ပဒုမ္မာဆေးခဲ့သော အိမ်သာများ(၃)
နောက်ထပ် မှတ်မှတ်ရရ ဆေးဖြစ်ခဲ့တဲ့ အိမ်သာလေးကတော့
လက်ခုပ်ကုန်းဘုန်းကြီးကျောင်းက အိမ်သာဖြစ်ပါတယ်။
ရောက်ခဲ့တဲ့ အချိန်ကတော့ ကျွန်မ ဆေးကျောင်းနောက်ဆုံးနှစ် အပိုင်း(ခ)မှာ
ခြေလျင်တောင်တက် အသင်းနဲ့ ခရီးထွက်စဉ်ကပါ။
ရန်ကုန်တစ်ဖက်ကမ်း ဒလကနေ ကွမ်းခြံကုန်းမြို့ အရောက်
ခရီးရှည် လမ်းလျှောက်ပြီး ကွမ်းခြံကုန်းအထက်တန်းကျောင်းမှာ ညအိပ်ကြပါတယ်။
မနက်ကျတော့ ကွမ်းခြံကုန်းကနေမှ မော်တော်စီးပြီး
လက်ခုပ်ကုန်းကိုသွားကြပါတယ်။လက်ခုပ်ကုန်းရောက်တော့
ဘုန်းကြီးကျောင်းမှာတစ်ညနား၊ ည မီးပုံပွဲလုပ်ပြီး နောက်တစ်နေ့ နေ့လည်ပြန်ကြပါတယ်။
အတန်းကြီးငယ်အားလုံး လူ၂၀ဝ လောက်မှာ မိန်းကလေး ၁၀ဝ ကျော်ပါပါတယ်။
အဲဒီ ၁၀ဝ ကျော်အတွက် အိမ်သာ ၂ လုံးရှိပါတယ်
။ရေကို အင်တုံလေးနဲ့ ထည့်ပြီး သုံးရတဲ့ ရေလောင်းအိမ်သာမျိုးပါ။
ကျွန်မတော့ အဲဒီအိမ်သာဝင်ကြည့်ပြီး ဝမ်းချုပ်သွားပါတယ်။
ပြဿနာက ပြန်ခါနီး တည်းခဲ့တဲ့နေရာကို သန့်ရှင်းရေးပြန်လုပ်ပေးရတော့
အဲဒီအိမ်သာလေးတွေဟာ ရေလုံလောက်အောင် မသုံးထားရတဲ့ အတွက်
အညစ်အကြေးတွေ ပြည့်လျှံနေပါတယ်။
ကဲ အဲဒီတော့ လာကြတဲ့ထဲမှာ အတန်းအကြီးဆုံးတွေပီပီ
ကျွန်မတို့ သူငယ်ချင်း သုံးလေးယောက် volunteer လုပ်၊ထမီတိုတိုဝတ်
ရေဆွဲတဲ့သူကဆွဲ၊ရေလောင်းတဲ့သူကလောင်း၊
ဒုတ်နဲ့ တစ်ယောက်က အိမ်သာဆေးပြီး သန့်ရှင်းရေးလုပ်လိုက်ကြပါတယ်
။ပြီးသွားမှပဲ စိတ်လုံလုံနဲ့ ပြန်ခဲ့နိုင်ကြပါတယ်။
ကျွန်မတို့ အော်တိုစာအုပ်ထဲမှာတော့ ဒို့တူတူဆေးခဲ့ကြတဲ့
့လက်ခုပ်ကုန်းက အိမ်သာလေးကို မမေ့ကြေးလို့
တစ်ယောက်နဲ့ တစ်ယောက်ရေးပေးခဲ့ကြပါတော့တယ်။
အသက် ၃ဝ ကျော်လာတော့ အိမ်သာဆေးရမှာ သိပ်မတွန့်တော့ပါဘူး။
ဘာလို့လဲဆိုတော့ မဂ္ဂဇင်းတစ်စောင်မှာ
မို့မို့မြင့်အောင်က သူအသားအရေ ့လှရတာဟာ
အိမ်သာတွေတွေ့တိုင်း စိတ်ပါလက်ပါဆေးပေးတာကြောင့် ဖြစ်ပါမယ်လို့ ဖြေထားတာဖတ်လိုက်ရပါတယ်။
