Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာမလေးများနှင့် အဝတ်အစား အနေအထိုင် အသွားအလာ

ThuyazawFebruary 16, 20121min79159

ခုခေတ်ကြီးထဲမှာ ရဲတင်းလှတဲ့ မိန်းကလေးတော်တော်များများကို တွေ့မြင်နေကြရပါပြီ………..မြန်မာမိန်းကလေးတဲ့ လို့တောင် ပြောယူရမယ့်အဆင့်ဖြစ်နေပါပြီ…….. ဝတ်စားပုံလွန်ကဲတာတွေ အပြောအဆို လွန်ကဲတာတွေ…. မဖော်သင့်တာတွေဖော်……… မလုပ်သင့်တာတွေလုပ်ကုန်ကြပါပီ…….. နောင်အနာဂက်အတွက် သားပျို/သမီးပျိုတို့အတွက် ရင်လေးရပါပြီ……….. ကျွန်တော်ပြောချင်တာ မဝတ်ရမဟုတ်ဝတ်ပါ….. မကဲရမဟုတ်ကဲပါ……… အလဲလဲအကွဲကွဲ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်လောက်တဲ့ထိတော့မလုပ်ကြပါနဲ့……  မိန်းကလေးတွေဝတ်စားတာဟာ စကပ်ဆို ပေါင်လယ်တောင် သိပ်မရှိချင်တော့ဘူး……… အကျီ င်္ဟိုက်ပုံများကတော့ ဖွားဖက်တော်ကို ဒိုးယိုပေါက်မြင်ရတဲ့အထိ……… ဒီတော့ဗျာ အဲဒီလုပ်ရပ်တွေဟာ အန္တရာယ်ကို လက်ယက်ခေါ်နေတာ နဲ့မတူပေဘူးလား………. ဘက်စ်ကားပေါ်မှာ မသင့်တော်တဲ့လုပ်ရပ်တွေလုပ်ရဲလာတယ်…… အများသူငှာ မြင်ကွင်းမှာ မလုပ်သင့်တဲ့လုပ်ရပ်တွေ လုပ်ရဲလာကြတယ်………. ဒီလောက်မရဲတင်းပါနဲ့…….. အဲဒီလို လုပ်ရပ်တွေကို ဘယ်သူကမှ ချီးမွမ်းမှာမဟုတ်ပါဘူး……… ကဲ့ရဲ့ဖို့ပဲရှိပါတယ်……… နောက်ဆုံး ဟိုဒင်းဟိုဝှာမလေးတွေ လို့တောင် အထင်ခံရပါဦးမယ်………. ဆင်ခြင်ကြပါ…… ဒီလိုလုပ်ရပ်တွေဟာ ကိုယ်တင်မဟုတ် မွေးမိဘတွေတောင် ထိခိုက်နိုင်ပါတယ်……….တစ်နေ့က အထူးကားတစ်စီးပေါ် တက်စီးပါတယ်……နေရာလေးရတော့ နောက်နားလေးမှာ ဝင်ထိုင်လိုက်ပါတယ်……. ဟော ရှေ့ကအတွဲတစ်တွဲရဲ့ ပြောဆိုတဲ့အသံ နားထဲဝင်လာပါတယ်………

ကောင်လေး – ချစ် ကိုမင်းကို လက်မထပ်နိုင်သေးဘူးနော်…..ကဲဖို့အချိန်တွေများကြီးကျန်သေးတယ်

ကောင်မလေး- အောင်မာ ဒီကကော လက်ထပ်မယ်လို့ ပြောလို့လား၊ ယူရင်တစ်ယောက် မယူရင်အများကြီးရမယ်

ကောင်လေး- နင်ဇီးကပ်ရင်ကပ် မကပ်ရင် အေကပ်မယ်

ကောင်မလေး- ဘာဖြစ်လဲ ကပ်ချင်ရာကပ် မသေခင်တော့ ဝအောင်ကဲရမယ်တဲ့

ပြီးရောဗျာ….ကောင်းကြသေးရဲ့လား၊ နားထဲမှာ မိန်းကလေးပြောတဲ့စကားတဲ့………အဲဒီအတွဲဟာ အလွန်ဆုံး အသက် ၂၃ နှစ်လောက်ပဲရှိကြဦးမှာပါ…………ဒီတော့ အဝတ်အစား အနေထိုင် အပြောအဆို အပြုအမူလေးတွေကို မြန်မာမိန်းကလေးအရမ်းမပီသနိုင်ရင်တောင် နည်းနည်းလောက်ပီပီသသလေး နေထိုင်ကြပါ……. လူအများကြားမှာ ပြောသင့်တာကိုပြောပါ……..နေသင့်သလောက်ပဲနေကြပါလို့ အကြံပြုရင်းကြည့်လိုက်ပါဗျာ ဘယ်သူလွန်သလဲဆိုတာ

ကြည့်ကြည့်………..ဒါမှ မြန်မာကွ

ဘက်စ်ကားပေါ်မှာ ဘာဘာညာညာ

59 comments

  • Moe Z

    February 16, 2012 at 11:07 am

    လက်မတစ်ချောင်းထောင်ပြီး အားပေးသွားပါတယ်
    (ဘဘဘလက်ဆီက ကူးချတာ)

  • K@oru

    February 16, 2012 at 11:15 am

    ကဲ ပိတ်သတ်ကြီး

    ကောင်းသေးရဲ့လား ..ကောင်းကြသေးရဲ့လား …..
    ကောင်းသေးရဲ့လား ..ကောင်းကြသေးရဲ့လား……
    ကောင်းသေးရဲ့လား ..ကောင်းကြသေးရဲ့လား …..
    ကောင်းသေးရဲ့လား ..ကောင်းကြသေးရဲ့လား……

    ကောင်းတာပေါ့တော် ….

    😀

    လက်မထောင်ပီး အားပေးသွားပါကြောင်း
    ခင်တဲ့

  • စိန်ပေါက်ပေါက်

    February 16, 2012 at 11:18 am

    ဟိုပုံက Facebook မှာတော့ ကြည့်ပြီးပြီ
    အပေါ်က ဂျီးဒေါ်တွေပြောသလိုပဲ
    ထောင်ပြီး ဖတ်သွားပါတယ်.
    ဖြစ်နိုင်ရင် လက်မဆယ်ချောင်းလောက်ထောင်ပြီး ဖတ်သွားချင်တာ

    • စိန်ပေါက်ပေါက်

      February 16, 2012 at 11:19 am

      ရူးနေလား
      ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
      လူတစ်ယောက်မှာ လက်မ နှစ်ချောင်းပဲ ရှိတဲ့ဟာကို ဘယ်လိုလုပ် ဆယ်ချောင်းထောင်လို ့ရမှာတုန်း

    • Moe Z

      February 16, 2012 at 11:23 am

      ဒီလောက်သတိပေးနေတာကို အခုထိဆေးမသောက်သေးဘူးလား 🙁

      • စိန်ပေါက်ပေါက်

        February 16, 2012 at 11:36 am

        အဲဒီဆေးက ဖျဲသီးဆိုတဲ့ကောင် ခိုးသောက်သွားတာ
        များအတွက် မကျန်တော့ဘူးလေ

        • water-melon

          February 16, 2012 at 2:19 pm

          ဟဲ့ဟဲ့ နင့်ဆေး အိုဘီမင်ကို ငါခိုးမသောက်ပါဘူးဟဲ့
          တောင်မ တော်တော်ရွ
          လူကြားထဲနာ့ကို တော်တော်အရှက်ခွဲ
          စိတ်တိုရင် လှန်ပြမှာနော် ( နိုင်ငံရေးစစ်ဆေးကတ် FRC မဟုတ်ကြောင်း) 😀

        • စိန်ပေါက်ပေါက်

          February 16, 2012 at 2:32 pm

          ဟဲ့
          စပ်စလူးမ နန် ့နန် ့လူးမ ငါးပျဉ်မ ဆားပက်မ ညည်း ဝင်ရှုပ်ပြန်ပြီလား
          ဖုံးထားတုန်းက အကောင်း လှန်ပြမှ ဂျွတ်တွေပွဆိုတာ ညည်းကိုပြောတာဟဲ့ သိရဲ့လား

  • Shwe Tike Soe

    February 16, 2012 at 11:19 am

    အမလေးလေးနော်.. ကဲလိုက်ကြတာ ဒုက္ခပဲ ဘယ်လို မိန်းကလေးတွေပါလိမ့်…
    ဒို.များယောင်္ကျားလေးတွေ ကလဲ ကိုယ့်မိန်းကလေးကို တန်ဖိုးထား ပြီးနေကြမှပေါ့ဗျာ… ဘယ်နှယ့်အခုတော့သူများမြင်မသင့်တော် ကိုယ်ကောင်မလေးလဲ သိက္ခာကျဗျာ…
    လုပ်လဲလုပ်ရဲကြတယ်.. တကယ်..
    တကယ်ရော မြတ်မြတ်နိုးနိုးချစ်ကြရဲ.လားမသိဘူးနော်…

  • etone

    February 16, 2012 at 11:31 am

    တွေ့နေ ..မြင်နေတာတွေကတော့ .. အများကြီးပါပဲ … ကိုသူရဇော်ရေ …
    ကံကြမ္မာရပ်ဝန်းကလည်း တပတ်လည်နေတော့ ….. ကိုယ့်သားသမီးတွေခေတ်ရောက်လာလျှင် ဘယ်လိုများ ထိန်းသိမ်းရမလဲ တွေးပြီး ရင်မောမိတယ် … ။

    အစားမတော် တလုတ် ၊ အသွား မတော်တလှမ်းဆိုတဲ့ စကား
    …. မေ့များမေ့လျော့နေခဲ့သလား အမျိုးသမီးတို့ရယ် 🙁

  • ရွာစားကျော်

    February 16, 2012 at 11:50 am

    ပုထုဇနော ဥမ္မာဒကော ပေမို့
    သောက်ဂရူးမနဲ့ နှူးဘာ
    ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး တွေ့ကြလေသတည်း ဟုသာ..

