ကျွန်တော်တို့ စာကြည့်တိုက်နဲ့ ဘာလို့ ဝေးနေရပါသလဲ…။
ဒီရက်ပိုင်း ကျွန်တော် ရန်ကုန်တက္ကသိုလ်ထဲက စာကြည့်တိုက်ကို မကြာခဏရောက်ဖြစ်ပါတယ်။
အဲဒါနဲ့ပဲ စာကြည့်တိုက်အကြောင်းရေးမိတယ် ဆိုပါတော့ဗျာ။
ကျွန်တော် တို့ နိုင်ငံမှာ စာကြည့်တိုက်တွေ မကြာခဏဖွင့်နေတာ သတင်းစာတွေမှာ ဖတ်နေရပါတယ်။
အဲဒီစာကြည့်တိုက်တွေမှာ ရှိသင့်ရှိထိုက်တဲ့ စာအုပ်တွေ ရှိနေပါရဲ့လား။
အဲဒီ စာကြည့်တိုက်တွေဟာ ပြည်သူလူထုနဲ့ အမှန်တကယ် ရင်းရင်းနှီးနှီး ရှိနေပါရဲ့လား။
ပြည်သူလူထု ဟာ စာကြည့်တိုက်တွေကို သုံးစွဲရကောင်းမှန်းရော သိကြပါရဲ့လား။
စာကြည့်တိုက်တွေ ဖွင့်နေတာက အမှန်တကယ်ကောင်းပါတယ်။ အဲဒီစာကြည့်တိုက်တွေကို ဘယ်လို အသုံးပြုရမလဲ
ဆိုတာလေးကိုလည်း ပြည်သူလူထု နှင့် မိတ်ဆက်ပေးသင့်တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် တက္ကသိုလ်ပညာ ဆည်းပူးနေကြတဲ့ လူငယ်လူရွယ် တွေကို မေးကြည့်မယ်ဆိုရင် စာကြည့်တိုက်ဆိုတာ ရည်းဇားနဲ့ ကျူရမယ့် နေရာလို့ ဖြေကြပါလိမ့်မယ်။
သူတို့မှာလည်း အပြစ်မရှိရှာ ကြပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးစံနစ်ကိုက စာကြည့်တိုက် မလိုသော ပညာရေးစံနစ်ဖြစ်နေတာကိုး။
ကျောင်းက ဆရာမ ပေးတဲ့ မှတ်စုတွေကို နှုတ်တိုက်အလွတ်ကျက်ပြီး ဖြေလိုက်ရင် မအောင်မရှိ ငါ့တပည့် ဖြစ်နေတဲ့ ပညာရေးစံနစ်ဆိုတော့
ကိုယ့်အားကိုယ်ကိုး စိတ်ဓါတ်တွေက အဲဒီအရွယ်လောက်ကတည်းက ပျောက်နေခဲ့ပါပြီ။
ပြည်ပ တက္ကသိုလ်ကြီးတွေရဲ့ ပညာရေးစံနစ်မှာ စာကြည့်တိုက် က မရှိမဖြစ် လို့ ဆိုပါတယ်။
စာကြည့်တိုက်ကို အသုံးချမှ အိမ်စာတွေကို လုပ်လို့ ရပါသတဲ့။ ဆရာအော်ပီကျယ်ပြောသွားတာလေးပါ။
ဒါကတော့ ပညာရေး နယ်ပယ်မှာ စာကြည့်တိုက် အသုံးချ ပညာရေးစံနစ် ဖြစ်သင့်နေပြီဆိုတာလေးပါ။
သိတ်များ ကြီးကျယ်နေပြီလား မသိပါဘူးဗျာ။ ရေးမိမှတော့ ကြီးကြီးကျယ်ကျယ် ပဲရေးတာ ကောင်းပါတယ်။
နောက် စာကြည့်တိုက် စီမံခန့်ခွဲသူတွေအနေနဲ့ စာကြည့်တိုက်မှာ ဘယ်လိုစာအုပ်မျိုးတွေ ရှိသင့်သလဲ ဆိုတာလေးကိုလည်း
ဆရာ အော်ပီကျယ်စကားကိုပဲ ကိုးကားပြောပါရစေခင်ဗျာ။
စာကြည့်တိုက်ဆိုတာ စာအုပ်ရှိနေရုံနဲ့ စာကြည့်တိုက်မဟုတ်သေးဘူး။ တချို့စာအုပ်က အမိုးနဲ့ တူတယ်။ တချို့စာအုပ်က အကာနဲ့တူတယ်။ တချို့စာအုပ်က ကြမ်းခင်းနဲ့တူတယ်။ တချို့စာအုပ်က ပြူတင်းပေါက်နဲ့တူတယ်။ စာကြည့်တိုက်တွေမှာ စာအုပ်များခြင်းဆိုတာထက် အရည်အသွေးရှိသော စာအုပ်စုံအောင် ရှိဘို့ အရေးကြီးပါတယ်။ အပြင်အငှားဆိုင်လောက် အဆင့်ထက် မြင့်သော စာအုပ်တွေကို ထားနိုင်အောင် ကြိုးစားပါ။ လှူတဲ့လူတွေ အနေနဲ့လည်း စာအုပ်လှူတဲ့အခါ ရှိပြီးသား စာအုပ်တွေ ထပ်ထပ် လှူမိမှာ စိုးလို့ ဖြစ်နိုင်ရင် ပိုက်ဆံ လှူကြပါ။ အဲဒီပိုက်ဆံကိုမှ စာကြည့်တိုက်က ကိုယ့်ရပ်ကိုယ့်ရွာနဲ့ အသုံးတည့်မယ့် စာအုပ်မျိုး ဝယ်ယူဖို့ ကောင်းပါတယ်လို့ ကျွန်တော် အကြံပြုပါတယ်။
ဒါလေးကတော့ စာကြည့်တိုက်စီမံခန့်ခွဲသူတွေ အတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်။
ဆရာမ ဂျူး ကလည်း စာကြည့်တိုက်နှင့် ဘာကြောင့် ဝေးရသလဲ ဆိုပြီး ၂၀၀၁ ခုနှစ်လောက်က ဆောင်းပါးလေးတစ်ပုဒ် ရေးခဲ့ဘူးပါတယ်။
အဲဒီဆောင်းပါးထဲက နည်းနည်း ထုတ်နှုတ်ပြချင်ပါတယ်။
