော်လည်း
huawei အစုတ်လေးနဲ ့ဂဇက် ထဲရောက်နေတာ ဆိုတော့
အက်ဒစ် လုပ်လို့မရ ဘူး
ဟန်းဆက်နဲ ့က အက်ဒစ် လုပ်ရင်
စာတွေ တစ်လုံးမှ ရေးမရ
ဘာဖြစ်လို့လဲ မသိ
အရီးခင်လတ်
July 13, 2013 at 8:41 pm
အသစ်တင်တဲ့ မိုခမ်း ရဲ့ Post မှာလဲ ကကြောင် နဲ့ အလင်းဆက် ရဲ့ ပုံတွေ ကပ်ပါလာနေတယ်။
kai
July 15, 2013 at 4:55 am
ပုံတွေဘက်ကပ်ကနေ ပြန်ဖြည့်နေပါတယ်…။
အကုန်ပေါင်း ၂ဝဂစ်လောက်ရှိတယ်…
မလွယ်ရေးချ..မလွယ်…
အလင်း ဆက်
July 18, 2013 at 11:11 am
ရွာ ဘာဖြစ်တာပါလိမ့်
ပိုစ့်တွေ မှန်သမျှ
အတွင်းစာသားတွေ ပါ မြင်နေရတယ်
ခါတိုင်းလို ခေါင်းစဉ်လေးတွေ အစဉ်လိုက်မရှိ တော့
Mr. MarGa
July 18, 2013 at 1:38 pm
အဲ့ဒါ client ဘက်က error ပါကွီ
နီ့ ဖုန်းက ဖြစ်တာပါ……….
ဦးဦးပါလေရာ
July 23, 2013 at 6:39 pm
ပြောရင်လဲ ယုံကြပါ့မလားမသိ
အခုတစ်လော အင်တာနက် ကို FB ကလွဲရင် ကောင်းကောင်းသုံးမရတာကြာပြီ..။
ဂဇက်ကတော့ ဆောရီးပဲ
ဒီနေ့ ဝင်လို့ရတုန်း ထမင်းမစားပဲ ကွန်မင့်ရေးနေတာ 🙁
ဗုတ်တွေလဲ လုံးဝလုပ်လို့မရ-
ကျုပ်ထင်တာ 800 MHZ ဖုံးတွေ အိုင်ပီတွေ အရမ်းထပ်နေတယ်ထင်တာပဲ…။
padonmar
July 24, 2013 at 10:31 pm
သူကြီးရေ
ကျမရဲ့ အာတီဒုံစိတ်ကောက်နေပါတယ်ကို စတစ်ကီဖြုတ်ပြီး
မှော်ဆရာရဲ့ ဂေဇက်တွေ့ဆုံပွဲ ဂုဏ်ပြုဓာတ်ပုံပို့စ်ကို စတစ်က် တာ ပိုကောင်းပါမယ်။
ပွဲအကြောင်း အတည်က လုံမလေးပို့စ်ကို စတစ်က် လုပ်ပေးရင်ရပါပြီ။
အခုထပ်တင်တဲ့ ရွာ့စာအုပ်လေး အားပေးစေချင် ကိုလည်း စတစ်ကီ လုပ်ပေးစေချင်ပါတယ်။
မဟာရာဇာ အံစာတုံး
July 26, 2013 at 3:16 pm
သဂျီး …
အသစ်ထည့်လိုက်တဲ့ စမိုင်းလိ တွေက မလှဘူးးး
မမိုက်ဘူးးးးး
မတော် .. despicable me .. အရုပ်လေးတွေဆို တော်သေး …
kai
July 26, 2013 at 4:08 pm
ရှိတာလေးထည့်ရတာပါကွယ်…
despicable me .. အရုပ်လေးတွေဆိုရင်.. ရာသီစာကြီးဖြစ်နေမှာမို့ပါ…
ကောင်းတာရှိ.. ညွှန်ပါဦး…။ :boss:
Mr. MarGa
July 26, 2013 at 9:40 pm
အရင် အရုပ်လေးတွေက ရတော့ဘူးလား ဟင်
အဲ့ဒါလေးတွေက ပို ကောင်းမယ်ဗျ
အခုက ရယ်ပြတာ သွားဖြဲပြီး ခြောက်နေတဲ့အတိုင်းပဲ
မယုံရင် ကြည့်
:hee:
Ma Ma
July 30, 2013 at 2:13 pm
သိကြားမင်းဆိုတာ တော်တော်ရုပ်ဆိုးတာပဲနော် 😆
Mr. MarGa
July 31, 2013 at 10:17 pm
တိန်
အဲ့ဒါ သဂျီးလက်ချက်ပါခည
Min Zarni
July 30, 2013 at 9:04 am
မြဝတီမဲဆောက်မှာ မိုးကြီး ရေလျှံ မီးမလာ အင်တာနက်ပျက် နေပါတယ်..
