အဲမန္တလေးက လေယာဉ်သုံးစီးတိုးချဲ့ပျံသန်း

klnMay 5, 20101min1282

လာမည့်ခရီးသွားရာသီတွင် အဲမန္တလေးလေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်များအား လေယာဉ်သုံးစီးဖြင့်တိုးချဲ့ပျံသန်းရန် စီစဉ်ထားရှိကြောင်း ခရီးသွားလုပ်ငန်းများမှ သိရသည်။ ယခုနှစ် ဖေဖော်ဝါရီလ ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်ပြုလုပ်ခဲ့သော နိုင်ငံတကာခရီးသွားပြပွဲ ITB ၌ အဲမန္တလေးလေကြောင်းလိုင်းမှ တက်ရောက်လာသူများက အထက်ပါအတိုင်းကြေညာခဲ့ကြောင်း ထိုပြပွဲသို့ သွားရောက်ခဲ့သူ မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းမှ တာဝန်ရှိသူများက ပြောကြားသည်။ လာမည့်နှစ်ခရီးသွားရာသီတွင် လက်ရှိပျံသန်းသော ATR -72 လေယာဉ်တစ်စင်း အပြင် နောက်ထပ် ATR -72 လေယာဉ်နှစ်စင်းထပ်တိုး၍ ပြည်တွင်းခရီးစဉ်များအား ပျံသန်းရန်အစီအစဉ်ရှိကြောင်း အဲမန္တလေး လေကြောင်းလိုင်းမှသိရသည်။ လက်ရှိတွင် အဲမန္တလေးလေကြောင်းလိုင်းတွင် ATR -72 နှင့် ATR-42 လေယာဉ်တစ်စီးစီရှိပြီး ATR-42 လေယာဉ်မှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျံသန်းမှုတစ်နှစ်ကျော်ကြာရပ် နားထားခဲ့ရသည်။ ပြည်တွင်းခရီးစဉ်များတိုးချဲ့ပျံသန်းခြင်းသည် မြန်မာခရီးသွားလုပ်ငန်းအား များစွာအထောက်အကူပြုကြောင်းနှင့် အစီအစဉ်ကိုကြိုဆိုကြောင်း ခရီးသွားရပ်ဝန်ကပြောသည်။ လေယာဉ်တိုးချဲ့ပျံသန်းရာတွင် ခရီးစဉ်သစ်တိုးချဲ့ခြင်းမျိုးမဟုတ်ဘဲ လက်ရှိပြေးဆွဲနေသော ခရီးစဉ်များအားအခေါက်ရေထပ်တိုး၍ ပြေးဆွဲခြင်းမျိုးသာဖြစ်မည်ဖြစ်သည်။

2 comments

  • snoopy88

    May 6, 2010 at 4:40 am

    ခုလောလောဆယ်တော့ မိုးရာသီရောက်နေပြီ (low season ) ပေါ့ ။ မိုးရာသီဆို ကမ္ဘာလည့်ခရီးသည်တွေ အရောက်နည်းတယ် ။ လေယာဉ်တွေရှော့ထားတယ် လေ။တစ်ရက်ကိုအဲလိုင်းတစ်လိုင်းမှားနှစ်ခေါက်လောက်ပဲပြေးတော့တယ် ဒါကြောင့် ပြည်တွင်းလေကြောင်းလိုင်းမှာလဲ Booking နည်းနည်းကြပ်မယ် ။(High season )ကတော့ August ဆို ခရီးသည်တွေပိုများတယ် ။ ဒီမိုးရာသီမှာ တော့လေကြောင်းလိုင်းတွေက ကိုယ့်လေယာဉ်ကို နိူင်ငံခြားမှာပြုပြင်စစ်ဆေးနေရတယ် ။ Hight season ဆို လေယာဉ်တွေကောင်းသွားပြီ ။ လေယာဉ်တွေလဲ ခေါက်ခေါက် ဆွဲ ကြတာပေါ့ ။ ဒါဘဲနော် လေကြောင်းလိုင်းက ဝန်ထမ်းတစ်ဦးပါ ။

Leave a Reply