ကျွန်မ ရောက်တိုင်း သတိထားမိသည့် အချက်တစ်ခုက စာကြည့်တိုက်မှာ လူမစည်ကားပါ။ တစ်ခါတစ်ခါ တစ်ယောက်စ နှစ်ယောက်စ တွေ့သည်။
စာကြည့်တိုက်အပြန် ပန်းဆိုးတန်း စာအုပ်ဆိုင်တွေဘက် လျှောက်ဖြစ်သည့်အခါမှာတော့ စာအုပ်ဆိုင်တွေထဲ ဝင်ထွက်သွားလာသူတွေ တော်တော် များများကို မြင်ရသည်။
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကိုလည်း ကျွန်မနှင့် ဘာမ ှ မဆိုင်ပေမယ့် ဟိုစဉ်က မကြာခဏရောက်ခဲ့ပါ သည်။ ကျွန်မရောက်သမျှ သတိထားမိသမျှတော့ တက္ကသိုလ် စာကြည့်တိုက်မှာ လူမစည်ကားလှပါ။
ဒါလေးက ဆရာမဂျူး ၂၀၀၁ ခုနှစ် ဇန္နဝါရီလထုတ် စာအုပ်လောက ဆိုတဲ့ စာဆောင်တစ်ခုမှာ ရေးခဲ့တာပါ။
အခု ၂၀၁၂ မှာ ကျွန်တော် ရောက်တော့လည်း လူမစည်ကားပါ။ ကျွန်တော် ရောက်တိုင်း သတိထားမိသည်မှာ သတင်းဂျာနယ်တွေက
စာရေးသူတချို့ သတင်းစာ အဟောင်းတွေ ပြန်ရှာဖတ်နေကြတာ တွေ့ရခြင်းဖြစ်ပါသည်။ ဒါလည်း သုံးလေးယောက်ထက် မပိုပါ။
ပြောချင်တာက ဒီနေ့ခေတ်လူငယ်တွေ စာအုပ်တွေ တော်တော် ဖတ်ကြတယ်ဆိုတာ စာအုပ်ဆိုင်တွေမှာ လူစည်ကားနေတာကို ကြည့်လျှင် သိနိုင်ပါတယ်။
သို့သော် စာကြည့်တိုက်ကို အားမကိုးတာလည်း ထင်ရှားပါတယ်။ ဒါလည်း အဖြေရှာကြည့်သင့်ပါတယ်။
နောက်တစ်ခု ပြောချင်တာက ရန်ကုန်တက္ကသိုလ် ဗဟို စာကြည့်တိုက်မှာ အင်တာနက် အခမဲ့ သုံးလို့ရနေပါ တယ်ခင်ဗျာ။
ကျွန်တော် ကိုယ်တိုင် သုံးခဲ့ဘူးလို့ ပြန်ပြောပြတာပါ။ လွတ်လွတ်လပ်လပ် ကြီး မဟုတ်တာတစ်ခုက ကိုယ်ဘယ်ဝက်ဆိုက်ကို ဘာကြောင့်ဝင်တယ် ဆိုတာလေးကိုတော့ ပြောရပါတယ်။
ရွာထဲက ရွာသူရွာသားတွေလည်း ကြုံတဲ့အခါ ဝင်သုံးနိုင်အောင် သတင်းလေးပေးတာပါ။
အချုပ်ပြောရရင်တော့ စာကြည့်တိုက်တွေနဲ့ ကျွန်တော်တို့ ရင်းရင်းနှီးနှီး ရှိသင့်ပါတယ်။
စာကြည့်တိုက်တွေဟာ ကျွန်တော်တို့ အတွက် မီးပြတိုက်တွေပါ။
စာကြည့်တိုက်တွေနဲ့ ကျွန်တော်တို့ ဘာလို့ ဝေးနေရပါသလဲ။
အဲဒါလေး ဒီနေရာမှာ ဆွေးနွေးချင်တာပါ ခင်ဗျာ။
31 comments
စိန်ပေါက်ပေါက်
February 16, 2012 at 11:07 am
စာဖတ်ပါ စာဖတ်ပါဆိုတော့
အရုပ်နဲသလေး စာများသလေးနဲ ့ လမ်းထိပ်က စာအုပ်ဆိုင်က ဝတ္ထုကျတော့ အိပ်ခါနီးတိုင်းဖတ်
မဟုတ်တာတွေကျတော့ ကျော်ခွပြီး ဒေါင်းလုဒ်ဆွဲ ခိုးဖတ်..ခိုးကြည့်နဲ ့
ပြတင်းပေါက်နဲ ့တူတဲ့..အကာနဲ ့တူတဲ့..ကြမ်းခင်းနဲ ့တူတဲ့ စသည်ပေါ့ဗျာ အဲလိုစာမျိုးကြတော့ အယောင်ပြပြီး
ချိန်းတွေ ့ကြ။
ညနေရောက်တာနဲ ့ခွက်ပုန်းကစ်ဖို ့ပဲ သိတဲ့လူတွေ..
နင်တို ့ စာမဖတ်ရင် အကာမဲ့..အမိုးမဲ့ ဘဝနဲ ့ မုန်းတိုင်းမလာခင် သေလိမ့်မယ် သိကြရဲ့လား
စိန်ပေါက်ပေါက်
February 16, 2012 at 11:15 am
များလဲ ဘာပြောရမှန်းမသိတော့လို ့
လက်မတစ်ချောင်းထောင်ပြီး ဖတ်သွားပါတယ်လို ့ပဲ
😆
Shwe Tike Soe
February 16, 2012 at 11:35 am
ဟုတ်တယ်ဦးဘလက်ရေ စာကြည့်တိုက်ဆိုတာ ကျွန်တော်တို.အတွက်တကယ်လိုအပ်တယ်.. ဒါပေမယ့် အခုကျွန်တော်တို.ဆီက စာကြည့်တိုက်တွေက ပြတိုက်တွေလိုဖြစ်နေတာလေ.. ကာတွန်းလောက်ပဲရှိတာတွေဖြစ်နေတယ်..
စာကြည့်တိုက်ဆိုတာ စာအုပ်စာပေတွေ Update ဖြစ်နေမှကိုးဗျ.. ဒါမျိုးကို ဘယ်သူမှ မလုပ်ကြဘူး…
အခု ခေတ်လူငယ်တွေကလဲ စာကြည့်တိုက်ဆို နှခေါင်းရှုံပြီး ဘာလုပ်ရမှာလဲလို.မေးတဲ့အဆင့်တောင်ရောက်နေပြီ….
