မှားယွင်းတဲ့အချစ်
“ …….”
ခေါ်သံကြောင့်လှည့်ကြည့်မိတော့ ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းလေး ပန်းရောင်ဂါဝန်လေးနဲ့ သိပ်လှပါတယ်။ တကယ်ပါ အဲဒီသူငယ်ချင်းက မင်းသမီးရှူံးလောက်အောင်ကိုလှပါတယ်။ နဂိုကလှပြီးသားအပေါ်မှာ လိုက်ဖက်လွန်းတဲ့အပြင်အဆင်ထပ်ပေါင်းပြီး သိပ်လှနေတဲ့သူငယ်ချင်း ကျွန်မကိုဘာမှမပြောပဲ အကြာကြီးရပ်ကြည့်နေတယ်။
……………………………………………………………………………………………………………………………………….
Feels like I’m walking in the rain… I find myself trying to wash away the pain……
ဖုန်းမြည်သံနဲ့အတူ လန့်နိုးပြီး နာရီကြည့်လိုက်တော့ နံနက် ၂ နာရီနဲ့ ၁ဝမိနစ်ကိုပြနေသည်။ ကျွန်မ မအိပ်ခင် ဖုန်းပိတ်ဖို့မေ့ခဲ့သည်ပဲ။ ကြည့်လိုက်တော့ မသိတဲ့နံပါတ်မို့ မကိုင်တော့ပဲပိတ်ပစ်လိုက်ပါသည်။ ကျွန်မအိပ်မက် မက်နေခဲ့တယ်။ မိန်းကလေးတစ်ယောက် အလှဆုံးအရွယ်လို့ပြောလို့ရတဲ့ ၁၉ နှစ်အရွယ်မှာ လောကကြီးကိုအရှုံးပေးပြီး ထွက်ပြေးသွားတဲ့သူငယ်ချင်းလေးကို ကျွန်မအိပ်မက်ထဲမှာပြန်တွေ့ခဲ့တယ်။ ဪ မနက်ဖြန်ဆို သူကျွန်မတို့ကိုခွဲသွားတာ ၅ နှစ်ပြည့်ပြီပဲ။ ဒါကြောင့် ကျွန်မ မသိစိတ်ကစွဲလမ်းပြီး အိပ်မက်မက်တာပေါ့။ ကျွန်မဆက်အိပ်ဖို့ကြိုးစားသော်လည်း အရာမထင်သောကြောင့် အိပ်ယာဘေးမှာအဆင်သင့်ရှိနေတဲ့ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ဖြစ်သည်။ စာအုပ်က Thiland 1982, Plan, Problem and Prospects တဲ့၊ သို့သော်လည်း စာအုပ်ကိုဘယ်လိုမှ စိတ်ဝင်စားလို့မရသောကြောင့် သီချင်းတစ်ပုဒ်ကို repeat လုပ်ပြီး တိုးတိုးလေးဖွင့်ထား လိုက်သည်။ ကျွန်မ မကြာခင်အိပ်ပျော်သွားမယ်ထင်ပါရဲ့။ မျက်လုံးတွေကို မှိတ်ထားပေမယ့် ကျွန်မရဲ့စိတ်က အချိန်ကာလတစ်ခုဆီသို့ ရောက်သွားပါသည်။ ကျွန်မမှာအချစ်ဆုံး သူငယ်ချင်း လေးယောက်ရှိပါတယ်။ ဖေဖေပြောင်းတဲ့နောက်လျှောက်လိုက်ရင်း နယ်တွေမှာ နေခဲ့ရတဲ့ကျွန်မ ရန်ကုန်မှာ အခြေချဖြစ်တော့ ရ တန်း ကျောင်းသူ ဖြစ်နေပါပြီ။ ရန်ကုန်မှာကျောင်းစတက်တက်ချင်း လူမှုရေးညံ့ဖျင်းသူမို့ ကိုယ့်ကိုအရင်လာမိတ်ဆက်တဲ့ ဒီ ၄ယောက်ကလွဲပြီး တစ်ခြားသူငယ်ချင်းများနှင့် ရင်းရင်းနှီးနှီးမပေါင်းဖြစ်ခဲ့ပါ။ ကျွန်မရဲ့သူငယ်ချင်းတွေအားလုံး တစ်ယောက်တစ်မျိုးစီလှကြပါသည်။ သို့သော် ကျွန်မတို့ချစ်စနိုးနဲ့ခေါ်တဲ့ ပန်းရောင်ဆိုတဲ့သူငယ်ချင်းလေးကတော့ မြင်သူငေးလောက်အောင်ကိုလှတာပါ။
