အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၆၂)
“ဆတ်တား ဆိုတာ ဘာလဲဗျ..ဆိုပြီး မသိလို့ သူ့ပြန်မေးရတာ..မင်းရော သိလား မိုဟာမက်..အေး သူပြောတာက အဲဒီ
ဆတ်တား ဆိုတာ တရားမဝင် လောင်းကစားနည်းတစ်ခုပေါ့ကွာ..မွမ်ဘိုင်းမှာ ရှိတဲ့ တကယ့် မြေအောက်ဒုစရိုက် အဖွဲ့
ကြီးတွေ စုပေါင်း လုပ်တာတဲ့..တစ်နေ့တစ်နေ့ အဲဒီ လောင်းကစားမှာ လှည့်နေတဲ့ ငွေက ရူးပီး သန်းပေါင်းတော်တော်
များ ဆိုပဲ.. အာမက်က လက်ကြီးတဲ့ လောင်းကစားသမားတစ်ယောက်ပေါ့…ဒီအိမ်နဲ့ ဟောဒီ တီဗီတို့ စတဲ့ ပစ္စည်းမှန်
သမျှဟာ လောင်းကစားက နိုင်တဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာကွ လို့ သူက ငါ့ကို ပြောတယ်..သူက ဆက်ပြီး ပြောသေး
တယ်..လွန်ခဲ့တဲ့ သုံးနှစ်လောက်က အိန္ဒိယ နဲ့ ဩစတေးလျ ပွဲမှာ ငါ သူဌေးဖြစ်ခွေးဖြစ် အချီကြီး ဆော်ဖူးတယ်ကွ..
မင်းမှတ်မိမလား မသိဘူး..အေဒင် ဂါးဒင်း ကွင်းမှာလေကွာ.. အဲဒီတုန်းက တို့ အိန္ဒိယက ဘတ်စ်မန်းလေးယောက်
ထွက်ပြီး ရမ်းစကိုးက ၂၃၂ ရထားတာ..အသာစီးနဲ့ ဆော့နေတာပေါ့..အိနိ္ဒယကို နိုင်ဖို့ ဩစတေးလျရဲ့ အခွင့်အရေး
က တစ်ထောင်ပုံတစ်ပုံပါကွာ..အဲဒါနဲ့ အိန္ဒိယ ဘက်ကနေ ဆော်လိုက်တာ အဆုံးမတော့ ငါ့လက်ထဲ ငွေ ဆယ်သိန်း
ကျန်တာပဲဟေ့..တဲ့”
“ဆယ်သိန်း တောင်လား..ဆိုပြီး ငါလည်း မျက်လုံးပြူးသွားတယ်..သူကတော့ ခပ်အေးအေးပဲ..ဟုတ်တယ်ကွ..
ဒီနေ့ အိန္ဒိယဘက်ကနေ တစ်သောင်းလောက် လောင်းမလားဆိုပြီး ဒိုင်ကို ဖုန်းဆက်နေတာကွာ..သူ့ဖုန်းကလည်း
တောက်လျှောက် အင်ဂေ့ချ် ဖြစ်နေလို့..တဲ့..ပြောပြီးတော့ သူက ဖုန်းကို တဖတ်ဖတ်နဲ့ ရိုက်နေသေးတယ်..စိတ်
မရှည်တော့ဘူး ထင်တာပဲ..နာရီတစ်ချက်ကြည့်ပြီး ဖုန်းတစ်ခါထပ်ခေါ်လိုက်တော့ ဝင်သွားတယ်နဲ့တူပါတယ်..
သူက အလောတကြီးနဲ့ – ဟယ်လို ရှာရက်ဒ် ဘိုင်..ဒီမှာ အေကေ ရယ်..ကုဒ်နံပါတ် ၃၅၆၃..ပွဲဘယ်လိုပေါက်လဲ
ဗျ..လို့မေးတော့ ဟိုဘက်ဒိုင်ရဲ့ ဖုန်းထဲက အသံကို ငါလည်းကြားရတယ်..ဒီလိုကွ..ဒိုင်က..အိန္ဒိယကတော့ အသာ
ကြီးပဲကွ..လောလောဆယ် ၁၇၅ နဲ့ အင်္ဂလန်ရှေ့ဦးဆောင်နေတာ..၂၅ဝ ကျော်ရင်တော့ အိန္ဒိယ ကတော်တော်
အလေးသာသွားလိမ့်မယ်..၂၅ဝထက်နည်းရင်တော့ ၅၀..၅၀..ပေါ့..ဒါပေမဲ့ ၂၅ဝ အထက်ရောက်ရင်တော့..အိန္ဒိယ
က သုံးလေး တစ်လေး အကျောပေးလိမ့်မယ်..”