ကျွန်မတို့ခေတ်ကတော့ မို့မို့ဟာ တကယ့်ကို အသားလှတဲ့ မင်းသမီးပါ၊
သူ့ကားတွေမှာတစ်ခါမှ ပါးပေါ် ဝက်ခြံလေးထွက်တာတောင်မှ မတွေ့ခဲ့ရဖူးတဲ့ အလှပိုင်ရှင်ပါ။
ကံ-ကံ၏အကျိုးဆိုတာတွေ ဖတ်မိလာတော့ ဒီအကြောင်းလေးဟာလည်း ဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်။
ပဒုမ္မာ ဒီဘဝ အရုပ်ဆိုးသမျှ နောင်ဘဝကျရင် ပိုလှအောင်ဆိုပြီး
အိမ်သာကို ကြည်ကြည်ဖြူဖြူဆေးမိလာပါတယ်။
20 comments
padonmar
February 24, 2012 at 8:57 pm
မနက်ဖန် ကွန်နက်ရှင်ကောင်းရင် အဆုံးသတ်တော့မယ်။
ရွာထဲလည်း နံလှရော့မယ်။
Khin Latt
February 24, 2012 at 9:09 pm
အစ်မပဒုမ္မာကြည့်ရတာ – ရုပ်လှချင်လို့ အိမ်သာဆေးတာ မဟုတ်ပါဘူး။
ပင်ကိုယ်စိတ်လှလို့ သာ ဒီလို လုပ်တာပါ။
အစ်မ ဓာတ်ကူးပြီး နောက်တစ်ခါ ဘုန်းကြီးကျောင်းရောက်ရင် အိမ်သာဆေးဖို့ စဉ်းစားထားတယ်။
ပြောသာပြောရတယ်။
ကျွန်မတို့ သွားလေ့ရှိတဲ့ ဘုန်းကြီးကျောင်း က မြန်မာတွေ တင်မဟုတ် ထိုင်းလူမျိုး တွေပါလာတယ်။
သူတို့ က ရောက်ပြီဆိုတစ်ခြား မလုပ်ဘူး။ သန့်ရှင်းရေးတွေ စလုပ်တော့တာဘဲ။
နောက်ပြီး ဘုရားဆွမ်းတော် ကျ တွေကို လဲ တော်တော်လေး နှစ်နှစ်ခြိုက်ခြိုက် စားကြတယ်။
လေးကြိမ်မြောက် အိမ်သာတိုက် ပွဲ ကို စောင့်နေပါတယ်။ 🙂
ဦးဦးပါလေရာ
February 24, 2012 at 11:50 pm
အိမ်သာရှိရင်တောင်မှ အိမ်သာမလုံလောက်တာဟာလဲ တော်တော်ဆိုးပါတယ်။
တကယ်ဖြစ်သင့်တာက ညအိပ်ဦးရေ ၅ ယောက်မှာ အိမ်သာတခန်းနှုံး သို့မဟုတ် နေ့ပိုင်း ၄ နာရီမှ ဂ နာရီကြား နေထိုင်သူဦးရေ (ကျောင်း၊ ရုံး၊ ဘုန်းကြီးကျောင်း) ဆယ်ယောက်မှာ အိမ်သာတခန်းနှုံး သို့မဟုတ် ယာယီအသုံးပြုနိုင်သူဦးရေ (၂ နာရီအောက်) အယောက်၂ဝ မှာ တခန်းနှုံး တွက်ပြီး အိမ်သာထားရှိသင့်ပါတယ်။
အဲဒီအချိုးအစာကို စစ်ကြိုခေတ် စစ်ပြီးခေတ်လောက်မှာဆောက်တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းဆောင်တွေမှာတွေ့နိုင်ပါတယ်။ ဆိုလိုတာက အစိုးရ စတဲ့ တာဝန်ရှိသူတွေဟာ လုံးလုံးမသိတာတော့မဟုတ်ဘူးဆိုတာပါပဲ။
