Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမှားကြာတော့ အမှန်ဖြစ်

mg mgFebruary 22, 20121min58014

ပထမဆုံးစတင်ခြင်းပါ၊ စတင်နိုင်ဖို့ရာအတွက် လမ်းပြပေးတဲ့ ကိုလေးထောင့်(အံစာတုံး)ကိုကျေးဇူးတင်ပါတယ်။(အမှားပါရင် နားလည်ပေးကြပါ)

အမှန်ပြောရလျင် ကျနော် ဂေဇက်ကို စတင်ဖတ်ဖြစ်တာကတော့ အောက်ခြေက ကွန်မန်းလေးတွေကြောင့်လဲ အများကြီးပါပါတယ်။(တခြားအကြောင်းအရာများ အရေးမကြီး/အသုံးမဝင်ဟု လုံးဝ မဆိုလိုပါ) စစချင်းတော့ဒီအတိုင်းပဲ ဝင်ကြည့်လိုက်မိတာပါပဲ၊ နောက်တော့ အောက်ခြေကကွန်မန်းလေးတွေဖတ်ရင်း ဘဝအမောလေးတွေ အတော်အတန်ပြေစေနိုင်လို့ပါ။ (မှတ်ချက်-ကျနော်က ဆရာကြီးဦးကြပ်ကလေးရဲ့ပရိသတ်ပါ)။

ကျနော်ရေးချင်တဲ့အကြောင်းအရာကို ကြားဖူးနားဝ ကဗျာလေးနဲ့ စတင်ပါမယ်။ အဲဒါကတော့—

“အမှားကြာတော့ အမှန်ဖြစ်၊ အမှန်အစစ် အမှားထင်၊ ဘုရားရှင်ပင်ချွတ်လို့မရ” ကျနော်တို့ ခင်ဗျားတို့ မြတ်စွာဘုရားနဲ့ မတွေ့(မဖူး)လိုက်ကြရ

ပါဘူး။ အဲ- ဘုရားနဲ့တွေ့ခဲ့ကြရပေမယ့် အလွဲကြီးလွဲခဲ့ အရှုံးကြီးရှုံးခဲ့ကြရတဲ့ တိဋ္ဌိဆရာတွေအကြောင်း ဗုဒ်ဓဘာသာဝင်အားလုံး သေသေခြာခြာမဟုတ်တောင် အတော်အတန်တော့ ကြားဖူးကြမှာပါ။ သူတို့ ဘုရားရှင်နဲ့(တနည်း) အမှန်တရား၊ အမှန်လမ်း ကို ညွှန်ကြားပြသနိုင်တဲ့သူနဲ့ တွေ့ကြပါလျက်နဲ့ သူတို့ဘာကြောင့် လမ်းလွဲကနေ ခွဲမထွက်နိုင်ခဲ့ကြရတာလဲ။ တကယ်တော့ သူတို့ရင်ထဲစွဲနေတဲ့ အမှန်လို့ထင်နေတဲ့ အရာတွေကပိတ်ပင်ထားလို့ဘဲမဟုတ်ပါလား။ ထားပါတော့ဗျာ ကျနော်စကားစချီတာ သိပ်ကြီးကျယ်လွန်းသွားပြီထင်ပါတယ်။

ပြောချင်တာကတော့ မြန်မာစာအရေးအသားနဲ့ပတ်သတ်တဲ့ အကြောင်းအရာပါ။ သတ်ပုံသတ်ညွှန်းဆိုတာကတော့ မှားတတ်ကြတာပါပဲ။ ဒါပေမယ့်-ရိုးရိုးမှားတာထက် နားလည်ရင်ပြီးရောဆိုပြီး ရေးလိုက်တဲ့အမှားကတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး စနောက်တဲ့အနေနဲ့ တမင်ရေးထားတဲ့ ပို့စ်တို့ ကွန်မန်းပေးတာတို့ကတော့ ပြသ်သနာမရှိဘူးပေါ့ ၊ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြည်ရင်းနှီးမှုလဲရ စိတ်လဲအပမ်းပြေတဲ့အတွက် ကောင်းပါတယ်။ ဥပမာ=ရိုးရိုးအကြောင်းအရာရေးနေတဲ့အခါမှာ သူကြီး ကို သူကြီးလို့ပဲရေးသင့်ပြီး၊ စတဲ့နောက်တဲ့နေရာမှာသုံးတဲ့ သဂျီး-လို့ရေးတာမျိုးတော့ မဖြစ်သင့်ဘူးထင်ပါတယ်။