အဲ့ဒီအတွက် ဘယ်ကို လိပ်မူပီး စန္ဒာပြရမလဲ သိရင်ပြောပေးဂျဘာ…။
စကားမစပ် ဒီ့ထက် ရုပ်ဆိုးတဲ့ smiley တွေ ရှာလို့တောင် မတတ်တော့ဘူး။
စိတ်လှမှ ရုပ်လှမှာ ..စိတ်ကောင်းမွေးပါ သဂျီး။
ပုံဆိုးပန်းဆိုး တွေ့ကရာ စမိုင်လီ တွေလျောက်ထည့်ထားတာ
ဘုရားသခင် ချစ်မယ် မထင်ဘူး..။
အာမင်။
အရီးခင်
July 30, 2013 at 3:17 pm
အဲလာ
တစ်ရှီး ထဲ ရှီး နေ လို့ တဲ့။
ရှီးတာ ခန ရပ်ထားကြည့်။ 😛
Min Zarni
July 30, 2013 at 3:26 pm
အခု shee က ရေဘေးလိုက်ကူနေတယ် အရီး. ရဲ့.
ငိငိ
အရီးခင်
July 30, 2013 at 3:29 pm
အရီး တူလေးမှာ ရှီးရောဂါ အတော်ကျွမ်း နေပါပေါ့ လား။ 😛
kyeemite
July 30, 2013 at 9:25 am
ကျုပ်ကတော့ ဒီပုံလေးသဘောကျဂျောင်းးး
:boss:
Ma Ma
July 30, 2013 at 2:53 pm
ကိုယ့်ပိုစ့်ကို မန့်တဲ့ ကွန်မန့်တွေ မေးလ်ထဲ မဝင်ဘူးဖြစ်နေပါတယ်။
အရီးခင်
July 30, 2013 at 2:54 pm
ပြူးတူး ပြဲတဲ အရုပ်ဝါ တွေ ကို ကြိုက်ဖူး။
သုံးဖူး။
kai
July 31, 2013 at 3:42 pm
.com ကျနေသဖြင့်… .org ကိုတင်ထားပါ၏..
ပြန်တက်လာလျှင်.. ဒေတာနှင့်ပုံများ ပြန်ရွေ့ပေးမည်ဖြစ်ပါကြောင်း….။
Mr. MarGa
July 31, 2013 at 10:18 pm
နင်လားဟဲ့ DDOS
ကွိကွိ
မန်းဂဇက် အား ပြန်လည် စိတ်ဝင်စားလာကြပြန်ချေပြီ……
kai
August 1, 2013 at 1:18 pm
>org ဆီ DDos လိုက်လာလို့.. .com ဆီပြန်ရောက်လာပြီဖြစ်ကြောင်း…
ဦးကျောက်ခဲ
August 1, 2013 at 6:00 pm
အတော်လေး ဝင်ရခက်တယ် ခင်ဗျ၊ errors တွေအတော်ပြပြီး browser မငြိမ်ဘူး။ ရွာချဲ့ဘို့ထက်… စည်းရိုးခိုင်အောင်ကာရင် ပိုကောင်းမလားလို့…
Mr. MarGa
August 5, 2013 at 7:02 pm
ဦးကျောက် ပြောသလိုပါပဲ သဂျီးရေ
လောလောဆယ် ရွာချဲ့တာကို လျှော့ပြီး စည်းရိုးကို ပြန်ကာပြီး အခြေကျအောင် လုပ်သင့်ပြီလို့ ထင်ပါတယ်
အခုက ရွာအချဲ့လွန်ပြီး စည်းရိုးက သေချာ မကာရသေးသလို ဖြစ်နေတယ်
ရွာကလဲ အခြေမကျသေးသလို ခံစားနေရလို့
ဦးကျောက်ခဲ
August 21, 2013 at 11:20 am
သူဂျီးတော့ Spammer တွေနဲ့ Warning ရနေပြီထင်ရဲ့…
တစ်ခုခုတော့ တစ်ခုခုပဲ…
kai
August 21, 2013 at 1:37 pm
တရက်တရက်.. Brute Force နဲ့ အကြိမ်ရာချီထိုးဖောက်နေပြီး.. DDos ကလည်း.. တောက်လျှောက်ပဲ..