ဒါပေမယ့် မဆလခေတ်၊ အထူးသဖြင့် နဝတ နအဖခေတ် ဆောက်တဲ့ အများဆိုင်ရာ ဈေး၊ရုံး၊ကျောင်း အဆောက်အအုံတွေမှာ ရူးချင်ယောင်ဆောင်ပြီး အိမ်သာနဲနဲပဲထည့်ဆောက်တယ်။ ပြီးတော့ သီးသန့်လူတွေ သီးသန့်သုံးဖို့ သော့ခတ်ထားလိုက်သေး….။
အဲသလို အမျှော်အမြင်နည်းပါးတဲ့ စီမံမှု့ကြောင့် နှစ်ပေါင်းများစွာသာကြာလာတယ် မြန်မာနိုင်ငံသားအများစုဟာ-
အိမ်သာကို စည်းကမ်းတကျ သန့်သန့်ရှင်းရှင်းသုံးဖို့ အကျင့်မရကြသေးဘူး။
ကိုယ့်ကိစ္စကိုယ်ရှင်းပြီး လွယ်လင့်တကူ ပစ်ထားခဲ့တဲ့အကျင့်တွေ အရိုးစွဲနေပါတယ်။
ကျုပ်အသိ ရုံးဝန်ထမ်းအရာရှိငယ်တယောက်ဆို စိတ်ဓါတ်လဲကောင်းတယ်၊ စာရိတ္တလဲကောင်းတယ်၊ လူလဲတော်တယ်။ အရုပ်ဆိုးတာတခုက အိမ်သာသွားပြီးရင် ရေလောင်းချင်မှလောင်းခဲ့တယ်။ သတိမထားပဲ ထွက်ချင်ထွက်သွားတယ်။ ဒါက လုပ်သက်နှစ်ဆယ်လောက် သူ့ရုံးက ကျင့်ပေးလိုက်တာ။
padonmar
February 25, 2012 at 1:47 am
မလတ်ရေ
ရွှေတိဂုံဘုရားမှာတော့ ကုဋီအိမ်သာ သန့်ရှင်းရေး အသင်းရှိတယ်တဲ့။
တနင်္ဂနွေနေ့(အခြားနေ့လည်းရှိချင်ရှိမယ်) ဆိုရင် ရင်ပြင်မှာရှိသမျှ ကုဋီအိမ်သာတွေ လိုက်ဆေးပေးကြပါတယ်တဲ့။
အဲဒီမှာ တစ်ချို့ သင်္ဘောတက်ဖို့ အဆင်မပြေဖြစ်နေတဲ့ သင်္ဘောသားတွေ လာလုပ်အားပေးကြရင်း မကြာခင် အဆင်ပြေသွားကြတယ်လို့ အသင်းသားတစ်ယောက်က ပြောပါတယ်။
ဖြစ်နိုင်ချေကတော့ အကြောင်းကောင်းလို့ အကျိုးကောင်းသွားတာနေမှာပေါ့။
padonmar
February 25, 2012 at 2:00 am
ဦးပါ
စင်္ကရုံတွေမှာတော့ လူ ၂၅ယောက်ကို အိမ်သာ ၁လုံးပေးရမယ့် စည်းကမ်းရှိပါတယ်။
မလိုက်နာကြတာပါ။
စံချိန်စံညွှန်းတွေ လျှော့ပြီး လုပ်လာကြတာကြောင့်လည်း နောက်ခင်းတဲ့လမ်းတွေ ပြည်လမ်းကို မှီတာ တစ်လမ်းမှ မရှိသေးဘူး။
kai
February 25, 2012 at 4:51 am
ဂျပန်မှာ အလုပ်လုပ်တုန်းမှတ်မှတ်ရရ ဖြစ်တာတခုက..