  • Harumoto

    February 16, 2012 at 12:09 pm

    ဒါ့ကြောင့် ဒါ့ကြောင့်…
    လူပျို့အမေ ဆန်တစ်အိတ်နဲ့ တောင်ထိပ်မှာ ခို..
    ဆိုတဲ့ စကား ပြောထားခဲ့ကြတာကိုး…
    ဒီလို ဟာမျိုးတွေနဲ့ သားလူပျို မပေးစားနိုင်တဲ့ အမေတွေ
    ပုန်းနေတာ…

  • နွယ်ပင်

    February 16, 2012 at 12:12 pm

    တွေ့ရမြင်ရ ကြားရတာတွေကလည်း မသက်သာပါလားနော်
    အဲဒါကြောင့်မို့ပေါ့ ကိုယ့်ရဲ့ generation တွေကိုတောင်
    မိန်းကလေး မွေးမှာစိုးရိမ်နေရတယ် ထိန်းသိမ်းဖို့အတွက် ရင်မောလွန်းလို့ပါ ……… 🙁

  • char too lan

    February 16, 2012 at 12:14 pm

    ဟိုက်!! ရှောင်လင်ကြက် ပုံတွေက ကွက်တိပါလား
    အတော်ကြိုးစားထားရပုံပေါက်တယ် သာဓု ပါဗျာ……….. :mrgreen:

  • Khaing Khaing

    February 16, 2012 at 12:58 pm

    ဓာတ်ပုံကိုတွေ့တာနဲ့ မျက်စိတောင်ရှက်မိတယ်…အနည်းငယ်ကြည့်ပြီး ရှက်စိတ်တွေဝင်လာလို့ commentပဲရေးလိုက်တယ်….သူများတွေမြင်ရင်တောင် အဲဒါတွေကို သဘောကြလို့ဝင်နေတယ်လို့ အထင်ခံ ရမှာကြောက်တယ် ကောင်မလေးမိဘတွေမြင်ရင်တော့ …..အဲကောင်မလေးကလည်း အဲကောင်လေးနဲ့ ယူဖြစ်ပါစေ..မယူပဲတစ်ခြားကောင်လေးကိုယူမယ်ဆို အဲကောင်လေးက…နွားဖြစ်ပြီ….

    • Thel Nu Aye

      February 16, 2012 at 1:32 pm

      အော်ယူမဲ့လူရှိရင်တောင်ကောင်မလေးကမယူပါဘူးတဲ့ရှို။ တယောင်ထဲနဲ့ဝဘူးတဲ့။ စုပြီးလာမှတဲ့။

  • Rose Minn

    February 16, 2012 at 1:09 pm

    သူများနိုင်ငံ ရထားထဲကားထဲ အေးဆေး ဒါမျိုး။ ချောင်းကြည့်စရာတောင်မလိုဘူး။ နိုင်ငံခြားမှာ ဒါ မျိုးဆိုတာ မဆန်းပေမယ့် မြန်မာနိုင်ငံမှာတော့ ဆန်းတယ်။ နိုင်ငံခြားမှာနေတုန်းကအတိုင်း အရှိန်မပြည်သေးလို့ တော့လို့လာမပြောနဲ့။ ဒါမြန်မာပြည်ကွ လို့အော်ပြစ်လိုက်ချင်တယ်။ ဒီမိုကရေဆီ ရတယ်ဆိုတာ ဒင်းတို့ လွတ်ချင်တိုင်းလွှတ်ဖို့များ မှတ်နေတယ်……..တယ်လေ။ တူ၊ တူမ ညီမ၊ မောင်ငယ်တွေ သာဆို ကြိမ်လုံးနဲ့ ရွှမ်းရွှမ်းနဲ့ ရိုက်ပြစ်လိုက်တယ်…လူမြင်ကွင်းမှာကွယ်တို့။ လိုင်းကားစီးတိုင်း တွေ့နေရတယ်။ ပူးနေတဲ့ခေါင်းနှစ်လုံး နောက်ကနေ ပြေးပြီး ရကွင်းတီးသလို တီးလိုက်ချင်တယ်။ အသဲယားလွန်းလို့ပါ။

  • kai

    February 16, 2012 at 1:19 pm

    ယူအက်စ်မှာ.. လစ်ပ်ကစ်စ် လူသူရှေ့လုပ်နေတာ.. မြင်ခဲပါတယ်..။
    ခဏလေး.. ပြွတ်ဆိုတာလောက်တောင်.. တော်တော်ရှားတာ…
    စိမ်ပြေနပြေ.. တော်တော်ရှားတယ်..

    ကြည့်ရတာ…
    တောသူဆန်းတော့ အိုးလုံးမှောက်နေသလားမသိ… 😆

    ဘာပဲဖြစ်ဖြစ်..
    အပေါ်ဆုံးပုံလေးက.. ပို့စ်ကဒ်လုပ်လို့ရတယ်..
    အရောင်လေးတွေ..လှသား.. 😆

    ပိုဝေဖန်လေကန်နိုင်အောင်.. အောက်ကစာလေးဖတ်ကြည့်ပါ..
    http://cityroom.blogs.nytimes.com/2010/04/05/kissing-in-public-a-touchy-subject-for-readers/

  • မီးလေး

    February 16, 2012 at 1:20 pm

    ဒီလိုပုံတွေကို မျက်နှာမြင်အောင်
    သေချာရိုက်ထားပြီး များများတင်သင့်ပါကြောင်း ……..

    • Diamond Key

      February 16, 2012 at 1:48 pm

      အဟေးဟေး 😆 မလုပ်ပါနဲ့ကွယ် ။ နောက်ဆို ကင်မရာ သမားတွေကို အမုန်းပွားပြီး ဦးလေးပေါက်တို့လို ကန်နားသွားသွားပြီး ဗေဒါပန်းလေးတွေ လိုက်ရိုက်သူတွေကို သူ့မဗေဒါလေး လာရိုက်တယ်မှတ်ပြီး တိုက်လွတ်နေမှာ ကျော်မကောင်း ကြားမကောင်း ဟေ :mrgreen:

  • FattyCat

    February 16, 2012 at 1:46 pm

    သယ်ရင်းရယ်….
    နောက်ထပ် အနှစ်၂ဝ လောက်ကြာတဲ့အချိန်….
    ငါတို့ အသက် (၄၀)ကျော်သွားတဲ့အချိန်တွေကျရင်…ဒီကိစ္စတွေဟာ ရိုးသွားပါလိမ့်မယ်….

    ဟိုးအရင်တုန်းက သီချင်းလေးတစ်ပုဒ်ကို သတိရတယ်ကွယ်…
    “ဂစ်တာကစားရင်…သိပ်ဝေဖန်မယ်…ဝိုင်းအထင်သေးကြတယ်…နားမထောင်ပဲ…ခေတ်ပြောင်းစမို့ပါပဲ…”
    အဲဒီတုန်းက ဆံပင်ရှည်နဲ့ ဂစ်တာတီးရင်…လမ်းသရဲဆိုပြီးတော့ သတ်မှတ်ခဲ့ပေမယ့်…
    အခုခေတ် အနှစ်(၃၀)ကျော်လောက်ကွာလာတဲ့အချိန်မှာ ဆံပင်ရှည်ထားတဲ့ကိုးရီးယားမင်းသားတွေစတိုင်ကို အိမ်ကအဖေအမေတွေ လက်ခံပြီးတော့ကြည့်နေကြတာပဲလေ…
    အရင်တုန်းက ဆံပင်ရှည်နဲ့နေတတ်တဲ့လူဟာ လမ်းသရဲလို့ သမုတ်ခံရပေမယ့်…အခုလက်တွေ့
    လောကကြီးမှာ လမ်းသရဲလို့အခေါ်ခံခဲ့ရတဲ့လူတွေ ဖန်တီးနေတာအများကြီးပါ…

    အခုကိစ္စကို အဲဒီလိုပဲပေါ့ပေါ့ပါးပါးသတ်မှတ်လိုက်ပါ…
    မြန်မာပြည်ဆိုတာကို လက်ခံပါတယ်…
    သူတို့ကို ကျွန်တော်တို့ ဒေါသထွက်နေလို့မရဘူး…ခေတ်ရေစီးကြောင်းဆိုတာကို တမံတုတ်ပြီးထား လို့မရဘူး…

    Trust ဆိုတဲ့ ရုပ်ရှင်လေးကို ရှာကြည့်လိုက်ပါ…
    အသက်မပြည့်သေးတဲ့ မိန်းခလေးတစ်ယောက် သူ့ရဲ့အပျိုစင်ဘဝကို သူချစ်တဲ့လူနဲ့စွန့်လွှတ်လိုက်တယ်…
    မိဘက ဒါက Rape အမှုလို့မြင်တယ်…မိန်းခလေးဘက်ကလဲ သူ့ချစ်သူကို ချစ်လို့ အနစ်နာခံတယ်လို့ မြင်တယ်…
    အမြင်ရှုထောင့် (၂)ခုရဲ့ ဓားစာခံဘယ်သူလဲပေါ့…
    Link: http://www.imdb.com/title/tt1529572/

    ကျွန်တော်စဉ်းစားပြီးသား၊ ပြင်ဆင်ပြီးသားပါ…
    တကယ်လို့ ကျွန်တော့်သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် အရွယ်ရောက်တဲ့အချိန် ရည်းစားကို ညပိုင်းအိမ်ခေါ် အိပ်တာ လက်ခံရမယ့်ခေတ် ဖြစ်သွားရင်…ခံနိုင်ရည်ရှိအောင်ပါ…
    တကယ့်အချစ်စစ်နဲ့ Harmony ဖြစ်တဲ့ အိမ်ထောင်ရေးမှာ အပျိုစင်ဖြစ်တယ်…မဖြစ်ဘူးဆိုတာ အရေးမကြီးပဲ…အချင်းချင်းနားလည်နိုင်တဲ့ စွမ်းအားတစ်ခုသာအရေးအကြီးဆုံးဖြစ်တယ်လို့ ကျွန်တော်လက်ခံထားတယ်…

