Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သံတွဲဈေး မီးလောင်၊သိန်းပေါင်းသောင်းချီ ဆုံးရှုံး(ဓါတ်ပုံ)

မနက် ၅း၄၅

 

 

 

 

 

 

 

 

 

 

၅း၄၅ မီးသတ်ကားမရောက်သေးပါ

 

 

 

 

 

 

 

 

 

 

မီးသတ်ကားမရောက်သေးပါ

 

 

 

 

 

 

 

 

 

ဈေးအတွင်းပိုင်း ၆းဝ၀

 

 

 

 

 

 

 

 

 

မနက် ၆း၂၀

 

 

 

 

 

 

 

 

 

မနက် ၆း၃ဝ မီးသတ်ကားကရေမပါ။တွန်းနိုးနေရတုံး

 

 

 

 

 

 

 

 

 

 

ဈေးအတွင်းပါ

 

 

 

 

 

 

 

 

 

လောင်လိုက်တာ

 

 

 

 

 

 

 

 

 

 

ဈေးမီးသတ်ရေကန်

 

 

 

 

 

 

 

 

 

လောင်လိုက်တာ

 

 

 

 

 

 

 

 

 

ဘုရင့်နောင်ဘက်ခြမ်း

 

 

 

 

 

 

 

 

 

ဘုရင့်နောင်ဘက်

 

 

 

 

 

 

 

 

 

ဘုရင့်နောင်လမ်းဘက်

 

 

 

 

 

 

 

 

 

 

ဈေးရုံး

 

 

 

 

 

 

 

 

 

ရှေးအဆောင်

 

 

 

 

 

 

 

 

 

ရေတော့ပါလာပီ

 

 

 

 

 

 

 

 

 

 

အပြင်ရောအတွင်းပါကုန်သွားပီ

 

 

 

 

 

 

 

 

 

 

သတိတော့ပေးပါရဲ့

 

 

 

 

 

 

 

 

 

 

ရေက သေးပန်းနေသလို

 

 

 

 

 

 

 

 

 

မီးလောင်ပြီး နှစ်နာရီကြာမှ ရောက်လာတဲ့ ဖျာခင်းတဲ့ကောင်တွေ

 

 

 

 

 

 

 

 

 

ဟိုတယ်က ကားတွေ၊လေဆိပ်က ကားတွေ

 

 

 

 

 

 

 

 

 

 

 

အားလုံးပြာဖြစ်သွားပီ

 

 

 

 

 

 

 

 

 

 

လေဆိပ်က ကားပါ

 

 

 

 

 

 

 

 

 

အားလုံးဆိုင်တွေ ဖွင့်ပြီးသယ်နေချိန်မှာ ပိတ်ထားတဲ ့ ဘယ်ကောင်ပိုင်တဲ့ဆိုင်လဲမသိဘူး

 

 

 

 

 

 

 

 

 

 

 

23 comments

  • Gipsy

    February 11, 2012 at 9:51 am

    အဖြစ်ဆိုးလိုက်လေခြင်း . . .
    ဪ မီးသတ် . မီးသတ် . မီးမသတ်နိုင်တဲ့ အကောင်တွေ . .
    ပိုက်ဆံ လာကောက်ရင်တော့ မြန်လိုက်ကြတာ . . မီးလောင်တဲ့အခါ လိပ်လိုနှေးတဲ့ လိပ်မီးသတ် ..
    ခုတော့ အားလုံးကုန်ပီးပေါ့ . .
    ကြားမိတာတော့ ဝါယာရှော့ တဲ့ . . ဖိုးသီးချို . ဘယ်လိုရှင်းမလဲ ကြည့်ရအောင် . .
    ဒါနဲ့ ပိတ်ထားတဲ့ ဆိုင်က ဘယ်သူ့ဆိုင်မို့လို့ လဲ . .

