အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၆၁)
“မင်း သိပါတယ်..ရုပ်ရှင်တွေထဲ ဒီလိုအခန်းမျိုး ဆိုရင် ဇာတ်လိုက်ကထပြီး လူလူချင်း ကရုဏာထားဖို့ ဘာညာနဲ့ ဒိုင်
တွေ လွှတ်ပြီး မေတ္တာရပ်ခံမှာလေ…အဲဒီလို ဒိုင်ယာလော့ဂ်တွေ ငါသိပ်ရတာပေါ့ကွာ..ဒါပေမဲ့ တကယ်လည်း နဖူး
တွေ့ ဒူးတွေ့လည်း ဖြစ်ရော အကုန်လုံးမေ့ကုန်တော့တာပဲ..ရုပ်ရှင်ရိုက်နေတာမှ မဟုတ်တာ ..တကယ်ဆော်မဲ့ ငနဲ
တွေလေ..အဲဒီအချိန် ငါစိတ်ထဲ သိတာတစ်ခုကတော့ ငါမသေချင်သေးဘူး ဆိုတာပဲ..မင်းသားဖြစ်ဖို့ ဆိုတဲ့ ငါ့စိတ်
ကူးယဉ် အိပ်မက်လေး လက်တွေ့ဖြစ်မလာသေးဘူးလေ..အိပ်မက်ကလေးနဲ့အတူ အိပ်မက်မက်နေတဲ့ငနဲလေးပါ
မွမ်ဘိုင်းရဲ့ ဘတ်စ်ကားတစ်စီးပေါ်မှာ ပျက်စီးလောင်မြိုက်တော့မှာပါလားဆိုတဲ့ ကြောက်လန့်မှုက ငါ့ကို အပြင်း
အထန် တုန်လှုပ်စေတော့တာပဲ..”
“လူရမ်းကားအဖွဲ့က ခေါင်းဆောင်က မင်းနာမည်ဘယ်သူလဲ လို့ ငါ့ကိုမေးတယ်..။ ရမ် တို့ ကရှစ်နား တို့ ငါပြောနိုင်သား
ပေါ့ကွာ..ဒါပေမဲ့..ပါးစပ်က အာစေးမိနေသလို တစ်ခွန်းမှ မထွက်နိုင်ဘူးဟေ့..အဲဒီမှာ ငနဲတစ်ကောင်က ငါ့လည်ပင်းဆွဲ
ထားတဲ့ အဆောင်ကျုတ်ကလေးကို မြင်သွားပြီးတော့ ဒီအယုတ်တမာလေးက မူဆလင် ဆိုတာ သေချာတယ်..သတ်
ကွာ.. ဆိုပြီး ထအော်တော့တာ..ခေါင်းဆောင်လုပ်တဲ့ ငနဲက သတ်လိုက်ရင် သိပ်လွယ်လွန်းတယ်ကွ..ဒီဘတ်စ်ကား
ပေါ်မှာတင် အရှင်လတ်လတ် မီးရှို့သတ်မယ်ကွာ..ဒါမှ ဒီ မူဆလင်ကောင်တွေ တို့ကို နောက်ထပ် မစော်ကားရဲတော့
မှာ ဆိုပြီး တဟားဟားနဲ့ ထရီတယ်လေ..။နောက် လူရမ်းကားတစ်ကောင်က ဓာတ်ဆီပုံးသယ်လာပြီး ကားပေါ်မှာ
လိုက် ပက်နေတယ်..ငါဓာတ်ဆီနံ့ကို အရင်က သဘောကျတယ်..အဲဒီနောက်တော့ ဒီအနံ့က လူ့အသွေးအသားကို
မီးရှို့တာနဲ့ သွားသွားပြီး ဆက်စပ်လို့ သတိရမိနေတော့တာ…”
“ငါ့နောက် နှစ်ခုံခြားလောက်မှာ ထိုင်နေတဲ့လူက ရုတ်တရက်ထပြီး ..ငါ့နာမည်တော့ မင်းတို့မေးစရာမလိုပါဘူးကွာ..