ရှာချော( ကုမ္ပဏီပိုင်ရှင်) က.. (သန့်ရှင်းရေးဝန်ထမ်းရှိရင်လည်း).. သူအိမ်သာဝင်ရင်.. ဆေးပြီးကြောပြီး ..ပြန်ထွက်လာတတ်တာပဲ..
သာမန်သန့်နေရင်တောင်.. ဟိုဟာ..ဒီဟာလေး လုပ်.. တို့ထိသွားတာပါ..
မြန်မာအမည်နဲ့ကြည့်ရင်.. အိမ်သာတဲ့..
အိမ်တိုင်းက ဂရုစိုက်ဖို့သင့်တယ်..။
အလုပ်တိုင်းက.. သတိထားကိုင်တွယ်ဖို့သင့်တာပေါ့…
=
ဆိုတော့.. ဆရာမဒုမ္မာရေ..
စကားအတင်းစပ်ပြောရရင်..
အမေရိကန်စင်တာကို သတင်းစာပို့ပေးပါမယ်နော..။
အဲဒါလေးနဲ့.. ဦဖက်တယောက်များ အဆက်အသွယ်ရရင် ပြောပေးပါဦး..
အီးမေးလ်လေးစစ်ပါဦးလို့…။ 🙂
MaMa
February 25, 2012 at 7:25 am
အိမ်သာဆေးလို့ အသားလှတယ်ဆိုတာကို ….
ငယ်ငယ်တုန်းက အမရဲ့သူငယ်ချင်းတစ်ယောက်နဲ့ ပတ်သက်ပြီး ကြားဖူးခဲ့တယ်။
အဲဒီအမရဲ့ မိဘတွေက အလွန်ချမ်းသာတဲ့အပြင်
သူကိုယ်တိုင်ကလည်း အသားအရေဖြူဖွေးချောမွတ်ပြီး ကျော့ကျော့လေးနဲ့ မိန်းကလေးချင်းတောင် ငေးယူရအောင် လှတယ်။
ကျမတို့ တောမြို့လေးကို လာလည်ကြတော့
မြို့ကလာလည်တဲ့ ဧည့်သည်တွေက
တောမှာ လည်ပတ်ရတာကိုလည်း သဘောကျ၊
သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကိုလည်း သဘောတွေ့နေကြတာပေ့ါ။
ဒါပေမယ့် တောအိမ်သာကိုတော့ လူတိုင်းနှာခေါင်းရှုံ့ကြတဲ့ မြို့ကြီးသူ/သားတွေ ချည်းပါပဲ။
မှတ်မှတ်ရရ နေ့လည်ပိုင်းမှာ အိမ်နောက်ဖေးဘက်သွားတော့
အိမ်သာတံခါးဖွင့်ထားပြီး အိမ်သာထဲက အသံကြားလို့ ဝင်ကြည့်လိုက်တော့..
လား လား…. အဲဒီအမက အိမ်သာကို အင်တိုက်အားတိုက် တိုက်ချွတ်ဆေးကြောနေတာတွေ့တော့ အံ့ဩသွားမိတယ်။
တောက လူကြီးတွေက တွေ့တော့ အဲဒါကြောင့် ဘဝအကျိုးပေးကောင်းတာနေမယ်လို့ မှတ်ချက်ပေးကြတယ်။
water-melon
February 25, 2012 at 8:15 am
ဦးကြာရေ
ကောင်းတာလုပ်ရင် ကောင်းတာရမှာပေါ့နော်
အနော်ကတော့ အမေနဲ့စိတ်ဆိုးရင် အိမ်သာဆေးတယ် 😀
ရွာထဲကတော့ မနံပါဘူး
သူဂျီးက အမွေးခဲဝယ်ထားတယ်လေ
htoosan
February 25, 2012 at 10:04 am
ရွာထဲက အိမ်သာတွေ ပြောင်သွားအောင် ဖရဲကို စိတ်ဆိုးအောင် ဝိုင်းလုပ်ကြစို့…. စိန်ပေါက် ဗြဲလရမ်းပန်းထားတွေလည်း ရှိမှာမို့လို့….
