ကွမ်းခြံကုန်း ဓားပြမှု သတင်းစာရှင်းလင်းပွဲ ပြုလုပ်

kyawgyiJune 5, 20101min450

လူ ၃ ဦး သေဆုံးမှု ဖြစ်ခဲ့ရသော ရန်ကုန်တိုင်း ကွမ်းခြံကုန်း ဓားပြမှုနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတရပ်ကို သောကြာနေ့(၄.၆.၂၀၁၀)တွင် ရန်ကုန်မြို့ ရဲချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရပါ သည်။

ကွမ်းခြံကုန်းမြို့နယ် ဒရယ်လူးကျေးရွာတွင် မေလ ၁၆ ရက် ညတွင် ဓားပြ ၅ ဦးက သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ လက်ပစ်ဗုံး ပစ်ခွဲခြင်းတို့ကြောင့် ရွာသား ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

အိမ်ရှင်ကို ရိုက်နှက်ကာ ငွေတောင်းနေစဉ် ရွာနေလူထု သိရှိသွားပြီး အိမ်ဝင်းအား ဝိုင်းထားခဲ့ရာ ဓားပြများက သေနတ်ဖြင့်ပစ်၊ လက်ပစ်ဗုံးခွဲကာ ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်သည်။

မျက်မြင်သက်သေ ကျေးရွာလူထု၏ ပြောကြားချက်အရ ဓားပြများအနက် ၃ ဦးသည် စစ်ဝတ်စုံ ဝတ်ဆင်ထားကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ရန်ကင်းစင်တာအနီး ဆရာစံလမ်းထောင့်ရှိ ရဲချုပ်ရုံးတွင် နေ့လည် ၁ နာရီတွင် ပြုလုပ်ခဲ့သည်။