    မြန်မာနိုင်ငံက သမီးရည်းစားစုံတွဲတွေရဲ့ Living Style ပြောင်းလာနေပြီ…
    တိုးတက်မှုဆိုတာကို လိုချင်ရင်…ကောင်းတာရော….ဆိုးတာပါ ပါလာလိမ့်မယ်…
    လေကောင်းလေသန့်လိုချင်လျက်…ဖုန်ဝင်မှာစိုးလို့ တံခါးပိတ်ထားလို့မရပါဘူး…
    ဝင်လာမယ့်ဖုန်တွေကို ဘယ်လိုရှင်းမလဲဆိုတဲ့ နည်းလမ်းကိုရှာဖို့လိုနေပါပြီ…

    မိဘနဲ့သားသမီးကြားမှာ ရှက်စရာလို့ သတ်မှတ်ပြီး မပြောပဲထားတဲ့ Sex ကိစ္စဟာ မိဘနဲ့သားသမီးတွေ ဖွင့်ပြောပြီးစနစ်တကျ နားလည်ဖို့လိုတဲ့အနေအထားကိုရောက်လာပါလိမ့်မယ်…
    Sex Education ရှိလာတဲ့အခါ…မလိုလားအပ်တဲ့ ရောဂါတို့…ကိုယ်ဝန်တို့ စတဲ့ပြသနာတွေ နဲနိုင်သမျှ နဲလာပါလိမ့်မယ်…တကယ်လိုလားနေတာ သူတို့ကို ရှုပ်ချဖို့မဟုတ်ပဲ…သူတို့ကို ပညာပေးဖို့ပါ…
    အချစ်စိတ်မွှန်နေရင်…ဘယ်လောက်ပညာရှိရှိ…အရှက်ရှိရှိ…မှားတတ်ကြပါတယ်…ကိုယ်တိုင်ဝန်ခံကြပါ…

    Rose ပြောသလိုဒီမိုကရေစီဆိုတာ လွတ်လပ်ခြင်းဆိုပေမယ့်…ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် ကိုယ်တိုင်တာဝန်ယူရမယ်ဆိုတဲ့ အသိတရားရှိအောင် လူငယ်တွေ၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေကို ပညာပေးဖို့လိုနေပါပြီ…
    တချိန်ချိန်မှာ အဖိုးကြီး ဒိတ်အောက်နေပြီဆိုတာထက်…လူငယ်တွေလေးစားစရာ အတုယူတိုင်ပင်စရာ
    ကောင်းတဲ့ အန်ကယ်ကြီးတစ်ယောက်အနေနဲ့ပဲနေချင်ပါတယ်….
    ကျွန်တော့် ကော်မန့်က အများဆဲစရာဖြစ်ရင်လဲ…
    ကျွန်တော်ပြောတဲ့ ကိုယ်ပိုင်လွတ်လပ်စွာတွေးခေါ်ခြင်းအတွက် ကိုယ်တိုင်တာဝန်ယူပါတယ်…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • K@oru

      February 16, 2012 at 1:57 pm

      လစ်ဘရယ်လ် – ကွန်ဇာဗေးတစ်ဗ်
      တွေ့ကြပြန်ပကိုး …ကောင်းလေစွ ….

      လစ်ဘရယ်လ် တိုက်စစ်မှူး ကြောင်ဝတုတ်ရဲ့ ဂိုး ဟာ အလွန်လှပ အဆင့်မြင့်လို့
      လက်ခုပ် တီးပီး ..အကျယ်ကြီး ..သုံးခါ အော်ပီး အားပေးသွားကြောင်းပါ. …

      အကျယ်ကြီး … အကျယ်ကြီး … အကျယ်ကြီး… အဲ့လေ….
      ကြောင်ဝတုတ်..ကြောင်ဝတုတ်..ကြောင်ဝတုတ်..

  • water-melon

    February 16, 2012 at 2:21 pm

    အမလေးတော့ လန်ပျံလျံကျနေပါလား
    ရည်းစားတောင်မထားချင်တော့ဘူး
    လှည်းကျိုးထမ်းရမှာကြောက်တယ်
    တော်ကြာရပြီးမှ မင်းမိန်းမက ဟိုကောင်နဲ့ ဒူနဲ့တန်နဲ့ဆို
    ရှက်လွန်းလို့ သတ်ပစ်ချင်စိတ်ပေါက်သွားလိမ့်မယ်
    တော်ပါပြီ လူပျိုကြီးဘဲလုပ်မယ်။

    • jujuma

      February 16, 2012 at 3:21 pm

      အပွေးမြင် အပင်သိရမှာပေါ့..
      ကိုယ်ကျင်လည်တဲ့အသိုင်းအဝိုင်းက ဒီလိုအသိုင်းအဝိုင်းဆိုရင် ဒီလိုပဲဖြစ်မှာ ပေါ့ဗျ ….
      လူပျိုကြီး ဘဲ လုပ်မယ်ဆိုတဲ့ ကို melon ရေ..လူပျိုကြီးတွေက ပိုဆိုးတယ်နော်..
      ဘုန်းကြီးပဲဝတ်လိုက်တော့.. ဟီးးး
      P.S – စိတ်ဆိုးနဲ့နော် …

  • thuyazaw21451

    February 16, 2012 at 2:24 pm

    ကျွန်တော် စဉ်းစားကြည့်ပါတယ်…… Ko Fattycat ပြောသလိုရှုထောင့်ကလဲ စဉ်းစားမိပါတယ်….. ဒါပေမယ့် မြန်မာမိဘတွေဟာ ကိုယ့်သားသမီးကို အဲလောက်ထိ လွှတ်ပေးဖို့ ခေတ်ရောက်အောင် သွားသင့်ပါသလား……..အဲလိုသွားခဲ့ရင်ကော လူမျိုးပျောက်ကွယ်လောက်တဲ့အထိ ဖြစ်နိုင်ပါသလား…. မြန်မာဟာ မြန်မာပါပဲ ကျွန်တော်ပြောတဲ့စကားထဲမှာလဲ ပါပါတယ်………. အားလုံးနီးပါး မလိုက်နာနိုင်ရင်တောင် အနည်းငယ်လောက်လိုက်နာပေးဖို့ပေါ့နော်……….. ဖြစ်သင့်သလား? ဖြစ်ဖို့ တန်ရဲ့လား? ငါမိဘဖြစ်တဲ့အခါ ငါ့သားသမီးကို အဲလောက်ထိ ခွင့်လွှတ်ပေးနိုင်ပါ့မလား………..? ဝေဖန်အားပေးကြသူအားလုံးကို အထူးတလည်ကျေးဇူးတင်ရှိပါတယ်……………
    သီချင်းလေးဆိုသွားပါတယ်………(Thank you ချစ်သူလေး…..R-ဇာနည်သီချင်းအား ဝမ်းခေါင်းသံဖြင့် ဆိုသွားဟန်)

  • kyeemite

    February 16, 2012 at 2:46 pm

    မြန်မာမိဘတွေဟာ ကိုယ့်သားသမီးကို အဲလောက်ထိ လွှတ်ပေးဖို့ ခေတ်ရောက်အောင် သွားသင့်ပါသလား…

    ငါမိဘဖြစ်တဲ့အခါ ငါ့သားသမီးကို အဲလောက်ထိ ခွင့်လွှတ်ပေးနိုင်ပါ့မလား………..?
    ကျုပ်တော့တယ်မထင်ဘူး..ခုကိုလက်တွေ့ ပြသနာတက်နေလို့…မနဲဖြောင်းဖျပြောပြနေရတယ်…

  • FattyCat

    February 16, 2012 at 3:26 pm

    သူရရေ-
    ဒီပို့စ်က နောက်ဆုံး Discussion ဖြစ်သွားပြီလို့မြင်တယ်ဗျာ….
    ၁၉၄ဝ ပြည့်နှစ်လောက်တုန်းက အင်္ဂလန်နိုင်ငံနဲ့ အခုဆရာကြီး အမေရိကန်နိုင်ငံတို့မှာလဲ ကျွန်တော်တို့လိုပဲ အပျိုစင်ဘဝကို တန်ဖိုးထားတတ်တဲ့ အလေ့အထရှိခဲ့တယ်ဗျ…
    ဒါပေမယ့် ခေတ်ရေစီးကြောင်းနဲ့ Work Load Pressure ဆိုတဲ့ခေါင်းစဉ်တွေကြောင့် အခုလက်ရှိအနေအထား ရောက်လာခဲ့ရတယ်…
    ဂျပန်ဝန်ကြီးချုပ်ဟောင်းကိအိစုမိပြောခဲ့တယ်…ဂျပန်နိုင်ငံတိုးတက်ဖို့အတွက်တချို့သောဂျပန်ယဉ်ကျေးမှု
    တွေကိုစတေးခဲ့ရတယ်လို့ ပြောဖူးပါတယ်…
    လွှတ်ပေးဖို့ခေတ်ကို ကျွန်တော်တို့သွားနေတာမဟုတ်ပါဘူး…
    ခေတ်တွေက ကျွန်တော်တို့ကို သယ်ဆောင်နေတာပါ…
    အရင်က ပြောခဲ့သလိုပဲ…တမံတုတ်လို့မရပါဘူး…သူကတော့ သွားနေမှာပါပဲ…
    အရှိကို အရှိအတိုင်း ကျေကျေနပ်နပ်လက်ခံဖို့ ကြိုးစားရမှာ ကျွန်တော်တို့တာဝန်ပါ…
    အခုအချိန် လက်မခံနိုင်ဘူးဆိုတာလဲ ကျွန်တော်နားလည်ပါတယ်…
    နောက်ထပ် အနှစ် (၃၀)လောက်ကျရင် မန္တလေးဂေဇက်စာမျက်နှာတွေပေါ်မှာ ကြောင်ဝတုတ်ဆိုတဲ့
    ရွာသားတစ်ယောက်က ဒီလိုမျိုး ရေးခဲ့ဖူးတယ်ဆိုတာကို သတိပြန်ရမိမယ်ဆိုရင်…ရေးရကြိုးနပ်ပါပြီ…
    ကိုယ့်သမီး၊ ဒါမှမဟုတ် ကိုယ့်သမီး အိမ်ကို ရည်းစားခေါ်အိပ်တဲ့ည အိပ်မပျော်တဲ့အဖေ၊ အမေဘဝမှာပေါ့..