😀
စိန်ပေါက်ပေါက်
February 25, 2012 at 10:38 am
ဗျဲလရမ်း စိန်ပါပါမူး လဲ အိမ်သာဆေးတာ ဝါသနာပါတယ်ဂျ
ကိုကြာ့ အိမ်သာဆေးတာဖတ်မိပြီး ရချိုးတိုင်း အိမ်သာဆေးတယ်..
အရင်ကလဲ ဘဘုန်းကြီးကျောင်းမှာ တံမြတ်စည်းလဲ၊အိမ်သာဆေး အားလုံး သန် ့ပြန် ့သွားတဲ့အခါ အဲတာကိုကြည့်ပြီး
စိတ်ထဲ ကြည်ပြီး ရှင်းသွားတာပဲ..တာဝန်အရမဟုတ်ပဲ ကိုယ့်အသိစိတ်နဲ ့လုပ်တာကြောင့်ပဲလား မပြောတတ်..
အိမ်သာဆေး၊တံမြတ်စည်းလှဲရင် ရုပ်ချော၊အသားဖြူ တယ်ဆိုတာလဲ ကြားဖူးတယ် အဲတာကြောင့် လုပ်နေတဲ့အချိန်
ငါတော့ နောင်ဘဝ ချောချောဖြောင့်ဖြောင့်လေးဖြစ်မှာပဲ ဆိုပြီး အားတင်းပြီး လုပ်တာကလား..
အဲလိုမှ မတင်းထားရင် ဝေါ့.ဝေါ့. ပဲ
😀
နွယ်ပင်
February 25, 2012 at 11:12 am
အန်တီပဒုမ္မာရေ …..
အရင်က နွယ်ပင်က ကိုယ့်အိမ်က အိမ်သာကိုသာ တိုက်ချွတ်ဆေးကြောခဲ့တာပါ
အိမ်သာဆိုရင် ညစ်ပတ်နေရင် နံနေရင် မကြိုက်တဲ့အတွက် အိမ်သာအတွက် အမွှေးခဲနဲ့
ဆေးကြောမှုန့်ကို အမြဲတမ်း ဝယ်ပေးဖြစ်တယ် .. ကိုယ့်အိမ်က အိမ်သာလေး သန့်နေမှ
ကျေနပ်တက်တဲ့သူပေါ့ တစ်ခြားမှာ အပြင်တွေဘာတွေသွားလို့ အိမ်သာမသန့်ရင် အဲဒီအိမ်သာကို
ဆေးဖို့မပြောနဲ့ ဝင်တောင်မဝင်ဖြစ်ဘူးလို့ပြောရင် ပိုမှန်မလားပဲ ဒါပင်မယ့် အခုတော့ အန်တီပေးတဲ့
အသိလေးကြောင့် နောက်ဆို ဒီလိုလုပ်ဖြစ်တော့မယ် မထင်ဘူး ကျေးဇူးပါပဲ အန်တီပဒုမ္မာ ………..
ဆူး
February 25, 2012 at 11:47 am
အိမ်သာမှာ ရေ မလုံလောက်တာထက်.. ပိုဆိုးတာ အစားစုံ တဲ့ လူတွေ နဲ့ တွေ့ရင် ပိုဆိုးလေရော..
ဒညင်းသီး အဆိုးဆုံးပဲ.. ဒါကြောင့် အိမ်မှာ ဒညင်းသီး မစားရာကနေ သိပ်မစားတတ်ဖြစ်သွားတာ..