    • က်ိုကိုအိုဗာ

      February 12, 2012 at 9:54 am

      နေပြည်တော်တွင် ဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့
      နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရာဇသဂ်ဟလမ်းမအနီးရှိ၊ ဓာတ်ဆီဆိုင်အမှတ်(0345)တွင် (11.2.2012)ရက်နေ့ (13း00)နာရီခန့်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆီဘောက်ဆာကားတစ်စီးမီးလောင်ပျက်စီးခဲ့ပြီး လူ(1)ဦးဒဏ်ရာရရှိခဲ့ကြောင်းနှ င့် (13း42)အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရပါသည်။ Myanmar…

  • ဘမျိုး ဘိုးတူ

    February 11, 2012 at 10:06 am

    ဟဲ့ ပလုတ်တုတ် များလှချည်လားကွယ်တို့ရေ ၊
    ဓါတ်ပုံတွေ အတွက်ကျေးဇူး တင်ပါတယ် ၊ ဒီပုံတွေကိုကြည့်ပီး ဒီလိုမျိုးမဖြစ်ရအောင်ကာကွယ်သတိ
    လူတိုင်းသိဖို့အတွက်လေ ၊
    အဘမြင်တာက မီးသတ်က တာဝန်မဲ့၊ သတိမရှိ၊ ရေမပါ တဲ့ မီးသတ်ကားပိုင် မီးသတ်တပ်ဖွဲ့တွေကို
    အရင်ဆုံး အရေးယူသင့်တယ် ထင်တာပဲ ၊
    ပီးတော့ မီးဘေး ကာကွယ်ရေးပေါ့ဆတဲ့ စည်ပင် ကို ဒုတိယ အရေးယူသင့်တယ် ၊
    ဆုံးရှုံးနစ်နာခဲ့တဲ့ သံတွဲဈေးသူဈေးသားများအတွက် အထူးပင် စိတ်မကောင်းဖြစ်မိပါတယ် ။
    နောက်နောင် ဒီလို အဖြစ်မျိုးမှ ကင်းဝေးပါစေလို့ ဆိုတောင်းပေးလိုက်ပါတယ် ။

  • Diamond Key

    February 11, 2012 at 10:43 am

    စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်ဗျာ၊ ကျွန်တော်က မီးလောင်တာတွေ ကြုံခဲ့ဖူးသူ၊ မန္တလေးရတနာပုံဈေးကြီး မီးလောင်တော့ ကိုယ်တွေ့ ပါဝင် ကြုံခဲ့ရသူဆိုတော့ မီးဘေးဒုက္ခတွေ့နေရသူတွေကို လည်း ကိုယ်ချင်းစာ နားလည် စိတ်မကောင်းဖြစ်ရပါတယ်။

  • koyinmaung

    February 11, 2012 at 10:44 am

    ဘယ်တုန်းကလာင်တဲ့မီးတုန်းဗျ
    နေ့စွဲလေးလဲရေးပါအုံး….
    စိတ်မကောင်းစရာမြင်ကွင်းပါလား

  • Zippo

    February 11, 2012 at 11:12 am

    ဒီနေ့ ( ၁၁.၂ .၂၀၁၂) နံနက် ၅ နာရီ ခွဲ ခန့်စလောင်တာလို့သိရပါတယ်ဗျ ။

  • စိန်ပေါက်ပေါက်

    February 11, 2012 at 11:38 am

    ဘုရား..ဘုရား.လောင်ပြန်ဘီ..
    စောစောစီးစီး..ဗျာ
    လူတွေကော ဘာဖြစ်ကြသေးလဲ..

  • naung naung

    February 11, 2012 at 11:56 am

    လူခိုးရင် အဝတ်စုတ်တော့ကျန်သေးတယ်တဲ့ မီးခိုးတော့ အကုန်ပြာကျတော့တာပါဘဲလား ။ တကယ်ကိုစိတ်မကောင်းကြီးစွာဖြစ်ရပါတယ်ဗျာ။