တော်တော်ကောင်းတဲ့စပမ်းကာကွယ်စနစ်လည်း.. မရလောက်အောင်.. စပမ်းမာတွေဝင်နေသဗျ…
ဆိုတော့…
ခုတလော.. ရွာသူားအသစ်လက်ခံခြင်းကို… ပိတ်ထားမယ်ဖြစ်ပြီး.. အသစ်ဝင်ချင်ရင်.. မူလရွာသူား(ပွိုင့်၃သောင်းအထက်ရှိသူ) များကတဆင့်တောင်းဆိုရတဲ့စနစ်ပြန်ပြောင်းလိုက်ပါကြောင်း…..
Mr. MarGa
August 21, 2013 at 2:55 pm
အင်း…..
ပွိုင့် ၃သောင်းအထက်ရှိသူ တဲ့
ကိုယ့်ပွိုင့်ကို ပြန်ကြည့်တော့ အဲဒီလောက်ကို မရှိသေးတော့
ထားလိုက်ပါတော့လေ…..
သဂျီးရေ…
ဒီတစ်ခါတော့ အားရပါးရ ဆော်နေတဲ့ပုံစံပဲနော်.
ပုံမှန်တော့ မဟုတ်တော့…
အလင်းဆက်
September 7, 2013 at 8:45 pm
အာ ့ဆို.. သားသားက ရပါသကွယ်..
((ဝင်ကြွားလိုက်ဦးမယ်..။ ))
သားသားက ပွိုင့် 6သောင်းအထက် မို ့… ရပါသကွယ်.. ဟေဟေ့..။
:kwi:
ခရီးသည်ကြီး
August 21, 2013 at 2:59 pm
ဟား ……
ပွိုင့် ၃၀၀၀ဝ တဲ့
ဒီတစ်သက်မလွယ်ပါလား
အခုမှ ၂၉၆၆
GARFIELD
August 21, 2013 at 3:37 pm
သူကြီးရေ…
ဘရုဖိုစ့် အတက်ဆိုရင် လော့အင်အတန့်ကို ပိတ်ထားရမယ်…
ပတ်ချဝေါ့မှားလို့ (၃)ကြိမ်နဲ့အထက်ဆိုရင် အကောင့်ကို အချိန်တစ်ခုသတ်မှတ်ပိတ်ထားမယ်…
အဲ့လိုလုပ်ပါကွယ်…
နောက်တစ်ခုက ကွန်ကွားရန့်လော့အင်…
တစ်ပြိုင်ထဲ အကောင့်တစ်ခုက နှစ်နေရာကနေ ဝင်မရအောင်ပေါ့…
စကျူရတီသီးသန့်သမားများ အဲ့မှာရှိနိုင်လားဟင်…
ဆွေးနွေးကြည့်ပါလား…
ပိုက်ဆံလိုမယ်ဆိုလဲ လှူကြမယ့်အလှူရှင်တွေရှိမှာပေါ့…
မဟုတ်ကို ကိုကျော်သူကို ကားနှစ်တစ်ကွ ယူအက်စ်ကို ပို့နေရဦးမယ်…
ခင်မင်လျက်-
ဖက်ဖက်ကက်
kai
August 21, 2013 at 4:11 pm
SOURCE ADDRESS: 91.147.153.52
TARGET SERVICE: sshd
FAILED LOGINS: 122
=
SOURCE ADDRESS: 183.62.48.44
TARGET SERVICE: sshd
FAILED LOGINS: 129
=
SOURCE ADDRESS: 188.225.33.208
TARGET SERVICE: sshd
FAILED LOGINS: 134
=
SOURCE ADDRESS: 118.145.17.75
TARGET SERVICE: sshd
FAILED LOGINS: 155
ဒါတွေက နာရီပိုင်းအတွင်း စူပါယူဆာအကောင့်ကို.. ဘရုဖို့စ်အတက်ခ် လုပ်နေတာတွေပါ..။ SSH နဲ့တန်းချနေတာ..။
ဝက်ဘ်ဆိုက်ကနေ.. မင်န်ဘာအဖြစ်စပမ်းဝင်တာ.. ဘရုဖို့စ်အတက်ခ် လုပ်နေတာတွေက သပ်သပ်ဗျ…
အိုင်ပီနဲ့ဘလော့ခ်လို့လည်းမရဘူး..။ မြန်မာပြည်ကနေက.. အိုင်ပီတူသူတွေများတာကိုး..
မန်းဂဇက်အတွက်.. လူငှားရင်းလုပ်ရင်း.. ကျုပ်တောင်.. စီအိုင်အက်စ်အက်စ်ပီ ဖြေမလားလို့.. စာတောင်စဖတ်နေပြီ…
သာဓု..