ယေဘုယျကြည့်ပြီးပြောရမယ်ဆိုရင် ပန်းရောင်က ကံကောင်းသည်ပေါ့၊ ရုပ်လှတယ်၊ ငွေကြေးပြည့်စုံတဲ့ ပညာတတ်မိဘနှစ်ပါးကမွေးဖွားတဲ့ တစ်ဦးတည်းသောသမီး။ သို့သော် ကျွန်မတို့သူငယ်ချင်း ၄ယောက်ပဲသိတဲ့ သူမရဲ့ကံဆိုးမှုက မာနကြီးပြီးမောက်မာတဲ့ အမေရယ် သွေးအေးရက်စက်တတ်တဲ့ သားသမီးသံယောဇဉ် နည်းပါးတဲ့အဖေရယ်ကို မိဘအဖြစ်တော်စပ်ထားရခြင်းပါ။ မိသားစု ၃ ဦးသာရှိသည့်အိမ်ကြီးမှာ ထမင်းချက်ရန်နှင့် အိမ်သန့်ရှင်းရေးလုပ်ရန် အန်တီကြီးတစ်ယောက်ခေါ်ထားပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ဖြစ်သည့် အချိန်ကလည်း အင်မတန်နည်းပါးပါသည်။ ပန်းရောင်က စိတ်သဘောထားကောင်းပါသည်။ သို့သော် မိဘဟူသည် သားသမီးရဲ့ Role Model ဆိုသည့်အတိုင်း သူမလေးသည်လည်း အင်မတန်မာနကြီးလေသည်။ မိဘများနဲ့တစ်ရက်နေလို့မှ စကားတစ်ခွန်းမပြောဖြစ်သောသူမ၏ စကားပြောဖော်မှာ အိမ်အကူလုပ်သော အန်တီကြီးပင်ဖြစ်ပါသည်။ စကားပြောသည်ဆိုသော်လည်း ကောင်းကောင်းမွန်မွန်ပြောဆိုခြင်းမျိုးမဟုတ်ပါ။ အာဏာသံနှင့်အမိန့်ပေး ပြောဆိုခြင်းများ သာဖြစ်ပါသည်။
ကျွန်မတို့ ဒုတိယနှစ်တက်သောအချိန်မှာတော့ ပန်းရောင်ကအချစ်ကိုစောစီးစွာ ရှာတွေ့ခဲ့ပါသည်။ သူမချစ်သူနဲ့ မိတ်ဆက်ပေးချိန်မှာတော့ အေးဆေးတည်ငြိမ်ပုံရသည့်ပုံစံကြောင့် သူမချစ်သူရွေးမှန်သည်ဟု သူငယ်ချင်းအားလုံးက မှတ်ချက်ပေးကြပါသည်။ အချစ်က အရာရာကိုပြောင်းလဲစေသည်လား၊ ကျွန်မတို့သူငယ်ချင်းလေးကတော့ အရင်ကထက်နူးညံ့ပျော့ပျောင်းပြီး လန်းဆန်းတက်ကြွနေပါသည်။ တစ်သက်လုံးက မာကျောသောစကားလုံးများ၊ အေးတိအေးစက်ဆက်ဆံမှုများနှင့်သာကြီးပြင်းခဲ့ရသော သူငယ်ချင်းလေးမှာ ချစ်သူ၏ယုယမှုများကြောင့် ပျော်ရွှင်နေသည်ကိုကြည့်ပြီး ကျွန်မတို့ဝမ်းသာခဲ့ရပါသည်။ အမြဲတမ်း ၅ ယောက်တွဲသွားလာနေကျပေမယ့် သူမချစ်သူရသွားကတည်းက ကျွန်မတို့နှင့်သိပ်မတွေ့ဖြစ်တော့ပါ။ ဖုန်းသာမကြာခဏပြောဖြစ်ကြပါသည်။ ဒုတိယနှစ် ဖြေပြီးကျောင်းပိတ်ချိန်မှာ ကျွန်မမေမေရဲ့ဆွေမျိုးတွေရှိတဲ့ မော်လမြိုင်ကို ၁ပတ်လောက်သွားလည်ဖြစ်ခဲ့ပါသည်။ ရန်ကုန်မပြန်ခင်တစ်ရက်မှာပဲ သူငယ်ချင်းတွေကဖုန်းဆက်လာပါသည်။ ပန်းရောင်ဆုံးပြီတဲ့၊ သူ့ကိုယ်သူသတ်သေသွား တာပါတဲ့။ သူ့ချစ်သူကအိမ်ထောင်သည်ဖြစ်ပြီး အမျိုးသမီးက စင်္ကာပူမှာအလုပ်လုပ်နေပြီး ထိုသတင်းကို စင်္ကာပူမှခဏပြန်လာသော ပန်းရောင်ရဲ့အမဝမ်းကွဲဆီမှသိရခြင်းပါတဲ့။ ရုတ်တရက်တော့ ကျွန်မဘယ်လိုမှမယုံကြည်နိုင်ခဲ့ပါ။ စာမေးပွဲနောက်ဆုံးနေ့ကတောင် ကျွန်မတို့အားလုံးဆုံဖြစ်ခဲ့သေးသည်။ သူမချစ်သူပေးထားတဲ့လက်စွပ်လေးကိုပြပြီး ကျေနပ်ပျော်ရွှင်နေတဲ့ပုံစံကို ကျန်တဲ့သူငယ်ချင်းများကပါအားကျခဲ့သေးသည်။ တစ်ပတ်အတွင်းဖြစ်ပျက်မှုက မယုံနိုင်လောက်အောင် မြန်ဆန်ပြီးကြောက်စရာကောင်းပါတယ်။
ကျွန်မတို့အားလုံးစိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါ။ သူမရဲ့ကံကြမ္မာကိုပဲ ပုံချရမလား၊ မိန်းမရှိရဲ့သားနဲ့ ဖောက်ပြန်တဲ့ အဲဒီယောက်ျားကိုပဲ ကျိန်ဆဲရမလား၊ တစ်ဦးတည်းသောသမီးကိုပင် နွေးထွေးမှုကင်းမဲ့လွန်းတဲ့ မိဘနှစ်ပါးကိုပဲ ဝေဖန်ရမလား၊ လက်မြှောက်အရှုံးပေးသွားတဲ့ သူငယ်ချင်းကိုပဲ အပြစ်တင်ရမလား။ ကျွန်မတို့ ၄ယောက်လုံးတတ်နိုင်တာကတော့ နောင်ဘဝဆိုတာရှိခဲ့ရင် ဒီလိုအဖြစ်ဆိုးမျိုးဘယ်တော့မှမကြုံတွေ့ပါစေနဲ့လို့ ဆုတောင်းပေးတာပါပဲ။ ။
20 comments
windtalker
February 19, 2012 at 12:34 pm
အချိန်မှီသာ ပြင်ဆင်ခွင့်မရှိလိုက်ရတဲ့ ပန်းရောင် အဖြစ်ကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ် ကွယ် ။
ဟင့်….ရွှတ် ( နှပ်ညှစ်သံ )
ဗြွတ်…ဖတ် ( နှပ်ညှစ်ပြီး ခါပစ်လိုက်ရာ ပေါက်ဖော် နဖူးတွင်သွားကပ်သံ )
ဟီဟိ
yoeyar may
February 19, 2012 at 1:00 pm
အင်းနှစ်ယောက်စလုံးရဲ့အမှားပေါ့ အိမ်ထောင်ရှိရဲ့သားနဲ့ အဲလိုမလုပ်သင့်ဘူးပေါ့
ပန်းရောက်ဘက်ကလည်း အစကတည်းကသေချာစုံစမ်းသင့်တယ်
အရမ်းချစ်ခဲ့တော့ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အထိဖြစ်သွားတာပေါ့
နှမြောလိုက်တာ
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 19, 2012 at 1:10 pm
