အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၇၂)
Normal
0
false
false
false
EN-US
X-NONE
X-NONE
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}
နေညိုလာပြီဆိုတော့ ပုစွန်ဆီရောင် နီကျင်ကျင် ဆည်းဆာရောင်အောက်မှာ ကျောက်ဖြူဗိမာန်ကြီးက နစ်မြုပ်နေသလိုမျိုးဖြစ်လာတယ်။
ကျွန်တော်လည်း ခွာရပြီပေါ့။ လောလောဆယ် နေဖို့တစ်နေရာတော့ ကျွန်တော်ရှာရမှာ။လမ်းပေါ်မှာ လူငယ်လေးတစ်ယောက်တွေ့လို့
သူ့နားအသာချဉ်းကပ်သွားတယ်။ အသက်ကတော့ ကျွန်တော်နဲ့ မတိမ်းမယိမ်းလောက်ပဲ။ အဖြူရောင် တီရှပ်နဲ့ မီးခိုးရောင် ဘောင်းဘီရှည်
ရယ် ဝတ်ပြီး ဟိုင်ဝါအီ ခြေညှပ်ဖိနပ်ကလေး စီးလို့ဗျ။ ကောင်လေးက လမ်းပေါ်က ဆူညံငြင်းခုံနေတာတွေကို ငြိမ်ငြိမ်လေး ရပ်ပြီး ငေးနေ
တယ်။ ကျွန်တော်လည်း သူ့ပုခုံးကို အသာလေးပုတ်ပြီး “ဒီမယ် တဆိတ်လောက်..” ဆိုပြီးပြောတော့ သူက ချာကနဲ လှည့်ကြည့်တယ်။
အဲဒီမှာ သူ့မျက်လုံးတွေကို ကျွန်တော်ချက်ချင်း သတိထားမိတယ်။ တွေ့ဖူးသမျှထဲ အကြင်နာတတ်ဆုံး အညိုရောင်မျက်ဝန်းတွေထဲမှာ
နွေးထွေးမှုနဲ့ စူးစမ်းမှုက အထင်းသားပေါ်နေတာ။ ကျွန်တော့်စိတ်ထဲ ရင်းနှီးမှုနဲ့ ကြိုဆိုမှုကိုပါ အဲဒီမျက်လုံးတစ်စုံကနေ ခံစားမိလိုက်
တယ်။ ကျွန်တော်ထပ်ပြောလိုက်တယ်။
“ဒီမယ်..ငါက ခုမှ ဒီမြို့ကို ရောက်လာတာ..နေဖို့ထိုင်ဖို့ တစ်နေရာလောက် ပြပေးနိုင်မလား..”
ကောင်လေးက ခေါင်းညိတ်ပြီး ပြန်ပြောတယ်။
“မွာ..မ်လာ..နကလာ..အာ..ဟာ..လျ ခထှာ..”
“ဟေ..ဟ”
“ဝွတ်..မ်လာ..နလာ..အရ်..ဟာ..လျ ခထှာ..”
သူကလည်း ပြန်ရှင်းပြတာ လက်တွေ ရှုပ်ယှက်ခတ်သွားတာပဲ။
“အဲ..အဲ..မင်းပြောတာ ငါနားမလည်လို့နော်…ဆောရီးကွာ..မင်းကို ဒုက္ခပေးမိသလိုဖြစ်သွားတယ်..နောက်တစ်ယောက်
သွားမေးတော့မယ်နော်..”
“နျ ယလေ ဘရ်ဟိ ကလ ဓိဗျရ် မိုဟား..”