စာအုပ်မဖတ်ကြတော့ဘူး.. အင်တာနက်ပဲကြည့်ကြတော့တယ်.. အင်တာနက်အွန်လိုင်းစာကြည့်တိုက်တွေလဲရှိပ .. အဲဒါလဲ သူတို.ရှိတယ်လို.ကိုမထင်တာ………
ဦးဘလက် စာကြည့်တိုက်ထောင်ပါလား ကျွန်တော် လဲဝါသနာပါတယ်.. လုပ်ဖြစ်ရင်အကြောင်းကြားလိုက် တတ်တိုင်သလောက်ကူညီမယ်ဗျာ…
လေးစားစွာဖြင့်
etone
February 16, 2012 at 11:54 am
ဦးချောကလက်ကြီးရေ … သိပ်ကောင်းတဲ့ ပို့စ်လေးပါပဲ … ။
စာပေဆိုတာ ဗဟုသုတ ၊ အသိပညာ ၊ နည်းပညာ တိုးပွားဖို့သာမက စိတ်ဝိဉာဉ်ခံစားမှုအလေ့ကျင့်အတွက်လည်း အရေးပါပါတယ် … ။ 🙂
ရန်ကုန်မှာတော့ တစ်ခါမှ စာကြည့်တိုက်မသွားခဲ့ဖူးဘူး …. ။ စာအုပ်လိုလျှင် စာအုပ်ဆိုင်တွေနဲ့ … ပလပ်ဖောင်းပေါ်က အဟောင်းဆိုင်တွေမှာ ဝင်ရှာလိုက်တာပါပ ဲ .. စာကြည့်တိုက်ဆိုလို့ … နယ်မြို့လေးတစ်မြို့က စာကြည့်တိုက်ကို တစ်သက်နဲ့ တစ်ကိုယ် တစ်ခါပဲ ရောက်ခဲ့ဖူးတယ် … ။ ကလေးတွေ စာအုပ်ကိုယ်စီနဲ့ ထိုင်ဖတ်နေတာတွေ့တော့ … ဘာဖတ်နေကြသလဲ မေးကြည့်တာ … ကာတွန်းတွေပဲ ရွေးဖတ်ဖြစ်ပါသတဲ့လေ … ။ အပျိုကြီး မမများကတော့ .. မင်းသား မင်းသမီး ပုံပါတဲ့ … ဂျာနယ်တွေကိုပဲ .. ပြူးပြဲ လှန်လှောကြည့်ကြပါတယ် ….တကယ်လည်း အဲ့ဒီစာကြည့်တိုက်မှာ … အဲ့လို စာအုပ်တွေချည်း များနေခဲ့တာပါ … ။ စာကြည့်တိုက်တစ်ခု အသက်ဝင်ဖို့ဆိုတာကလည်း .. အချိန်ပေးလို့ စာဖတ်သူရှိမှ … ၊ လူများ များ စိတ်ဝင်စားမယ့် အကြောင်းရာပါ စာအုပ်မျိုးရှိမှ … ၊ တီထွင်ဆန်းသစ်မှုကိုလိုလားသူတွေအတွက်လည်း …. သူတို့အကြိုက်စာအုပ်ရှိမှ … ၊ ဗဟုသုတ ၊ သမိုင်း စတာတွေအတွက်လည်း လိုသေးတယ် … ပြောရလျှင် … အတော်များများ ထောင့်စေ့အောင် ထည့်ထားပေးမှ .. ဖတ်တဲ့ လူတွေကလည်း … တမင်ပဲရှာဖတ်ဖတ် ၊ မတော်တဆကိုင်မိသွားလို့ပဲ ဖတ်ဖတ် စာဖတ်ဖြစ်မှာ … ။ စာကြည့်တိုက် တည်ထောင် သူတွေ တကယ် စေတနာမှန်လျှင် ၊ တကယ်စာအုပ်တွေ ထားဖို့ လိုတာပါပဲ … ။
နောက်ပြီး ကိုချောကလက်ကြီးရေးတဲ့ အထဲမှာပါတဲ့ … ပညာရေး … အဲ့ဒါကြီးလည်း .. ပြင်သင့်နေပြီ … ။ ဒါပဲသင် ဒီစာပဲကျက် … ဒီတတန်းအောင်တဲ့ ခေတ်ကြီး .. ကျန်ခဲ့သင့်ပါပြီ .. ။ တစ်ချို့ကျောင်းသားတွေဆို dictionary မသုံးတတ်ဘူး … Eng – to Eng စာအုပ်ကို မပြောသေးဘူး… မြန်မာ- အင်္ဂလိပ်စာအုပ်ကိုတောင် အမြီးမှောက်တည့်အောင် မလှန်တတ် ၊ မရှာတတ်တဲ့ လူတွေ ရှိတယ် … ။ နင်တို့ ဘယ်လို အောင်လာသလဲ မေးတော့ … ဒီစာလုံးရဲ့ အဓိပါ္ပယ် ဆရာမပြောပြလို့ လိုက်ကူးပြီး ကျက်ခဲ့တာပါတဲ့ … ။ စိတ်ကို ပိန်ရော 🙄
K@oru
February 16, 2012 at 12:08 pm
ဆြာတွေ ပြုစုခဲ့တဲ့ …စာအုပ်တွေ ..
ရှေ့က နောင်တော် စီနီယာ စကော်လာ များရဲ့ စာတမ်းတွေ
ဒါတွေ ကိုးကားပြီး လေ့လာပြုစု ရတဲ့ ပညာရေး စနစ် ဘက်ကို
တဖြည်းဖြည်းချင်း ရှိပ်ပ် လုပ်သွားနိုင်မယ်ဆိုရင်ဖြင့် …
ပညာရေးဗဟိုချက်မ စာကြည့်တိုက်တွေ ဖြစ်လာပါစေ လို့
ဆုတောင်းရင်း …. Marketing for Libraries လို့ တံဆိပ်ကပ်ချင်ပါတယ်…
ခင်တဲ့
Harumoto
February 16, 2012 at 12:21 pm
” “သူ့အိမ်ဘေးမှာ စာကြည့်တိုက် အကြီးကြီး ရှိတယ်။ သူတာဝန်ရှိစဉ်ကာလတုန်းကတော့ စာအုပ်ဖတ်ချိန် မရခဲ့ဘူး။ ခုတော့ ဖတ်နေပါပြီ။ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီကို ငြိမ်းငြိမ်းချမ်းချမ်း အသွင်ကူးပြောင်းနိုင်ခဲ့တာ သူ့ရဲ့ ဦးဆောင်မှုကြောင့်ပါပဲ” တဲ့၊ ဝန်ကြီးက ဆိုတယ်။
“ဦးသန်းရွှေက လုံးဝ အနားယူသွားပါပြီ။ သူ့ဩဇာ သူ့အမိန့်ကို ကျနော်တို့ နာခံစရာ မလိုတော့ပါဘူး။ အခု လုံးဝကို အဆက်အသွယ် မရှိတော့ပါဘူး” ”
ကိုဘလက်ရဲ့ post ကို သဘောကျလို့ထင်ပါ့.. သူ့အိမ်ဘေးမှာ စာကြည့်တိုက် အကြီးကြီး ရှိ ဆိုဘဲ..
ဒီ ဆိုက်မှာပါ။ http://www.irrawaddyblog.com/2012/02/blog-post_16.html
aye.kk
February 16, 2012 at 12:29 pm
ကိုဘလက်ချော…သတိပေးသင့်ပါတယ်..
အယူအဆလေးကောင်းလို့စေတနာ
အားလေးစားမိပါတယ်လို့ပြောပြလိုက်ပါရစေ။
စာဖတ်ခြင်းကဲ့သို့အကုန်အကျသက်သာ၍
ကြာရှည်ခံသောဖြေဖျော်မှုသည်မရှိချေ။(ကောတစ်)
စာလေ့ကြည့်ကျင့်၊စိတ်ဓတ်မြှင့်လျှင်၊အသင့်ဝန်းကျင်၊လှတိုင်းယဉ်၏။(သန္ဓိရှင်-လွိုင်ကော်)
nozomi
February 16, 2012 at 12:31 pm
ကိုချော ကြီး စာကြည့်တိုက်နဲ့ ကျွန်တော်တို့ဝေးနေရတာ စာကြည့်တိုက်ကို ကျွန်တော်တို့နဲ့ အဝေးကြီးမှာ ထားလို့ပါ နီးနီးလေးမှာ ထားရင် နီးသွားပါမယ် ခင်ဗျာ..
