၉လတော့ စောင့်ရမယ် ..(ဟာသ)

zaylayJune 14, 20101min580

၉လတော့ စောင့်ရမယ် ..(ဟာသ)
( အင်မတန်သဘောကျစရာကောင်းလှပါ၍ မဖတ်ရသေးသူများအတွက် သူငယ်ချင်းပေးပို့သော
အီးမေးမှ ပြန်တင်ခြင်းဖြစ်ပါသည်.. ကျေးဇူးပါ.. ဒေါက်တာခိုင်မျိုး )

အမျိုးသား တစ်ဦးသည် အလုပ်တွင် အဆင်မပြေဖြစ်တိုင်း မိမိမှာတော့ မိသားစုအတွက်
နေ့စဉ်နေ့တိုင်းအလုပ်တွင် အနည်းဆုံး ၈ နာရီ အလုပ်လုပ်ရချိန်၌ ဇနီးဖြစ်သူ မှာ
အိမ်တွင် အေးအေးဆေးဆေး နေနိုင်နေကြောင်းကို တွေးမိကာ ဇနီးသည် ကို
မနာလိုဖြစ်နေတက်သည်။
မိန်းမအား မနာလိုမူတို့ အားကြီးလာသာအခါ တစ်ည ညအိပ်ရာ ဝင်ချိန်တွင် ဘုရားသခင်ကို
တိုင်တည်ဆုတောင်းသည်ဟူ၏။
“အဖ ဘုရားသခင်….. ကျွန်တော်သည် နေ့စဉ်အနည်းဆုံး ၈နာရီအလုပ်လုပ်ရချိန်တွင်
ဇနီးဖြစ်သူမှာ အိမ်၌ ကောင်းစွာ နားနေနိုင်ပါသည်။ ဘဝမှာ မမျှတပါ… သို့ဖြစ်ပါ၍
မိန်းမတို.၏ အေးဆေးသက်သာရှိသောဘဝ ကို မြင်စွမ်းနိုင်ခွင့်ငှာ မနက်ဖြန် မနက်မှစ၍
ကျွန်တော်နှင့် ကျွန်တော့်မိန်းမတို့ဘဝ တခဏ ဖြစ်ခွင့်ရပါစေသား အရှင်ဘုရား….”
ဟုဘုရားသခင်ထံ တိုင်တည် ဆုတောင်းလိုက်သည်။
အံ့အားသင့်စရာ ကောင်းစွာပင် ဘုရားသခင်က “မင်းတောင်းတဲ့ဆု ပြည့်စေ” ဟု
ခွင့်ပြုလေသည်။

နောက်တစ်နေ့ မိုးလင်းချိန်တွင် အမျိုးသားမှာ အမျိုးသမီးဘဝသို့ ထူးဆန်းစွာ
ပြောင်းလဲသွားလေသည်။ ထို့ကြောင့်ယောက်ျားထက် ဦးစွာနိုးထကာ နံနက်စာ
ပြင်ဆင်ရလေသည်။ နံနက်စာပြင်ဆင်ပြီးနောက် ယောက်ျားလုပ်သူနှင့် သားသမီးများကို
နိူးကာ နံနက်စာကျွေးမွေးရသည်။ နံနက်စာကျွေးပြီးနောက် ယောက်ျားနှင့်ကလေးများ
ရုံးနှင့် ကျောင်းသွားနိုင်ရင် အဝတ်အစား၊ ထမင်းဘူး တို့ကို ပြင်ဆင်ပေးရသည်။
ကလေးများကို ကျောင်းသို့ပို့ရသည်။

ထို့နောက် ဈေးဝင်ဝယ်ပြီး အိမ်ပြန်လာရသည်။ ချက်ပြုတ်ရသည်။ အဝတ်လျှော်ရသည်။
မီးပူတိုက်ရသည်။ အပြေးအလွား သတင်းစာ ဖတ်ရသည်။ ရုပ်မြင်သံကြား ကြည့်ရသည်။
ထို့နောက် ကလေးများကို ကျောင်းမှ ကြိုရသည်။ ကလေးများအား ရေမိုးချိုးပေးရသည်။
အိမ်စာ ဝိုင်းကူ လုပ်ပေးရသည်။ ယောက်ျား ရုံးမှ ပြန်လာချိန်တွင်
ရေမိုးချိုးနိုင်ရန် ပြင်ဆင်ပေးပြီး ညစာ အတူစားရသည်။ ဆေးကြော သန့်ရှင်းရေး
လုပ်ရသည်။
ယောက်ျားက စကားပြောဆို မေးမြန်လျှင် ပြန်လည်တုံ့ပြန်ဖြေကြားရပြီး
ယောက်ျားဖြစ်သူ အလိုအတိုင်း အိပ်ရာဝင်ရကာ ယောက်ျားစိတ်တိုင်းကျ ပြုသမျှ
နုရပြန်သည်။

နောက်တနေ့ နံနက်စောစောထချိန် မိန်းမ ဘဝသို့ ရောက်နေဆဲ ဖြစ်သော ယောက်ျားသည်
ဘုရားသခင်ထံ အပြေးအလွား ဆုတောင်းပြန်သည်။
“အဖ ဘုရားသခင်… ကျွန်တော်မျိုး(အဲ… ကျွန်မ) မှားသွားခဲ.ပါပြီ။ မိန်းမတွေ
မည်မျှပင်ပန်း၊ စိတ်ရှည်၊ သည်းခံရသည်ကိုလည်း ကိုယ်ချင်းစာမိပါပြီ။ ကျွန်တော်
မိန်း(အဲ ယောက်ျား၊ မဟုတ်ပါဘူး ဘုရား မိန်းမ) ကို ယခုမှ စပြီး ချစ်မြတ်နို်း၍
ကောင်းစွာစောင့်ရှောက်ပါတော့မည်။ ကျွန်တော်မျိုးမအား ယောက်ျားဘဝကို
အခုချက်ချင်း ပြန်လည် ပေးသနားပါ။ မိန်းမနှင့်ဘဝချင်း ပြန်၍
ပြောင်းလဲပေးတော်မူပါဘုရား” ဟုလိူက်လိူက်လှဲလှဲ ဆုတောင်းလေတော့သည်။

ဘုရားသခင်သည် တပည့်သား(သမီး) အားအောက်ပါအတိုင်း ပြော၍ ပြန်လေတော့သည်။
“မင်း (နင်) အမြင်မှန်ရ၍ ငါဝမ်းမြောက်လှပေသည်။ သို့သော်ငြား မင်း(နင်) သည်
ယမန်နေ့ည က ယောက်ျားလုပ်သူအား ကောင်းစွာပြုစုခဲ့၍ သန္ဓေအောင်ခဲ့ပြီဖြစ်၍
နောက်ထပ် ၉ လမျှ အသာစောင့်၍ မွေးဖွားပြီးခါမှ ဘဝပြောင်းရန်
ငါ့ထံဆုပြန်တောင်းလေ” ဟူသတည်း။
ပြုံးပျော်နိုင်ပါစေ…။