    ကြောင်ဝတုတ်

    • kai

      February 16, 2012 at 3:54 pm

      ကျုပ်လည်းရေးဘူးပါ့ဗျာ..။ တခါမဟုတ်..၂ခါမဟုတ်..ကြုံတိုင်းရေးတာပဲ..။
      ဆိုတော့…
      အားပေးကြောင်း.. အကျဉ်းလေးသုံးခါအော်ပါကြောင်း..
      အကျဉ်းလေး..အကျဉ်းလေး..အကျဉ်းလေး..။ 🙂

      • thuyazaw21451

        February 17, 2012 at 10:32 am

        သူကြီးရေ Discussion မှာ ပုံလေးတွေက ပြောစရာဖြစ်နေတယ်ဗျ….. ဒီတော့ ပုံတွေကို ဖျက်လို့ရရင် ဖျက်ပေးစေချင်ပါတယ်…….. ကျေးဇူးတင်ပါတယ်……

    • thuyazaw21451

      February 16, 2012 at 4:01 pm

      ကိုဖက်ကပ်ပြောတာတွေ မှန်ပါတယ်…….. လက်ခံပေးလို့လဲရတယ်……… တစ်ချို့တစ်ချု့ိသော လူငယ်လေးတွေဟာ မိဘရဲ့ Control အလုပ်မခံတော့ဘဲ မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ အလုပ်လုပ်တတ်တယ်…….. မိဘရဲ့ အရိပ်အောက်မှာ ရှိနေတဲ့အတွက် လုပ်ပိုင်ခွင့် ပေးထားခဲ့ရင်တောင် လမ်းမှန်တော့ ညွှန်ပြခွင့်ရှိနေပါသေးတယ်……. အတွေးတွေ ခေတ်နောက်ကျန်ခဲ့ပီဆိုတာတော့ မရှိပါဘူး……….. ခေတ်နောက်ကျန်တဲ့အတွေးတွေက ခေတ်ရှေ့ပြန်ပြေးနေတတ်ပါတယ်…….ဘာလို့ဒီစကားပြောလဲ ကျွန်တော်တို့ကို မွေးတဲ့မိဘတွေက ရှေးရှေးက လူတွေဖြစ်နေလို့ပဲလေ……ကျွန်တော်တို့ကို မွေးခဲ့တဲ့မိဘတွေကို သူတို့ကိုမွေးခဲ့တဲ့မိဘတွေက သွန်သင်တယ်….. စသဖြင့်ပေါ့ဗျာ ပြောင်းလဲမှု ခေတ်ရေစီးနဲ့အညီ သွန်သင်ဆုံးမလာခဲ့ကြတာဖြင့် ယခုမျက်မှောက်ခေတ် ကိုဖက်ကပ်နဲ့ ကျွန်တော်သူရဇော်တို့ အခုလို Discussion လုပ်တဲ့အဆင့်ထိတောင် ခေတ်ထိ တောင်ရောက်လာပြီပဲလေ.. ဟုတ်တယ်မလား ကွဲလွဲစွာ တွေးတောခွင့်ရှိသလို…… အမှန်ကို လမ်းပြခွင့်လဲရှိပါတယ်………..ခေတ်တွေဘယ်လောက်ပြောင်းသွားပြောင်းသွား အမှန်ကို သွန်သင်ပြသရမည်မှာ မိဘတို့ တာဝန်သည်သာဖြစ်ပါကြောင်း…..

  • awra-cho

    February 16, 2012 at 3:44 pm

    ကြောင် ဝတုတ် သမီးလေး မွေးမှ သွားတောင်းတော့မယ်၊ အခု အောင့်ထားမယ်။ ဒါဗျဲ

  • Shwe Tike Soe

    February 16, 2012 at 4:16 pm

    ဟုတ်တယ်ဗျို.ထောက်ခံပါတယ်ဗျို.အားပေးပါတယ်ဗျို. 😀

  • manawphyulay

    February 16, 2012 at 4:36 pm

    ခက်တယ်နော် ခုခေတ်လူငယ်တွေ ဘယ်လိုတွေဖြစ်ကုန်တာလဲ မြန်မာပြည်အတွင်းဝင်လာတဲ့ ကိုရီးယားကားတွေကြောင့်လား ခေတ်မီတယ်လို့ ယူဆထားကြလို့လား မိဘတွေအတွက်ကော နောင်လာနောင်သားတွေအတွက်ကော တကယ့်ကို ရင်လေးစရာတွေပါပဲလေ…

  • Khin Latt

    February 16, 2012 at 4:42 pm

    ကိုသူရ ရေ –
    ဒါမျိုး သတိပေး အကြောင်းတွေ အများကြီး လိုနေပါပြီ။
    ကောင်းတာကိုယူ။ မကောင်းတာကို ပယ် တတ်တဲ့ အကျင့် နဲ့ ကိုယ့်ယဉ်ကျေးမှု ကို ထိန်းသိမ်း ပြီး ကမ္ဘာကို ရင်ဘောင်တန်းရပါမယ်။
    အားပေးပါတယ်။ ဆက်ပြီးတိုက်ပွဲ ဝင်ပါ။
    အရီးတို့ လဲ ပါဝင်ပါ့မယ်။ 🙂

    နိုင်ငံကြီးတွေမှာ ဘာဂါတွေ၊ ဒိုးနပ် တွေကို Junk Food လို့ သတ်မှတ်ပြီး လူတွေကို ကျန်းမာ ရေး နဲ့ မညီလို့ တတ်နိုင်သ၍ ရှောင် ဖို့ ပညာပေးတွေ လုပ်လာ နေချိန် တို့ ပြည်ကြီးမှာ ဒါတွေ မှ မစား ရင် ခေတ်ဘဲ မမှီသလို ဖြစ်နေတာ ……
    နိုင်ငံကြီးတွေမှာ ဆယ်ကျော်သက် တွေ ကိုယ်ဝန်ရှိတာ တွေအတွက် ကာကွယ်ဖို့ ပညာပေး တွေ လုပ်လာနေချိန်မှာ တို့ ပြည်ကြီးမှာ ဒါတွေ မှ ခွင့်မပြုရင် ခေတ်ဘဲ မမှီသလို ဖြစ်နေတာ ……

    တကယ်တော့ သူများတွေ မကောင်းဘူး လို့ စမြင်လာပြီး ရှောင်ဖို့ ကြိုးစား လာချိန်မှာမှ ကိုယ်က သူတို့ ရဲ့ မကောင်းတဲ့ ဟာတွေ ယူပြီး ခေတ်မှီ ရမှာတော့ မဟုတ်သေး ပါဘူး လို့ ထင်ပါတယ်။

    တကယ်တော့ ကိုယ့်ရဲ့ ကောင်းကွက်လေးတွေ ကို ကမ္ဘာမှာ ထင်ပေါ်စေဖို့ “မြန်မာ့ ယဉ်ကျေးမှု ကမ္ဘာကို လွှမ်းစေရမည်” ဆိုပြီး ကြိုးစား သင့် တယ် မဟုတ်လား။
    ကိုယ့်ဆီက အကျင့်၊ ယဉ်ကျေးမှု တွေကို လဲ သူတို့ ကူးချပါစေဦးကွယ်။

    မော်ဒန်အောက် နေတဲ့ အဖွားကြီး မို့ ဒီလို တွေးမိတာ ဆိုရင်လဲ …….. 😀

    ခင်မင်စွာဖြင့်
    အရီးလတ်

    PS – နောက်ထပ် အနှစ် (၃၀)လောက်ကျရင် ……
    “မန္တလေးဂေဇက်စာမျက်နှာတွေပေါ် က တစ်ဆင့် ကိုယ့်ယဉ်ကျေးမှု ထိန်းသိမ်း ရေး ကမ်ပိန်း” ကနေ “ကမ္ဘာမှာ မြန်မာ့ယဉ်ကျေးမှု လွှမ်း သွား တာမျိုး”
    ကို လဲ အိမ်မက်မက်ကြည့် လို့ ရပါတယ် မဟုတ်ပါလား ဝသောကြောင်ကလေး ရေ။
    သို့သော် သူကြီး မှ ခွင့်မပြုဘဲ ရှိနေပါက ….. “ကိုကြောင်ကြီး” ကို တို့လိုက်ပါဦးမယ်။ 😉

    • စိန်ပေါက်ပေါက်

      February 16, 2012 at 4:46 pm

      ဝေး..
      ဒါမှ ဂျီးဒေါ်လတ်ကွ
      ဘယာကြော်

  • FattyCat

    February 16, 2012 at 5:10 pm

    အရီးလတ်ရေ-
    ခင်မင်မှုနဲ့ ခွဲခြမ်းစိတ်ဖြာပြီးပြောပါ့မယ်…
    ကမ္ဘာပေါ်မှာ ယဉ်ကျေးမှုလွမ်းမိုးလာအောင်လုပ်ဖို့ဆိုတာ အခုမှထလုပ်လို့ရတဲ့ကိစ္စလို့ ထင်မယ်ဆိုရင်တော့
    ကျွန်တော့ အမြင်နဲ့တက်တက်စင်လွဲပြီဗျာ…
    အနောက်တိုင်းယဉ်ကျေးမှုဆိုပြီးပြောနေတဲ့နေရာမှာ အင်္ဂလိပ်စကားပြော ဘာဖြစ်လို့ International Language ဖြစ်သွားသလဲနဲ့တော့ နဲနဲနွယ်မယ်ထင်တယ်နော်…
    အင်ဇာဂီရဲ့ Branding ထဲက တစ်ခုပေါ့…
    Made in U.S, Made in Japan ဆိုတာမျိုးပေါ့…
    တောင်ကိုရီယားက သူတို့ရဲ့ ယဉ်ကျေးမှုကို Media သုံးပြီးတော့ ကမ္ဘာကိုဖြန့်ချီနေပါတယ်…
    အဲဒီအတွက် သူတို့ရဲ့ အစားအသောက်နဲ့ ဝတ်စားဆင်ယင်မှုက အာရှကိုကူးစက်လာတာပါ…
    မနေ့တနေ့ကမှထလုပ်တဲ့အလုပ်…
    သူတို့ကိုယ်တိုင် အနောက်တိုင်းယဉ်ကျေးမှု ကူးစက်မှုကြောင့် အတိုအပြတ်တွေနဲ့ ဖြစ်နေတာသာကြည့်

    အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီ၊ ပေါ်တူဂီတို့ဆိုတာ စင်္ကာပူမပေါ်ခင်ကတည်းက နိုင်ငံတကာလှည့်ရင်း သူတို့ဘာသာ၊ သူတို့ယဉ်ကျေးမှုနဲ့ သူတို့စကားတွေကို ကမ္ဘာကိုဖြန့်ချီခဲ့တာပါ…
    ကျွန်တော်တို့ မြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ Constitution (ဖွဲ့စည်းပုံအခြေအခံဥပဒေ)၊ အဲဒီအပြင် အထူးထူးသော လုပ်ငန်းလုပ်ကိုင်ပုံအားလုံး အခုထက်အထိ အနောက်နိုင်ငံရဲ့ သီအိုရီ၊ အနောက်နိုင်ငံရဲ့ အမြင်တွေအပေါ်မှာ အခြေခံလာရတာပါ…

    လူတွေဟာ အနောက်နိုင်ငံကို အားကျတယ်ဆိုတာ ယဉ်ကျေးမှုကို အားကျတာထက် သူတို့နိုင်ငံရဲ့တိုးတက်မှု၊ တီထွင်ကြံဆမှုတွေအပေါ်မှာ အားကျရင်း၊ ပေါ့ပါးပွင့်လင်းတဲ့ Living Style ကိုပါ အားကျကြတယ်လို့ပြောရင် မမှားဘူးထင်ပါတယ်…
    Media တွေရဲ့ သွေးထိုးမှုလို့ပြောရင်လဲမမှားပါဘူး…
    Jame Bond ကားတွေက Womanizer ဖြစ်တဲ့ Jame Bond ကိုအားကျခဲ့တဲ့ ရှေးတုန်းက ကာလသားတွေ လဲရှိကောင်းရှိမှာပေါ့…

    ကိုယ်နိုင်ငံယဉ်ကျေးမှုကို နိုင်ငံတကာကသိအောင် လုပ်နိုင်ပါတယ် အရီးရယ်…
    နိုင်ငံတကာကို လွှမ်းမိုးဖို့တော့ စိတ်ကူးမယဉ်ပါနဲ့…အရီးပင်ပန်းမှာစိုးလို့ပါ…
    ကျွန်တော်တို့ထက် စီးပွားရေးကောင်းပြီး၊ အရာရာကို Made in China လုပ်နိုင်တဲ့ တရုတ်ကြီး…
    နိုင်ငံတကာမှာ China Town ရှိတဲ့ တရုတ်ကြီးတောင် အဲဒီအိပ်မက်ကို မက်လို့မရပါဘူး….
    နောက်ထပ် အနှစ် (၃၀)မပြောနဲ့ ကျွန်တော်တို့ သေတဲ့အထိ မမြင်ရဘူးလို့ ရဲရဲကြီးမှတ်လိုက်ပါ….
    နောက် အနှစ် (၃၀၀) လောက်နေရင်တော့…ကျွန်တော်ကြိုမမြင်နိုင်ဘူးဗျာ…

    မြန်မာ့ယဉ်ကျေးမှု ကမ္ဘာကိုမလွှမ်းနိုင်ပေမယ့်…ကမ္ဘာကသိအောင်လုပ်နိုင်ပါတယ်…
    အမြင်ကို အမြင်အတိုင်း၊ အရှိကိုအရှိအတိုင်းပြောမိတဲ့အတွက် ဒီကြောင်ဝတုတ်လေးကို စိတ်ဆိုးရဘူးနော်…

    ခင်တဲ့
    ကြောင်ဝတုတ်

    • Khin Latt

      February 16, 2012 at 5:56 pm

      ကောင်းလိုက် တဲ့ ဆွေးနွေးချက်လေးပါဘဲ ကြောင်ဝလေးရေ့။
      ဒါမျိုးတွေကို စကားများများ ပြောနေရမှာပါ။

      အမေရိကန် မှာ စာအုပ်တစ်အုပ် အရမ်းနာမည်ကြီးခဲ့ တယ်။
      ဥရောပ မှာတောင် အတော်လေး လှုပ်ခတ် ခဲ့ တယ်။
      အခု အဲဒီ စာအုပ် ထဲ က အကြောင်း တွေကို အနောက်တိုင်းက မိဘ တွေတောင် မသိမသာ အတုခိုး လာကြပြီ။
      စာရေးသူ က တရုတ်လူမျိုး အမျိုးသမီး အေမီခွျိုင်း တဲ့။
      သူ့သမီးတွေ ကို Train လုပ်တဲ့ အကြောင်းရေးထားတာ။ သူကိုယ်တိုင်လဲ ပရော်ဖက်ဆာ ဘဲ။
      အဓိက သေသေချာချာ အောင်မြင် အောင်သာလုပ်။ ကောင်းတာ ဆိုရင် ကောင်းတဲ့လူတွေ က အတုခိုးဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။
      http://en.wikipedia.org/wiki/Battle_Hymn_of_the_Tiger_Mother
      တို့မြန်မာတွေ ဆီမှာလဲ ဒီလို အောင်မြင်ပြီး ကိုယ့် လူမျိုး နဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းချင် သူတွေ များနေဖို့ တော့ လိုတာပေါ့လေ။ 🙂

        • Khin Latt

          February 17, 2012 at 3:01 am

          Link လေးအတွက်ကျေးဇူးဘဲ သူကြီးရေ။
          ဆရာမိုးညို ရေးထားတာ အတော်လေးကို ကောင်းပါတယ်။
          တကယ်လေးစားပါတယ်။
          စကားအတင်းစပ်- ကျွန်မ အဖို့ကတော့ အခုမှ အဲဒီ စာအုပ် လက်ထဲ ရောက်စ ရှိသေးတယ်။ 😉

  • K@oru

    February 16, 2012 at 5:30 pm

    ဟိုက် ….အင်ဇာဂီ ကို ညွှန်းဘီ ….
    အင်း …
    ဆွေးနွေးမယ်ဆိုလည်း ဆွေးနွေးဇယာ ….
    သည်တော့ အင်ဇာဂီ ဝင်ပါပြီနော….

    ကျုပ်ကတော့ ခံယူထားတာရှင်းတယ်…
    ဂလိုဘယ်လိုက်ဇေးရှင်းကို မတားဘူး …
    ကျုပ်လည်း အဲ့နောက်လိုက်တယ် ….
    အဲ့အပေါ်မှာလုပ်စားရတဲ့ ဘစ်ဇနက်စ် ဆက်ခ်တာ မှာနေရတာကိုးဗျ…

    မလိုက်မီဘူးဆိုတဲ့ လိုက်မီဖို့ အခက်အခဲရှိတဲ့ သူငယ်ချင်းတွေတွေ့တဲ့အခါ
    တတ်စွမ်းသ၍ ကူညီပေးပါတယ် …. အဲ့ …အနှီ တိုးတက်မှုတွေနဲ့အတူ
    စတေးရတဲ့ ယုတ်လျော့သွားတဲ့ ကွန်မွန်းရှဲ လုပ်ကြတဲ့ ဗဲလျူးလေးတွေလည်း
    ရှိတယ်ဆိုတာ လက်ခံထားပါတယ်….

    ဘယ်ရွေ့ဘယ်မျှ လက်ခံတယ် ..ဘယ်လောက် လက်ခံတယ်
    ဆိုတာကတော့ ပါဆင်နယ်လ် ဖီလင်သက်သက်မို့ မဆွေးနွေးလိုပါ…
    အနှီ ဒါ့ပုံများထဲကလို လူရှေ့ မရှောင် သူရှေ့မရှောင်ကတော့
    ကျနော်လည်း မလုပ်သလို နှစ်လည်း မနှစ်မျို့ပါ….
    အနာဂါတ်တို့ သီအိုရီတို့ … ကာလချား တို့ပါလာလျင်တော့….
    အင်း ဉာဏ်မမီတိုင်း ထုတ်သုံးနေကျ…

    တနေ့သေကြရမီ မသေမီလုပ်ချင်တာလုပ်ကြ….

    အဲ့ …ကိုယ်စိုက်တာကိုယ် ခူးရမယ်
    ဒါဗျဲ…

    စိတ်ထိခယက်တွားတဲ့
    ဂီ

  • fatty

    February 16, 2012 at 5:38 pm

    ဒါ့ပုံလေးတွေကြည့်ပြီးနှစ်လုံးငြိမ်ဆေးထသောက်လိုက်ရပါကြောင်း …. ။
    အဲ နှလုံး ဆေးပြောတာနော

  • cobra

    February 16, 2012 at 6:22 pm

    သူများအတွဲတွေကိုအဲလိုတော့လိုက်မရိုက်သင့်ပါဘူးဗျာ။

    • thuyazaw21451

      February 17, 2012 at 10:17 am

      ဟုတ်ကဲ့ မျက်နှာရှင်းလင်းစွာ မမြင်ရတဲ့ပုံများကိုသာ ရွေးချယ်တင်ပေးခြင်းဖြစ်ပါတယ်…… ယဉ်ကျေးမှု ထိန်းသိမ်းလိုစေခြင်း အလို့ငှာ တင်ပေးခြင်းသာဖြစ်ပါတယ်……… ဘာတွေ ပဲ ပြောပြော ကိုယ့်ယဉ်ကျေးမှု ကိုယ့်လူမျိုး ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းသင့်ပါတယ်…… အခြား လူမမြင်ကွယ်ရာပေါင်းများစွာ ရှိပါတယ်……… ကွယ်ရာမှာဆိုတော့ တစ်မျိုးပေါ့နော်….. ကျေးဇူးတင်ပါတယ်

  • တကယ် မဖြစ်သင့်တဲ့ အပြုအမှုတွေပါပဲဗျာ ..။
    လူကြားသူကြားမှာတောင် ဒီလောက် ဖြစ်နေကြရင် ကွယ်ရာမှာဆို ဒီထက် အများကြီး ပိုဆိုးမယ်ဆိုတာ ဗေဒင်ဟောစရာ မလိုလောက်ပါဘူး။
    အခုနောက်ပိုင်း ဒီလိုမျိုး ပုံစံတွေ တွေ့တွေ့နေရတာလည်း မနည်းတော့ပါဘူး။ ကျုပ်တို့ တွေ့တာက ဘာမှလုပ်လို့၊ ပြောလို့ ရတာမဟုတ်ဘူး။ သူတို့ မိဘတွေကို တွေ့စေချင်တာ …။ အဲဒါမှ ….. ။