“ဟုတ်ပါပြီ..ဒါနဲ့ အင်္ဂလန်ဘက် အနိုင်ဆိုရင်ရောဗျာ..ဆိုပြီး အာမက်က မေးတော့ ဒိုင်က ဟ..မင်း ကြောင်သွားပြီ
လား..အင်္ဂလန် နိုင်ဖို့ကို မရှိဘူး…သရေလောင်းရင်တောင် မင်းရှုံးနိုင်တယ်..အေးပါ..မင်းမေးတော့လည်း ပြောရတာ
ပေါ့..အင်္ဂလန် အနိုင်ဘက်လောင်းမယ်ဆို ရှစ်ဆ တစ်ဆ ပေးတယ် မောင်..ဘယ့်နှယ်တုန်း ထည့်လိုက်ရမလား..”
“အေးဗျာ..အိန္ဒိယ အရှုံး တစ်သောင်း ထည့်ဗျာ..”
“အေးကွ..ငါလည်း အံ့ဩသွားတယ်..အိန္ဒိယက ဒီလောက်ကြီးသာနေတာကို အင်္ဂလန်ဘက်က လောင်းတာဆိုတော့လေ..
သူက ဒိုင်တွေထက် အထာနပ်လို့ နေမယ်ကွ..ဘာလို့လဲဆိုတော့ နောက်ဆုံးပွဲပြီးတော့ အင်္ဂလန် နိုင်သွားတယ်လေ..ဟာ
အာမက်တစ်ယောက်ကတော့ ထခုန်နေတော့တာပေါ့..ပြီးတော့ ဒိုင်ကို ဖုန်းလှမ်းဆက်တယ်… ဘယ့်နှယ်တုန်း ရှာရက်ဒ်
ဘိုင်..ကျုပ် မှန်းတာ မမှန်ဘူးလားဗျ..ကျုပ်ဘယ်လောက်နိုင်ပါလိမ့်..ရှစ်သောင်း..အဟား..နာရီပိုင်းလေးအတွင်း ငွေဒီ
လောက်ဝင်တာ မဆိုးပါဘူးနော..”
“နောက်..သူအပြင်ထွက်သွားပြီး ပြန်လာတော့ ပုလင်းတစ်လုံးပါလာတယ်..အဲဒီညနေမှာ ရှန်ပိန် ဆိုတာ ပထမဆုံး
မြည်းဖူးသွားတာပဲ..”
“အာမက် နောက် စိတ်ဝင်စားတာ တစ်ခုက မွမ်ဘိုင်း ရာဇဝတ် မြင်ကွင်း အစီအစဉ် ကြည့်တာပဲကွ..မင်းကြည့်ဖူးလား”
ကျွန်တော်လည်း ခေါင်းခါပြီး “ဟင့်အင်း..ဒေလီမှာ အဲဒါမလွှင့်ဘူး”
“အေး..ထားပါတော့..အဲဒီအစီအစဉ်က ပျင်းစရာကြီးပါကွာ..သတင်းကြေညာသလိုမျိုးပါပဲ..တခြားသတင်းတွေ မပြော
ဘူး..ရာဇဝတ်မှုခင်းတွေ အကြောင်းပဲ ကြေညာတာ..ဘယ်သူဖြင့် အသတ်ခံရတယ်..ဘယ်သူဖြင့် မုဒိန်းအကျင့်ခံရတယ်..
ဘယ် ဘဏ်တော့ဖြင့် ဓားပြ အတိုက်ခံရတယ်..ဘယ်သူတော့ဖြင့် ထောင်ကထွက်ပြေးတယ်..အဲဒါမျိုးတွေလေ..”
“အေး..အာမက်ကတော့ အဲဒီအစီအစဉ်ဆို မလွတ်တမ်း ကြည့်တာ..တီဗီရှေ့မှာ ဆိတ်သားခပတ်လေး စားရင်း သတင်း
တစ်ခု ကြေညာတိုင်း တဟီးဟီး တဟားဟား နဲ့ ထထ ရီတော့တာ..ဘာတွေများ ရီစရာ ရှိလဲတော့ မသိပါဘူး..”
“တစ်ခါတလေ အာမက်ဆီကို အဝါရောင် စာအိတ်တွေ လာလာပို့တာ တွေ့ရတယ်ကွ..အဲဒါကိုတော့ လုံးဝမထိဖို့ ငါ့ကို
တင်းတင်းကြပ်ကြပ် သတိပေးထားတယ်..စာအိတ် သူမရှိတုန်းလာပို့ရင် ထမင်းစား စားပွဲပေါ်မှာပဲ တင်ထားရတယ်..