စိတ်မကောင်းစရာပါလားဗျာ …
နွေးထွေးလှတဲ့ အငွေ့အသက်ကနေ ရုတ်တရက် မီးတောက်ကြီးအဖြစ် ပြောင်းလဲသွားတယ်လို့ ဆိုနိုင်မလားပဲ …
တကယ် ရင်ထဲထိစေတဲ့ ပို့စ်လေးပါပဲဗျာ …
ကိုပေလိုတော့ နှပ်ထွက်တော့ဘူးနော် .. ပေါက်ဖော်နဖူးမှာ ကပ်ပြီးသားကြီးမို့ ..
အဲ … မေ့လို့ .. ဗြဲသီးနဲ့ ကြီးမိုက်တို့ နဖူးတွေ ကျန်သေးတယ် ..
ဦးအောင် ဆော်ထည့်လိုက်ဦးမှ …
အဟီး … ဟင့် .. ရွှတ် … ဗြွတ် … ဖတ်
😀 😀
ကိုပေါက်(မန္တလေး)
February 19, 2012 at 1:26 pm
ကိုယ့်ကိုကိုယ် သတ်သေတဲ့အကြောင်းတော့ရေးချင်သေးတယ်ဗျာ။
ဘယ.်လိုကာကွယ်ရင်းကောင်းမလဲပေါ့။
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 19, 2012 at 1:38 pm
လေးပေါက်ကလည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဟိုသီချင်းကို ကြားဖူးဘူးလား ..
” ခုနှစ်ထပ်က … ခုန်ချဖို့တောင် … အကြိမ်ကြိမ် … ငါ တွေးထားတယ် … မလုပ်နဲ့ … ငါ့ အသိစိတ်က ဆုံးဖြတ်တယ် .. ” ဆိုပြီးတော့လေ … ။
😀 😀
pooch
February 19, 2012 at 2:23 pm
အဓိကကတော့ ကိုယ့်ရဲ့ရုပ်နဲ့ သူများစိတ်နဲ့ အသက်ရှင်မိသွားလို့ပါ။
မိဘနွေးထွေးမှု မရှိတာလည်းပါတာပေါ့။ တွယ်မိတွယ်ရာ အားကိုးတကြီး ငြိတွယ်မိသွားတဲ့ အချိန်မှာ ကိုယ့်ရဲ့ငြိတွယ်မှုဟာ အမှားတခု လှည့်ဖျားမှုတခုလို့ သိသွားတဲ့အချိန်မှာ မခံစားနိုင်တော့တဲ့ အဆုံး ကိုယ့်ရဲ့ ရှင်သန်မှု ကို ကိုယ်တိုင်မုန်းတီးသွားလို့ ထွက်ပေါက်ရှာသွားတာပါ။ တော်တော်လေး သနားစရာကောင်းပါတယ်။
ဖြစ်နိုင်ရင် ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် ချစ်သင့်သလောက်ပဲ ချစ်ပါ။ ခံစားသင့်သလောက်ပဲ ခံစားပါ။ အချစ်ဆိုတာ ဘဝရဲ့ တစိတ်တဒေသလို့ပဲ မှတ်ယူပါ။ သူများစိတ်နဲ့ အသက်ရှင်ရလောက်တဲ့ အထိ ချစ်မိသွားရင် ကိုယ်တိုင်ပဲ အထိနာရတတ်ပါတယ်။ မျက်စိရှေ့မှာ အတော်များများတွေ့ဖူးပါတယ်။ သတ်မသေပေမဲ့ သူ့ကို ကြည့်ပြီး ဘေးလူတွေမှာ အတော်လေး စိတ်ဆင်းရဲရပါတယ်။
သို့သော် အဲ့ဒီကနေ နလံပြန်ထလာနိုင်ရင်တော့ အဲ့ဒီလူဟာလည်း အတော်လေးကို ပြောင်းလဲသွားတတတ်ပါတယ်။ တချို့ကလည်း အကောင်းဘက်ကို တချို့ကလည်း အဆိုးဘက်ကို ။ အော် လူတွေ လူတွေ ….