  • captainamerica

    February 16, 2012 at 9:17 pm

    ဘယ်သူ.ဘယ်သူကိုမှမထိခိုက်ဖဲကိုယ်လွတ်လပ်ခွင့်အရကိုယ်စိတ်နဲ.ကိုယ်လုပ်တာကို
    ဒီမိုကရေစီလို.ခေါ်တယ်ထင်တာဘဲ။နေရာတကာကွန်ဆာဗေးတစ်လိုက်ဆန်နေရင်တော့
    ကျွန်တော်တို.တိုင်းပြည်ဟာဒီမိုကရေစီစနစ်မကလို.ဘာစနစ်ကြီးလုပ်လုပ်တိုးတတ်လာမှာ
    မဟုတ်ဖူး။အပေါ်မှာကိုကြောင်ဝတုတ်မန်းထားတဲ့တစ်ခုထဲမှာဂျပန်ဝန်ကြီးချုပ်ပြောတာ
    သူတို.တိုင်းပြည်တိုးတတ်ဖို.အတွက်ယဉ်ကျေးမှုတစ်ချို.ကိုစွန်.လွှတ်လိုက်ရတယ်တဲ့
    စွန်.လွတ်သင့်ရင်စွန်.လွှတ်ရမှာဘဲ။တိုင်းပြည်တိုးတတ်ဖို.နဲ.သိပ်အရေးမကြီးတဲ့ထုံးတမ်း
    ဓလေ့အချို.စွန်.လွှတ်ဖို.ဆိုရင်ဘယ်ဟာကိုရွေးချယ်မလဲ?????ကျွန်တော်တို.ဗမာ့လူ.
    အသိုင်းအဝိုင်းမှာကောင်းတဲ့ဓလေ့တွေရှိနေသလို တစ်ဖက်သားရဲ့စိတ်ဓာတ်ဟိုးအဝီစိ
    အထိရောက်သာွးအောင်ဆွဲချကြတဲ့အရေးမပါတဲ့အပြုအမူ အပြောအဆိုတွေနားလည်
    ပေးကြဘာ။အခုပို(စ်)ပိုင်ရှင်ဟာဆိုရင်ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာဆိုရင်တရားစွဲခံရ
    လောက်တဲ့အပြုအမူကိုလုပ်လာခဲ့တာကိုတွေ.ရဒယ်။တစ်နည်းအားဖြင့်ဒါဟာပါပါရာဇီ
    အပြုအမူပါ။သု.ဘာသူလွတ်လပ်စာွနေ နေတဲ့အတွဲ နေတတ်သလိုနေနိုင်တဲ့စိတ်နဲ.ကြည့်ရင်
    ပတ်ဝန်းကျင်ကိုဘယ်လိုမှအနှောက်မပေးတဲ့သူတွေရဲ.လွတ်လပ်စာွနေ နေတဲ့လူသားနှစ်ယောက်
    ရဲ့အခွင့်အရေးကိုသာွးထိပါးလာဒယ်လို.မြင်မိပါဒယ်။

    • thuyazaw21451

      February 17, 2012 at 10:29 am

      လူသားအခွင့်အရေးတွေများကြီးရှိပါတယ်……..အခွင့်ရေးကို လက်တစ်ဆုံးနှိုက်တတ်ကြတဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့လုပ်ရပ်များကိုတော့ ကန့်ကွက်ပါတယ်…….. အခြားနိုင်ငံ အခြားယဉ်ကျေးမှုထက် မြန်မာ့ယဉ်ကျေးမှုဟာ ပိုမိုပါတယ်……… အခြားယဉ်ကျေးမှုတွေကို ဝိုင်းဝန်းထောက်ခံနေမယ့်အစား ကိုယ့်ယဉ်ကျေးမှုလေးကို ဆက်လက်ထိန်းသိမ်းထားတာ မကောင်းပေဘူးလားဟု မြင်မိပါကြောင်း………..

    • etone

      February 17, 2012 at 2:03 pm

      captainamerica ရေ ကော့မန့်ဖတ်ပြီးတော့ ပြုံးမိတယ် … ။
      တခြားနိုင်ငံတွေမှာ ဒီမိုကရေစီရထားပြီးသားမို့လို့ …. နေချင်သလိုနေ … ကိုယ်တုံးလုံးလမ်းလျှောက်နေတာ ရှိမရှိတော့ ကျွန်မ မသိဘူး … ။
      ဒီမိုကရေစီရဖို့ ကြိုးပမ်းဆဲနိုင်ငံတစ်ခုမှာ .. ဒီကိစ္စ အံ့မဝင်တာ အထူးဆန်းတော့ မဟုတ်ဘူးလေ … ။ သူတို့ ပေါ်ပြူလာဖြစ်ချင်လို့ … လူရှေ့မရှောင် သူရှေ့မရှောင် ကဲကြတာပဲ … ။ ပရိုက်ဗိတ်နေရာမျိုးမဟုတ်ပဲ .. ပါ့ဘလစ်နေရာမျိုးမို့ .. မြင်တဲ့ လူကလည်း ရိုက်တယ်လေ … ။ ရိုက်တဲ့ လူလက်အားလို့ ရိုက်ချင်တယ်ဆိုလျှင်တောင် ဒီလိုအဖြစ်မျိုးမရှိလျှင် ဘယ်မှာ သွားရိုက်နိုင်မှာလဲ … ။

      အရင်ပို့စ်တွေမှာ ပြောခဲ့ပြီးတဲ့ စကားကိုထပ်ပြောပါမယ် … လူနဲ့ တိရိစာ္ဆန်ကွာခြားချက်က လူမှာ ဆင်ခြင်တုံတရားနဲ့ အရှက်သိက္ခာရှိပြီး တွေးတော စဉ်းစားဉာဏ်ရှိလို့ပါပဲ … ။ သားအမိ ၊ မောင်နှမ မြင်မကောင်းတဲ့ ပုံမျိုး ပါ့ဘလစ်နေရာမှာ လာလုပ်နေတာကတော့ …. ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုပြီး မျက်စိစုံမှိတ်မနေနိုင်ပါဘူး … ။ ကျွန်မမြင်လျှင်လည်း ဓါတ်ပုံ ရိုက်မိမှာပါပဲ .. ။ ကိုယ့်သွေးသား ဆွေမျိုးထဲက မဟုတ်လို့…. ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ နေချင်သလို နေပါစေလို့ လွှတ်ထားလျှင် … အတုမြင် အတတ်သင်မြန်တဲ့ ခေတ်ကြီးထဲ .. ကိုယ့်သားသမီး ၊ ဆွေမျိုးရောဒီလို အကျင့်စရိုက်တွေကူးကုန်လိမ့်မယ် … ။ 🙄

      တခြားနိုင်ငံတွေမှာ ဘာဖြစ်လျှင် ဘာမဖြစ်ဘူးဆိုတာ ရှိပေမယ့်.. ဒီနိုင်ငံမှာ … အဲ့ဒီအကြောင်း မသိသေးတဲ့ လူငယ်တွေ ရှိတယ် .. တခါခိုး တစ်ခါပေါ်ဆိုသလိုဖြစ်လျှင် သူတို့ဘဝလေးတွေပဲ အညွှန့်တုုံးရမှာ … preventing is better than curing ဆိုတာ သူတို့လေးတွေ … မမေ့လျော့စေချင်ဘူး … ။

  • ngapwagyi

    February 16, 2012 at 9:25 pm

    ခေတ်ကာလတွေကဘဲပြောင်းလဲနေလိုက်တာနော်..
    ဒီခေတ်ကြီးထဲမှာ တည်းခိုခန်းတွေ ဟိုတယ်တွေ ပေါပါဘိနဲ့
    ၃ နာရီမှ ၅၀၀ဝိ လောက်ဘဲရှိတာ..လူကြားသူကြားထဲဆိုတော့..ကြက်ဆန်တာပေါ့
    ဘာပဲဖြစ်ဖြစ်လေ ကိုယ်တွေ ခေတ်နောက်ကျနေပြီဘဲပြောရမှာပေါ့
    သူတို့ကိုလိုက်လို့မှမမှီတာ..

  • MaMa

    February 17, 2012 at 7:48 am

    ဒီပိုစ့်က ဘာတွေများ မှားနေသလဲ မသိဘူး။
    Comment တွေကို ထူးထူးခြားခြား အနီတွေ တန်းစီပေးထားလို့။
    အံ့ဩသွားတယ်။ 🙁

    • thuyazaw21451

      February 17, 2012 at 9:13 am

      ဟုတ်တယ် Ma Ma ရေ သူရဇော်ကိုယ်တိုင်ပင် နီခံထားရကြောင်းတွေ့ရပါတယ်……… မည်သူ နီသွားသည်ကိုတော့မသိပါ…….. ကျွန်ုပ်ကိုယ်တိုင်ပင် မှင်နီတားခံထားရပါတယ်………