တခြား အနံပြင်းတာတွေ အားကြီး ရှိပါသေးတယ်။
Harumoto
February 25, 2012 at 1:03 pm
ဆူး ပုတ် လဲ အနံ့ ပြင်းပါတယ်။
ဆူး
February 25, 2012 at 3:30 pm
အဲဒါ မပြောချင်လို့ တခြားဟာ ဆိုတဲ့ နာမ်စား သုံးသွားတာ.. 😀
pooch
February 25, 2012 at 2:46 pm
ရိပ်သာဝင်စဉ်အခါတုန်းက ဘုန်းကြီးကျောင်းမှာ ကိုယ်ပြန်ရမဲ့နေ့ရောက်ရင် နေတဲ့နေရာ ရေချိုးခန်း အိမ်သာက စလို့ တရားထိုင်တဲ့ နေရာ အဆောက်အဦးတွေ အားလုံးကို သန့်ရှင်းရေးလုပ်ပြီး ကောဇောက စပြီး ခေါက်သိမ်းပေးခဲ့တဲ့ အကျင့်လေးတွေရှိပါတယ်။ အဲ့ဒီက ရေပေါတော့ အိမ်သာက ရိုးရိုးသာမန်ဆေးသလိုပဲ ဆေးခဲ့ဖူးပါတယ်။ အညစ်အကြေးတွေ ပြည့်နေတာမျိုးတော့ မဆေးခဲ့ရပါဘူး။
လူငယ်တွေအားလုံး ပေါင်းပြီး လုပ်ကြတာပါ။ ဘယ်သူကမှ ခိုင်းလို့မဟုတ်ပါဘူး။ လူကြီးတွေက ရှေ့က လုပ်ပြတော့ နောက်ကလူငယ်တွေက ကိုယ့်အသိနဲ့ကိုယ်လိုက်လုပ်ကြတာပါ။ ကိုယ်နေခဲ့တဲ့ နေရာ အမှိုက်တစမရှိစေရပါဘူး။အဲ့ဒီလို ကုသိုလ်ယူတတ်တဲ့ အကျင့် လူအများနဲ့ လိုက်လျောညီထွေ ရှိစွာနေတတ်ထိုင်တတ်တဲ့ အကျင့်လေးက အဲ့ဒီကနေ ရခဲ့တာပါ။
ဒါနဲ့ ဒေါ်ဒေါ်ရေ စကားစပ်လို့ပြောရရင် ဓူတင်ဆောင်ရတဲ့ အကျင့်ဆိုတာကိုလည်း အဲ့ဒီရောက်မှ နဖူးတွေ့ဒူးတွေ့သိတာပါ။ ကျစွာဆရာတော်က နောက်ဆုံးရက်ဆိုရင် စခန်းသိမ်းအနေနဲ့ ယောဂီများကို ဓူတင်ဆောင်ခိုင်းလေ့ ရှိပါတယ်။ တညလုံး မအိပ်စက် မလဲလျောင်းပဲ မမှီပဲ တရားမှတ်ရတာပါ။ ပထမဆုံးစစ ချင်း ကြုံတဲ့နှစ်က ဆို ဘာပြောကောင်းမလဲ ဒေါ်ဒေါ်ရယ် ။ ငိုက်လိုက်တာမှ နည်းမျိုးစုံနဲ့ကို ငိုက်ပြီး ငိုက်နည်း အမျိုးမျိုးလည်း တတ်ခဲ့ပါတယ်။ တရားထိုင်တဲ့ အချိန်မှာလည်း ငိုက်လိုက်တာမှ။ 😀
ခုတော့လည်း အကျင့်ရသွားပါပြီ။ အကျင့်ပဲ ရသေးတာပါဒေါ်ဒေါ်ရယ် ။ အကုသိုလ်က ကြီးလွန်းတော့ ဘာတရားမှ မရသေးပါဘူး။
ba gyi