ဘာတွေပြောမှန်းမသိဘူး။ ကျွန်တော့်လက်မောင်း အတင်းဆွဲပြီး ဈေးဘက်ခေါ်ချသွားတယ်။ ကျွန်တော်သူ့လက်ကို ဖြုတ်ချပြီး
ထွက်သွားဖို့ စဉ်းစားမိသေးတယ်။ ဒါပေမဲ့ဗျာ..ရိုးသား ဖော်ရွေတဲ့ သူ့မျက်နှာကြောင့် သူဆွဲခေါ်ရာ အသာပဲ ကျွန်တော်လိုက်လာ
ခဲ့တယ်။ ကောင်လေး လမ်းလျှောက်ပုံကခပ်ဆန်းဆန်းပဲ။ လမ်းလျှောက်နေတာ ခြေဖျားလေးထောက်မတတ်ပဲ ။ ရှုပ်ထွေးပွေ
လီလွန်းတဲ့ လမ်းမြှောင် လမ်းသွယ်လေးတွေ ကြားကနေလျှောက်လာလိုက်တာ ဆယ့်ငါးမိနစ်လောက်ကြာတော့ အခန်းတွေ
အများကြီးနဲ့ အိမ်ကြီးတစ်လုံးရှေ့ရောက်လာပါရော။ သံဝင်းတံခါးပေါ်က ကြေးပြားမှာ -“ဆွာပနား နန်းတော်” တဲ့။ ဝင်းတံခါး
ကနေ ယာဉ်အဝင်လမ်းက အဝိုက်ဖောက်ထားတာ။ ခြံဝင်းထဲမှာ မြက်ခင်းပြင်ကျယ်ကြီးနဲ့ ဆေးသေချာသုတ်ထားတဲ့ ဂူဂျာရတ်
ပုံစံ ဒန်းတစ်ခုလည်းတွေ့မိတယ်။ ဥယျာဉ်လုပ်သားနှစ်ယောက်ကတော့ မြက်ပင်တွေ ညှိနေသလားပဲ။ အီတလီလုပ် ကွန်တက်ဆာ
ကားဟောင်းတစ်စီး ကို ယာဉ်မောင်း ဖြစ်ဟန်တူတဲ့သူက တိုက်ချွတ်နေတာတွေ့တယ်။ ကောင်လေးကတော့ ဒီအိမ်ကြီးရှင်ပဲလား
မဆိုနိုင်ဘူး..။ဘယ်သူမှသူ့ကို တားတာ ဆီးတာ မတွေ့လို့ဗျ။ ယာဉ်လမ်းအတိုင်းလျှောက်လာရင်း အိမ်မကြီး ရှေ့ကျတော့
အပြောက်အမွှန်းတွေနဲ့ အလွန်အမင်းတန်ဆာဆင်ထားတဲ့ သစ်သားတံခါးကြီးဘေးက လူခေါ်ခေါင်းလောင်းလေးကို ကောင်လေး
က နှိပ်တယ်။ အသားညိုရင့်ရင့်နဲ့ ကြည့်ကောင်းတဲ့ အစေခံအမျိုးသမီးငယ်တစ်ယောက်က တံခါးလာဖွင့်တယ်။အမျိုးသမီးက
သူ့ကိုကြည့်ပြီး ကျွန်တော့်ကို တစ်ချက်လှမ်းအကဲခတ်တယ်။
“ဪ…ရှန်ကာပါလား..ဘာလို့ ခဏ ခဏ လာနေတာလဲကွယ်..သခင်မက ဒီကိုမင်းလာတာ မကြိုက်ဘူးလေကွယ်..”
ရှန်ကာက ကျွန်တော့်ကို လက်ညှိုးထိုးပြီး –
“ဓာရ်..တဟူ..ကလ် အယရ်ခ နား မ..ရိ”
အမျိုးသမီးက ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးတော့ –
“ဪ..မင်းက အိမ်ငှားခေါ်လာတာကိုး ..ဟုတ်လား ရှန်ကာ..အဲ..ဝင်းထဲက အိမ်မှာ အခန်းလွတ်ရှိသေးလား ငါတော့
မသိဘူး..သခင်မ ကိုခေါ်ပေးမယ်..”