(နောက်တာနော် စိတ်ဆိုးမနေနဲ့ဦး )
စာကြည့်တိုက်ကို လူလာစေချင်ရင် စာကြည့်တိုက်ကို သုံးချင်အောင် သုံးရအောင် သုံးတတ်အောင် လုပ်ပေးဘို့ လိုမယ်
ကိုချောပြောထားတဲ့ တချက်ကို ထပ်ပြောရရင် ပညာရေးစနစ်ကို ဖြစ်နိုင်သမျှ မြန်မြန်ပြင်သင့်နေပြီ
ဥပမာလေး တစ်ခု ပေါ့ မူလတန်းကလေးကို ထမင်းစားပြီးလျှင်ဘာလုပ်ရမည်နည်း လို့ မေးတယ် ၊ အဖြေကို (သူတို့သင်ထားတာက ရေသောက်ရပါမည် ဆို) ရေသောက်ရပါမည် ဆိုမှ အမှန်ပေးတယ်တဲ့ ၊ကလေး တွေရဲ့ အတွေးကို တုတ်နှောင်ပစ်လိုက်တာ တော်တော်ကို ဆိုးပါတယ် ၊ ပါးစပ်သုတ်မယ် ရေသောက်မယ် သွားတိုက်မယ် ….ဘာပဲဖြစ်ဖြစ် ဆီလျှော်တဲ့ဟာမျိုးဆို လက်ခံပေးရမယ် နောက် ဘာရှိသေးလဲ စဉ်းစာပါဦးဆိုပြီး တွေးတတ်ဘို့ကိုတောင် အားပေးရမယ် ၊ ဆက်ပြောရရင် FR လို ပို့စ် တစ်ခုထပ်ရသွားနိုင်တယ်
မြန်မြန်ပြင်ပေးကြပါ တာဝန်ရှိသူများခင်ဗျာ
အဲဒီလို ပြင်လိုက်တာနဲ့ အဖြေဆိုတာ ဖတ်စာအုပ်ထဲမှာတင် မဟုတ်ပါလားလို့ သိလာတာနဲ့ ကိုချောကြီး ရဲ့ စာကြည့်တိုက်တွေ လူလျှံသွားမည်ဟု ထင်မြင်ယူဆပါကြောင်း ခင်ဗျာ
char too lan
February 16, 2012 at 12:50 pm
အင်းးးးးးးးးးး ပြောရမှာ ရှက်တောင်ရှက်တယ်
စာကြည့်တိုက်နဲ့ဝေးတာက တော်ရုံဝေးတာဟုတ်ဘူး
တော်တော်ဂျီးကိုဝေးခဲ့တာ …
၂၀၀၉ ခုနှစ် တန်ခူးလလောက်ကမှ ဒီရွာထဲရောက်ပီး စာသိပေသိလေးဖြစ်လာရတာ (တတ်တဲ့အဆင့်မရောက်သေးဘူး) မကြာသေးဘူးရယ် ….. အခုချိန်ကျနော်သိတဲ့ အသိပညာ အများဆုံးက ဒီရွာထဲက မြင်ဆရာကြားဆရာတွေရဲ ့ကျေးဇူးကြောင့်အများကြီးပါတယ် …
နွယ်ပင်
February 16, 2012 at 1:04 pm
စာကြည့်တိုက်နဲ့ ဝေးနေတာ နှစ်နှစ်လောက်တောင်ရှိလောက်ပြီ
အရင်ကတော့ စာအုပ်တစ်ကို မဖတ်ပဲ မနေနိုင်အောင်ကို စာဖတ်သန်ခဲ့တာပေါ့
အခုတော့ …. စာအုပ်မြင်ရတောင် လှန်ကြည့်ဖို့ အချိန်က မရသလောက်ပဲ
ဒါပေမယ့် ရွာထဲက စာတွေနဲ့ ထိတွေ့ခွင့်ရနေတာ တစ်ခုကိုတော့ ကျေးဇူးတင်ရမယ် …………
Thel Nu Aye
February 16, 2012 at 1:40 pm
ဒီခေတ်ထဲစာကြည့်တိုက်ယဉ်ကျေးမှု့ကပျောက်သလောက်ဖြစ်နေတာစိတ်တောင်မကောင်းဘူး။ ဖတ်ချင်ရင်ဝယ်ဝယ်ဖတ်နေရတော့အမြဲလဲမဝယ်နိုင်ဘူး။ လမ်း ၄ဝ မှာ ဆရာဦးဖေမြင့်တို့ဖွင့် ထားတဲ့စာကြည့်တိုက်ရှိပေမဲ့တကူးတကဖြစ်နေတော့မသွားဖြစ်ဘူး။ ဦးဘလက်ပြောမှပဲကိုယ်တွေလဲပြုပြင် ရမဲ့ထဲမှာပါနေတာသတိထားမိတော့တယ်။ ကြိုးစားပြင်ကြည့်ပါ့မယ်။
FattyCat
February 16, 2012 at 3:13 pm
ကျွန်တော့အတွက် စာကြည့်တိုက်နဲ့ အင်တာနက်ကို တစ်ခုထည်းလို့ သတ်မှတ်မိတယ်…
ကျွန်တော့ Professional ကိုယ်က အင်တာနက်နဲ့တင် ပြည့်စုံသလောက်ရှိနေတာလဲပါတာပေါ့…
တက္ကသိုလ်တစ်ခုမှာ စာတမ်းတစ်ခုပြုစုကြပြီဆိုရင် ကိုယ်ရေးမယ့် Subject တစ်ခုကို လိုအပ်တဲ့ Prove တွေ အတွက် စာကြည့်တိုက်မှာ သွားရှာပြီး သက်သေပြကြရတယ်လေ…
ကိုယ့်အမြင်အတွက် အလီဘိုင်ပြခြင်းပေါ့…
အခု ပညာရေးစနစ်မှာ ဒါကျက်…ဒါဖြေ…ဖြစ်လာတော့…Prove တွေရှာစရာမလိုတော့ဘူးလေ…
ကျွန်တော်တို့လို Self Study သမားတွေအတွက်ကျတော့ Reference တွေကိုရှာကြရပြန်ရော…
လွယ်လွယ်ပြောရင် Google it ပေါ့…
ပညာရေးစနစ်ပြောင်းသွားတာနဲ့အမျှ Google it နဲ့ စာကြည့်တိုက်ကဏ္ဍတွေပြန်လည်ဖွံ့ဖြိုးလာမှာပါ…
Circle တစ်ခုပြည့်သွားမှ ကောင်းကျိုးဆိုးကျိုးတွေအကုန်လုံးကို မြင်နေရမှာပါ…
စာကြည့်တိုက်တွေများများ ဖွင့်ပေမယ့်…လေ့လာမယ့်လူမရှိရင်…
ဘုန်းကြီးကျောင်းမှာ ဘီယာကပ်သလို…ဖြစ်နေဦးမှာပဲ…
Circle တစ်ခုပြည့်ဖို့လိုနေပါတယ်…
Circle တစ်ခု ဘယ်လိုပြည့်လဲဆိုတာတော့ ကျွန်တော် Post တစ်ခု သပ်သပ်ရေးတင်ပါ့မယ်…