ငါ့ဟာငါပဲ ပြောပါ့မယ်..အာမက်ခန်းတဲ့..ဒီချာတိတ်ကို မီးနဲ့တို့ ဝံ့တဲ့အကောင်ကို ငါ ကြည့်စမ်းချင်တယ်..လို့ပြောတော့
လူရမ်းကားတွေ လည်း ခဏကြောင်ပြီး ငြိမ်သွားတယ်..ခုမှ သူ့ကို သတိပြုမိတော့သလိုဖြစ်နေတာကိုး..နောက်တော့
ခေါင်းဆောင်လုပ်တဲ့ငနဲက..ဟား..မင်းလည်း မူဆလင်တစ်ကောင်ကိုးကွ..ဟုတ်လား..ကောင်းပြီဟေ့..ဒီငနာလေးကို
မီးနဲ့တို့တာလည်း မင်းမြင်ရမယ်..ပြီးတော့ မင်းကိုယ်တိုင်လည်း မီးနဲ့ အတို့ခံရမယ်..နှစ်ကောင်စလုံး အရှင်လတ်လတ်
မီးနဲ့ရှို့မယ်ကွ.. ဘာညာဆက်ပြောနေတဲ့အချိန်မှာ ငါ့နောက်က လူက ဖြတ်ပြောတယ်..အေး ငါ့ မီးနဲ့မတို့ခင် ဒါလေးကို
အရင်ကြည့်ကြဦးကွ ဆိုပြီး ခြောက်လုံးပြူးသေနတ်တစ်လက်ထုတ်ပြတယ်..”
“မင်းကွာ..သေနတ်လည်းမြင်ရော..ဖြစ်သွားတဲ့ ဒီငနာကောင်တွေရဲ့ မျက်ခွက်ကို မြင်စေ့ချင်တယ်..မျက်လုံးတွေ ကျွတ်
ကျမတတ်ပြူးထွက်လာပြီး သူတို့ဓားတွေ တုတ်တွေ ပစ်ချလို့ ပြေးပါလေရောဟေ့..တန်းနေတာပဲ..သူတို့ကျ သေမှာ
ကြောက်လိုက်ကျတာ ဝရုန်သုန်းကားနဲ့ အသက်လုပြီးပြေးတာ..ငါ့အသက်လည်း ချမ်းသာရာရသွားပြီပေါ့..ဝမ်းသာပြီး
ကျေးဇူးတင်လွန်းလို့ ငါ မျက်ရည်တွေ ကျလာမိတယ်..”
“ငါမျက်ရည်ကျနေတာ မြင်တော့ ဟိုလူကြီးက မေးတယ် မင်းနာမည် ဘယ့်နှယ်ခေါ်သလဲ ကွ ဆိုတော့ ငါလည်း ရှိုက်
သံတစ်ဝက်နဲ့ ဆလင်း..ဆလင်း အီလျာဆီ ပါခင်ဗျာလို့ ပြန်ဖြေတယ်..။သူက ဆက်ပြီးတော့ မင်းကလည်းကွာ..လိမ်
ပြော ပြီးရောပေါ့..မလိမ်တတ်ဘူးလား…အေး ဒါပေမဲ့ သေဘေးနဲ့ ကြုံနေတာတောင် အမှန်ပြောဝံ့တဲ့သူကို ငါလေးစား
ပါတယ်ကွာ..တဲ့။”
“သူ့အကြောင်း သူပြောတာကတော့ သူက အိပ်စပို့ အင်ပို့ လုပ်တဲ့ စီးပွားရေးသမားတစ်ယောက်ပဲ..ဘီကူလာဘက်မှာ
အိမ်ကြီးတစ်လုံးနဲ့ နေတာတော့ တစ်ယောက်တည်း ဆိုပဲ..သူက သူ့အိမ်မှာ ချက်ပြုတ်လျှော်ဖွတ် သန့်ရှင်းရေး အတွက်
လူတစ်ယောက်တော့ လိုသတဲ့..သူခရီးသွားတဲ့ အချိန် သူ့အိမ်ကို ကြည့်ရှုစောင့်ရှောက်ပေးဖို့လည်း လိုတာတဲ့..ငါက
တော့ ဒီလိုစီးပွားရေး သမားတစ်ယောက်က ဘတ်စ်ကားပေါ်မှာ သေနတ်တစ်လက် ဘာကြောင့်ယူလာတာလဲလို့
တွေးနေမိတယ်..သူက သူ့ဆီမှာ ငါလုပ်မယ်ဆို ခု ထမင်းဘူးပို့တဲ့ အလုပ်ထက် နှစ်ဆပေးပါ့မယ်တဲ့..အဲဒီတော့ ငါ
လည်း ချက်ချင်းပဲ သူ့အိမ်မှာ လိုက်နေပြီး သူ့အိမ်အလုပ်တွေ လုပ်ဖို့ သဘောတူလိုက်တော့တာပဲကွ..”