အစေခံ အမျိုးသမီး အိမ်ထဲပြန်ဝင်သွားတယ်။
ခဏကြာတော့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးပေါ်လာတယ်ဗျ။ ဈေးကြီးပုံရတဲ့ ပိုးဆာရီ နဲ့ လက်ဝတ်ရတနာတွေ
ဆိုတာနည်းတာမဟုတ်ဘူးဗျို့ ဆင်ထားတာ..။ မိတ်ကပ်ကတော့ လိမ်းထားတာပေါ့။ ငယ်ငယ်တုန်းကတော့ အတော်ချောခဲ့မှာ။
အဲ..နီးလိမာ ကုမ္မာရီနဲ့ မတူတာကတော့သူ့မျက်နှာက ရွှန်းရွှန်းလဲ့လဲ့မရှိတာပဲ။ နောက်ပြီးတော့ တင်းတင်းစေ့ထားတဲ့
နှုတ်ခမ်းတွေကြောင့် သူ့မျက်နှာက ပိုပြီး ခက်ထန်နေသယောင်ယောင်ဖြစ်နေတာ။ ကျွန်တော့်စိတ်ထဲ ဒီမိန်းမကြီးကို အလိုလို
မနှစ်မြို့ဘူး ဖြစ်သွားတယ်။
ရှန်ကာလေးကတော့ ဘွားဒေါ် မြင်တာနဲ့ အတော် စိတ်လှုပ်ရှားပြီး ဝူးဝူးဝါးဝါး ထအော်တယ်။ သွားဖြဲလေးနဲ့ မျက်နှာချိုသွေးနေ
သယောင်ယောင်။ ဘွားဒေါ်ကတော့ ရှန်ကာလေးကို အရေးတောင်မစိုက်ဘူး။ ကျွန်တော့်ကို သေချာစူးစမ်းပြီး –
“မင်းဘယ်သူတုန်း…ရှန်ကာနဲ့ ဘာလို့လိုက်လာတာလဲ..”
သူ့အကြည့်နဲ့ အမေးတွေကြောင့် ကျွန်တော်နည်းနည်းတောင် ကျုံ့ဝင်သွားသလို ခံစားလိုက်ရတယ်။
“ကျွန်တော့်နာမည် ရာဂျူး ရှာမား ပါ ခင်ဗျာ..”
ဒီမြို့မှာ ကိုယ့်နာမည် အမှန် သုံးလို့မဖြစ်ဘူး။ ပြဿနာတွေ တသီကြီးနဲ့..ပြီးတော့ ရထားပေါ်မှာလည်း လူတစ်ယောက်ကို
သတ်ထားသေးတာလေ။
“ဪ..ဒါဖြင့် မင်းက ဗြဟ္မဏ တစ်ယောက်ပေါ့..”
သူ့မျက်လုံးတွေက သံသယ မကင်းတဲ့ပုံ ပိုဖြစ်လာတယ်။ အသားနက်နက်နဲ့ ဗြဟ္မဏတွေဟာ တစ်စုံတရာထူးခြား ဆန်းပြား
လိမ့်မယ်ဆိုတာ ကျွန်တော် သိခဲ့သင့်တာ။ ဘွားဒေါ်က အလှူလာခံတာလား ဘာလား ဆိုပြီး တွေးတာလားတော့ မပြောတတ်ဘူး။
“အဲ..ဟုတ်ပါတယ်..ကျွန်တော် ခုမှ အက်ဂရာကို ရောက်တာဆိုတော့ ဘယ်မှာ နေစရာများရှိမလဲ လာမေးတာပါ..”
“တို့ ဆီမှာတော့ အခန်းငှားသူတွေကို နောက်ဝင်းထဲက အိမ်မှာ ထားတာပဲကွဲ့.. လောလောဆယ်တော့ အခန်းလွတ်က မရှိသေးဘူး..
တစ်ပတ်လောက် စောင့်နိုင်ရင်တော့ ရပါလိမ့်မယ်…အခန်းခကတော့ တစ်လ ရူးပီးလေးရာပဲ..နေမယ်ဆိုရင်တော့လစာကြိုပေးရ
မယ်…အဲဒါလက်ခံမယ်ဆိုရင်တော့ လဂျ်ဝန်တီ က အခန်းလိုက်ပြပါလိမ့်မယ်..ဒါပေမယ့်..ဒီတစ်ပတ်အတွင်းတော့ တခြားတစ်နေ
ရာရာမှာ နေလို့ရအောင် မင်း ဖန်တီးပေါ့..ဟုတ်လား..”
သူပြောတဲ့ တို့ ဆိုတာမှာ ထီးသုံး နန်းသုံးနဲ့ သုံးနှုန်းသွားတာ ကျွန်တော်သတိထားမိလိုက်တယ်။
“ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်” လို့ အင်္ဂလိပ်လိုပြန်ပြောလိုက်တော့ တင်းတဲ့ မျက်နှာ နည်းနည်း ပျော့သွားပြီး –
“အေး…မင်း ရှန်ကာနဲ့ ဒီတစ်ပတ်တော့ နေလို့ ဖြစ်ပါတယ်..”