GARFIELD
August 21, 2013 at 4:39 pm
SSH နဲ့ချနေတာ သူကြီးက SSH သုံးထားလို့ထင့်…
မန်ဘာစပမ်းဝင်တာတော့ ကျွန်တော်လဲမသိ…
ဘရုဖို့စ့်ကတော့ အခုပုံစံဆိုရင် ပြသနာသိပ်မရှိဘူးထင့်…
အဲဒီ ID (User) ကို အချိန်နဲ့ Disable လုပ်ခိုင်းထားပြီး
မဖြစ်မနေပေးရမယ်ဆိုရင် တခြား ID အသစ်တစ်ခုနဲ့ ခဏပေးထားလိုက်ပါလား…
Default User တွေကို မသုံးဘဲ… ကိုယ့်ဟာကိုယ် Create လုပ်ပြီးစမ်းကြည့်ပါလား…
ငယ်ငယ်တုန်းကတော့ CISSP ဖြေချင်ခဲ့တာ…
အခုတော့အသက်ကြီးသွားပါပြီကွယ်…
သူကြီးဖြေမယ်ဆိုရင် တူတူစာဖတ်ကြမယ်လေ… ဟိဟိ
ဂါဂါး
ဦးကျောက်ခဲ
September 13, 2013 at 8:32 am
အင်း… ကျောက်စ်တို့ သဂျီးလည်း Spam Warning တွေရနေပြီ…
နောက်တစ်ခေါက် လာဦးမယ် ထင်ပါရဲ့…
ရွာမပျက်အောင် ကြိုတင်ကာကွယ်ဖို့တော့ လိုနေပြီ…
စကားမစပ် စက်တင်ဘာအတွက် အရင့်ရောင်မှတ်တမ်း မလာသေးပါလား…
nature
September 13, 2013 at 10:19 am
20000 လောက်လုပ်ပါသူကြီးရယ်။ ဒါမှမဟုတ်ရင်လဲ ပွိုင့်တွေတိုးပေးလေ။ 😛
kai
September 29, 2013 at 3:44 pm
ယနေ့(၉။၂၉။၁၃)တွင်တင်သော sai saimg ၏ ပို့စ်၂ခုကို.. ပစ်စာဟုယူဆသဖြင့် ပိတ်ထားလိုက်ပါကြောင်း..
– Admin
Ma Ma
September 29, 2013 at 3:51 pm
သဘောတူပါကြောင်းးးး
ဒီလို ဆူပူစေမယ့်စာတွေ ပိတ်တာက ဖြစ်သင့်တာ ကြာပြီ သဂျီးရေ။
kai
October 2, 2013 at 10:50 pm
သံတွဲကဆရာတို့…
ဘာပို့စ်မှမတင်စေလိုပါကြောင်း… တက်သမျှအကုန်ပိတ်မည်ဖြစ်ကြောင်း…။
မော်ဒရိတ်တာများကလည်း.. ပိတ်ပေးစေလိုပါကြောင်း…။
– Admin
padonmar
October 6, 2013 at 9:01 pm
သူကြီးရေ
စာလုံးfont တွေ ဘာဖြစ်နေလဲမသိ။
စာကြောင်းရဲ့ အစတွေ ပျောက်နေတတ်တယ်။
ြဲ – တို့ ေ- တို့ တွေ ပျောက်နေတယ်။
-ျ နဲ့- ာ လည်း ကပ်နေပြီး ကြည့်မလှဘူး။
ကိုယ့်ကွန်ပူတာပဲဖြစ်နေတာလားတော့ မသိဘူးနော်။
မဟာရာဇာ အံစာတုံး
October 7, 2013 at 7:24 am
ဝုတ်ဒယ် ..
အိုက်ဒါ တီတီ ကွန်ပူတာ က ဖစ်နေဒါ …
အိုက်ဒါ ဗိုင်းရပ်စ် ဝင်နေဒါ …
ဘီလိုမှ ပျင်လို့ ရမှာ မီဟုတ်ဘူးးး
တားကို ပေးလိုက်ဒေါ့ …
kai
October 7, 2013 at 12:21 pm
ကြည့်ရတာ.. ယူနီကုဒ်အစစ်ကြီးထည့်မိတယ်နဲ့တူတယ်…
ပြင်မပေးပဲ.. အတင်းအလှူခံမဲ့သူများနိုင်ကြောင်း..
KZ
October 13, 2013 at 6:29 pm
တဂျီးဗျ။
ဟိုတစ်ယောက် ပို့(စ) တွေ မဟားဒရား စွတ်တင်တာ ပြောတော့ဘူးလားးးးးး
သူ့ကြောင့် ပို့(စ) တင်နေကျလူတွေ တင်ရမှာ တွန့်ကုန်ပြီ။
တင်သမျှတွေ နောက်ရောက်ကုန်လို့။
ကျနော့ရှေ့တင် မတင်တော့ပါဘူးဖြစ်သွားတာ ၂ ယောက်ရှိပါပြီ။
အဲလာလေး လုပ်ပေးပါဦးးးးးး
စည်းကမ်း မလိုက်နာသူကို ဒီမိုမပေးပါနဲ့ဗျို့။
အဟွတ်!!!