” လူဆိုတာ တဦးအရိပ်တဦးခိုရင်းနေကြရတာပါဆိုတဲ့ ” အိုင်းရစ်စကားပုံလေး ကိုလည်း သတိရမိတယ်။
K@oru
February 19, 2012 at 7:55 pm
ရီပလိုင်းမလုပ်ပါ လို့
ပြောထားတဲ့ .စာရေးသူကတော့ …သူပြောချင်တာ
ဒေါ်ပုချ် ရသွားတာလို့ ဆိုလေရဲ့ …..
ကျုပ်ကတော့ ဘု ပဲပြောမယ်. …
အဟမ်း …
အောက်က မာမီပေါက်ပြောသလို အသက်ပေးဇယာ လုံးဝ မလိုတဲ့ကိစ္စဂျီးရယ်…
(ဘာညာသာဒကာ ပါခဲ့ရင်တောင် )
စစ်တမ်းတခုကပြောတယ် ဗမာလူမျိုးဟာ ရင့်ကျက်မှုနောက်ကျသတဲ့ …
(ရုပ်ပိုင်းကိုပြောတာမဟုတ်ပါ …စိတ်ပိုင်း)
အနှီ စစ်တမ်းဟာ အသက်တွေ ဘဝတွေ စတေးပြီး ရင်နာနာနဲ့ ကောက်ယူခဲ့ရတာပါ
ထားတော့ …
ဆိုလိုချင်တာ …၁၈နှစ်ပြည့်ရင် အိမ်ပေါ်ကဆင်း …
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် ….အလုပ်လုပ်ရင်း ကျောင်းတက်…..
ဘယ့်နှယ့် မိဘအိမ်မှာ ၁ဝနှစ်သမီးလည်း ကလေး ၁၅နှစ်သမီးလည်း ကလေး …
အင်း …ရိုင်းရိုင်းပြောရရင် …အမှုလုပ်ရင် ထောင်ချလို့ရပြီး
လင်ယူရင် ကလေးရတဲ့အရွယ်ထိ ကလေး ဆိုမှ ကလေး လုပ်စားနေမှတော့ …
လူမျိုးစုတခုလုံး လူဖြစ်နောက်ကျတာ…(ရင့်ကျက်မှုနောက်ကျတာ) မဆန်းတော့ …
နောက်ကျတာ အရေးမကြီး ….ဆီ အစားများတာ ….(ရေသန့်ဗူးထည့်ကျိုတာ)
ဆင်းရဲလို့ ဆင်းရဲလို့နဲ့ အကုသိုလ်ပေါများတာ …ထည့်ပေါင်းလိုက်တော့
အသေကလည်း စောလိုက်သေး.. (ပျမ်းမျှ အသက်တိုတာပြောဘာဒယ်…)
ခွီး …လူဖြစ်ရှုံးပါပေါ့လေး ….။
ခင်တဲ့…
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
February 19, 2012 at 3:04 pm
အရင်ဆုံးပြောချင်တာကတော့