February 25, 2012 at 5:54 pm
လေးစားရပါတယ်ဗျား။
အများသုံးအိမ်သာကိုသန့်ရှင်အောင်ဆေးတယ်ဆိုတာ၊ တော်ရုံပါရမီရင့်သန်မှုမဟုတ်ပါဗျား။
စိတ်ဓါတ်ရေးရာတော်တော်လှသည့်လုပ်ရပ်ဖြစ်ပါသည်ဗျား။
လူတွေကိုကိုယ့်လို၊သဘောထား၊အညစ်ကြေးကင်းကင်း၊အနံ့အသက်ကင်းကင်းနဲ့စိတ်ချမ်းသာစေလိုတဲ့စေတနာဖြစ်လို့ပါပဲ။
လူတိုင်း ကိုယ့်ကိစ္စသွားပြီးတဲ့အခါ၊ သန့်ရှင်းအောင်၊လုပ်ခဲ့သင့်ပါသဗျား။ ဒါကိုလူတိုင်းမလုပ်နိုင်ကြဘူးလေ၊ ခုလိုကိုယ့်ဟာမဟုတ်၊သူတစ်ကာသွားတဲ့ဟာကိုလုပ်ပေးတယ်ဆိုတော့–။
သာဓုပါ။
koaung
February 25, 2012 at 6:16 pm
ဟုက်ကဲ့မို့မို့ပဒုံမာခင်ဗျား ကျနော်လဲအိမ်သာဆေးတဲ့ရာထူးရထားပါတယ်ခင်ညာ (အလုဎ်မှာ) ဒီစာဖတ်ပြီးစိတ်ပါလက်ပါဆေးပါ့မယ် 😀
blackchaw
February 25, 2012 at 7:28 pm
အစ်မရေ။
ခဏတဖြုတ်ရွာထဲ ရောက်တုန်း ဝင်အားပေးသွားပါတယ်။
သာဓု၊ သာဓု၊ သာဓု ပါခင်ဗျာ။
😀
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 25, 2012 at 7:32 pm
ဘာလို့လဲဆိုတော့ မဂ္ဂဇင်းတစ်စောင်မှာမို့မို့မြင့်အောင်က သူအသားအရေ ့လှရတာဟာ
အိမ်သာတွေတွေ့တိုင်း စိတ်ပါလက်ပါဆေးပေးတာကြောင့် ဖြစ်ပါမယ်လို့ ဖြေထားတာဖတ်
လိုက်ရပါတယ်။ကျွန်မတို့ခေတ်ကတော့ မို့မို့ဟာ တကယ့်ကို အသားလှတဲ့ မင်းသမီးပါ၊
သူ့ကားတွေမှာတစ်ခါမှ ပါးပေါ် ဝက်ခြံလေးထွက်တာတောင်မှ မတွေ့ခဲ့ရဖူးတဲ့ အလှပိုင်ရှင်ပါ။
ကံ-ကံ၏အကျိုးဆိုတာတွေ ဖတ်မိလာတော့ ဒီအကြောင်းလေးဟာလည်း ဖြစ်နိုင်တယ်လို့
ယုံကြည်ပါတယ်။ပဒုမ္မာ ဒီဘဝ အရုပ်ဆိုးသမျှ နောင်ဘဝကျရင် ပိုလှအောင်ဆိုပြီး
အိမ်သာကို ကြည်ကြည်ဖြူဖြူဆေးမိလာပါတယ်။
__________________________________________
မမပဒုမ္မာရေ တကယ်ကိုအားကျစရာစိတ်ထားလေးတွေ ့ရပါတယ်။ကျနော်ကအိမ်မှာ မေမေ့ကို
ကူပြီး နှစ်ခါသုံးခါလောက်ဘဲ ဆေးပေူဖူးတယ်လေ။အဆောင်ကျောင်းသားဘဝ မှာလဲ နှစ်ကြိမ်