😀
ဖွတ်ပြောင်
October 13, 2013 at 6:37 pm
တပြွတ်ကြီးတင်ထားလို့ ၁နေ့ ၂ပုဒ် စာ
စကတ်ဂျူး ဆွဲပေးထားတာ ၁ဝရက်စာ ဖြစ်သွားလို့
ထပ်တင်မှာ ကြောက်ပြီး ပက်လက်လန်နေတုန်း
နောက်၂ပုဒ် ထက်တင်တော့
စကတ်ဂျူး ၂ပုဒ်
ထပ်တင် ၂ပုဒ် နဲ့
ယနေ့ စုစုပေါင်း၄ပုဒ် ဖြစ်သွားပုံပဲဗျ
လေပါဒယ်A
KZ
October 13, 2013 at 7:09 pm
စကက်ဂျူး ဆွဲလက်စနဲ့ ၁ နှစ်စာ ဆွဲပေးလိုက်ပါ ဂီ။
လောက်ပါ့မလားတော့မသိ!! 🙄
kai
October 16, 2013 at 2:31 pm
ကော်မန့်မရှိပဲ.. ပြုံတိုးနေတဲ့ကော်ပီပေ့စ်တွေဖျက်ပလိုက်ကြောင်း…
မိုဘိုင်းသမားတွေစာနာတဲ့အနေနဲ့ပါ…
Wow
November 14, 2013 at 11:02 am
ဒဂျီး… မြန်မာ့ဂဇက် ကို space တအားမခြားပဲ နဲနဲ ပြန်ကပ်လိုက်ပါဗျ… ကျိရတာ ဆိုးလို့.. ဒဂျီး Ai သုံးတာ မလား…
မဟာရာဇာ အံစာတုံး
November 14, 2013 at 11:19 am
အင်တာနေချင်နယ် ..
ကဘာကျော် ဒဒင်းစာဂျီးဒွေမှာ …
အိုက်ဂလို ရေးဒါ သာမီးရဲ့ …
ဒီဒေါ့ဂါ .. ဘဘ ကို မကပ်ခိုင်းနဲ့ကွယ် …
ဘဘမှာ မိန်းမချိဒယ် သာမီးဂလေးရဲ့ …
ငရဲကျီးလိမ့်မယ် …. ငိငိ
kai
November 14, 2013 at 12:06 pm
တော်တော်တော်တဲ့.. ဝေါင်းမမပဲ…
အဲဒါ ပြင်မလို့ကြည့်နေတာ.. အခုလိုထောက်ပြလိုက်တော့… ပြင်လိုက်ပါပြီ..။
ကျေးကျေး…သာဓု…။ :
မဟာရာဇာ အံစာတုံး
November 14, 2013 at 12:11 pm
အယ် … တီတီ သဂျီးဂဒေါ်ရေ ..
ဒီမှာလေ .. ဒီမှာ ..
သဂျီးက ဟိုဒင်းက ကပ်ခိုင်းတာကို ကပ်လိုက်တယ်တော့ …
ကျိဘာအုံး .. ညက်နှာဂျီးကို ဖြီးလို့ …
အိုက်ဒါ .. ကျိကျက်ထိန်းထားအုံး တီတီ သဂျီးဂဒေါ်ရေ့ …
ဟီဟိ
Wow
November 14, 2013 at 1:02 pm
ဒီသဂျိုးနဲ့တော့ ခက်နေဘီ… နိက Font ကိုပေါတာ နာဂ မြန်မာစာဒီဇိုင်းပေါတာဟ… :byee:
kai
November 14, 2013 at 1:20 pm
အံတုံးပြောတဲ့.. အောက်ကမြင့်လေးလည်း..တလက်စထဲ..ပြင်သွားတာပါကွယ်..
