Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွှေညဝါ ဆရာတော်ကြီး (တတိယမြောက်နေ့)

ပုိင္ေလးFebruary 18, 20122min67010

ပြည်သူတွေ မျက်ရည်ဖြိုင်ဖြိုင် ကျနေရတဲ့ ရွှေညဝါဆရာတော် ဆွမ်းခံပွဲ (တတိယမြောက်နေ့)

ရွှေညဝါ ဆရာတော်ကြီးနဲ့ သံဃာတော်တွေ ဆွမ်းခံကြွတဲ့ တတိယမြောက်နေ့ပါ..။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်တဲ့ နေ့စဉ်ရက်ဆက် လိုက်ပါပေးနေတဲ့ စမ်းချောင်းကိုကိုကြီးနဲ့ ဗကသများအဖွဲ့ချုပ်မှ ဒီငြိမ်းလင်းတို့ အပါအဝင် ဆရာတော်ကြီးကို ကြည်ညိုကြတဲ့ ပြည်သူတွေ လိုက်ပါခဲ့ကြပါတယ်…။ ဆွမ်းခံရရှိတဲ့ ဆွမ်း၊ ဟင်းနဲ့ လှူဖွယ်ဝတ္ထုတွေ အပါအဝင် ရရှိတဲ့ဝတ္ထုငွေတွေကို လှိုင်သာယာ မီးဘေးဒုက္ခသည်တွေကို သွားရောက် လှူဒါန်းခဲ့ပါတယ်..။

ဒီမိုဝေယံ  မှ…………………

10 comments

  • Burmese or Chinese

    February 18, 2012 at 6:21 am

    ကိုယ့်တစ်ကယ် မျက်ရည်ကျခဲ့ပါ​သည်…….

  • MaMa

    February 18, 2012 at 6:51 am

    ဓာတ်ပုံလေးတွေ ကြည့်ရတာ စိတ်မကောင်းစရာပါ။
    လူတွေကြည့်ရတာ မျက်နှာလေးတွေ ညှိုးငယ်နေကြတယ်။
    တမင်ဇာတ်တိုက်ပြီး လုပ်ထားတာ မဟုတ်ဘူး။

  • kyeemite

    February 18, 2012 at 9:36 am

    ပသို့တတ်နိုင်ပါမည်နည်း…ဓါတ်ပုံထဲကဆရာတော်ကို ဦးညွတ်ကန်တော့လိုက်ပါတယ်ဘုရား…

  • ဆူး

    February 18, 2012 at 10:31 am

    အလှူခံရတာကို မီးဘေးသမား သွားလှူတယ် ဆိုတော့ တကယ် ပီတိဖြစ်မိပါတယ်။
    ပုံတွေကြည့်ပြီး စိတ်မကောင်း ဖြစ်လိုက်တာ..