လောက်ဘဲလို ့ထင်ရပါတယ်။ဒါပေမယ့် ပုံမှန်ကို အကျင့်မစွဲပါဘူး။မမပဒုမ္မာတို ့ကို ့အားကျမိတယ်။
padonmar
February 25, 2012 at 9:17 pm
သူကြီးရေ
ဦးဖက်နဲ့ ဖုန်းကွန်တက် ရှိတဲ့သူကို လက်တို့လိုက်တယ်။
မမ လည်း ယုံတယ်ပေါ့၊ဒီတခါ တူတူဆေးကြမယ်။
ဖရဲ
အဲဒီလို ဆေးပေးရင် အမေ့ကို စိတ်ဆိုးပြေလား၊အမေကတော့ ဆက်ပြီး စိတ်ဆိုးမနေနိုင်တော့ဘူးပေါ့နော်။
နည်းကောင်းလေးပါပဲ။
စိန်ပေါက်ပေါက်ရေ
သာဓုပါတော်။
နွယ်ပင်လေးရေ
နောင်ဆိုရင် တစ်ယောက်သောသူပါ အဖော်ခေါ်ဆေးလေ။
Pooch
{ကုသိုလ်ယူတတ်တဲ့ အကျင့် လူအများနဲ့ လိုက်လျောညီထွေ ရှိစွာနေတတ်ထိုင်တတ်တဲ့ အကျင့်လေးက အဲ့ဒီကနေ ရခဲ့တာပါ။}
အဲဒီ အကြောင်းလေးကို (၄)မှာ နည်းနည်း တို့ထိထားပါတယ်။
နိဿဇ္ဖိဓုတင် က ဝီရိယပါရမီ အတွက် အလွန်ကောင်းပါတယ်။
တစ်ခါ အောင်မြင်သွားရင် နောင်ထပ်ပြီးဆောက်တည်ဖို့ မခဲယဉ်းတော့ဘူးပေါ့။
ရန်ကုန်မှာတော့ နှစ်စဉ် သီတင်းကျွတ်လပြည့်ညတိုင်း ရွှေမင်းဝံရိပ်သာမှာ ရွှေမင်းဝံဆရာတော်ကြီးရဲ့ မွေးနေ့ပူဇော်ပွဲ အဖြစ် ညလုံးပေါက် တရားအားထုတ်ပွဲ လုပ်လေ့ရှိပါတယ်။၁နာရီထိုင် ၁နာရီစင်္ကြန်လျှောက်ပေါ့။
ဓမ္မာရုံ အပေါ်ထပ်အောက်ထပ် အပြည့် လူပေါင်း ၅၀ဝ ကျော်မယ်ထင်ပါရဲ့၊အများနဲ့ ဆိုတော့ တစ်ညတာဟာ လွယ်လွယ်လေး ကျော်လွန်သွားတတ်ပါတယ်။မနက်၄ နာရီ နောက်ဆုံးတရားထိုင်ချိန်
ဆိုရင် တစ်ညတာဓုတင်ဆောင်နိုင်ပြီဆိုတဲ့ ပီတိဟာ တော်တော် ပျော်ဖို့ကောင်းပါတယ်။
ဒေါ်ဒေါ်လည်း မမခေါ်လို့ ၂ကြိမ်ပဲ သွားဖူးပါသေးတယ်။
ဒီလိုပဲ တစ်စက်တစ်စက်ကျတဲ့ရေလို စုရတာပေ့ါသမီးရယ်။တစ်ချိန်ကျရင်တော့ ဒီရေအိုးထဲ ရေပြည့်သွားမှာပေါ့။
သမီးက ဒီအရွယ်လေးနဲ့ ဓုတင်ဆောက်တည်ဖူးပြီဆိုတော့ ဒေါ်ဒေါ့်ထက်သာပါတယ်။ဒေါ်ဒေါ်တို့ သမီးအရွယ်မှာ ဒီလို အသိတွေမရခဲ့ပါဘူး။သာဓုခေါ်ပါတယ်ကွယ်။