လက်ပြနှုတ်မဆက်ဘဲနဲ့ ထွက်ခွာသွားတဲ့သူလေးကို တစ်ခုတော့ပြောချင်မိပါရဲ့
လူ့ဘဝမှာ လုပ်စရာတွေအများကြီးပါ … (ဆက်လက်ဆွေးနွေးမယ့်သူရှိရင် ဆက်ဆွေးနွေးပါ့မယ်)
အခုတော့ နေပြည်တော်ရောက်နေလို့ ရန်ကုန်ရောက်မှ အသေအချာပေါတော့မယ် အဲလေ ပြောတော့မယ် … 😀
ဦးဦးပါလေရာ
February 19, 2012 at 3:11 pm
မိဘတွေအချိုးမကျရင်ဖြစ်ဖြစ် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့တကောင်ကြွက် ဖြစ်သွားရင်ဖြစ်ဖြစ် အဲသည်ကလေးဟာ နောင်မှာ တယောက်ယောက်ကို စုပြုံအားကိုး စုပြုံတွယ်တာသွားတတ်ပါတယ်။ အဲဒါက သူ့ဘဝကိုဖျက်စီးတာပါပဲ..။
မိန်းမရှိလျှက်နဲ့ဖေါက်ပြန်တတ်တဲ့ယောက်ျားမျိုးကိုတော့ အမောခံကျိန်ဆဲမနေပါနဲ့ မိုးစက်ရေ..။ ကျိန်ဆဲလို့ကုန်မယ်မထင်ဘူး။
ဒီခေတ်ကြီးမှာ တယောက်ကိုတယောက် အရမ်းမချစ်တာသာ အကောင်းဆုံးထင်ပါရဲ့….။
စိန်ပေါက်ပေါက်
February 19, 2012 at 7:16 pm
တောက်!..
တော်တော်ယုတ်မာ-ပတ်စက်-ကောက်ကျစ်-စဉ်းလဲ-လိမ်ညာ-လှည့်ဖျား-ဖျားယောင်း-သွေးဆောင်-မူယာမာယာများတဲ့ မောင်ပေ
ပန်းရောင်ရေ
ညည်း တမလွန်ကနေ လက်ခုပ်ပြီး ပြုံးပြုံးကြီး ကြည့်နေနိုင်အောင် ကို ကလဲ့စားချေပေးပါ့မယ်..
ထိပ်ပြောင်ဂျီး..(အူးသိန်းစိန်မဟုတ်) မောင်ပေ
ခင်ဗျား..ဘောပွဲဝအောင်လောင်း..အဲလေ..ထမင်းဝအောင် စားထားစမ်းဘာ
ပန်းရောင်လေးအတွက် ကောင်းကောင်းကြီး လက်စားချေပြမယ်
လာထား.ဝှစ်.ဝှစ်. ဝှစ်.စ်….ဘုတ်..(ဪ..အရေးထဲ ခလုတ်တိုက်နေသေးတယ်)
စိန်ပေါက်ပေါက်
February 19, 2012 at 7:21 pm
တစ်ကယ်တော့
အဲလောက်ထိ လုပ်စရာမလိုပါဘူးဗျာ..
ဒီကစ္စဟာ အသက်နဲ ့ လဲစရာမလိုပါဘူး..