  • abc mgmg

    February 18, 2012 at 3:06 pm

    ညွှန်ကြားလွှာ အမှတ်လွှာ အမှတ် (၈၃)
    သာသနာ့ ဝန်ထမ်း ရဟန်းသာမဏေများသည် ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ခြင်း မပြုလုပ်ရန် ညွှန်ကြားခြင်း။
    (၁၃၊ ၇၊ ၉၁) (ဒု-၂၊ ၄၊ ၅၃)
    ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်းရှိ ထေရဝါဒ ဂိုဏ်းဝင် သံဃာပေါင်း သုံးသိန်းကျော် နေထိုင် သီတင်း သုံးလျက် ရှိပါသည်။ ယင်းထေရဝါဒ ဂိုဏ်းဝင် သံဃာ အပေါင်းသည် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးမူ အရ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်း အဝေးပွဲကြီး ကျင်းပ ပြီးနောက် သံဃာ့ ဂိုဏ်းကြီး ၉ ဂိုဏ်းဖြင့် သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်း၍ သာသနာရေး တာဝန်များကို ဆောင်ရွက်လျက် ရှိကြပါသည်။
    ထေရဝါဒ သံဃာ့ ဂိုဏ်းဝင် သမ္မုတိ သံဃာတို့သည် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးကို ဦးတည်၍ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့၏ ကိစ္စ ဖြစ်သော ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်ပါးလုံးကို သော်လည်းကောင်း၊ တစ်ပါးပါးကို သော်လည်းကောင်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ခြင်းကို ရှောင်ကြဉ် ကြရမည် ဖြစ်ပါသည်။
    အကယ်၍ ရဟန်း သာမဏေများ ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ပါက နိုင်ငံရေး ပါတီများသည် ရဟန်း သာမဏေများထံ ချဉ်းကပ်၍ ဆရာ မွေးကြပေလိမ့်မည်။ ထိုအခါ ရဟန်း သာမဏေများသည် မိမိနှစ်သက်ရာ ပါတီ အနိုင်ရရှိရေးကို ဆောင်ရွက်ကြရ၊ ဟောပြောကြရသဖြင့် ဘုရားရှင်၏ ဓုရနှစ်ဖြာကို အားမထုတ်နိုင်တော့ဘဲ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ဦးတည်ချက်ကို ထိခိုက်လာမည့် အပြင် ရဟန်း သာမဏေ အချင်းချင်း စိတ်ဝမ်းကွဲပြားကာ ခဲခဲယဉ်းယဉ်း တည်ဆောက် ထားရသော ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီး ပြိုကွဲ၍ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်တို့ ဧကန် ပျက်စီး ကြရပေလိမ့်မည်။
    ရှေးယခင် အင်္ဂလိပ် အုပ်စိုးစဉ်အခါက ဝံသာနု၊ ဒိုင်အာခီစသည် ကွဲပြားကြရာ ရဟန်းတော်များ ပါတီနိုင်ငံရေး၌ ပါဝင် ဆောင်ရွက်ကြသဖြင့် ဝံသာနုဘုန်းကြီး၊ ဒိုင်အာခီ ဘုန်းကြီး စသည်တို့ စိတ်ဝမ်းကွဲကာ ကံကြီးကံငယ် အတူ မဆောင်နိုင်၊ သံဃာစင် အတူ မတက်နိုင်သည် အထိ အချင်းချင်း ကွဲပြားခဲ့ဖူးပါသည်။
    မြန်မာ နိုင်ငံတော်၌ ရှေးအခါက တစ်ကြိမ် တစ်ခါမျှ မရခဲ့ဖူးသော ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီးကို ရရှိ၍ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းကာ ”သံဃာ့ကိစ္စ သံဃာ ဆောင်ရွက်” ဟူသော မူအရ သာသနာ့ ကိစ္စအဝဝကို သံဃာတော်များ ကိုယ်တိုင် ဆောင်ရွက်ခွင့် ရသဖြင့် သာသနာတော်၌ အဓမ္မဝါဒများကို နှိမ်နင်းနိုင်ခြင်း စသော အကျိုးတရား များစွာ ဖြစ်ထွန်းခဲ့ပါသည်။ သို့ဖြစ်၍ ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီး မပြိုကွဲရန် ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်သည် ရဟန်း သာမဏေတိုင်း၏ တာဝန် ဖြစ်သည်။ ဤတာဝန်ကို ကျေပွန်စွာ မထမ်းဆောင် နိုင်ကြသဖြင့် သံဃာ့ ညီညွတ်ရေးကြီး ပြိုကွဲ၍ သံဃာ့ အဖွဲ့အစည်းများ ပျက်စီးသွားပါက နောင်တစ်ဖန် ဤအခွင့်အရေးမျိုး ရရှိရန် မျှော်မှန်း၍ ရနိုင်တော့မည် မဟုတ်ပါ။
    ပါတီနိုင်ငံရေး ဟူသည် လူဝတ်ကြောင်၊ လူပုဂ္ဂိုလ်တို့၏ ကိစ္စ တာဝန်သာ ဖြစ်ပါသည်။ ရဟန်း သာမဏေများသည်ကား မည်သည့် ပါတီကပင် အစိုးရအဖြစ် တက်ရောက်လာသည် ဖြစ်စေ ထိုတက်ရောက်လာသော အစိုးရ၏ တရားနှင့်အညီ ပေးအပ်သော အာဏာစက် အကူအညီ အထောက်အပံ့ကို ရယူ၍ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးကို စောင့်ရှောက် ထိန်းသိမ်း သွားရမည်သာ ဖြစ်ပါသည်။
    သို့ဖြစ်ပါ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း၌ သီတင်းသုံး နေထိုင်ကြသော ထေရဝါဒ သံဃာ့ဂိုဏ်းဝင် ရဟန်း သာမဏေတို့သည် ပါတီ နိုင်ငံရေးများ၌ ကိုယ်တိုင် ပါဝင်ခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးခြင်း၊ သူတစ်ပါးအား တိုက်တွန်းခြင်းများမှ ရှောင်ရှားကြရန် ညွှန်ကြား လိုက်ပါသည်။
    (ဘဒ္ဒန္တဣန္ဒာစာရ) ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ၊
    အဘိဓဇမဟာရဋ္ဌဂုရု (အဂ္ဂမဟာပဏ္ဍိတ၊
    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဘိဓဇမဟာရဋ္ဌဂုရု၊
    ဥက္ကဋ္ဌဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက)
    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
    အကျိုးတော်ဆောင်ချုပ်

  • abc mgmg

    February 18, 2012 at 3:08 pm

    One should listen what Shwenyawar Sayadaw is saying.
    At first, I also thought that MAHANA is not fair. But I became understood why after hearing what this monk said.
    Actually, MAHANA should ban this monk forever.

