ထူးဆန်းသည့် ကမ္ဘာ့သမိုင်း၏ကိန်းဂဏာန်းများ

zaylayJune 14, 20101min560

ထူးဆန်းသည့် ကမ္ဘာ့သမိုင်း၏ကိန်းဂဏာန်းများ

ဒီသမိုင်းဝင်ဖြစ်ရပ်ကိုရှင်းပြနိုင်ပါသလား

အေဗရာဟင်လင်ကွန်း ( Abraham Lincoln) ကို ၁၈၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။
ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ကို ၁၉၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။
အေဗရာဟင်လင်ကွန်း ကို အမေရိကန်သမ္မတအဖြစ် ၁၈၆ဝ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
ဂျွန်အက်ဖ် ကနေဒီ ကို အမေရိကန်သမ္မတအဖြစ် ၁၉၆ဝ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

သူတို့နှစ်ဦးလုံးသည် ပြည်သူ အခွင့်ရေးကို ဦးစားပေးသည်။

သူတို့နှစ်ဦးလုံးသည် အိမ်ဖြူတော်မှာနေစဉ် ခလေး ဆုံးရှုံးခဲ့ရသည်။

သူတို့နှစ်ဦးလုံးသည် ဦးခေါင်းကိုသေနတ်ဖြင့်ပစ်ခံရပြီး လုပ်ကြံခံခဲ့ရပါသည်။

သူတို့နှစ်ဦးလုံးသည် သောကြာနေ့တွင် လုပ်ကြံခံခဲ့ရပါသည်။

ပို ၍ ထူးခြားတာက..

လင်ကွန်းအတွင်းရေးမှုး၏နံမည်သည် ကနေဒီ Kennedy ဖြစ်ပြီး

ကနေဒီအတွင်းရေးမှုး၏နံမည်သည် လင်ကွန်း Lincoln ဖြစ်သည်။

သူတို့နှစ်ဦးလုံးကို တောင်ပိုင်းသားတွေက လုပ်ကြံသတ်ဖြတ်ခဲ့သည်။

သူတို့နှစ်ဦးလုံး၏နေရာကို ဆက်ခံသူများမှာလည်းတောင်ပိုင်းသားများဖြစ်ကြသည်။

လင်ကွန်း၏နေရာဆက်ခံသူ Andrew Johnson သည် ၁၈၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။

ကနေဒီ ၏နေရာဆက်ခံသူ Lyndon Johnson သည် ၁၉၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။

လင်ကွန်းကို လုပ်ကြံခဲ့သူ John Wilkies Booth သည် ၁၈၃၉ တွင် မွေးဖွါးခဲ့သည်။

ကနေဒီ ကို လုပ်ကြံခဲ့သူ Lee Harvey Oswald သည် ၁၉၃၉ တွင် မွေးဖွါးခဲ့သည်။

သူတို့နှစ်ဦးလုံးတွင် နံမည် သုံးလုံးရှိပြီး

နံမည် သုံးလုံးတွင် အက္ခရာ ၁၅ လုံးရှိသည်။

ဆက်လက်လေ့လာကြပါစို့…..

လင်ကွန်းကို Ford အမည်ရှိ ပြဇတ်ရုံတွင် လုပ်ကြံခံရပြီး

ကနေဒီကို Ford ကားကုမ္မဏီ မှထုတ်သော Lincoln အမည်ရှိကားပေါ်တွင် လုပ်ကြံခံရသည်။

သမ္မတလင်ကွန်းသည် ပြဇာတ်ရုံတွင်အပစ်ခံရပြီး ၎င်းကိုလုပ်ကြံသူသည် ဂိုဒေါင်တစ်ခုထဲသို့ပြေးပုန်းခဲ့သည်။

သမ္မတကနေဒီကို ဂိုဒေါင်တစ်ခုထဲမှ လှမ်းပစ်ပြီးလုပ်ကြံသူသည် ပြဇာတ်ရုံသို့ ပြေးပုန်းခဲ့သည်။

သမ္မတနှစ်ဦးလုံးကိုလုပ်ကြံခဲ့သူ Booth နှင့်Oswald သည်တရားရုံးမရင်ဆိုင်ရမှီ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်

မပြီးသေးပါဘူး……

လင်ကွန်းမလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် Monroe, Maryland ဟု အမည်ရသောနေရာတွင်ရှိနေခဲ့သည်။
ကနေဒီ မလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် ရုပ်ရှင်မင်းသမီးအဆိုတော် Marilyn Monroe နှင့်အတူရှိခဲ့သည်။

ဒီကိစ္စတွေဘယ်သူရှင်းနိုင်ပါသလဲ????

နောက်တစ်ခုဆက်ကြည့်ကြရအောင်

၁။ ဒေါ်လာ ၂ဝ တန်ကို အလယ်ကနေပြီး တစ်ဝက်ခေါက်လိုက်ပါ

၂။ နောက်ထပ်ဒီလိုသေသေချာချာ ထပ်ခေါက်ပါ။

၃။ နောက်အနားတခုကို ဒီလိုသေသေချာချာ ထပ်ခေါက်ပါ။

၄။ ဒီဖက်ကိုပြန်ကြည့်လိုက်ပါ

တိုက်ဆိုင်လိုက်တာနော်….

သင်ဘဲဆုံးဖြတ်လိုက်ပါတော့

မကျေနပ်သေးရင်နောက်တစ်ခေါက်ပြန်ကြည့်ရအောင်

ပထမပုံကပင်တဂွန်စစ်ဌာနချုပ်မီးလောင်နေတဲ့ပုံပါ

ပြီးတော့ မီးလောင်နေတဲ့ဝေါထရိတ်စင်တာ အဆောက်ဦ:

ဆက်ကြည့်ပါအုံး……

လူအများအပြားသေဆုံးမှု…..ပင်တဂွန်စစ်ဌာနချုပ်

လူအများအပြားသေဆုံးမှု….. မီးလောင်နေတဲ့ဝေါထရိတ်စင်တာ အဆောက်ဦး

လူအများအပြားသေဆုံးမှု…… Osama???

ဖြစ်ခဲ့တဲ့နေ့ရက်၊ လ ကို ကြည့်ရင် 9+11 = 20 = $20

ဒီစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းဝင်ဖြစ်စဉ်ကို သင်ရဲ့မိတ်ဆွေတွေဆီမျှဝေလိုက်ပါဗျာ…