  • ကြောင်ကြီး

    February 17, 2012 at 12:08 pm

    အရာရာမှာ အကြောင်းအကျိုးရှိတာ သိထားမှ ဖြစ်မြောက်အောင်မြင် လွယ်ကူချောမွေ့တယ်။ စွတ်လုပ်ရင် တလွဲဖြစ်တတ်တယ်။ နည်းပညာတိုးတက်လာလို့ ခေတ်ကာလရဲ့ တောင်းဆိုမှုကို တားဆီးလို့ မရဘူးဆိုတာ အားလုံးသိကြပါတယ်။ ပြောရရင် ဒါလည်းအကြောင်းပဲလေ။ ရှေးရိုးတယူသန် ဘာသာရေးစနစ်၊ လုံးဝဥသုံတင်းကျပ်တဲ့ နိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်နေရင်တော့ နေနိုင်တာပေါ့၊ သို့သော်လည်း အကြောင်းကို မျက်ကွယ်ပြုထားလို့ ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျခြင်း ဆိုးကျိုးရတယ်။
    နောက်တမျိုးက ဝမရှိဘဲ ဝိလုပ်ရင်လည်း အောက်ခံဖောင်ဒေးရှင်းမတောင့်လို့ လမ်းခုလတ်မှာ ပြိုလဲပျက်စီးတယ်။ တကယ်တမ်းပြောရင် အကြောင်းဆိုတာရဲ့ရှေ့မှာ သူ့ထက်အရင်လာတဲ့ အခြားအကြောင်းတခုရှိထားလို့ အကြောင်းသည် အကျိုး အကျိုးသည်လည်း အကြောင်းဖြစ်တယ်။ ရှေ့က ဥပမာနဲ့ စပ်ဆက်ပြောရင် နည်းပညာတိုးတက်လာတာ တိုင်းပြည်အောင်မြင်ကြီးပွားလာလို့ ဖြစ်ရမယ်။ လူမှုပုံစံ ပွင့်လင်းလာတာလည်း ရုပ်ဝတ္ထုတိုးတက်လာလို့ဖြစ်ရမယ်။ ကြီးပွားတိုးတက်မှုသည် နည်းမှန်လမ်းမှန် ပေါ်ထွန်းလာရမယ်။ အဲဒီပေါ်ထွန်းမှုအတွက်လည်း တရားမျှတမှု ရှိရမယ်…ဆက်၍…ဆက်၍……။
    မြန်မာပြည်မှာ အဲသလို ဟုတ်လို့လား ပြန်ကြည့်ကြပါအုံး လစ်ဘရယ်ဆိုတဲ့ ဆြာသမားတို့..။ ခိုးဆိုးလုယက် ချမ်းသာလာပြီး ဇိမ်ခံရှော့ပင်းထွက်တာ သဘာဝမကျဘူး၊ တိုင်းပြည်သယံဇာတများကို ဈေးပေါပေါနဲ့ ထိုးရောင်းပြီး နိုင်ငံခြားငွေရှာတာ မဖြစ်သင့်ဘူး။ ကိုယ့်ဖက်က အိပ်စ်ပို့လုပ်တော့ အမြတ်မကျန်တဲ့ ကုန်ကြမ်း ပြန်သွင်းတော့ ဈေးကြီးပေးရတဲ့ ကုန်ချောဖြစ်ပြီး ခေတ်နဲ့အမှီလိုက်တာ မဟုတ်သေးဘူး။ တိုးတက်တဲ့နိုင်ငံများမှာလို ကိုယ့်ဘဝကိုယ် မရပ်တည်နိုင်ဘဲ ဆယ်ကျော်သက်နဲ့ လိင်ကိစ္စအပျော်မကြူးသင့်ဘူး…။ (ရည်းစားထားခြင်းကို မဆိုလိုပါ)
    ကိုကြောင်ဖက်တီး မန်းသလို အနောက်နိုင်ငံများလည်း ဒုတိယကမာ္ဘစစ် မဖြစ်ခင်အထိ လူမှုရေးပိုင်းမှာ ရှေးရိုးဆန်တယ်။ ရှေးရိုးဆန်ဆို အမေရိကန်နိုင်ငံမှာတောင် အမျိုးသမီးများ မဲပေးခွင့်မရဘူး။ ၁၉ရာစုနှစ် စက်မှုတော်လှန်ရေး လှိုင်းတံပိုး၊ ပထမကမာ္ဘစစ်နဲ့ ဒုတိယကမာ္ဘစစ်တွေက သူတို့လူနေမှုဘဝကို အခြေခံ ပြောင်းလဲပစ်လိုက်တယ် ပြောနိုင်တယ်။ စစ်ဖြစ်တော့ အမျိုးသားတွေအားလုံး စစ်ထဲဝင်ရတယ်၊ အမျိုးသမီးများ လုပ်ငန်းခွင်ဝင်ရတယ်။ တခါ သူ့ထက်အရင်ကျတဲ့ အမေရိကန်ပြည်တွင်းစစ်ပွဲမှာ လူမည်းတွေကို နှစ်ဖက်တပ်ဖွဲ့တွေက အသုံးချတယ်။ အဲဒီမှာ ကျွန်အဆင့်လူမည်းတွေကို စိတ်ဓာတ်တက်ကြွအောင် နေရာပေးရတယ်။ လူမည်းများကလည်း ငါတို့လည်း လူဖြူသခင်များနဲ့ တန်းတူလုပ်နိုင်ပါလားလို့ သိလာတယ်။ လူဖြူများထဲမှာလည်း သူတို့ရဲ့အရည်အချင်းကို အသိအမှတ်ပြု လက်ခံလာရတယ်။ အမျိုးသမီးများလည်း ထိုနည်းတူစွာပဲ တန်းတူရည်တူ အခွင့်အရေးဆိုတာ တောင်းဆိုရမှန်း သိလာကြတယ်။
    ဂျပန်နိုင်ငံ တိုးတက်ဖို့ သူတို့ယဉ်ကျေးမှုအချို့ စွန့်လွှတ်လိုက်ရတယ်ဆိုတာ ဒီသဘောပဲ။ တခုရဖို့ အခြားတခု ပေးဆပ်ရတာ ဓမ္မတာဖြစ်ပါတယ်။ ပေးဆပ်တတ်ဖို့၊ ပေးဆပ်ရကောင်းမှန်း သိဖို့သာလိုတယ်။ ဥပမာဗျာ လူကြီးသူမတွေ ပြောကြတယ်။ ရန်ကုန်လူနေမှု ပုံစံသည် သူတို့ငယ်စဉ်ဘဝ ကျေးလက်ပုံစံနဲ့ အကွာကြီးကွာတယ်။ ရင်းနှီးဖော်ရွေမှု၊ ရိုသေလေးစားမှု၊ ရိုးသားစာနာမှု နည်းတယ်လို့ ဝေဖန်တယ်။ ဒါတွေဖြစ်တာ ဘာကြောင့်လည်း…. တမင်လုပ်ယူတာထက် မြို့ပြယဉ်ကျေးမှုမှာ စီးမျောသွားရင်း ပြောင်းလဲကုန်တာ..။ လုပ်ယူတာ မဟုတ်ဘူး။ အဲဒါကို မြို့ဆန်တယ်ဆိုပြီး တောမှာသွားလုပ်ရင် အိမ်ခဲနဲ့ အပစ်ခံရမှာပေါ့။
    အခု ပို့စ်နဲ့ဆိုင်တဲ့ လိင်ကိစ္စရဲတင်းမှုသည်လည်း ဒီလိုပဲ မြင်နိုင်တယ်။ ချမ်းသာတဲ့ နိုင်ငံများမှာ အလုပ်အကိုင် အခွင့်အလမ်း အများကြီးကောင်းတယ်။ လူငယ်များ ဘဝရှေ့ရေးအတွက် ပညာရေးဆုံးအောင် လုပ်မလား၊ အလုပ်ခွင်တန်းသွားမလား ရွေးချယ်စရာ ရှိတယ်။ ကျောင်းနေရင်းလည်း အချိန်ပိုင်း လုပ်နိုင်တယ်။ ပိုအရေးကြီးတာ လုပ်ခနဲ့ နေထိုင်စရိတ် ညီမျှတယ်။ ကိုယ့်ဘဝကို ကျောင်းနိုင်မှတော့ ကိုယ့်သဘောအတိုင်း လွတ်လွတ်လပ်လပ် နေထိုင်ပြုမူတာ ရေစီးကြောင်း ဖြစ်လာတယ်။ တားမရဘူး။ မြန်မာပြည်မှာက ပြောင်းပြန်ဖြစ်နေတယ်။ ကိုယ့်လမ်းကြောင်းကိုယ် မလျောက်နိုင်သေးဘဲနဲ့ လိင်အရသာ ခံစားချင်တယ်။ ဒါလည်းရှင်းပါတယ်။ ဘဝတက်လမ်း မရှိတဲ့ ကျေးလပ်တောရွာ နယ်စပ်တွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတယ်။ အသစ်အသစ်များကို စူးစမ်းလေ့လာတဲ့အရွယ်မှာ လုပ်စရာ ဒါပဲရှိတယ်။
    အနောက်တိုင်းပုံစံ လူမှုလွတ်လပ်ခွင့်ဆိုတာ ရုပ်ဝတ္ထုအပေါ်အခြေခံလို့ တိုင်းပြည်ချမ်းသာလာတဲ့တနေ့ ဖြစ်လာပါလိမ့်မယ်။ အိမ်နီးချင်းနိုင်ငံများကိုပဲကြည့်ပါ၊ သူတို့ရဲ့လူနေမှုစတိုင်သည် အနောက်နိုင်ငံများလို မဖြစ်သေးပေမဲ့ အများကြီး ပွင့်လင်းနေပါပြီ။ အကြောင်းကဘာလည်း တိုးတက်ချမ်းသာလာလို့ပါ။ နိုင်ငံတကာနဲ့ ဆက်ဆံလာရလို့ပါ။ ပို့ကုန်များများထုတ်ပြီး ရေရှည်တည်တံ့အကျိုးရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်လို့ပါ။ အဲဒီမတိုင်ခင် အဖော်အချွတ် အထုပ်အရှုပ် မဖြစ်သေးပါဘူး။ မြန်မာပြည်မှာ နိုင်ငံခြားနဲ့ အပြိုင်လိုက်နိုင်တဲ့ လူတန်းစား တရပ်ရှိပါတယ်။ သူတို့ကို လုပ်ချင်တာလုပ်ဖို့ လွှတ်ပေးထားရင် ကျန်သူများ အတုခိုးမှားပါလိမ့်မယ်။ လူတန်းစားတရပ်ရဲ့ အသုံးတော်ခံများ ဖြစ်သွားလိမ့်မယ်။ ဖြစ်သင့်လို့ ဖြစ်လာရတဲ့ ပွင့်လင်းမှု မဖြစ်ဘဲ ပရမ်းပတာ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်မို့ လူငယ်များ ကိုယ်ပိုင်ရပ်တည်နိုင်အောင် ဖူလုံသော အလုပ်အကိုင်များ ဖန်တီးပေးပါ၊ စဉ်းစားချင့်ချိန်နိုင်အောင် ပညာရေးကို အားပေးပါ၊ တရားမျှတမှုရှိတဲ့ ပတ်ဝန်းကျင် ရှိဖို့အားထုတ်ကြပါ။ အသီးဆိုတာ အချိန်တန်မှ စားလို့ကောင်းတယ်၊ အနောက်နိုင်ငံများလို ဆေးထိုးဆေးသုံးပြီး ပိုထွက်ပိုမြန်အောင် လုပ်မယ်ဆိုရင်လည်း သူတို့နဲ့ တူအောင်လုပ်ပါ။ နို့မို့ရင် စားရတာနဲနဲ အသက်တိုမှာ များများဖြစ်ပါတယ်..။

    • K@oru

      February 17, 2012 at 12:21 pm

      လစ်ဘရယ် ဇိမ်ဖုံးဂျီး အင်ဇာဂီ ကိုယ်တော်လေး မိန့်တော်မူသည်မှာ ….