အဲဒီအတွက်လည်း.. ဇာစာကိုခရက်ဒစ်ပေးပါတယ်..။ :kwi:
nozomi
December 2, 2013 at 5:33 pm
-သဂျီး ပို့ပေးတဲ့ သတင်းစာလေး ဖတ်ရလို့ ကျေးဇူးပါ
-သမီးလေးကလဲ အချောပဲ
-သတင်းစာမှာပါတဲ့ ကြော်ငြာတွေကရော ဘယ်လိုနှုန်းယူလဲ ဗျ
-အဲဒီမှာ သတင်းစာထုတ်တာ ဆင့်၄ဝ လောက်ပဲ ကျတယ်သတင်းစာနောင်ရေးအတွက် မပူပါနဲ့လို့ဖြေထားတာတွေ့ရဲ့
-ဒီ ရွာမြို့ကြီး ရဲ့ နောင်ရေးကရော စိတ်အေးရတယ်မို့လား
-မြန်မာပြည်မှာတော့ ဂျာနယ်တစ်စောင်ပေါက်သွားရင် ပွဲသိမ်းပဲ၊ သူရိယဆိုတာ(ရေရှည်တော့ မသိ) အခုတော့ ရောင်းမလောက်လို့ ကြားတာပဲ
-သဂျီး ရော မြန်မာပြည် ပြည် ထုတ်ဝေဘို့ အစီအစဉ် မရှိဘူးလား
kai
December 2, 2013 at 6:03 pm
– ဖတ်ပေးတဲ့အတွက်လည်းကျေးဇူးပါ
– ဒဘယ်ကျေးဇူး
– အကြမ်းအားဖြင့် 4″ x 2 1/2″ အဖြူအမဲကို ၆လထည့်ရင် ၆လအတွက် ၁၂၅ဒေါ်လှ
– တမျက်နှာ ၁ဆင့်လောက်ပေါ့…
– စိတ်အေးရပါတယ်
– အဲလိုကလိဂျာနယ်တော့ မလုပ်ချင်သေး
– ရှိပါဂျောင်း.. :kwi:
padonmar
December 8, 2013 at 10:50 am
သူကြီးရေ
ကိုယ့်ပို့စ်ကို မန့်တဲ့ ကွန်မန့်တွေက အီးမေးထဲ ရောက်တာရောက် ၊မရောက်တာမရောက် ဘယ်လိုတွေဖြစ်လဲမသိ၊
မြို့ပြောင်းပြီး ကတည်းကဖြစ်နေတာ။
kai
December 8, 2013 at 4:19 pm
ပြန်စစ်ကြည့်ပါဦးမယ်..။
စကားအတင်းစပ်.. အီးမေးလ်လေးများစစ်ပါဦး.. အမတော်ရယ်..။
မေးလ်ပို့ထားတာရလားမလား.. မသိ..
မဟာရာဇာ အံစာတုံး
February 3, 2014 at 9:09 am
ဒီမှာ ဘဂျီးးး
ဘေးနားက Do & Don’t (Rules) မှာ
အင်းဂလိပ်လိုပါ တစ်နေ့ ၂ ပုဒ်ထက် ပိုမတင်ရဆိုပြီး ရေးပေးပါ …
ဘာလူတွေမှန်းလည်း မသိ ..
နင်းကန်ပြီး တင်ထားကြတယ် …
ဖြစ်နိုင်ရင် … အဲ့ဒီအကြောင်းကို ရီဂျစ်စတာ လုပ်ကတည်းက
မေးလ်ထဲကို တစ်ခါထဲ ပို့ပေးထားတာ ကောင်းတယ် …
KZ
February 3, 2014 at 9:16 am
အဲလာက ဟို အော်တို တင်တဲ့ဟာဒွေ ဟုတ်ဘူးလားးးး
ဘာမှလည်း ရေရေရာရာမပါဘူး
မဟာရာဇာ အံစာတုံး
February 3, 2014 at 9:27 am
ဟုတ်ပ .. ဟုတ်ပ …
အဲ့ဒါတွေက တစ်လှေကြီး …
ကျန်တဲ့ပို့စ်တွေ အောက်ရောက်ကုန်တယ် …
အကုန် အမှိုက်ပုံးထဲ ပို့ပလိုက်တယ် … အေးရော ..
ဦးဦးပါလေရာ
February 3, 2014 at 11:29 am
-ကျုပ် အလုပ်ပြုတ်ပြီး စမ်းချောင်းမှာ ပင်စင်စားဖြစ်သွားကတည်းက ရွာထဲဝင်လို့မရလို့ မဝင်တာ တော်တော့်ကိုကြာနေပြ၊ီ
-အခု ကွန်မင့်လေးပေးကြည့်တော့ ကြယ်နှစ်လုံးဖြစ်နေတယ်
-ကြည့်ရတာ အသက်ကြီးလို့ပေးတာလားမသိ…..??????
Ma Ma
February 3, 2014 at 5:51 pm
ဒါဆို ကြယ်တစ်လုုံးပဲ ရသေးတာတောင် စိတ်ကြီးဝင်ရမလို….
ဒညင်းဝက်
February 4, 2014 at 12:12 pm
ဒါရှို … သားသားလည်း..အသက်ကြီးပြီပေါ့နော်…
:kwi:
ဒညင်းဝက်
February 4, 2014 at 12:17 pm
အဟမ်း…နည်းနည်း..ဝင် အော်လိုက်ဦးမယ်. .။ ဘာမသိ ညာမသိနဲ ့..