တံခါးဝ အင်တာဗျူး အဲဒီမှာ နိဂုံးချုပ်သွားတာပဲ။ လဂျ်ဝန်တီက ကျွန်တော့်ကို အခန်းလိုက်ပြတယ်။
လဂျ်ဝန်တီက ကျွန်တော်နေရမယ့်နေရာကို လိုက်ပြတယ်။ အိမ်မကြီးရဲ့နောက်တည့်တည့်နေရာပဲ။ မြောက်ပိုင်း
အိန္ဒိယပုံစံ တန်းလျားပဲပေါ့ဗျာ။ ကျောက်ခင်းလမ်းကျယ်ကျယ်နဲ့..ပြီးတော့ အဆောင်တစ်ခုနဲ့တစ်ခု အမိုးစွန်းလေးတွေထိကပ်ပြီး
ဆောက်ထားတယ်။ အခန်းကန့်ထားတာတော့သုံးဆယ်လောက်ရှိမယ်။ ရှန်ကာရဲ့အခန်းကတော့ အရှေ့ဘက်ကော်ရစ်ဒါ
အလယ်ခေါင်မှာ။ရှန်ကာက သော့ဖွင့်ပြီးဝင်တော့ ကျွန်တော်တို့လည်းနောက်ကလိုက်ဝင်လိုက်ကြတယ်။ အခန်းထဲမှာ ကုတင်လေး
တစ်လုံး နဲ့ ဗီဒိုလေးတစ်လုံး၊ မီးဖိုခန်းသေးသေးလေးရယ်က ဂတ်ကိုပါက တန်းလျားတွေအတိုင်းပါပဲ။ အနောက်ဘက် ကော်ရစ်
ဒါနောက်မှာတော့ ဘုံသုံးအိမ်သာခန်းတွေ ရှိသပေါ့။ ရေးချိုးတာကတော့ ဝင်းလယ်ခေါင်မှာ ဘုံဘိုင်ခေါင်းတစ်ခု ရှိတယ်။
အဲဒီမှာပဲ ချိုးကြတာ။ လဂျ်ဝန်တီက သူ့အခန်းကို ညွှန်ပြလို့ ကြည့်မိတော့ ရှန်ကာအခန်းနဲ့ ရှစ်ခန်းလောက်တော့ ခြားသဗျ။
နောက်တစ်ပတ်ကြာရင် ကျွန်တော်ပြောင်းရမဲ့ အခန်းက ရှန်ကာ့ အခန်းဟိုဘက် လေးခန်းမြောက်။
လဂျ်ဝန်တီ အိမ်မကြီးဘက် မလှည့်မီ မေးခွန်းလေးတစ်ခု ကျွန်တော် ခပ်သွက်သွက်မေးလိုက်တယ်။
“အဲ…အစ်မ..ဒီရှန်ကာဆိုတဲ့ ကောင်လေးက ဘယ်သူတုန်းဗျ… တပ်ဂျ်မဟာ ရှေ့မှာ သူနဲ့တွေ့ခဲ့တာ..”
လဂျ်ဝန်တီက သက်ပြင်းတစ်ချက်ချပြီး –
“ရှန်ကာလေးက မိဘမဲ့လေးတစ်ယောက်ပေါ့ကွယ်..တို့တွေကတော့ သူ့ကို ချစ်ကြပါတယ်..သနားစရာ ဒီကလေးက
သူ့ဦးနှောက်ထဲ ဘာများရောဂါရှိလဲတော့ မပြောတတ်ဘူး..စကားမပြောနိုင်ရှာဘူးလေ..ဝူးဝူးဝါးဝါးလောက်ပဲ ပြောနိုင်
တာ..။ တစ်နေ့တစ်နေ့ ဒီလိုပဲ မြို့ထဲ ဦးတည်ရာမရှိ လျှောက်သွားနေတာပဲ..တို့သခင်မ က သနားလို့ အခန်းတစ်ခန်း
အလကားပေးနေခိုင်းပြီး..မုန့်ဖိုးလေး ဘာလေး ပေး ကျွေးထားတာ..နို့မို့ဆိုရင် စိတ္တဇဆေးရုံကလူတွေ သူ့ဖမ်းခေါ်သွား
တာ ကြာလှပေါ့..”