  • “”ပါတီနိုင်ငံရေး ဟူသည် လူဝတ်ကြောင်၊ လူပုဂ္ဂိုလ်တို့၏ ကိစ္စ တာဝန်သာ ဖြစ်ပါသည်။
    ရဟန်း သာမဏေများသည်ကား မည်သည့် ပါတီကပင် အစိုးရအဖြစ် တက်ရောက်လာ
    သည် ဖြစ်စေ ထိုတက်ရောက်လာသော အစိုးရ၏ တရားနှင့်အညီ ပေးအပ်သော
    အာဏာစက် အကူအညီ အထောက်အပံ့ကို ရယူ၍ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးကို
    စောင့်ရှောက် ထိန်းသိမ်း သွားရမည်သာ ဖြစ်ပါသည်။””
    အဲဒီတော့ စစ်တပ်က အလိုတော်ရိတွေနဲ ့ပေါင်းပြီး လိမ်စား၊ညာစား ဘုန်းကြီးတွေကျတော့
    ဘုန်းကြီးမဟုတ်ဘူး လူဝတ်ကြောင်တွေပေါ့။တော်တော် မျက်နှာပြောင်တဲ့ သာသနာဖျက်တွေ။
    ရခိုင်ဖွား ဦးဥတ္တမတို ့လို ဘုန်းကြီးမျိုးထပ်ပေါ်ပေါက်စေချင်မိပါတယ်။“ကရက်ဒေါက် မင်းထွက်
    သွား”လို ့တော့မပြောရတော့ဘူး“စစ်ခွေးတွေ တန်းလျားပြန်ပါ”။ဒါပါဘဲဗျာ။

  • ငပွကြီး

    February 18, 2012 at 10:52 pm

    (“သံဃာ့ဂိုဏ်းဝင် ရဟန်း သာမဏေတို့သည် ပါတီ နိုင်ငံရေးများ၌ ကိုယ်တိုင် ပါဝင်ခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးခြင်း၊ သူတစ်ပါးအား တိုက်တွန်းခြင်းများမှ ရှောင်ရှားကြရန် ညွှန်ကြား လိုက်ပါသည်။”)
    ရဟန်း က ပါတီနိင်ငံရေးတွေမှာမပါရဘူးဆိုတော့..
    တကယ်လို့ ကြံဖွတ် အသင်းဖက်ကနေပါဝင်မယ့် ရဟန်းသံဃာတော် ဆိုရင်ကော…
    ဘာဖြစ်နှိင်မလဲ?????
    သူခေါ်တယ် လာပါ လာပါ တောင်ဖြစ်နေမယ်ထင်တယ်
    မယုံရင်စမ်းကြည့်…

  • kotun winlatt

    February 19, 2012 at 1:15 am

    ခက်တယ်ကွယ်….နိုင်ငံရေးဆိုတာ
    နိုင်ငံ့အရေးမို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်…
    ဘုန်းကြီးတွေလည်ူးနိုင်ငံသားတွေမဟုတ်ဘူးလားးး

  • nakyaw

    February 19, 2012 at 12:37 pm

    ဘုန်းကြီးတွေရဲ့ ဝိနည်းတွေအကြောင်းတော့ တပည့်တော် မသိပါ၊ဒါပေမယ့် လဲ သာသနာ့ဝန်အချင်းချင်း ဒီလိုမျိုး ကျောင်းမှာမနေရဆိုတဲ့ အာဏာသုံးတာတော့ လူတယောက် အတွေး နဲ့ တွေးကြည့်တာ တောင်မသင့်တော်ဘူး လို့ ထင်ပါတယ်ဘုရား ၊ တကယ်လို့ လုပ်ချင်ရင်ရင်လဲ လူတွေလို အစည်းအဝေး( သံဃာအများစု ပါဝင်သော ) အစည်းအဝေးခေါ်ယူပြီး ဘုရားတရားတော်နဲ့ အညီဆုံးဖြတ်ကြစေချင်ပါတယ် ဘုရား။ဘုန်းကြီး က တရားမဟောရ၊ကျောင်းတိုက် မှာ မနေရ ဆိုတာ ကြားရတာနဲ့တင် ဝမ်းနဲရတာ၊ယခုမြင်ရတော့ ပိုလို့တောင်ဆိုးပါသေးတယ်

Leave a Reply