နိဂုံး ဘဝမှာ အရှည်ကြာဆုံးဖြစ်တဲ့ အဲဒီညကိုလွန်ခဲ့တာ ခြောက်လရှိခဲ့ပြီ။ စမီတာက သူ့စကား သူတည်တယ်။ အမေတစ်ယောက်က သူ့ရင်သွေးအတွက် တိုက်ပွဲဝင်သလိုမျိုး ကျွန်တော့်အတွက် ရင်ဆိုင်ခဲ့တာ။ အရင်ဆုံးရဲတွေနဲ့ သူ ပြောဆိုရတာပေါ့။ ကျွန်တော့်ကို ဖမ်းစရာ ဘာအခြေခံအကြောင်းတရားမှ မရှိဘူးဆိုတာ သက်သေပြခဲ့တယ်။ နောက်တစ်ခုက ရထား ပေါ်မှာ သေသွားတဲ့ဓားပြ အကြောင်း ဘယ်သူမှ မကြားဖူးဘူးဆိုတာရယ်၊ အဲဒီကိစ္စအတွက် ဆိုင်းငံ့ စုံစမ်းစစ်ဆေးမှု လည်း မရှိဘူး ဆိုတာသူ သတင်းရခဲ့တယ်။ ဆိုတော့ ဒီ အမည်မသိ ဓားပြဟာ သေ သွားတာတောင် အမည်မဲ့မြဲပေါ့ဗျာ။ နောက် ပြိုင်ပွဲလုပ်တဲ့ ကုမ္ပဏီနဲ့ ရင်ဆိုင်ရတယ်။ သူတို့က ကျွန်တော် လိမ်ညာတယ်၊ မသမာဘူး ဆိုတဲ့ […]