“အာမက် တိုက်ခန်းကတော်တော် ကျယ်သားကွ..အိပ်ခန်းသုံးခန်း..မီးဖိုခန်းကလည်း အနေတော်..ဧည့်ခန်းမှာ သုံးဆယ့်
ခြောက်လက်မ တီဗီကြီး တစ်လုံး နဲ့…အင်း..ငါလည်း ချက်ပြုတ်လျှော်ဖွပ် တာတွေ လုပ်နေပေမဲ့လို့ ငါ့ရည်မှန်းချက်ဖြစ်တဲ့
ရုပ်ရှင်မင်းသား ဖြစ်ဖို့ဆိုတာတော့ လုံးဝ မမေ့ဘူး..အာမက် ဆီမှာ လုပ်ရတာ ကောင်းပါတယ်..သူကတော့ အပြင်ထွက်
နေတဲ့ အချိန်များတာပဲ..တစ်ခါတစ်လေများ သွားနေလိုက်တာ တစ်ပတ် နှစ်ပတ်..အဲဒီအချိန်တွေဆို ငါလည်း စတူဒီယို
တွေသွား..ငါ့ဘာသာ ရိုက်ထားတဲ့ ပုံလေးတွေ ပြင်ခိုင်း..စိတ်တိုင်းကျတဲ့အခါကျတော့ မူကရှ် ရာဝယ် ကို သွားပေးတယ်..
သူက မာစတာ ပါပူး ကို သွားပြ..မင်း ယုံမလားတော့ မသိဘူး..သုံးလလောက်ရှိတော့ ငါလည်း မျက်နှာသစ် သရုပ်ဆောင်
အဖြစ် ကမ်းလှမ်းခံရရောကွ..”
“ဟေ..တစ်ကယ်လားဟ..ဘယ်ဇာတ်ကားမှာ ဘယ်နေရာက သရုပ်ဆောင်ရတာတုန်း..”
“အာဘစ် ရစ်ဇ်ဝီ ထုတ်တဲ့ လူဆိုးလေးများ ဆိုတဲ့ ကားမှာ ဆူနေးလ် မက်ရာ နဲ့အတူ ကောလိပ်ကျောင်းသားလေးအဖြစ်
သရုပ်ဆောင်ရတာ..”
“ဟား..အဲဒီကား ခုသွားကြည့်ရအောင်..မင်း ပိတ်ကားပေါ်မှာ သရုပ်ဆောင်တာ ငါကြည့်ချင်လို့..”
အဲ..ဆိုပြီး ဆလင်း ခပ်ဆိုင်းဆိုင်းဖြစ်သွားတယ်..။သူ့ဖိနပ်ကို ငုံ့ကြည့်ပြီး –
“မင်းသွားကြည့်ရင်..အင်း..ငါ့အခန်းက နောက်ဆုံး မိနစ်မှာ အဖြတ်ခံလိုက်ရတော့ ..ငါ့ကို မင်း..ပိတ်ကားပေါ်မှာ မြင်ရ
ရင် သုံးစက္ကန့်လောက်ပေါ့..ဒါတောင် တခြား ကျောင်းသား အယောက်သုံးဆယ်လောက်နဲ့ ရောထိုင်နေရလို့ ငါ့ကို မ
နည်းမြင်အောင် ကြည့်ရမှာ..ဒိုင်ယာလော့ဂ် လည်း မပြောရပါဘူးကွာ..ဆူနေးလ် နဲ့ ဆရာမ ပဲ ပြောရတာ..”