:kwi:
သဂျီးရေ..ကျနော် ့အရင် ဟန်းဆက်လေးနဲ ့တုန်းက. ..
ပိုစ့်တင်ရင်..Poetry ဆိုသော Category ကို..ရွေးလို ့ရတယ်.. ။
အခု..ဟန်းဆက် အသစ်လဲလိုက်တာ.. အဲဒါ..ရွေးလို ့မရပြန်ဘူး ။
ပြီးတော့… တလျို ့ရွာသူ သားတွေ ရဲ ့ကလောင်အမည်တွေ .. ပိုစ့်အမည်တွေ…နေရာမှာ….
ဘာမှ မပေါ်ဘူး .. ။
ဥပမာ.. လုံမလေးမွန်မွန်တို ့…
အဲ….. ကိုယ့်နာမည် ဒညင်းဝက်ဆိုတာလည်း.. မပေါ်ဘူး .. ။
အဲဒါ… ဘာပုလို ့ပါလိမ့် .. ။
ကျနော့် ဟန်းဆက် က.. HUAWEI Y320 ပါ ။
လုံမလေးမွန်မွန်
February 4, 2014 at 5:50 pm
အဟမ်း.. အနော်လည်းဝင်အော်ဦးမယ်..
mobile view home page က ပို့စ်တွေမှာ ရေးသူနာမည် ထည့်ပေးပါ ဘဂျီး.. ရေးတဲ့သူသိချင်ရင် ပို့စ်ကိုဖွင့်ပြီး ဟိုးအောက်ဆုံးကို သွားကြည့်ရတယ်.. ဖွင့်ရတာ လေးပါတယ်ဆိုမှ စာဖတ်ချင်စိတ်ကုန်အောင် သိပ်လုပ်.. ဟွန်း.. :kwi:
ဒညင်းဝက်
February 4, 2014 at 7:15 pm
mobile view နဲ ့.. ကိုယ့်ပိုစ့်ထဲ ကိုယ် ဝင်ရင်.. ကွန်မန့်တစ်ခုချင်းစီရဲ ့အောက်မှာ..
ရီပလိုင်း လုပ်လို ့လည်း..မရဘူး ။
:kwi:
အလင်းဆက်
February 8, 2014 at 3:17 pm
ဖုန်းနဲ့က ပိုစ့်တွေကိုရော
ကွန်မန့်တွေကိုပါ အက်ဒစ် လုပ်လို့မရဘူးဗျာ
မြန်မာစာလုံးတွေဆို ရိုက်လို့လည်းမရ
ရိုက်ပြီးသားလဲ မပေါ်
အရင်ကလို ဖုန်းနဲ့ ကွန်ပူတာမှာ လုပ်လို့ရနေသလို ဘဝကို ပြန်လွမ်းမိပါရဲ့။
kai
February 8, 2014 at 3:59 pm
သိတဲ့သူတယောက်ယောက်ပြောပြရင်ကောင်းမယ်..။ ကျုပ်ရဲ့ ဂိုဂယ်တက်ဘလက်မှာလည်း မြန်မာစာတောင်မပေါ်..။ :buu:
surmi
February 8, 2014 at 4:09 pm
သွေးတိုး အထူးကုဆရာကြီးဦးသန်းမောင်
ဆရာကိုယ်တိုင်သွေးတိုးရှိသည် တဲ့
ကဲ ကဲ ကျေနပ်ကြပါတော့
surmi
February 8, 2014 at 4:19 pm
ဆရာရေ
ဘာတွေကလိလိုက်ပလဲဗျာ
ကျနော့်ဖုန်းမှာ ဂွိသွားဘီ
လေး လည်း လေးသွားဘီ
🙁
kai
February 8, 2014 at 4:22 pm
တရားခံ..သူ..သူ…။
အလင်းဆက်
February 8, 2014 at 6:55 pm
တိန်
သူဒေါင် မရဆိုမှတော့. . . . . .
သူပြောသလိုပဲ. . . .
ဒန်တန်တန်ပေါ့
:kwi:
မဟာရာဇာ အံစာတုံး
February 11, 2014 at 10:38 am
https://play.google.com/store/apps/details?id=org.firstmm.browser
ဒါ ဘရောက်ဇာလေးကို အင်စတော လုပ်ပီး အိုက်ထဲကနေ သုံးကြည့်ပါလား …
မဟာရာဇာ အံစာတုံး
February 11, 2014 at 10:34 am
ဒီလွှတ်တော် က ..
တယ်လည်း ဒိတ်အောက် နေဘာဂလား ..
အင်းးး ဒိတ်မအောက်အောင် ..
ဟောဒီလို အဆိုတင်သွင်းတယ် …
ရွာထဲ .. အဲ .. မြို့ထဲမှာ ပါးရိုက်ရင်၊ ပတ်ဆဲရင် ..