windtalker
February 19, 2012 at 7:47 pm
ဟုတ်ပ အတူး နဲ ့ဘဲ လဲလိုက်လဲ ရနေတဲ့ ကိတ်စနကိုး ။ နော
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 19, 2012 at 8:05 pm
ဟုတ်တယ်ဗျာ ဘာလို ့အဲလိုကြီး အဆုံးစီရင် သွားရတာလဲမသိပါဘူး။တော်တော်လေး စိတ်ထဲမှာ
မကောင်းဖြစ်ရပါတယ်ဗျာ။သူငယ်ချင်းတွေမို ့ဘယ်လောက်ထိအောင် ခံစားရမလဲဆိုတာ ကိုယ်
ချင်းစာမိပါတယ်။
unclegyi1974
February 19, 2012 at 10:05 pm
ဒါကြောင့်မို့လို့ဘုရားရှင်ကဟောတော်မူတာကိုယ့်ကိုကိုယ်သာကိုးကွယ်ရာတဲ့
ကိုယ့်ဘဝကိုယ်တည်ဆောက်ရမှာပါ
သူများကိုအပြစ်ပြောနေတာကိုယ်အသုံးမကျတာကိုကာကွယ်နေတာပါ
သူ့ချစ်သူမယားကြီးရှိတာမချစ်ခင်သေချာစုံစမ်းလို့ရတာပဲ
နောက်ဆုံးသူ့ချစ်သူမယားကြီးရှိလည်းဘာဖြစ်လည်းမကျေနပ်တစ်ကပြန်စပေါ့
ကို်ယ့်မှာလည်းအခြေအနေနဲ့ပဲ
ကိုပေါက်(မန္တလေး)
February 19, 2012 at 11:04 pm
အချစ်လား အရှက်လား ဂုဏ်သိက္ခာလား
လူစိတ်ဆိုတာအစွန်းရောက်သွားရင် အမှန်တရားနဲ့ဝေးသွားတတ်ပါတယ်။
သတ်သေတယ်ဆိုတာကလဲ အစွန်းရောက်ချင်းတစ်မျုိုးပါဘဲ။
padonmar
February 20, 2012 at 1:31 am
အရိပ်ဝတ္ထုထဲက စုလှိုင်လို problem child လေးပဲပေါ့။
K@oru
February 20, 2012 at 7:55 am
အင်း ….
ညီလေးဇီး သယ်ရင်း ပေါင်းရန် လေးလည်း ခုလောက်ဆို
ဂျာပန်ငါးရာ နဲ့ ဇိမ်ကျနေလောက်ပါဘီကွယ်…
နှမျော အဲလေ … သနားထှာ ….
အရဂါးစတာပါ … စိတ်မထိခယက်တွားနဲ့ဦး ….
ဂီလည်း …ဂီရဲ့ …အသည်းကွဲခွစ်စမတ် ထဲက
ဘော်ဘော်တယာက် စူစိုက်သွားလို့ ….ခုချိန်ထိ..
ခံဇားရတုန်းမို့ ….. ကိုယ်ဂျင်းစာဘာအိ…
ခင်တဲ့
နွယ်ပင်
February 20, 2012 at 9:25 am
ချစ်တာကတော့ ချစ်တာပေါ့ အခုလို ကိုယ့်အသက်ကို
ပေးရလောက်အောင်တော့ အချစ်မကြီးသင့်ဘူး ….
ဘဝမှာ အချစ်ထက်အရေးကြီးတာတွေ အများကြီးရှိတယ်ဆိုတာ
ပန်းရောင် တစ်ယောက်မသိလိုက်ဘူးပဲ ………….
မိုးစက် သူငယ်ချင်းလေး အတွက် စိတ်မကောင်းပါဘူး ……….
kokothandar
February 20, 2012 at 11:49 am
အချစ်ကြောင့် သတ်သေတာဟာမိုက်မဲမှု တစ်ခုပါဘဲ နေမကောင်းဖြစ်ရင်တောင် စိတ်ပျက်နေရတာ
သေမယ်လို့ဆုံးဖြတ်ရဲတာလဲ အံဖွယ့်ပါဘဲဗျာ သနားစရာတော့မဟုတ်ပါဘူး ကိုယ့်အကြောင်းဘဲကိုယ်တွေးနေ
တတ်သူတွေကိုး
kyeemite
February 20, 2012 at 1:32 pm
ပန်းရောင်လေးအတွက်စိတ်မကောင်းပါ…ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုတာ..စိတ်ဖေါက်သွားတာဘဲ
လူအကောင်းအတိုင်းကတော့ သတ်သေဖြစ်ဘို့တော်တော်ခက်မှာပါ…
(အံဇာမ..အစုတ်ပလုပ်မ..အရေးထဲလာပီးညစ်ပတ်နေသေးတယ်…မျိုးမစစ်မ…တွေ့မယ်..)
ဆောဒီးနော် မိုးဂျက်ဂလေး…