“ဟေ..ဟ..”ကျွန်တော်လည်း စိတ်ပျက်ပြီး ထအော်မိတယ်…။
“စောက်ကျိုးနည်း ..သုံးစက္ကန့် တဲ့..ဘာတုန်းကွာ..”
ဆလင်းကတော့ ခပ်အေးအေးပဲ ရှင်းပြတယ်။
“မျက်နှာသစ်သရုပ်ဆောင်ဆိုတာ စစချင်းတော့ နေရာဘယ်ရမှာတုန်းကွာ..ဖြတ်လျှောက်လောက်ပေါ့..မင်းသား..
မင်းသမီးမှ မဟုတ်တာ..မင်းသား နဲ့ မင်းသမီး ကကြခုန်ကြတဲ့ အခန်းမှာ တို့က ဝေလေလေ နဲ့ လက်ခုပ်တီးတဲ့
အခန်းမျိုး..မင်းသားက လူဆိုးနောက်လိုက်ဖမ်းတဲ့အချိန် လမ်းပေါ်ဖြတ်လျှောက်ရတဲ့ အခန်းမျိုး ဒါမျိုးပဲပေါ့..ဒါ
ပေမဲ့..ငါစိတ်ထဲမထားပါဘူး..ဒီလောက်ကလေးကပဲ..ငါအိပ်မက်ကို တစ်ကယ်ဖြစ်လာအောင် စပြီး ဖြည့်ဆည်း
ပေးနေတယ်လို့ လက်ခံထားတယ်..ပရိုဂျူဆာ အာဘစ် ရစ်ဇ်ဝီကတော့ နောက်ထုတ်မဲ့ ကားမှာ ငါ့ကို အခန်း
များများ ပါစေရမယ်လို့တော့ ပြောတာပဲ..”
“အဲဒါထားလိုက်ဦး..အာမက်အကြောင်းပြောရဦးမယ်..သူ့ဆီမှာ ငါနေတာ ခြောက်လလောက်ရှိတော့ တဖြည်းဖြည်းသိလာတာ
သူက လူထူးလူဆန်း တစ်ယောက်ပဲကွ..သူ့ဘဝမှာ စိတ်ဝင်စားတာ နှစ်ခုပဲရှိတယ်..အစားအသောက်ကောင်းကောင်းစားမယ်..
တီဗီကြည့်မယ်..ဒါပဲ..တီဗီကြည့်ရင်လည်း အကြိုက်ဆုံး အစီအစဉ် နှစ်မျိုးရှိသကွ..။ခရစ်ကတ် ပွဲစဉ်တွေ နဲ့ မွမ်ဘိုင်း ရာဇဝတ်
မြင်ကွင်း ဆိုတဲ့ အစီအစဉ်တွေပဲ..။ခရစ်ကတ် ပွဲကတော့ ဘာပွဲလာလာ ကြည့်တာပဲ..အိန္ဒိယ အသင်းပါပါ မပါပါ..ကြည့်ကို
ကြည့်ရမှ..မနက်သုံးနာရီ လည်း ထ ကြည့်တာပဲ..သန်းခေါင်လည်း ထကြည့်တာပဲ…အသင်းကြီးတွေမပြောနဲ့ ကင်ညာတို့
ကနေဒါ တို့လို အသင်းငယ်လေးတွေတောင် မလွတ်တမ်း ကြည့်တာ..”