ကြောင်ဝတုတ်…
လင်းဝေ
February 16, 2012 at 4:41 pm
ယန်းပေါဆာ့တ်လားမသိ ပြောသွားခဲ့တာ စာကြည့်တိုက်ဆိုတာ သူ့အတွက်တော့ဘုရားကျောင်းပါပဲတဲ့။
မြန်မာပြည်မှာ စာကြည့်တိုက်တွေရှိပါတယ်။ သို့သော် မြန်မာများ စာကြည့်တိုက်အသုံးပြုခြင်းနဲ့ အကျွမ်းတဝင်မရှိတာကနေပြီး စာကြည့်တိုက်တွေကို အသုံးချမှုနည်းလာတာပါပဲ။ အမှန်တော့ စာကြည့်တိုက်တွေအတွက် အလှုငွေတွေမဟုတ်ပဲ စာကြည့်တိုက်အသင်းဝင်တွေထံက လစဉ်ကြေးလေးတွေ ကောက်ခံဖြစ်အောင် အားပေးဖို့ လူတွေ စာကြည့်တိုက်အသင်းဝင်အောင်အားပေးဖို့ လိုမယ်ထင်ပါတယ်။ လူ့သဘောအရ ကိုယ်က ထည့်ဝင်ထားရင် အသုံးသွားပြုချင်စိတ်ပိုများမယ်ထင်ပါတယ်။
စာကြည့်တိုက်သူများပိုက်ဆံအလှူငွေနဲ့ဆောက်ထားတာကို ကိုယ်ကသွားဖတ်ရမှာ ရှက်သလိုမလုံသလိုလူများလည်း ရှိနိုင် ရှိတတ်လို့ပါ။
Khin Latt
February 16, 2012 at 5:39 pm
ကျောင်းတွေ မှာတော့ စာကြည့်တိုက် ဟာ မဖြစ်မနေကို ရှိနေရမှာပါ။
ဒါ့အပြင် ရပ်ကွက် ထဲမှာ စာကြည့်တိုက် ဆိုတာကို လူမှုအဖွဲ့အစည်း လေး တစ်ခု လို့ လဲ ကြည့်နိုင်ပါတယ်။
စနစ်ကျကျ ဖွဲ့စည်း ထားတဲ့ စာကြည့်တိုက် ဆီကို ခလေးတွေ လဲ လာနိုင်တယ်။ လူရွယ်တွေ လဲ လာနိုင်တယ်၊ လူကြီးရွယ်အို တွေ လဲ လာနိုင်တယ်။
ဒီမှာတင် စာအုပ်ဖတ် ရုံတင်မက စကားပြောဝိုင်း လေးတွေ လဲ ရှိလာမယ်။ အငြင်းအခုံ ဆွေးနွေးပွဲ တွေလဲ တွေ့လာမယ်။ ခလေးတွေ အတွက် ပုံပြောတဲ့ နေရာ လေးတွေလဲ ရှိလာမယ်။ သက်ကြီးစကား သက်ငယ်ကြား လာမယ်။
ဒါဆိုရင် တဖြေးဖြေး နဲ့ လူငယ်တွေ လဲ အပြင် ဂိန်းဆိုင်တွေ၊ လက်ဘက်ရည်ဆိုင်တွေမှာ အချိန်ကို အလဟသဖြုန်းကြတော့ မှာ မဟုတ်ပါဘူး။
ပညာရှာရတာ၊ ဗဟုသုတဆည်းပူး ရတာတွေကို အရသာတွေ့လာ ရင်း ကောင်းတဲ့ အသိအမြင် တွေတိုးလာမှာပါ။
အဲဒီ ကမှ ကိုယ့် အနာဂါတ်ကို တောက်ပ စေမယ် ဆိုတာ ယုံကြည်လာရင် စာကြည့်တိုက် ဟာ ပျော်ရွှင်စရာ အရပ်လေး ဖြစ်လာမှာပါ။
ကိုဘချော ရဲ့ ခေါင်းစဉ် “ကျွန်တော်တို့ စာကြည့်တိုက်နဲ့ ဘာလို့ ဝေးနေရပါသလဲ” ဆိုတာကတော့ (အရင်က လို့ ထားကြပါစို့) လူတွေ စာဖတ်ပြီး အသိဉာဏ်တွေ တိုးလာမှာ စိုးလို့ တမင်ကို အားမပေးခဲ့ တာလို့ ဘဲ ထင်ပါတယ်။ 👿
အလွန်တန်ဖိုးရှိတဲ့ လေးပါဘဲ ကိုဘချောရေ။ ကျေးဇူးတင်ပါတယ်။ 🙂
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 16, 2012 at 5:50 pm
စာကြည့်တိုက်ဆိုတာ စာအုပ်ရှိနေရုံနဲ့ စာကြည့်တိုက်မဟုတ်သေးဘူး။ တချို့စာအုပ်က
အမိုးနဲ့ တူတယ်။ တချို့စာအုပ်က အကာနဲ့တူတယ်။ တချို့စာအုပ်က ကြမ်းခင်းနဲ့တူတယ်။ တချို့စာအုပ်က ပြူတင်းပေါက်နဲ့တူတယ်။ စာကြည့်တိုက်တွေမှာ စာအုပ်များခြင်းဆိုတာထက် အရည်အသွေးရှိသော စာအုပ်စုံအောင် ရှိဘို့ အရေးကြီးပါတယ်။ အပြင်အငှားဆိုင်လောက် အဆင့်ထက် မြင့်သော စာအုပ်တွေကို ထားနိုင်အောင် ကြိုးစားပါ။ လှူတဲ့လူတွေ အနေနဲ့လည်း စာအုပ်လှူတဲ့အခါ ရှိပြီးသား စာအုပ်တွေ ထပ်ထပ် လှူမိမှာ စိုးလို့ ဖြစ်နိုင်ရင် ပိုက်ဆံ လှူကြပါ။ အဲဒီပိုက်ဆံကိုမှ စာကြည့်တိုက်က ကိုယ့်ရပ်ကိုယ့်ရွာနဲ့ အသုံးတည့်မယ့် စာအုပ်မျိုး ဝယ်ယူဖို့ ကောင်းပါတယ်လို့ ကျွန်တော် အကြံပြုပါတယ်။
ကိုဘလက်ချောရေ ခုတော့ မြို ့တိုင်း၊ရွာတိုင်းမှာ စာကြည့်တိုက်တွေအတင်းဖွင့်၊ဖွင့်ပြီးနောက်တရက်ပြန်ပိတ်တာ ထုံးစံဖြစ်နေပီနော်။
နှမျောစရာပါနော်။
ကိုပေါက်(မန္တလေး)
February 16, 2012 at 6:54 pm
ကျနော်ကျောင်းသားဘဝ စာကြည့်တိုက်သုံးခုမှာအသင်းဝင်ပြီးဖတ်ခဲ့ပါတယ်။
1973-74 လောက်ကပေါ့။