  • jujuma

    February 11, 2012 at 12:14 pm

    လောင်ပြန်ပြီနော်..စိတ်မကောင်းစရာပဲ …

  • မီးဘာကြောင့်လောင်သလဲ ကတော့ ခုချိန်ထိမသိရသေးဘူး။အပ်ချုပ်ဆိုင်တန်းဘက်ကလိုလို၊ပေါ့ဆမီးလိုလို၊ရှို ့မီးလိုလို
    သံသယရှိနေတုန်းပါ။လျှပ်စစ်မိန်းက မနေ ့ကညနေ ဈေးပိတ်ချကတည်းကချထားပြီးသားဆိုတော့ ဝါယာရှော့မဟုတ်
    တော့ပါဘူး။ဈေးမျက်နှာစာ ဘက်အခြမ်းက ဈေးဆိုင်ခန်း အနည်းငယ်လောက်ဘဲကျန်ခဲ့ပြီး တဈေးလုံးနီးပါး ပြာကျသွားပါပီ။
    မနက်(၅:၀၀)လောက်ကဘဲလောင်ကျွမ်းနေတဲ့ မီးဟာ ခုဆိုရင် ငြိမ်းသွားခဲ့ပါပီ။ကျပ်သိန်းပေါင်းများစွာ၊သောင်းချီပြီး ဆုံးရှုံး
    သွားနိုင်ပါတယ်။ပြည်နယ် စည်ပင်ဝန်ကြီး အပါအဝင်၊စစ်တပ်မှအရာရှိတချို ့လဲလာရောက် စစ်ဆေးမေးမြန်းကြတာကို
    တွေ ့ရပါတယ်။ဆုံးရှုံးသွားတာတွေ အားလုံးကို တော့မတွက်ချက်ရသေးပါဘူး။ဈေးစည်ပင်ရဲ့ပေါ့ဆမှုကြောင့်ဆိုလဲ မမှားပါဘူး။
    မီးသတိပေးမှုနည်းပါးတာ၊မီးအန္တရာယ်ရှိနိုင်တဲ့ ပစ္စည်းတွေသိုလှောင်ရောင်းချနေတာတွေ၊မီးအသုံးပြုချက်ပြုတ်နေတဲ့ ဈေးဆိုင်ခန်း
    တွေကို ထိန်းသိမ်းမှုအားနည်းလွန်းတာတွေက ခုလိုပျက်စီးသွားစေတာပါ။

  • blackchaw

    February 11, 2012 at 4:04 pm

    စိတ်မကောင်းပါဘူး။ ညီလေးရေ။
    ဘယ်လိုနှစ်သိမ့်ရမလဲကို မသိတော့ပါဘူး။

  • ရွာစားကျော်

    February 11, 2012 at 4:25 pm

    ဒီနေ့ နေ့လည် ၁နာရီ ဝန်းကျန်က နေပြည်တော်မှာလည်း
    မီးလောင်သွားပါသေးတယ်
    ဟိုတယ်ဇုံနဲ့ ကံ့ကော်အိမ်ယာကြားထဲက
    အစိုးရဆီဆိုင်အမှတ် ဝ၃၅၄ မှာ ဆီကား တစ်စီး မီးလောင်သွားတာပါ
    ဓာတ်ပုံတော့ရိုက်ထားပါရဲ့ ပို့စ်တင်ဖို့ လိုင်းမကောင်းတော့ မတက်ဘူး 😥

  • အာကြီး

    February 11, 2012 at 8:35 pm

    ဟိုတပတ်က ကျနော် သတိပေးခဲ့ပါသေးတယ် . . ဈေးထဲမှာ ဓါတ်ဆီ၊ ဒီဇယ် ၊ အရက်ဆီ အစရှိတဲ့
    မီးလောင်လွယ်တဲ့ လောင်စာ ၊ မုန့်ဆိုင်တွေသုံးနေတဲ့ မီးသွေးမီးဖို ၊ ထင်းမီးဖို ၊ ဒါတွေ အားလုံး
    စစ်ကြောဖို့ သင့်ကြောင်း ၊
    စည်ပင် အဖွဲ့တွေနဲ့ မီးသတ် ၊ ဈေးကော်မီတီတွေက ဂရုမှ မစိုက်တာဗျာ ၊ ခုတော့ အဖြစ်ဆိုးနဲ့
    ကြုံတွေ့ခဲ့ကြရပါပြီ ၊ ပြည်နယ်ဝန်ကြီးကိုလဲ သိစေရန် သတိပေးခဲ့ပေမဲ့ ဖြစ်ရလေဗျာ၊
    အခု မှ ခင်ဗျားတို့ လာကြည့်လဲ အလကားပဲ ၊ ခင်ဗျားတို့ ဘာလုပ်ကြမှာလဲ ၊ ဆုံးရှုံးမှုတွေကို
    ပြန်လျော်ပေးမှာလား ၊
    နောက်တခုရှိသေးတယ် ၊ ဈေးအသစ်ဆောက်ချင်တဲ့ စီမံကိန်း ၊ အခုတော့ နှစ်ထပ်ဈေးအသစ်ကြီး
    ဆောက်ခွင့်ရကြတော့မယ် ၊ စဉ်းစားစရာနော် ၊
    ဆိုတော့ ……………………………. ? ? ?