“ပွဲစဉ် အချက်အလက်တွေ အကုန်လုံး ဒိုင်ယာရီ စာအုပ်လေးနဲ့ မှတ်ထားတယ်ကွ..တစ်ချို့ ဘော်လုံးပွဲ ခရေဇီဖြစ်တဲ့လူ
တွေလိုပေါ့..ကိုယ့်အမျိုးသာ စုံအောင် မသိရင်နေမယ်..ဘောလုံးသမားကတော့ တီဗီမှာ ခပ်ပျပျမြင်လိုက်ရင်တောင် ဘယ်
သူဟ ဆိုပြီး..ရာဇဝင်နဲ့တကွ ခင်းပြနိုင်တဲ့လူမျိုး..သူလည်း ခရစ်ကတ် ကစားသမားတွေရဲ့ အချက်အလက်မှန်သမျှ သူ့ခေါင်း
ထဲမှာ အကုန်ရှိတယ်..ဘတ်စ်မန်း တစ်ယောက် ဘယ်လောက် ရိုက်စွမ်းရှိသလဲ..ပစ်တဲ့ ဘိုလာ တစ်ယောက် ဘယ်လောက်
ထိ အပစ်ကောင်းတယ်..ဝစ်ကတ်စောင့် တစ်ယောက် ဘယ်လောက်ထိ တော်တယ်..ပွဲတစ်ပွဲမှာ အမြင့်ဆုံးနဲ့ အနိမ့်ဆုံး ရမှတ်
တွေ ကို ပြောနိုင်တယ်..အင်းနီး တစ်လှည့်ပြီးရင်း ရမ်းစကိုး ဘယ်လောက်ထိ အမြင့်ဆုံးရနိုင်မလဲဆိုတာ ကွက်တိနီးနီး မှန်း
နိုင်တာ..အို..ခရစ်ကတ်နဲ့ ပတ်သက်တာ မှန်သမျှ အကုန်သိသလို..ရလာဒ်ကိုလည်း ရာနှုန်းပြည့် မှန်းနိုင်တဲ့လူဟ..”
“အေး…အဲဒါတွေ အလကားလျှောက်မှတ်ထားတာတော့ မဟုတ်ဘူး..လောင်းကစားလုပ်ဖို့ပေါ့..တစ်ခါတုန်းက အိန္ဒိယနဲ့
အင်္ဂလန် ပွဲကို တီဗီမှာ ကြည့်နေရင်း အာမက်က သူ့ဟန်းဖုန်းလေးနဲ့ တစ်ယောက်ယောက်ကို ပြောနေတာမြင်လို့ ငါလည်း
မေးမိတယ်..ဘာလုပ်နေတာ အာမက် ဘိုင် ဆိုတော့ သူက ဆတ်တား ဆော့နေတာကွ လို့ပြန်ဖြေတယ်..”
“ဆတ်တား ဆိုတာ ဘာလဲဗျ..ဆိုပြီး မသိလို့ သူ့ပြန်မေးရတာ..မင်းရော သိလား မိုဟာမက်..အေး သူပြောတာက အဲဒီ
ဆတ်တား ဆိုတာ တရားမဝင် လောင်းကစားနည်းတစ်ခုပေါ့ကွာ..မွမ်ဘိုင်းမှာ ရှိတဲ့ တကယ့် မြေအောက်ဒုစရိုက် အဖွဲ့
ကြီးတွေ စုပေါင်း လုပ်တာတဲ့..တစ်နေ့တစ်နေ့ အဲဒီ လောင်းကစားမှာ လှည့်နေတဲ့ ငွေက ရူးပီး သန်းပေါင်းတော်တော်
များ ဆိုပဲ.. အာမက်က လက်ကြီးတဲ့ လောင်းကစားသမားတစ်ယောက်ပေါ့…ဒီအိမ်နဲ့ ဟောဒီ တီဗီတို့ စတဲ့ ပစ္စည်းမှန်
သမျှဟာ လောင်းကစားက နိုင်တဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာကွ လို့ သူက ငါ့ကို ပြောတယ်..သူက ဆက်ပြီး ပြောသေး
တယ်..လွန်ခဲ့တဲ့ သုံးနှစ်လောက်က အိန္ဒိယ နဲ့ ဩစတျေးလျ ပွဲမှာ ငါ သူဌေးဖြစ်ခွေးဖြစ် အချီကြီး ဆော်ဖူးတယ်ကွ..
မင်းမှတ်မိမလား မသိဘူး..အေဒင် ဂါးဒင်း ကွင်းမှာလေကွာ.. ”
One comment
windtalker
February 14, 2012 at 8:55 pm
အာမက် ဇ ကို ကြိုက်မိသဗျာ ။
လွတ်လွတ်လပ်လပ် နေ ၊ တပည့်ကျော်တစ်ယောက်နဲ ့အထာကျတဲ့ ဘဝ ။