တစ်ရက်ကွ..နေ့လည်ခင်းမှာ ငါလက်ဘက်ရည်သောက်နေတုန်း စာလာပို့တဲ့ကောင်လေးတစ်ယောက်က ထုံးစံအတိုင်း
စာအိတ်အဝါ တစ်လုံးလာပို့တာ မတော်တဆ ငါ့ကြောင့် စာအိတ်ပေါ်ကို လက်ဘက်ရည်တွေ ဖိတ်ကျသွားတယ်ကွ..
ဟ..ငါလည်း ကွိုင်စားပြီ ဆိုပြီး တော်တော် လန့်သွားတယ်..ဟုတ်တယ်လေ..အာမက်ကတော့ သူ အရမ်းအလေးထား
တဲ့ စာအိတ် ငါ့ကြောင့် ပေကျံသွားလို့ တော်တော်ပေါက်ကွဲနေတော့မှာ…အထဲမှာ အဖိုးတန် စီးပွားရေးဆိုင်ရာ စာရွက်
စာတန်းတွေပါ ပျက်စီးသွားလို့ကတော့ သေပြီပေါ့..အဲဒါနဲ့ ငါလည်း ကော်ကပ်ပြီး ပိတ်ထားတဲ့ စာအိတ်ကလေးကို သ
တိကြီးကြီး ထားပြီး အသာလေးဖွင့်..အထဲက စာရွက်စာတန်းတွေပါ စွန်းကွက်ကုန်ပြီလား ဆိုတာ ဆွဲထုတ်ကြည့်မိတော့
..ဟ ဆိုပြီး အသံထွက်သွားမိတယ်..”
“ဘာဖြစ်လို့တုန်းဟ..အထဲမှာ ဘာပါလို့တုန်း..”
“ဘာမှ သိပ်မပါ ပါဘူး…လူတစ်ယောက်ရဲ့ မျက်နှာပါတဲ့ ရှစ်လက်မ ခြောက်လက်မ အရွယ် ကာလာဓာတ်ပုံ တစ်ပုံ..ပြီး
တော့ လက်နှိပ်စက်နဲ့ သေသေသပ်သပ် ရိုက်ထားတဲ့ စာရွက်ပိုင်းလေး တစ်ခု ..ဒါပဲ..စာရွက်မှာက ဒီလိုရေးထားတယ်..
အမည် း ဝိသဲဘိုင် ဂိုပတေး
အသက် း ၅၆
လိပ်စာ း ၇၃/၄ မာဝိ လမ်း၊ မာလတ်။
ဒါပဲ..”
“ငါကတော့ သိပ် ထွေထွေထူးထူး မတွေးပါဘူး..အာမက်နဲ့ အလုပ်တွဲလုပ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်
နေမှာပေါ့ လို့ပဲ..ထင်လိုက်တယ်..စာအိတ်ကို သေသေချာချာ ပြန်ပိတ်ပြီး ထမင်းစား စားပွဲပေါ် ပြန်တင်ထားလိုက်တယ်..
ညနေကျတော့ အာမက် ပြန်လာပြီး စာအိတ်ကို ဖွင့်ကြည့်တယ်..ခဏနေတော့ ဖုန်းဝင်လာပြီး ဟုတ်ကဲ့ ..စာအိတ်ကို ရ
ပါတယ် လို့ အာမက်က ပြန်ဖြေလိုက်တာ ငါကြားလိုက်တယ်..”