ဘယ်လိုမျိုး ပြစ်ဒဏ် ချမှတ်ပါဒဒုံးခညာ …
alinsett ( Gazette )
February 23, 2014 at 6:08 pm
ဒီနေ့ တက်လာတဲ့ တို့ရှို့ပိုစ့်လို ့ယူဆမိတဲ့ပိုစ်နှစ်ပုဒ်ကို
တစ်ပုဒ်ကို မော်ဒရေတာ လုပ်ပြီး
နောက်တစ်ပုဒ်ကို မန်ဘာအုန်းတီး လုပ် ထားလိုက်ပါကြောင်း. . .
အလုပ်ထဲကနေ ဖုန်းလေးနဲ့ အက်ဒစ်လုပ်ရတာမို ့
မမြင်မစမ်းနဲ့ ရသလောက် လောလောဆယ် ပြင်ဆင်လိုက်တာ ဖြစ်ပါကြောင်း
လူကြီးများ ဆက်လက် ကြည့်ရှုစစ်ဆေး ပေးစေလိုပါကြောင်းး
လေးစားစွာဖြင့်. . .
Foreign Resident
February 24, 2014 at 4:14 am
တယ်လီဖုန်း ( ပစ်စာ ) Post က ၊
Member Only လောက် ဆိုရင် ရလောက်ပါတယ် ။
လူမျိုးရေး ၊ ဘာသာရေး တို့မီး ရှို့မီး မဟုတ်တော့ ၊
သိပ် ပြဿနာ မဖြစ်လောက်ဘူး ၊ ထင်တာဘဲ ။
မဟာရာဇာ အံစာတုံး
February 24, 2014 at 2:41 pm
အကြံတစ်ခု ရလာလို့ လာပြောတာ
ဒီဂွဇက် က ပို့စ်တွေမှာ ပို့စ်ကို PDF လုပ်လို့ရတဲ့ဟာလေး ထည့်ထားရင် ကောင်းမယ်
ဒါဆို ဘုတ်မက် လုပ်စရာ မလိုဘဲ သိမ်းထားလို့ လွယ်တာပေါ့ ..
နောက်မှ အေးဆေး ပြန်ဖတ်ပေါ့ …
http://wordpress.org/plugins/pdf24-post-to-pdf/
wplift.com/13-usefull-and-free-wordpress-pdf-plugins
kai
February 24, 2014 at 3:54 pm
အစမ်းအနေနဲ့.. ထည့်ကြည့်ထားပါတယ်..
ပြသနာပေါ်ရင်ပြောကြနော…
မဟာရာဇာ အံစာတုံး
March 3, 2014 at 4:18 pm
လောလောဆယ် ထည့်ထားတဲ့ဟာက
အီးမေးလ် ထည့်ပြီး ယူတဲ့ဟာ ဖြစ်နေတယ် …
အဲ့ဒါ လူတွေနဲ့ သိပ်မကိုက်လောက်ဘူးဗျ …
နောက်ပိုင်း လူတွေက တပ်ခနဲ ထိလိုက်တာနဲ့ ခွပ်ခနဲ အလုပ်ဖြစ်တဲ့ဟာမှ သဘောကျပြီး အသုံးများကြတာကလား …
ဒီတော့ ချက်ချင်း ဒေါင်းလုပ်ဖြစ်မယ့် ဟာလေးကို စမ်းကြည့်ပါလားလို့ အကျံပုပါရစေ …
အောက်က ဟာလေးကတော့ အိုက်လို လေးလားလို့ ….။
http://wordpress.org/plugins/wp-post-to-pdf-enhanced/
==============
ပြီးတော့ …
ဘိုပုရဲ့ ပို့စ်မှာ လေးပေါက် ပြောထားတဲ့ …
ဆိုတာလေးကိုလည်း ဖြစ်နိုင်ရင် ထည့်ပေးပါဦး …
ပလပ်အင်ကတော့ ဒီမှာပါ …
https://wordpress.org/plugins/simple-post-views-counter/
padonmar
March 3, 2014 at 9:14 pm
သူကြီးရေ
အခု လူဝင်နည်းတာမှာ Log in က ကြာပြီး ဝင်မရတာလည်းပါမယ်။
ဒါကြောင့် Daily Log in point ကိုဖြုတ်လိုက်ပါတော့။
member ဖြစ်ပြီးရင် log in password ကို remember လုပ်ထားရင်ပြီးတာပဲ။ log in ထပ်ထပ်လုပ်နေရတာ အလုပ်ရှုပ်တဲ့ အထဲ ပို့စ်ထဲ တန်းမရောက်ပဲ Dashboard ထဲဝင်ဝင်သွားတော့ ပိုကြာရော။