Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Laptop ဘက်ထရီ ကုန်မကုန် ကြိုတင်သိချင်တဲ့သူများအတွက်

manawphyulayFebruary 20, 20121min48810

Laptop သုံးသူများအတွက် ဘက်ခရီစွမ်းအင် ဘယ်လောက်ရှိနေသေးတယ်။ ကုန်ခါနီးပြီ စတာတွေကို အလွယ်သိနိုင်တဲ့ ဆော့ဖ်ဝဲတွေ ရှိပါတယ်။ တ်စခါတလေ ဘက်ထရီ အားမသွင်းပဲ သုံးနေရင်းနဲ့ အရေးကြီး စာဖိုင်များ မသိမ်းခင် Laptop ပိတ်သွားတတ်ပါတယ်။ အဲဒီလို မဖြစ်အောင် ကြိုတင်သိနိုင်မယ့် နည်းတွေ ရှိပါတယ်။ ဘာတွေလဲဆိုတော့
Power Meter Plus ဆိုတာပဲ ဖြစ်ပါတယ်။
Matt Collinge, Copyright 2003 (www.mattcollinge.co.uk) မှ ထုတ်လုပ်တဲ့ Power Meter Plus v.1.6.1 ဆော့ဖ်ဝဲဟာ screen မှာ ဆလင်းဒါလိုပုံနဲ့ ဘက်ထရီအား ဘယ်လောက်ရှိနေသေးတယ်ဆိုတာ ပြပေးပါတယ်။ Toolbar(ညာဘက်အစွန်)က icon ကို မောက်စ်နဲ့ ထောက်ကြည့်ရင်လည်း Laptop ကို ဘက်ထရီပါဝါနဲ့ ဘယ်နှနာဂီ သုံးနိုင်သေးတယ်၊ ပါဝါရာခိုင်နှုန်း ဘယ်လောက်ဆိုတာ ပြပါတယ်။ နောက် ဘက်ထရီပါဝါ ၈ ရာခိုင်နှုန်းဆိုရင် သတိပေးစာပေါ်လာပြီး ရ ရာခိုင်နှုန်း လက်ကျန်မှာတော့ ကွန်ပျူတာကို Hibernate နဲ့ ပတ်လိုက်ပါလိမ့်မယ်။ ဖိုင်အရွယ်အစား 135KB ရှိပြီး အခမဲ့ download ချယူသုံးနိုင်ပါတယ်။
Battery Care ကတော့
ဘက်ထရီရဲ့ အခြေအနေနဲ့ လုပ်နိုင်စွမ်း (capacity) ကို ပြပေးပြီး အချိန် ဘယ်လောက်ကြာ သုံးနိုင်သေးတယ်ဆိုတာကို ပြပါတယ်။ ဘက်ထရီသာမက CPU နဲ့ hard disk drives တို့ရဲ့ အပူချိန်ကိုလည်း ပြပေးနိုင်ပါတယ်။
Battery Alarm ကိုတော့ Laptop က ဘက်ထရီကို အကာအကွယ်ပြုပေးဖို့ရာ ဒီဇိုင်းထုတ် ရေးသားထားပါတယ်။ ဘက်ထရီကို ကြာရှည်စွာ သုံးနိုင်အောင် အထောက်အကူပြုပေးခြင်းလည်း ဖြစ်ပါတယ်။ copyright 2009 pwqsoft(website: http://www.pwqsoft.com) မှ ထုတ်လုပ်ပါတယ်။
Laptop အသစ်တစ်လုံးဝယ်ပြီဆိုတာနဲ့ ဘက်ထရီသက်တမ်းကို စတင်စစ်ဆေးဖို့ရာ Imtec Battery Mark (Tester) ကို တင်ထားသင့်တယ်လို့ ထင်ပါတယ်။ Notebook, Laptop ထုတ်လုပ်သူတွေကတော့ သူတို့ရဲ့ ဘက်ထရီကို ဘယ်နှနာရီ သူုံးနိုင်တယ်။ ဘယ်လောက်သက်တမ်း (battery life) ရှိတယ်ဆိုတာ ပိုပိုကဲကဲ ကြေညာတတ်ကြပါတယ်။ ဒါကြောင့် Imtec Battery Mark ကို သုံးပြီး အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ Imtec Battery Marker ကို ရုရှားကုမ္ပဏီမှ ထုတ်လုပ်ပြီး အခမဲ့ download ချယူသုံးနိုင်ပါတယ်။ ဘက်ထရီကို စစ်ဆေးပေးတဲ့ Test Tool လို့လည်း ဆိုနိုင်ပါသေးတယ်။ ဘက်ထရီဗို့ကို ဂရပ်နဲ့ Excel မှာ ဒါမှမဟုတ် ပုံအနေနဲ့ ပြပေးပါတယ်။ အခြားအချက်အလက်များလည်း ရှိပါသေးတယ်။ Laptop Battery Tester software (http://download.cnet.com/Laptop-Battery-Tester/3000-20944-1046852.html#ixzz1ftgN93or) မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ကွန်ပျူတာပြင်ဆိုင်အများစုကတော့ Laptop battery capacity test ကိရိယာကို သုံးကြတာတွေ့ရပါတယ်။ USB port နဲ့ တပ်ဆင်သုံးနိုင်ပြီး ဆော့ဖ်ဝဲလည်း ပါဝင်တာကို တွေ့ရှိရပါတယ်။ လေ့လာသုံးကြည့်နိုင်ပါတယ်။