ကျွန်တော်လည်း အံ့အားသင့်သွားတယ်။ ကျွန်တော့်အမြင်က ရှန်ကာက စကားသာ သေချာမပြောနိုင်ရင်သာနေမယ်..
ဉာဏ်ထက်မဲ့ ကောင်လေးတစ်ယောက်ဖြစ်မှာလို့။ ဘွားဒေါ်ကို မောက်မာတယ်ဆိုပြီး ကျွန်တော့်မှတ်ချက်က စောလွန်းနေသလား
မသိဘူး။ ဒီကောင်လေးအပေါ်မှာ ဒီလိုစေတနာ တရားထားနိုင်တယ်ဆိုတော့ မျက်နှာတင်းမာသလောက် စိတ်သဘော
မတင်းမာလောက်ဘူးပေါ့။
“အင်း..ဒါဖြင့် သခင်မ အကြောင်းလည်း နည်းနည်းလောက်ပြောပြပါဦး အစ်မ..”
လဂျ်ဝန်တီ က သူ့သခင်မရဲ့ အထင်ကြီးလောက်စရာ မျိုးရိုးဇာတိကစလို့ အသေးစိတ် ပြောပြတာ သမိုင်းပညာရှင်တစ်ယောက် လားမှတ်ရတယ်။
“သူ့ နာမည်အရင်းက ဆွာ(ပ)နား ဒေဝီ တဲ့..တို့ကတော့ သခင်မ ..ဒါမှမဟုတ်.. သခင်မ ရာနီ လို့ခေါ်ကြတာပဲ.. သူ့အဖေကတော့
ဂျမ်ဂါရ မှာ ဘုရင်တစ်ပါးပေါ့..ရာဇ သီနတ်သ် ဆင်း(ဂ်) တဲ့..ရာသိုး မင်းဆက်ကပဲ..အဲ..သူ့အမေဘက်က ကျတော့ သူ့အဘိုးက
အက်ဂရာ နားက ဒါရီလာ မှာ ဘုရင်ပေါ့..ရာဇ ရာဝိ ပရာတပ် ဆင်း(ဂ်) တဲ့ ဟဲ့…ဒီ ဟာဗလိ ရဲ့ မူလပိုင်ရှင်ပေါ့…။ သခင်မ အသက်
နှစ်ဆယ်ပြည့်တော့ ဂေါတမ် မင်းဆက်က ဘာဒိုဟိရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ ကွန်နဝါ ပရာတပ် ဆင်း(ဂ်)ရဲ့ သားတော်နဲ့ လက်ဆက်
တယ်..ပြီးတော့ ဘီနာရပ်စ် ကို ပြောင်းရော..အဲဒီမှာ မိသားစု အိမ်တော်ရှိတာ..ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ကြင်ယာတော် မင်းသား
လေးဟာ လက်ထပ်ပြီး နှစ်နှစ်အကြာမှာပဲ အနိစ္စရောက်ရှာတယ်လေ…အဲ..သူကတော့ အိမ်ထောင်ထပ်မပြုတော့ပါဘူး..အဲဒီ ဘီနာ
ရပ်စ် မှာပဲ ဆယ့်နှစ်နှစ်လောက်ထပ်နေသေးတယ်..နောက်..သူ့အဘိုး ရာဇ ရာဝိ ပရာတပ် ဆင်း(ဂ်) ကွယ်လွန်တော့ ဒီ ဟာဗလိကို
သူ့အတွက် ထားရစ်ခဲ့တဲ့အခါ အက်ဂရာကိုပြောင်းလာပြီး ခု နေရာမှာ နေနေတာ..အင်း ဆယ်နှစ်လောက်ရှိရောပါပဲ..”
“ကလေး မရှိဘူးလားဗျ..”