  • inz@ghi

    February 11, 2012 at 9:36 pm

    စိတ်မကောင်းဘူးဗျာ ..

    သည်လောက်ပဲ ပြောချင်တော့တယ်…
    ဘယ်သူ့အပြစ် ဘယ်ဝါမကောင်းလို့ ဘာညာ ထားပါတော့ဗျာ….

    တကယ်ဆို ..
    တချို့နေရာတွေမှာ ….ငတ်နေကြတယ် …မွဲနေကြတယ် ….
    ခုတော့ …သူမစားရ ငါမစားရကွာ ….. နှမြောတယ်ဗျာ…….

    တောက်ခ် …

    ကျုပ်ကြောင့် မီးမလောင်စေရ …
    (သည်စာသားကို ကျနော် အထပ်ထပ် ရွတ်ပြီး နှလုံးသွင်းပါ့မယ်ဗျို့)

    ခင်တဲ့
    Inz@ghi

  • ဒီတစ်ကြိမ်မှာတော့ မီးအတွေ ့အကြုံနည်းလှတဲ့ကျနော်တို ့မြို ့မှာဈေးကြီး မီးထဲပါသွားတာ
    တော်တော်ကြီးမားစွာဆုံးရှုံးသွားတာပေါ့။အားလုံးသူလဲ ဝမ်းနည်းမဆုံးပေါ့ဗျာ။ဘယ်သူ ့ကို
    မှ အပြစ်မဖို ့ပါဘူး။အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းလုပ်ကိုင်နေကြတုန်းပါဘဲ။ခုချိန်ထိဆို
    ည(၁၁:၀၀)ထိ မီးကြွင်းတွေကိုလိုက်ငြိမ်းနေတုန်း၊ဘက်ဟိုးတွေနဲ ့မွှေနှောက်ပြီး၊ရွှေ ့ပြောင်း
    နေကြတုန်းပါဘဲ။အားလုံးကတော့ ပြာပုံဘဝပေါ့နော်။ဖြေဆည်မရနိုင်တဲ့ နောင်တတွေ တနင့်
    တပိုးပေါ့။

  • seahorse

    February 12, 2012 at 11:23 am

    ကြုံတွေ ့ရသူများနဲ ့ထပ်တူ ဝမ်းနည်းရပါတယ် ကိုယ့်ညီကိုတို ့ရေ။
    ခုချိန်ထိ ဘယ်ကစလောင်ပါတယ်ဆိုတဲ့ တိကျတဲ့ အဖြေမသိရတာ
    နားမလည်တော့ဘူး။

  • coconut

    February 12, 2012 at 12:40 pm

    တကယ့်အဓိက ကျကျကူညီပေးခဲ့ကြတာ လေဆိပ်စီမံကိန်းက ရေကားကြီးတွေ၊ တောင်ကုတ်ကမီးသတ်ကားနဲ့ သံတွဲမြို့သူမြို့သားတွေရဲ့ စိတ်စေတနာနဲ့ ကူညီဆောင်ရွက်မှုတွေကြောင့်ပါ။နေအိမ်တွေဆီကိုမီးမကူးခဲ့တာပါ။အစိုးရပိုင်းက အားနည်းလွန်းပါတယ်။

  • water-melon

    February 12, 2012 at 1:15 pm

    ဘာမှပူနဲ့ပူနဲ့ ညည်းတို့ကို ဈေးသစ်ဆောက်စေချင်လို့ ( ရှိ့မီး) လုပ်သွားတာ
    နောက်ထပ်ကြည့်နေ မြန်မာပြည်က ဈေးကြီးမှန်သမျှလောင်အုန်းမှာဘဲ

    စိတ်မကောင်းပါဘူးဗျာ။ စီးပွားရေးကြပ်တည်းရထဲ အကုန်ပါသွားတော့ စာနမိပါတယ်။
    မီးသတ်ကားတွေလှူကြပါလားဗျာ။
    မြန်မာပြည်က သူငှေးတွေ KTV သွားပြီး ကုန်မဲ့အတူတူ အကျိုးရှိအောင်လှူရင် ဘယ်လောက်ကောင်းမလဲ။