      အဆိုပါ ကိစ္စသည် ဈေးအပေါဆုံး ဇိမ်ခံပစ္စည်း ဖြစ်ပါသောကြောင့် …
      မတိုးတက်လျင် မွဲလျင် အလုပ်မရှိလျင် လည်း ထကြွ သောင်းကျန်းတတ်ပါကြောင်း …
      ဒါ့ကြောင့်မို့လို့ အားနေ ယားနေ ဆိုတဲ့ စကား ပေါ်လာပါကြောင်း ..
      အားနေလျင် ယားနေ တတ်ပါကြောင်း … 😀

      ဒါကြောင့်မို့လို့ မယားအောင် အအားမထားကြစေဖို့ …အလုပ်အကိုင် အခွင့်အလမ်း
      ကိစ္စကိုတော့ဖြင့်… ကွန်ဇာဗေးတစ်ဗ် ပါတီမှ ကိုကိုကြောင် နှင့်တကွသော ပုဂ္ဂိုလ်အသီးသီး
      တို့ဖြင့် ပူးပေါင်းဆောင်ရွက် လိုကြောင်း …ခုတလော ခေတ်စားသည့် မတူသည်များကို
      ဘေးချိတ်ပီး တူတာလေးတွေ ပေါင်းလုပ်လိုသည့် ဂန္ဓဝင်တော်ကီကို လက်ကိုင်ပြု မိန့်ကြားလေတော့
      သတည်း….။

      တဆင့်ပြောကြားသူ
      မာတုကာမလေး ခါအိုလု

  • Mလုလင်

    February 23, 2012 at 4:08 pm

    Comments တွေ လဲ အကုန် မဖတ်ဖြစ်တော့ဘူး .. ပိုစ့် ကိုပဲ ဝေဖန်တော့မယ်။ ဓာတ်ပုံ တင် ထားတဲ့အတွက် … နဲ့ ဒို့မြန်မာ လို့ ခေါင်းစဉ် တင် ထားတဲ့အတွက် … နဲနဲ ပြောချင်တယ်ဗျာ။ လက်ရှိ ဒီ ဓာတ်ပုံတွေက မြန်မာ တွေ အကုန်လုံးကို ဘယ်လောက် ရာခိုင်နှုန်းကိုယ်စားပြု လို့ ဒါမှ မြန်မာ ကွ ဖြစ်ရတာပါလဲ … ဆိုတာလေး သိချင်လိုက်တာဗျာ .. .. ဓာတ်ပုံ ရှင်တွေ တွေအတွက် ကတော့ .. အင်း … ပြန်သိ ကြမယ် ဆိုရင် …. မကောင်းဘူး ပေါ့ဗျာ …
    (ps. google မှာ Myanmar သို့ burma လို့များ ရှာကြည့်ရင် ဆိုက်ကားသမားပုံ၊ အကြော်သည်ပုံ၊ လူသတ်လက်နက် ပုံ၊ မပေါ့်တပေါ် ကောင်မလေးများပုံ တွေချည်း ပေါ်နေတာလေး လျှော့ သွားစေချင်တဲ့ စေတနာ အရင်းခံပါ။)
    လေးစားစွာဖြင့်
    Mလုလင်

    • thuyazaw21451

      February 23, 2012 at 4:14 pm

      ဟုတ်ပါတယ် Mလုလင်……… ဓါတ်ပုံတွေကတော့ ကျွန်တော် အွန်လိုင်းကစုဆောင်းမိတာလေးတွေပါ……… ဒီပုံလေးတွေကိုမြင်တော့ ကျွန်တော်လဲ အားလုံး ကောင်းစေချင်တဲ့ ဆန္ဒလေးတစ်ခုတည်းနဲ့ တင်လိုက်တာပါ………… မျက်နှာ အထင်အရှားမဟုတ်တဲ့အတွက် ကာယကံရှင်ကိုယ်တိုင်ကလွဲလို့ ကျန်တဲ့သူ ဘယ်သူဘယ်ဝါ ဆိုတာ မသိနိုင်ပါဘူး……….. ဆင်ခြင်စေချင်တာပေါ့နော်……… တို့မြန်မာကွဆိုတာကတော့ မူရင်းပုံမှာ ပါလာတာပါ……….. ခုလို အကြံပေးတဲ့အတွက် M လုလင်ကို ကျေးဇူးတင်ပါတယ် ခင်မင်စွာဖြင့်
      သူရဇော်

  • ပြောလိုက်အုံးမယ် ခတ်ပြတ်ပြတ်ပြောတတ်တဲ့ကျုပ်သူငယ်ချင်းစကားလေး
    ” မင်းဖင်က ချီးမင်းနိုင်ရင် မင်းကြိုက်တာမင်းလုပ်။
    မင်းထမင်း မင်းရှာစားနိုင်ရင် ကိုယ်ဖာသာကိုယ်ကြိုက်တာလုပ်။
    မင်းဘာသာမင်းသီးသန့်နေ။
    မင်းကိစ္စ မင်းရှင်း ဖြစ်လာမှ အဖေဆိုမလာခဲ့နဲ့။
    အေး ငါရှာတဲ့ထမင်းစား ငါ့အိမ်မှနေရင်တော့ ငါထားသလိုနေ။”
    အဲဒါသူ့သားသမီး အပျိုလူပျိုတွေကိုပြောတာ.။
    ကဲ သူ့သားသမီးတွေဘယ်လိုနေကြမယ်ထင်သလဲ။

    • Mလုလင်

      February 23, 2012 at 6:19 pm

      မင်း မိန်းမ ယူပြီး ငါကျွေးထားရရင်တော့ … ဟင်းဟင်း .. သိတယ်နော် …. ဆိုတဲ့ အဖေ က သားကို ပြောသလို မပြောတာ တော်သေး … အာဟိ ..

  • ဟူးးးးးးးးးးး
    ရင်မောရပါသည် ……
    တော်ပါသေးရဲ့ အမျိုးအဆွေ အပေါင်းအသင်းတွေ မပါလို့ .. 🙂
    ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရဆိုတော့ အသေအချာကိုလိုက်ကြည့်မိပါသည် … ငါ့ပတ်ဝန်းကျင်မှာ အဲဒီလိုဗိုင်းရပ်စ် မရှိသေးပါလား (ကွယ်ရာတယ်ခိုးခန်းတို့ ဟိုတယ်တို့လူမမြင်အောင်ဒိုးကျရင်တော့မသိဘူးပေါ့ဗျာ) … အိမ်ထောင်မပြုခင် လူပျို/အပျိုဘဝကို စွန့်ကျတယ်ဆိုတာ သူ့အခြေအနေ သူ့ကိစ္စတွေ သူ့ရဲ့ အယူအဆ ခံယူချက်သဘောထားတွေ စတဲ့ စတဲ့ များပြားလှတဲ့ အကြောင်းကြောင်းကြောင့် စွန့်ကြမယ်ပေါ့ဗျာ … တစ်ခုရှိတာက ခြံခုန်ဖူးတဲ့ နွားဟာ ……… 😛

    ထားပါတော့ ဒါက တစ်ပိုင်းပေါ့ လူ့စိတ်ဆိုတာကလည်း အမြဲတမ်း တစ်သမတ်တည်းရှိတာမှ မဟုတ်တာကိုး ….ပြောချင်တာကတော့ ကိုယ်ကြိုက်တာကို ကိုယ်လုပ်ကြတာပဲ ဘာမှတော့ သိပ်ပြောစရာမရှိပါဘူး … ယိုသူမရှက် မြင်သူမရှက်ဆိုတဲ့အတိုင်းပေါ့ဗျာ …. ရှေးရိုးသမားတော့မဟုတ်ပါဘူး ဒါပေမယ့်ဗျာ ကိုယ့်ယဉ်ကျေးမှု ကိုယ်မျိုးရိုးစဉ်ဆက် ကိုယ့်ကျင့်တရား ကိုယ်ဓလေ့တွေကို ထိန်းသိမ်းမြတ်နိုးမှုမရှိဘူးဆိုရင် …….. …………………….

    အခုခေတ်မှာ မေတ္တာဆိုတာခေါင်းပါး ချစ်ချင်းဆိုတဲ့ (မေတ္တာ၊ သစ္စာ၊ ရမ္မက် … အစရှိသဖြင့်ထဲမှာ) ကိုယ့်အလိုဆန္ဒနဲ့ ရမ္မက်တစ်ခုတည်းကိုပဲ အသုံးချနေတာကတော့ ……………………….

    ကျွန်တော့်ဖတ်ဖူးတာလေးတစ်ခုလောက်ရေးချပါရစေ …
    လူတစ်ယောက်က မိန်းမပျိုလေးတစ်ယောက်က ရေချိုးခန်းက သီချင်းဆိုနေတဲ့အသံကိုကြားရတဲ့အချိန်မှာ သော့ပေါက်ကနေ နားကိုကပ်ပြီးနားထောင်နေသတဲ့ …………………………
    ကျွန်တော်တို့ဆိုရင်ရော !!!!!!!!!!!!!!!

    တော်ပြီဗျာ အိပ်တော့မယ် … zzzzzzzzzz

Leave a Reply