အမျုးိသားပြတိုက်နဲ့စာကြည့်တိုက်က အစိုးရကဖွင့်တာ။
ကြေးနန်းနဲ့ဆက်သွယ်ရေးက ရုံးကစာကြည့်တိုက်။
ဝင်ကြေးမရှိ လစဉ်ကြေးမရှိ။
ပြန်ထမ်းဝင်အရာရှိထောက်ခံစာဘဲလိုတယ်။
နောက် 28-29ကြား83လမ်းဝင်းထဲက ပုဂ္ဂလိက စာကြည့်သင်း
ဝင်ကြေးငါးကျပ်လစဉ်ကြေးငါးကျပ်၊
စာရေးဆရာတစ်ယောက်ချင်း စီ စီးရီးလိုက်ရှိ။
မီးလောင်တော့အားလုံးပြောင်ဘဲ။
အရမ်းလွမ်းတယ်။
နောက်မိးရထားစာကြည့်သင်းစုံမှစုံ။
ကျနာ်လည်းစာကြည့်တိုက်ထောင်ခဲ့ဘူးပါတယ်။
ဝန်ထမ်းဘဝကပေါ့။
ဒါပေမယ့် ငှားပြီးမအပ် စုတ်လာ ပျောက်တာ စိတ်လေစရာ။
စာကြည့်တိုက်မှာရန်ပုံငွေရအောင်ရှာရတာလဲ အတော်ကိုစိတ်ပင်ပန်းတာ.။
ဘာလို့စာကြည့်တိုက်ပျောက်သွားလဲဆိုရင် လူငယ်တွေကို စာကြည့်တို်က်အသုံးချတတ်အောင်ကျနော်တို့လူကြီးတွေက သင်မပေးခဲ့လို့ပေါ့ဗျာ။
နေဝန်းနီ
February 16, 2012 at 9:53 pm
ကျွန်တော်က မန္တလေးတက္ကသိုလ်က စာကြည့်တိုက်ကနေ စပြီး ရင်းနှီးခဲ့တာ …။ နောက်ကျောင်းတွေပြန်ဖွင့်တော့ စာအုပ်တွေ အတော်များများမရှိတော့ဘူး ခုကော ရှိသေးရဲ့လားမသိဘူး…။ နောက် မြို့စလင်းကိုရောက်တော့လည်း အဲဒိအချိန်က လမ်းပမ်းဆက်သွယ်ရေးသာခက်ခဲတာ ပြန်ဆက်စာကြည့်တိုက်ရှိတယ်..။ ငှားလည်းငှားကြတယ်..။ အငှားဆိုင်ကတစ်ဆိုင်ထဲရှိတာဆိုတော့ စာဖတ်ချင်တဲ့သူတွေက စာကြည့်တိုက်ကပဲ ငှားဖတ်ကြရတယ်..။ အဲဒိမှာလည်း စာအုပ်တော်တော်စုံတယ်…။ စာကြည့်တိုက်တာဝန်ယူထားတဲ့သူနဲ့ သူငယ်ချင်းဖြစ်သွားတော့ သူကပြောဖူးတယ်..။ အဲဒိလိုစုံတဲ့စာအုပ်တွေက ပိဿာချိန် ရောင်း/ဝယ်တဲ့ နေရာက ပြန်သယ်လာရတဲ့စာအုပ်တွေတဲ့…။ ပြောချင်တာက 1990 အချိန်လောက်ကတည်းက တောနေ မြို့နေ လူအတော်များများ ဟာ စာပေကို တန်းဘိုးမထားကြတော့ဘူး…။ စာပေရဲ့တန်ကြေးကိုမသိတော့ဘူး..။ နေစဉ်ဘဝ အလျင်မီဖို့ အားထုတ်နေကြရတာနဲ့ အဲဒိဘက်ကိုမလှည့်နိုင်တာလည်းပါမယ်နဲ့တူရဲ့…။
yoeyar may
February 16, 2012 at 7:09 pm
အင်းဟုတ်တယ် ရိုးရာလည်း ကျောင်းသွားပီးသွားတယ်
ကျောင်းကစာကြည့်တိုက်တစ်ခါမှမရောက်ဖြစ်ဘူး
စာဖတ်တာဝါသနာပါတယ် စာကြည့်တိုက်ကိုတော့မသွားဖြစ်ဘူး
တစ်ခါတလေကြိုက်တဲ့စာအုပ်လေးတွေတော့ဆိုင်မှာပဲငှားဖတ်ဖြစ်တယ်
တစ်ခါမှစာကြည့်တိုက်မှာငှားဖတ်တဲ့အကျင့်ကလည်းမရှိခဲ့ဘူးလေ
ုခုတော့ မြို့မှာရှိတဲ့ ပြန်/ဆက်ရုံးကိုသွားပီး ငှားဖတ်ဖို့ စိတ်ကူးမိတယ်
ကျေးဇူးတင်ပါတယ်
MaMa
February 16, 2012 at 8:48 pm
ကိုချောရေ-
စာကြည့်တိုက်နဲ့ ရင်းနှီးဖို့အတွက် အဓိက က
စာကြည့်တိုက်ရဲ့ ကြန်အင်လက္ခဏာတွေ ပြည့်စုံဖို့ လိုတယ် ထင်ပါတယ်။
ကျမတို့ အခြေခံပညာကျောင်းတက်တုန်းက လသာ၂ မှာ စာကြည့်တိုက်ကို တော်တော်များများ ကျောင်းသူတွေ အသုံးပြုကြတယ်။
နေ့လည် မုန့်စားဆင်းချိန်ဆိုရင် စာကြည့်တိုက်သွားပြီး စာဖတ်ကြတယ်။
အိမ်ကိုလည်း ငှားဖတ်လို့ရတယ်။
ရွှေသွေးပေါင်းချုပ်တွေ အတွဲလိုက်ရှိတယ်။
အင်္ဂလိပ်ကာတွန်းတွေ၊ စာအုပ်တွေ (ဆိုရှယ်လစ်ခေတ်မို့ အပြင်မှာ ဝယ်မရနိုင်တာတွေ) အစုံရှိတယ်။
နောက် RIT ရောက်တော့လည်း ကျောင်းစာကြည့်တိုက်ကို လူတိုင်းလိုလို အားထားကြတယ်။
ကျောင်းစာနဲ့ ပတ်သက်တာအပြင် ဝတ္ထုတွေလည်း အစုံရှိတယ်။
စာအုပ်ပေါင်းစုံ လိုင်းပေါင်းစုံ ရှိတယ်။
(သဂျီးက ပိုစုံအောင်ပြောပြနိုင်လိမ့်မယ်ထင်တယ်။)
alinsett
February 16, 2012 at 8:59 pm
ကျွန်တော်တို ့ရပ်ကွက်မှာတော့ သုတေသီ စာကြည့်တိုက်ရှိတယ် ။ ဆိုင်းဘုတ်..။
နာမည် ပဲ.ရှိတာ။ အခန်းထဲမှာတော့ မိသားစု တစ်စုကို နေဖို ့ ငှားထားတယ် ။
စာအုပ် တစ်အုပ်မှ မရှိဘုူး။
ရင် နာတယ် …ကို ဘလက်ရယ်…..