  • ဟုတ်တယ်ဗျာ ဟိုတယ်အပိုင်ကားတွေ၊လေဆိပ်စီမံကိန်းက ကားတွေနဲ ့တောင်ကုတ်မီးသတ်က ကားအားလုံးသာတက်ညီလက်ညီ
    မပါလာရင် မလွယ်တာ အသေအချာပါဘဲ။ကိုယ်ကျိုးမဖက်ဘဲ ကူညီဆောင်ရွက်သူ မီးသတ်ရဲဘော်များအပါအဝင်အားလုံးကို လေးစား
    ဂုဏ်ပြုပါတယ်။

  • minmin king

    February 14, 2012 at 10:20 pm

    ကျွတ် ကျွတ် ကျွတ် …..စိတ်မကောင်းစရာပဲနော် …..ဘယ်သူ့ ကိုမှလဲ အပြစ်မတင် ချင် ပါဘူး ဗျာ ……ဘယ်လိုက စပြီးလောင်သွားတာလဲ ဟင် ……သိရင် ပြောပေးကြပါလား ဗျာ …… ပြည်သူ လူထုများ ရဲ့ စီးပွား ဆုံးရှုံး မှု ကို စည်ပင် ကဘယ်လိုများ ဆောင်ရွက်ပေးမယ် လို ့ ယုံ တမ်းစကားတွေပြောထား သလဲဟင် …. မီးသတ်တွေကော ဘာလုပ်နေတာလဲ ဟင် ……. မီးသတ်ကားတွေက ဘာလို့ အရေး ကြုံ မှတိုး နိုးနေရတာလဲ ဟင် …. ဈေး ထဲမှာရှိတဲ့ ရေစင် ကရေတွေဘယ်သူသောက်သွားတာလဲ ဟင် …….ဘာကြောင့် ရခိုင် ပြည်နယ် မှာ မီးလောင် ပြီဟေ့ ဆိုရင် ဘာကြောင့်ဈေးတွေပဲလောင်နေတာလဲ ဟင် ….မသိလို့မေးပါရစေနော် ….လုပ်ကြံမှုလား ဟင် !!!!!!!!!!!!!!.စဉ်းစားစရာပဲနော် …… တခုတော့ ရှိတယ် ဗျ … ဈေးစောင့်တွေက ပြောတယ် တဲ့ ..ဝါယာ ရှော့ ဖြစ်တာကို မြင် လိုက် တယ် တဲ့ … ဟုတ် သလား …ဒါဆို ဘာလို့ ရှော့ ဖြစ်ကထဲ က သွား မကြည့်တာလဲ ဟင် …….ဒါပေမယ့် ဖိုးသီးချိုက ဈေးကို ညနေ 6နာရီဆို မိန်းချပြီး မနက် ၆ နာရီ မှမီးပေးတာတဲ့ … ဒါဆို ရှော့ ဖြစ်တာ ဟုတ်နိုင် သလား ဟင် ….ဒါကြောင့်ဈေးသူဈေးသားတွေကို စစ်မေးနေမဲ့ အစား ဈေးစောင့် ကို ခေါ်မေးကြည့် ပါလား ဟင် ……အဖြေတခုတော့ သိရမှာပေါ့ နော် …. ပြီးတော့ ထင်း နှချောင်း ပူး ထား တာတောင် မီး စွဲ ဖို ့ မနဲ အချိန်ယူ ရတာလေ … ၂ နာရီ လောက် အတွင်း မှာ ဈေးတခုလုံး ပြာ ဖြစ် သွား တယ်ဆို တော့ဒါ ပေါ့ဆ မီးတို့ ရှော့ ဖြစ်တာတို့ ဖြစ်နိုင် ပါ့ မလား ဟင် …..ရှို ့ မီ း များ လား ??????????????? စဉ်းစားစရာပဲနော် ……….ထား ပါတော့ နှစ်ထပ်ဈေးဆောက် ဦး မယ် ဆိုတော့ အဲဒီအတွက် ကုန်ကျစရိတ် ဘယ် သူပေး မှာလဲ … ….. ပြည်သူတွေဆီက ပဲ ခေါင်းပုံ ဖြတ်ဦး မှာလား …. ဒါ ဆိုရင် တော့ မိအေး နှစ်ခါနာပေါ့ နော် …. ဟုတ် တယ် လေ … မီးလောင်တဲ့ အထဲမှာ ပစ္စည်းလဲ ဆုံးရှုံးရသေးတယ် …. ဈေးဆောက် ဖို့ ပိုက်ဆံထပ်ပေးရဦး မယ် ဆိုတော့ …… မပေးနိုင် တဲ့ လူ က ဒီမြို ့က ထွက် ပေးရမလား ဟင် ……ဪ ကြုံ တုန်းလေး ပြောခဲ့ ပါရစေဗျာ …. သံတွဲဈေးမီးလောင် ပြီး နောက် နေ့မှာ သံတွဲ မြို့ ရဲ ့ ရပ်ကွက် တခု ဖြစ်တဲ့ ဂျိတ္တောရပ်ကွက် မှာလဲ မီး လောင်မှုဖြစ်တယ် လို့ကြားမိပါတယ် …. ဒါပေမယ့် မီးသတ်ကား က သတင် ရရချင်း လိုက် သွားတယ် လို့ ပြောပါတယ် … သို့သော်လည်း မီးသတ်ကား က လမ်းတဝက် မရောက် ခင် ကပဲ ဆီကုန်လို့ ရှေ့ဆက် မသွားပဲ ရပ်ထားရတယ် တဲ့ ….. ဘယ်သူ့ အပြစ်လဲ ဟင် …. မီးသတ်ကား လား ဒါမှမဟုတ် ကားတွေကို ဂရုမစိုက် တဲ့ မီးသတ်ရဲဘော်တွေအပြစ်လား ဟင် …..ဒါမျိုးတွေနောက်ထပ်ဖြစ်ဦး မှာလား ဟင် … နောက်ထပ် ဘယ်မြို့ မှာလောင် ဦး မှာလဲ ဟင် …. ကျန်ခဲ့ လို့ နော် …. တခုပြောဦး မယ် … ဈေးတခုလုံး မီး လောင် နေတာ ကို ဈေးခေါင်းရုံး က အစောင့် မမြင် မိလို့ လား ဟင် ဘယ်ကိုရောက်နေကြတာလဲ … ပြီးတော့ ငါး ရောင်းတဲ့ အမျိုးသမီးတွေက ပြောဆို နေတဲ့ အခါ ဘာကြောင့် စည်ပင် က လူတွေက “ပါးစပ်ပိတ်နေစမ်း ဘာမှဝင် မပြောနဲ့” လို့ပြောတာလဲ …… သူတို့ မြင်တာလေး ကို နား မထောင်သင့်ဘူးလား ဟင် ……အဖြေတခုခု ရနိုင် ပါတယ် ….တော်ပြီနော် …ရှေးစကားကြားဖူးတယ် “မှန်ကန်တဲ့ လူ ထွက်သွားရတတ်တယ်” တဲ့ အများကြီးပြောရင် စိတ်မကောင်းစရာတွေ ဖြစ်မှာကြောက်လို့ပါ …..ဘာမှမပြောမိဘူးလို့ပဲ ထားလိုက် ပါ ဗျာ …..