10 comments

  • water-melon

    February 20, 2012 at 1:55 pm

    တေးဇူးပါရှင့်
    လက်တော့တော့မဝယ်နိုင်သေးပါဘူး
    အိမ်ကသားသားစိန်ပေါက်ပေါက်ဆော့တဲ့ လက်တော့ကို စမ်းကြည့်လိုက်အုန်းမယ်
    ကျေးဇူးပါ မမရှင့်

  • K@oru

    February 20, 2012 at 2:00 pm

    Laptop ကို ဘက်ထရီပါဝါနဲ့ ဘယ်နှနာဂီ သုံးနိုင်သေးတယ်၊

    နောက်သလားကွယ် …..???

    ကျုပ်လက်ပကျွတ်ကတော့
    ဘက်ထွီ သေနေဘီ …
    သေတော့ မြေမြှုပ်လိုက်တာပေါ့ ..အဟီး…
    ပီး ပလပ်ထိုးပီး ဒက်စတွတ်လို သုံးနေတယ်…

    လက်ပကျွတ်သမားများ ကို လက်တို့ချင်တာကတော့
    ၁ပါတ် ၁ခါလောက်ဖြစ်ဖြစ် ဘက်ထွီ ကို အားကုန်သွားတဲ့အထိ
    ပလပ်ဖြုတ် သုံးသင့်ပါကြောင်း …သုံးနိုင်တဲ့ နာရီ (နာဂီမဟုတ်ပါ)
    ကိုလည်း မှတ်ထားသင့်ပါကြောင်း ….။

    တောက်လျောက် ပလပ်တပ်သုံးနေတဲ့ လက်ပကျွတ်တွေရဲ့
    ဘက်ထွီ ဟာ ဘက်ထွီ တွင်း လျှပ်စစ် သိုလှောင်နိုင်စွမ်း လျော့ကျလာတတ်ပါကြောင်း
    အားဖြည့်လိုက်ပါပါသည်ခည …

    • Harumoto

      February 20, 2012 at 2:46 pm

      ဘက်တရီ အားကုန်ပီးပိတ်တဲ့ အထိလားဟင်?

    • kai

      February 21, 2012 at 5:12 am

      လက်ပကျွတ်သမားများ ကို လက်တို့ချင်တာကတော့
      ၁ပါတ် ၁ခါလောက်ဖြစ်ဖြစ် ဘက်ထွီ ကို အားကုန်သွားတဲ့အထိ
      ပလပ်ဖြုတ် သုံးသင့်ပါကြောင်း …သုံးနိုင်တဲ့ နာရီ (နာဂီမဟုတ်ပါ)
      ကိုလည်း မှတ်ထားသင့်ပါကြောင်း ….။

      တောက်လျောက် ပလပ်တပ်သုံးနေတဲ့ လက်ပကျွတ်တွေရဲ့
      ဘက်ထွီ ဟာ ဘက်ထွီ တွင်း လျှပ်စစ် သိုလှောင်နိုင်စွမ်း လျော့ကျလာတတ်ပါကြောင်း
      အားဖြည့်လိုက်ပါပါသည်ခည …

      လက်ပကျွတ်မှမဟုတ်.. ဆဲလ်ဖုုန်းအပါအဝင်… ဘက်ထရီသုံးတဲ့..အီလက်ထရောနစ်ပစ္စည်းများအကုန်..လိုက်နာသင့်သည်ဖြစ်ပါကြောင်း……..

  • Khaing Khaing

    February 20, 2012 at 2:55 pm

    မှတ်ထားမယ်နော် မီးမီးချစ်ချစ်မှာလက်တော့ရှိတယ် သူပြန်လာမှ သူ့လက်တော့ကို ဒီနည်းအတိုင်း စမ်းသုံး ကြည့်မယ်…. ဘာပဲဖြစ်ဖြစ် နည်းပညာသစ်တွေတိုးတာပေ့ါ ပို့စ်တင်ပေးတဲ့ မနောဖြူလေးကို ကျေးကျေးပါ…

    • K@oru

      February 20, 2012 at 3:06 pm

      ချဉ်ဘာဒယ်အေ….
      (ရည်းစားရှိကြောင်း ကြွားလို့)

      😀

  • koaung

    February 20, 2012 at 2:58 pm

    ဟုက်ကဲ့ဆရာမ မှတ်သားသွားပါတယ်

  • Diamond Key

    February 20, 2012 at 3:13 pm

    အသုံးဝင်တဲ့ Knowledge လေးပါ … မနောရေ။ Thanks.

  • နတ်ဆိုးလေး

    February 20, 2012 at 5:12 pm

    ဟုတ်ကဲ့ အမြဲတမ်း ဘက်ထရီကို လျှပ်စစ်နဲ့ အားသွင်းထားရင် ကောင်းပါသလား။ နတ်ဆိိုးလေးရဲ့ တော့တော့ က အမြဲဖွင့်ထားရလို့ပါ။

  • snow white

    February 22, 2012 at 6:00 pm

    မီးမှာမှမရှိတာတနေ့တော့ရှိလာမှာပေါ့မှတ်ထားမယ်နော်မမမနော်

Leave a Reply