တိုင်းပြည်တစ်ခုမှာ..စာအုပ်တွေ ရယ်..စာအုပ် ဖတ်တဲ ့တွေရယ်..စာရေးတဲ ့သူတွေ ရယ်….အားနည်းနေရင်…………
ဦးဦးပါလေရာ
February 16, 2012 at 10:12 pm
ကျုပ်အထက်တန်းကျောင်းမှာတုန်းက ယူနက်စကိုကဘက်စုံဆုပေးတဲ့ ကျောင်းစာကြည့်တိုက်နဲ့ ကျောင်းသိပ္ပံလက်တွေ့ခန်း ရှိတယ်။ ၂ ခုလုံးပိတ်ထားတယ်။
ကိုးတန်းနှစ်မှာ စာကြည့်တိုက်ကို ခြောက်လနီးပါးဖွင့်ဖြစ်တယ်။ ဘာပြောကောင်းမလဲ နေ့လည်ထမင်းပြန်မစားပဲ ထမင်းစားချိန်မှာ စာကြည့်တိုက်ဝင်ဖတ်တယ်။ နေ့လည်စာ ခြောက်လငတ်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အစာအိမ်ရောဂါဖြစ်ရော။
ရန်ကုန်တက္ကသိုလ်ရောက်တော့ စာကြည့်တိုက်အသစ်ကြီးကလဲ ဆောက်ပြီးခါစ။ လှိမ့်ဖတ်လိုက်အုံးမဟဲ့လို့အားခဲထားပေမယ့် ကျောင်းသားကဒ်နဲ့မှ စာကြည့်တိုက်ကဒ် လုပ်ပေးသတဲ့။ ကျောင်းသားကဒ်က စာမေးပွဲဖြေခါနီးမှရတယ်။ အဲဒါ ပထမနှစ်က စတုထ္ထနှစ်အထိ လေးနှစ်လုံး။
ကိုယ်ဖတ်ချင်သလောက်ရဲ့ တစ်ရာပုံတပုံတောင်မဖတ်ခဲ့ရဘဲနဲ့
ဒီလောက်အသိဉာဏ်လေးရှိလာတာတောင်ကံကောင်း။
ပြောရင်းနဲ့ ကျုပ်တို့ကို လူညွန့်တုံးအောင်လုပ်ထားတဲ့ ကောင်တွေကို ဒေါခီးလာပြီ…။
unclegyi1974
February 16, 2012 at 10:12 pm
စာကြည့်တိုက်တွေဖွင့်တာအများကြီးပဲ
စာအုပ်မျိုးစုံထားနိုင်တဲ့စာကြည့်တိုက်ကနဲနဲလေး
စာအုပ်မငှါးနိုင်ပဲနောက်တဖြည်းဖြည်းနဲ့မသိမသာပိတ်သိမ်းသွားတဲ့စာကြည့်တိုက်တွေလည်း
အများကြီး
nozomi
February 17, 2012 at 10:11 am
မတူတဲ့ အမြင်လေးတစ်ခုပေါ့
စာကြည့်တိုက်တွေမှာ ကြုံတတ်တာ စာအုပ်ငှားပြီး ပျောက်တာ ၊ ဖျောက်တာ
တော်တော်ဆိုးတဲ့ လူတွေပေ့ါ
တစ်ခါ ဖတ်မိတာလေး တစ်ခု
အိန္ဒိယလား တရုတ်မှာလား မသိဘူး
ရန်သူတွေ ဝင်လာပြီး စာအုပ်စာတမ်း အားလုံးကို မီးရှို့တယ် ဘာမှကို မကျန်ခဲ့ဘူး
အဲ စောစောက ဆိုးတယ်ဆိုတဲ့ လူ တချို့ကြောင့် စာအုပ် တချို့ ကျန်ခဲ့ရတယ်တဲ့
ကိုပေါက် ကပြောတယ် မန်းလေးက စာကြည့်တိုက်ကြီး -မီးလောင်တော့အားလုံးပြောင်ဘဲ။ တဲ့
မန်းလေးမှာ လူဆိုးနဲနဲတာ ရှိရင် ကောင်းတဲ့ စာအုပ်လေးတွေ ကျန်ခဲ့မှာ
ဆိုးတယ် ဆိုတဲ့ လူတွေမှာလဲ ကောင်းတာလေးတွေ ရှိတတ်ကြပါတယ်
လုပ်ရပ်ကို အားပေးတာ မဟုတ်ပါဘူး မတူတဲ့ အမြင်တစ်ခုနဲ့ ပြောကြည့်တာပေါနော
ကိုပေါက်(မန္တလေး)
February 17, 2012 at 12:32 pm
တစ်ခုဆိုးတာက ကျနော်တို့နိုင်ငံမှာအခုထိရှိနေတဲ့အကျင့်ဆိုးကြောင့်လဲဖြစ်မယ်။
တစ်ခုခုလုပ်မယ်ဆို ရင် စစခြင်းတော့ တဝုန်းဝုန်းနဲ့အားပါးတရ။
နောက်တော့အရှိန်သေ မှိန်ပျောက်။
အဲဒါနေရာတိုင်းမှာ။
စာကြည့်တိုက်တွေလဲ အဲလိုဘဲဖြစ်ကုန်တယ်။
blackchaw
February 17, 2012 at 12:38 pm
ပေါက်ဖေါ် – ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
ရွှေတိုက်စိုး – ဘယ်နှယ့် စာကြည့်တိုက် ထောင်ခိုင်းနေရတာတုန်း ရွှေတိုက်စိုးရဲ့။ စာကြည့်တိုက်နဲ့
လူတွေ နဲ့ ဝေးနေသလားလို့ အဖြေရှာကြည့်ထားတာပါဗျာ။
etone – စိတ်ပါလက်ပါ ရေးပေးတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
ဂီဂီ – ဂီဂီ တောင်းတဲ့ ဆုတောင်း ပြည့်ပါစေဗျာ။ အဲဒါကိုပဲ ကိုယ်က ပစ်မှတ်ထားတာပါ။
blackchaw
February 17, 2012 at 12:47 pm
Harumoto – ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
aye.kk – စာဖတ်ခြင်းကဲ့သို့အကုန်အကျသက်သာ၍ ကြာရှည်ခံသောဖြေဖျော်မှုသည်မရှိချေ
ဆိုတာလေးကို ထောက်ခံပါတယ်ခင်ဗျာ။
nozomi – ကိုနိုဇိုမိ ရေ။ ကလေးတွေကို ငယ်ငယ်ကတည်းက စာကြည့်တိုက် သုံးတတ်အောင် သင်ပေး
ထားရမယ်ဗျ။ ဘာမဆို ဆရာမ ပြောတာ ပဲ အမှန်ထင်နေရင် ကြာတော့ ကိုယ့်အားကိုယ်ကိုး
ရှာဖွေစူးစမ်းချင်စိတ်တွေ ပျောက်ကုန်မှာပေါ့ဗျာ။ ကိုနိုဇိုမိ အတွေးလေး လှပါတယ်။
ချာတူးလန် – စာကြည့်တိုက်နဲ့ ဝေးတာ ရှက်စရာ တော့ မဟုတ်ပါဘူးကွယ်။ စာကြည့်တိုက်ကို ဘာလို့
မရောက်ဖြစ်ကြတာလဲ ဆိုတာလေးကို အဖြေရှာချင်တာပါ။
blackchaw
February 17, 2012 at 12:58 pm
နွယ်ပင် – စာကြည့်တိုက်နဲ့ ဝေးနေပေမယ့် စာဖတ်ချင်စိတ်ရှိနေသေးတာ ဝမ်းသာစရာပါဗျာ။
သဲနုအေး – ပြုပြင်ရမယ့် အထဲမှာ ပါတယ်လို့တော့ မဟုတ်ပါဘူးဗျာ။ စာကြည့်တိုက်ကို ကျွန်တော်တို့
အားသိတ်မကိုးကြတာ လက်ခံပါတယ်ဆိုရင် ဘာကြောင့်လဲ ဆိုတာလေးပဲ အဖြေရှာရမှာပါ။
ဖက်တီးကက် – ညီလေးတင်မယ့်ပို့စ်ကို စောင့်ဖတ်ပါမယ်ဗျာ။ ကွန်းမန့်လေးအတွက် ကျေးဇူးပါ။