“အဲဒါနဲ့..နှစ်ပတ်လောက် နီးနီးလောက် ရှိတော့..တစ်ရက်..အာမက်က တီဗီရှေ့ထိုင်လို့ မွမ်ဘိုင်း ရာဇဝတ် မြင်ကွင်းကို
ထိုင်ကြည့်နေတယ်…ငါကတော့ မီးဖိုခန်းထဲမှာ အသီးအရွက်လေးတွေ လှီးနေတာ…မီးဖိုထဲမှာပေမဲ့ တီဗီက သတင်း
ကြေညာနေတဲ့ သူရဲ့ အသံကိုတော့ အတိုင်းသားကြားနေရတာပေါ့..သတင်းက ဒီလို…မာလတ် မှာ ထိတ်လန့်စရာ
ကောင်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားပါတယ်..ထင်ရှားတဲ့ စီးပွားရေးသမားတစ်ဦး ဖြစ်သူ ဝိသဲဘိုင် ဂိုပတေး
အသတ်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင်များက သဲလွန်စများကို ရှာဖွေလျက်ရှိပါတယ်…ဝိသဲဘိုင်၏အလောင်းကို မာဝိ လမ်းတွင်
ရှိသော သူ၏ နေအိမ်တွင် တွေ့ရှိရပြီး ….ဟာ..အဲဒီ နာမည်ကြားတော့ ငါလည်း တီဗီကို တစ်ချက်ကဲကြည့်မိလိုက်
တယ်..အမလေး..ငါလက်တောင် ဓားရှမိတော့မလို့ဟ..တီဗီမှာ ပြတဲ့ပုံက ဟိုတစ်လောက လာပို့တဲ့ စာအိတ်ထဲမှာ
ပါတဲ့ ဓာတ်ပုံထဲက လူကြီးဖြစ်နေလို့လေ…သတင်းကြေညာတဲ့သူဆက်ပြောတာကတော့ အဲဒီလူကြီးက အသက်
ငါးဆယ့်ခြောက်နှစ်ရှိပြီး..အိမ်မှာ သူတစ်ယောက်တည်း ရှိတဲ့ အချိန် အသတ်ခံရတာတဲ့..အနီးကပ် သေနတ်နဲ့ ပစ်
သတ်ခံရတာ..သူသေတော့ ဇနီးနဲ့ သား ကျန်ခဲ့သတဲ့..မာလတ်က ရဲတွေပြောတာကတော့..ဓားပြတိုက်တာ ဖြစ်ဖို့
များတယ်တဲ့…အကြောင်းကတော့ အိမ်မှာရှိတဲ့ အဖိုးတန် ပစ္စည်းတွေ အတော်များများ ကို မွှေနှောက်ရှာဖွေပြီး ယူ
သွားလို့ ဖြစ်ပါတယ်တဲ့..ကွ..”
“အဲဒီ သတင်းကြေညာတာလည်း ကြားရော အာမက်က ထရီပါလေရောဟေ့..ငါလည်း အူကြောင်ကြောင်နဲ့ကွ..
သူနဲ့ စီးပွားဖက်တစ်ယောက် သေတာ ဘာလို့ ရီနေပါလိမ့်လို့ တွေးနေမိတာ..”
3 comments
windtalker
February 16, 2012 at 8:15 pm
အာမက် သည် ထူးချွန်သော ဂမ်ဘလာ တစ်ဦး ဖြစ်ရုံတင်မက ကြေးစားတစ်ဦးပါ ဖြစ်နေတာပေါ့နော် ။ ဇါတ်ကောင် စရိုက်ပေးတာ မိုက်တယ်ဗျာ ။
MaMa
February 16, 2012 at 9:40 pm
စိတ်ရှည်လက်ရှည် တင်ပေးနိုင်တာ ကျေးဇူးတင်ပါတယ်။
ဘယ်နှစ်ပိုင်းလောက် ကျန်သေးသလဲ မသိဘူး။
အားလုံးပြီးမှ ပေါင်းဖတ်မလားလို့။ 🙂
မောင်ဘလိူင်
February 17, 2012 at 11:05 am
ဘယ်နှစ်ပိုင်း ကျန်သေးလဲတော့ မသိဘူး..။ခု ဘာသာပြန်တာ
စာမျက်နှာ ၂၂၁ မျက်နှာရှိတဲ့ စာအုပ်မှာ ၁၃၈ မျက်နှာပဲ ပြီး
သေးတယ်..ခု တင်သလောက်ထိပေါ့နော..။ကျွန်တော်လည်း
အားတဲ့အချိန်လေး စာအုပ်ဖွင့် ၊ကွန်ပျူတာဖွင့်ပြီး ဘာသာပြန်..
ကွန် ကောင်းတဲ့အချိန်လေး တင်..။ဒီလို…ဆိုတော့ အပိုင်း
တွေ အတော်များများ ကျန်လိမ့်ဦးမယ်..အန်တီ မမ ရေ..ပြီး
တော့ မူရင်းစာရေးဆရာ ဗီကတ်စ် ဆွာရပ် က ဒီစာအုပ်ကို
ရေးဖို့ ဘယ်လို Reference တွေ ရှာတယ်..ဘာညာလေး
တွေလည်း ထပ်ပြီး ထည့်ပေးချင်သေးတယ်…သူ့အကြောင်း၊
သူ့ အင်တာဗျူး၊ နောက် Facts behind the fiction လည်း
ထည့်ပေးဦးမယ်..ပြီးရင်..ဒီစာအုပ်ကို ဆွေးနွေးဖို့ မေးခွန်း
လေးတွေ..စသည် စသည်ဖြင့်ပေါ့။
အားလုံးကို ကျေးဇူးတင်လျက်
မောင်ဘလှိုင်