  • “‘…..ရှို ့ မီ း များ လား ??????????????? စဉ်းစားစရာပဲနော် ……….ထား ပါတော့ နှစ်ထပ်ဈေးဆောက် ဦး မယ် ဆိုတော့ အဲဒီအတွက် ကုန်ကျစရိတ် ဘယ် သူပေး မှာလဲ … ….. ပြည်သူတွေဆီက ပဲ ခေါင်းပုံ ဖြတ်ဦး မှာလား …. ဒါ ဆိုရင် တော့ မိအေး နှစ်ခါနာပေါ့ နော်”

    minmin kingရေ ခုထိလဲ လက်သယ်မပေါ်၊ဘာကြောင့်လဲမသိရပေမယ့် ပေါ့…..
    ဈေးအသစ်ကို ဘယ်လိုအတိုင်းအတာ ဆောက်ပါမယ်ထားပါအုံး ဈေးသူ၊ဈေးသား
    တွေ မတတ်နိုင်ကြတော့ဘူး။ခုလောလော ဆယ်မှာ မီးသတ်ကားဝယ်ဖို ့ကြိုးစားနေတယ်
    လို ့ကြားရပါတယ်။

  • windtalker

    February 15, 2012 at 6:54 pm

    ကြားရသော သတင်းအတွက် ဝမ်းနည်းပါ၏
    မီးဘေးသင့် ပြည်သူားများ အားလုံး အမြန်ဆုံး အထောက်အပံ့ ရကြပါစေ ဗျား

Leave a Reply