ကိုလင်းဝေ – ကိုလင်းဝေ ပြောတဲ့ အသင်းဝင်ဖို့ ကျွန်တော် ပြောကြည့်တယ်ဗျ။ ရန်ကုန်တက္ကသိုလ်
စာကြည့်တိုက်မှာ ပြောတာပါ။ မရဘူးဗျ။ ကျောင်းသားကျောင်းသူနဲ့ပညာရေးလောကသား
တွေပဲ ဝင်လို့ရပါတယ်တဲ့။ အဲဒီတော့ ကျွန်တော်တို့လို ကျောင်းပြီးတာ
နှစ်နှစ်ဆယ်လောက်ကြာနေသူတွေအတွက် စာကြည့်တိုက်ကောင်းကောင်းတစ်ခုခုတော့
လိုအပ်နေပြီဗျ။
Thel Nu Aye
February 18, 2012 at 10:23 am
ဟုတ်ကဲ့ဦးဘလက်။ ကျွန်မထင်တာကတော့ စာကြည့်တိုက်ကိုသိပ်အားမကိုးဖြစ်တာက အဓိကအချက်ကတော့အချိန်ကြောင့်ပဲဖြစ်လိမ့်မယ်ထင်တယ်။ ဒုတိယတချက်ကတော့ အင်တာနက်ဆိုတာပေါ်လာတော့ပိုပြီးအချိန်နည်းသွားတာဖြစ်မယ်။ တတိယတချက်ကတော့ စာကြည့်တိုက်လူသိပ်မလာတော့စာအုပ်မစုံတော့တာကြောင့်ရယ်အကြောင်းပေါင်းစုံသွားတာဖြစ်လိမ့်မယ်လို့ထင်ပါတယ်။
blackchaw
February 17, 2012 at 1:05 pm
Khin Latt – အစ်မလတ်ရေ။ ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ။
မောင်သန်းထွဋ်ဦး – ညီလေးရေ။ စာကြည့်တိုက်တွေရေရှည်တည်တံ့ပြီး စာအုပ်ကောင်းကောင်းတွေ
ရှိနေဖို့က ကိုယ်တို့ ညီလေးတို့မှာလည်း ဝတ္တရားရှိတယ်နော်။ အဲဒါလေး။
ကိုပေါက် – ဟုတ်တယ် ကိုပေါက်ရေ။ စာကြည့်တိုက်တွေကို အသုံးချရကောင်းမှန်း လူကြီးတွေက
ကျွန်တော်တို့ကို မသင်ပေးခဲ့ကြဘူးဗျာ။ ကျွန်တော်တို့ကတော့ နောက်လူငယ်တွေကို
သင်ပေးခဲ့သင့်တယ်လို့ ထင်ပါတယ်ဗျာ။
နေဝန်းနီ – ကိုနေကြီး ကွန်းမန့်လေးအတွက်ကျေးဇူးဗျာ။ ကဗျာ မရေးတာ ကြာနေပြီလားလို့။ ရေးပါဦးဗျာ။
blackchaw
February 17, 2012 at 1:12 pm
ရိုးရာမေ – ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ။
MaMa – ဟုတ်ပါတယ် မမရေ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့
စာသမားတွေ အကြိုက်ပဲဗျ။ ဒါပေမယ့် ကားမပါတဲ့လူတွေအတွက်ကတော့ ဝင်ရတာနည်းနည်း
ဝေးပါတယ်။ သွားရလာရလွယ်ကူတဲ့ နေရာမှာ စာကြည့်တိုက်ကောင်းကောင်းတစ်ခုလောက်
ရှိစေချင်မိပါတယ်။
အလင်းဆက် – ကျွန်တော်တို့ မှာ လည်း တာဝန်ရှိပါတယ် လို့ တွေးလိုက်ပါ ကိုအလင်းဆက်ရေ။
ကိုပါလေရာ – ဒေါမခီးပါနဲ့ ကိုပါလေရာရယ်။ ကျွန်တော်တို့ နောက်တက်လာမယ့် ကလေးတွေကို
စာကြည့်တိုက်အသုံးပြုတတ်အောင် လမ်းပြပေးရမယ့် တာဝန်ရှိနေပြီနော်။
အန်ကယ်ကြီး – ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
kyeemite
February 17, 2012 at 4:10 pm
အင်း ပြောရမယ်ဆိုရင်တော့..ကိုဘလက်ရေ…ခင်ဗျားမေးတဲ့“စာကြည့်တိုက်တွေနဲ့ ကျွန်တော်တို့ ဘာလို့ ဝေးနေရပါသလဲ။” ဆိုတာမှာ..နှစ်ပိုင်းရှိတယ်ဗျ(ကျွန်တော့အတွက်သာဆိုလိုပါကြောင်း)..
တစ်ခုကစာကြည့်တိုက်နဲ့ ကိုယ်နေတဲ့နေရာနဲ့ဝေးလို့…နောက်တာမဟုတ်ဘူးတကယ်ပါ…ကျွန်တော်ဖျာပုံ
မှာအလုပ်လုပ်နေတုံးက ကျွန်တော့ရုံးနဲ့ ပြန်ကြားရေးစာကြည့်တိုက်က မျက်နှာချင်းဆိုင်..ဆိုတော့..
ဖျာပုံရောက်ပီး သိပ်မကြာခင်ဘဲ စါကြည့်တိုက်အသင်းဝင်ပီး စာအုပ်တွေလှိမ့်ဖတ်တော့တာဘဲ(အစိုးရရုံးဆိုတော့အချိန်လည်းပိုတယ်လေ)…
နောက်တစ်ခုက အချိန်မပေးနိုင်တော့တာ…အစိုးရအလုပ်ထွက်ပီး ကုမ်ပနီအလုပ်လဲလုပ်ရော..စာဖတ်ချိန်အင်မတန်နဲသွားပါလေရော..ပိတ်ရက်ကလေးတွေမှာဘဲ..
ဖတ်ဖြစ်တော့တယ်..ဒါလည်းစာကြည့်တိုက်ကမဟုတ်ပါဘူး..ကိုယ်ကြိုက်လို့ဝယ်ထားတဲ့စာအုပ်တွေပါ..
ဆိုတော့ကာမယ်..ကျန်လူတွေတော့မသိဘူးပေါ့ဗျာ..ကျွန်တော့အဖို့တော့ စာကြည့်တိုက်ဆိုတာနဲ့
အလှမ်းဝေးတာကြာခဲ့ပါပီ…နောက်တခုသတိပြုမိတာလေးရှိသေးတယ်..လူငယ်အများစုက ဂျာနယ်
တွေဘဲဖတ်ဘို့အားသန်ကြတာတွေ့ရတယ်..အဲလောက်နဲ့တင်တင်းတိမ်နေကြတယ်ထင်တာဘဲ..
ကျွန်တော့အိမ်နားမှာ..တလောက စာအုပ်အငှားဆိုင်တဆိုင်လာဖွင့်တယ်…စာအုပ်တွေကလည်းစုံ
သလားမမေးနဲ့..တကဲ့စာကြည့်တိုက်တခုလိုဘဲ…ဘာသာရေး နိုင်ငံရေး လူမှု့ရေး ရသ ..စသည်စသည်ပေါ့ဗျာ..ကျွန်တော်လည်းတော်တော်ပျော်သွားတယ်…အိမ်နားကပ်နေတာကိုး..
ချက်ချင်းဘဲမိတ်ဆွေဖွဲ့ ပီးစာအုပ်ငှားဖတ်တယ်..သူ့ကိုလည်းအားပေးတယ်..အဆင်ပြေမှာဗျလို့..
ဒါပေသိအထင်နဲ့အမြင်လွဲသဗျို့..တလလောက်ကြာတဲ့အထိ..ငှားဖတ်သူတယောက်စနှစ်ယောက်စ
ဘဲရှိတယ်ဗျာ..အံ့ရော..ခုတော့သူလက်လျှော့လိုက်ပီတဲ့..စာအုပ်တွေအကုန်ပြန်သိမ်းသွားပီး
သူငယ်ချင်းတစ်ယောက်နဲ့ ရှယ်လုပ်ပီးရေခဲမုံ့ဘဲရောင်းတော့မယ်ဆိုဘဲ..
ဒါကတော့ ကျွန်တော့အကြောင်းနဲ့ ကျွန်တော့ပါတ်ဝင်းကျင်ကမြင်ရသမျှပါ…