လဂျ်ဝန်တီ က ခေါင်းခါပြီး –
“မရှိပါဘူး..သူ့ဟာသူ ပရဟိတ လုပ်ငန်းတွေ ၊ လူမှုရေးလုပ်ငန်းတွေနဲ့ မနားရအောင် နေ နေတာပဲ…အက်ဂရာ မှာ သူက
အချမ်းသာဆုံး အမျိုးသမီးဖြစ်ကောင်းဖြစ်မယ်..ပြီးတော့ အဆက်အသွယ်လည်း ကောင်းတယ်..ဒီက ရဲမင်းကြီးတွေ ခရိုင်
အဆင့် အောက်ရုံးရာဇဝတ် တရားသူကြီးတွေတောင် ဒီမှာ တစ်ပတ်တစ်ခါလောက် ထမင်းစား လာကြတာနော..အူကြောင်
ကြောင်လုပ်မယ်တော့ မကြံနဲ့..အခန်းငှားခ မှန်မှန်ပေး..မပေးလို့ကတော့ ပြေးရမယ်သာပြင်..အဲဒါသေချာမှတ်ထား..”
အဲဒီညနေမှာ ရှန်ကာက ကျွန်တော့်ကို ထမင်းဟင်း ချက်ကျွေးပြီး သူ့အိပ်ယာပေါ်မှာပဲ ကျွန်တော့်ကို အတင်းအိပ်ခိုင်းတယ်။
သူကတော့ကျောက်ခင်းထားတဲ့ ကြမ်းပြင်မာမာကြီးပေါ်မှာပဲ အိပ်ရှာတယ်လေ။သူက ကျွန်တော့်ကို ခင်မင် ကြင်နာမှုပြတော့
မျက်ရည်တောင်လည်မိသေးတယ်။ ဪ..သူလည်း ကျွန်တော့်လို မိဘမဲ့ကလေး တစ်ယောက်ဆိုတော့ နှောင်တွယ်မှုက ခဏချင်း
နက်နက်ရှိုင်းရှိုင်း ဖြစ်သွားတယ် ထင်မိတယ်။ သူငယ်ချင်း မိတ်ဆွေ ဆိုတာထက်..အဖော်အပေါင်း ဆိုတာထက်..အို..စကားလုံးတွေ
ထက် ကိုလွန်တဲ့ နှောင်တွယ်မှုပဲ။
အဲဒီညက အက်ဂရာမှာ မိုးရွာတယ်။
************************************************
6 comments
အရီးခင်လတ်
May 30, 2013 at 3:32 pm
အချိန်မျှပြီး ရေးတင်ပေးနေတာ အမြဲဝင်အားပေးနေကြောင်းလေး အသိပေးတာပါ။ 🙂
Ma Ma
May 30, 2013 at 3:52 pm
သန်းကြွယ်သူဌေးမောင်ဘလှို်င်ကို ကြိုဆိုပါတယ်။
အချိန်ယူပြီး စိတ်ရှည်လက်ရှည် တင်ပေးနေတာကို ကျေးဇူးတင်ပါတယ်။
အမြဲတမ်းလည်း အားပေးနေပါတယ်။
မောင် ပေ
May 30, 2013 at 6:46 pm
သန်းကြွယ်သူဌေးကိုလှိုင် က ဒေါ်လာတွေ ဈေးတက်တော့
စာမရေးအားဘူး ဖြစ်နေတာကလား
မောင်ဘလိူင်
May 31, 2013 at 11:03 am
အားပေးဖတ်ရှုသူအပေါင်း ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ…လူက ခပ်ပျင်းပျင်းသမားဆိုတော့
အန်တီ မမ ပြောတာ ကိုယ့်ဘာသာရှက်မိတယ်.. :hee:
မဟာရာဇာ အံစာတုံး
May 31, 2013 at 1:03 pm
ပွင့်ပွင့်လင်းလင်း ဝန်ခံရရင်
ဒါဂျီးကို တီခါမှ မဖတ်ဘူးဝူး ခီည …
ဒါဂျီးက တား မန်ဘာ မဝင်ခင်တည်းက ရေးလာဒဲ့ဟာဂျီးလား သိဝူးနော် ..
အခုဒေါ့ .. နီးနီး ဖတ်တွားဒယ်ဂျ …
kai
May 31, 2013 at 2:24 pm
ဒီည ကယ်လီဖိုးနီးယားတောမီးလောင်တယ်…
ဒီညမှာပဲ…. အိုကလာဟိုမား.. မုန်တိုင်းလန့်နေလေရဲ့… :harr: