အင်းစိန်ဈေးရှေ့ဖြစ်ပုံများ

guestktyJune 5, 20101min621

ဒီနေ့ အင်းစိန်ဂုံးတံတား က စပြီး သံဆူးကြိုးတွေနဲ့ ပိတ်ထားတယ် လူ ပေး ဝင်တယ်

ကားတွေပေးမဝင်ဘူး နောက်ပြီး အင်းစိန်ဈေးရှေ့လောက်မှ အထပ် ထပ် ပိတ်ထားတယ်

လုံထိန်းတွေရော ကြံဖွတ် စွမ်းအားရှင် မီးသတ် တွေရော ဒီဖက်မှာက လာကြည့်ကြတဲ့ လူ ၂၀၀ဝ နီးပါး လောက်ရှိတယ်

ပြည်သူတွေရော ဒီမိုတွေရော ဒီချုပ်က လူငယ်အနက်ရောက် အစလေးတွေဝေတယ်

အဲ့ဒါကို ဒီချုပ်က လူတွေကပဲ ပြန်သိမ်းတယ် မာကင် ဖြစ်လို့ဆိုပြီး အဲ့ကေစ့်နဲ့ ရွှေပြည်သာက လူငယ်အကူအညီပေးရေးက ကိုထွေးသိန်း ကို လာခေါ်သွားတယ်

လူအုပ်ကြားကပဲ မေးစရာ ရှိလို့ ဆိုပြီး ၁ဝ နာရီ ၅ဝ လောက်မှာ ၂ နာရီ ၁၅ မှာ ရှေ့နေ တွေ ပြန်ထွက်လာပါတယ်

သူတု့ိကို ထောက်လှမ်းရေးက ကားနဲ့ပြန်လိုက်ပို့ပေးတယ်
အမှုကို မနက်ဖြန် ၁ဝ နာရီ ပြန်ချိန်းတယ် ဦးဉာဏ်ဝင်းက ဒီအမှု့ကို ၃ လ လောက်ကြာမယ်လို့ ခန်းမှန်းတယ်

အမှု့ကို အမြန်ပြီးပြတ်အောင် စစ်တာမျိုးမရှိဘူး ဥပဒေ အကြောင်းရ ဆိုရင် နိုင်မယ်လို့ မျှော်လင့်တယ် လို့ ဦးဉာဏ်ဝင်းကပြောတယ်

ဒုရဲမှူးကြီး ဇော်မင်းအောင် က ၄ ယောက်လုံးရဲ့ တာရားလို ပါ

သူက ၄ ယောက်လုံးကို တရားစွဲတာ အန်တီကျန်းမာရေး ကောင်းပါတယ်

ဒီနေ့ စိမ်းပြာရောင် ဝမ်းဆက်လေး ဝတ်လာတယ် သူက ဦးဉာဏ်ဝင်းတို့ကို တွေ့တွေ့ချင်း နေကောင်းလားလို့ မေးတယ်ဗျ ဦးဉာဏ်ဝင်းတို့က အမ ကို ကျတော်တို့က စိုးရိမ်နေတာ လို့ပြန်ပြောတော့ သူ ကျန်းမာရေး ကောင်းပါတယ်တဲ့ အစားအသောက်လည်း အဆင်ပြေတယ် တဲ့

ဒီချုပ်က တရားဝင် ဖွင့်ပြီးတရားစီရင်ပေးဖို့စာတင်တယ်ဗျချက်ချင်းပဲ လုံခြုံရေး အခြေအနေအရ ဒီလိုပဲ စစ်မယ်လို့ပြောပါတယ်

ပယ်ချ လိုက်တဲ့သဘောပါပဲ..

မျက်မြင် သက်သေ ၂၂ ယောက်ခေါ်ထားပါတယ် ၂ ယောက်ပဲ အပြင် လူပါပါတယ် ကျန်တာ ဝန်ထမ်းတွေပါ အများ စု ကရဲတွေပါ

One comment

  • yannaingech

    June 6, 2010 at 6:22 am

    စနေ၊တနင်္ဂနွေ ဆိုတော့ သတင်းစာလဲမဖတ်ရဘူးဗျ၊ ဘာဖြစ်တာကို ရေးတာလဲဟင်…

Leave a Reply