နောက်ဥပမာတစ်ခု=ကျနော်ရေးနေတဲ့ အထက်ကစာပိုဒ်ထဲက “ချစ်ကြည်ရင်းနှီးမှုလဲရ၊ စိတ်လဲအပမ်းပြေ” အဲဒီအထဲက “မှုလဲရ၊ စိတ်လဲ” မှာပါတဲ့ “လဲ”ကို ဟိုယခင်က “လည်း”လို့ရေးခဲ့ကြတယ်လို့ ထင်ပါတယ်။ (မှတ်ချက်-စကားပြောအသုံးအနှုံးကို စာထဲထည့်ရေးခြင်းကိုမဆိုလိုပါ) အခုတော့ အားလုံးပဲ“လည်း”ကို“လဲ”လို့ရေးနေကြပြီထင်ပါတယ်။ ကျနော်လည်းဒီအတိုင်းပဲရေးဖြစ်နေတာများပါတယ်။ အဲဒါဟာ ဘာလည်းဆိုလျင် အထက်ကကဗျာလေးထဲပါတဲ့ အမှားကြာလို့ အမှန်ဖြစ်လာတယ်လို့ပဲထင်မိပါတယ်။ အရေးမတတ်တော့ ဆဲသလို၊ အထိုင်မတတ်တော့ ြ – ဲ သလို=ဆိုတဲ့အတိုင်း ကျနော်ရေးတဲ့အထဲ ရိုင်းတာများပါခဲ့လျင် အရေးမတတ်လို့လို့ နားလည်ပေးကြပါ။(စာကြွင်း=တခြားဥပမာများ များစွာရှိနိုင်ပါသေးသည်) ကျေးဇူးပါ။

14 comments

  • အမငီး …
    မောင်မောင်နဲ့ တွေ့ မှပဲ နာလည်း ကိုလေးထောင့် ဖြစ်ရတော့တယ် .. 😀
    အနော်တို့ရဲ့ စာတွေကိုတော့ သတ်ပုံစစ်နဲ့နော် …
    ဒီတစ်ခုတော့ ကြိုတင် တောင်းပန်ပါတယ် … 😀

  • htet way

    February 22, 2012 at 7:51 pm

    ကောင်းတယ်
    ဒီလိုဆောင်းပါးမျိုး အားပေးတယ်

  • Khin Latt

    February 22, 2012 at 8:16 pm

    ကိုမောင်မောင် ရေ – လိုက်နာ မှတ်သားသင့်တဲ့ အချက်လေးတွေပါဘဲ။
    မှန်ပါတယ်။ ဒီ နေရာက ကိုယ့်မန်ဘာတွေ ချည်းသာ မဟုတ်ဘဲ တစ်ခြား သူများပါ ဝင်ဝင် ဖတ်လေ့ ရှိတာပါ။
    ကျွန်မ ကိုယ် မန်ဘာ ဖြစ်တော့ ရွာအဖြင်က လူ တွေကို မေ့မေ့ သွားတယ်။
    ဒီလို သတိပေးတာလေးက ဖြစ်သင့် ပါတယ်။
    စာတွေ ဆက်ရေးပါဦး။ အားပေးနေပါတယ်။
    မမတော့ ဝမ်းသာမှာ အမှန်။ သူ့အဖွဲ့မှာ လူတိုးလို့။ 😀

  • kyeemite

    February 23, 2012 at 8:52 am

    ကပေါက်တိ ကပေါက်ချာ မန့်နေတဲ့အထဲ ကျုပ်လည်းပါနေတာမို့ ဘယ်လိုမန့်ရမှန်းတောင်မသိပါဘူး..
    သတိပေးတာကျေးဇူးပါလို့ဘဲ ပြောပါရစေ…

  • nature

    February 23, 2012 at 9:29 am

    စာလုံးပေါင်းသတ်ပုံကို ဂရုစိုက်တဲ့သူ တစ်ယောက်တိုးလာလို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်နော်။
    ဒါပေမယ့် ငါပြောသလို လုပ်၊ ငါလုပ်သလို မလုပ်နဲ့လို့ ပြောရမလို ဖြစ်နေပြီ….
    သူကြီးကို သူ့နစ်နိမ်းလို သဘောထားပြီးတော့ကို သဂျီး လို့ချည်းပဲ ရေးရေးနေမိလို့……… 😛

  • ရေးတော့ အမှန်
    ဖတ်တော့အသံ တဲ့။
    အဲတော့ စကားပြေနဲ့စကားပြော ရောမသွားအောင် ဂရိုစိုက်ရမယ်ဗျာ။
    မမ အဖွဲ့လူတိုးပြီနော်……………………………………

  • nozomi

    February 23, 2012 at 10:50 am

    ကိုမောင်မောင် နောက်ပို့စ် လေးတွေ လဲ အားပေးနေမယ်နော်
    အပေါ်က ပြောသလို မမ တော့ ဝမ်းသာနေတော့မှာ
    အဲ ကျွန်တော်လဲ ဝမ်းသာပါတယ် ၊ ကျွန်တော့် အရေးအသားထဲမှာ ရည်ရွယ်ချက်ရှိရှိ စနောက်ပြီး ရေးတာက လွဲရင် စာလုံးပေါင်း မှန်အောင် သတိထားပါတယ် ၊ တစ်ခါတစ်လေ သတိလွတ်သွားလို့ မှားမှန် မသိပဲ ရေးလိုက်လို့ အမှားတွေ့ရင် သတိထားမိတဲ့ သူကပြောပြပေးရင် ဝမ်းမြောက်ဝမ်းသာ ပြင်ပါ့မယ်

    ဟုတ်တယ် ဗျ ကိုမောင်မောင် ပြောသလို မမှားအောင်နေတာ မမှားတာ အကောင်းဆုံးပါပဲ တော်ကြာ အမှားကြာပြီး အမှန်ထင်သွားရင် ဒုက္ခ

  • blackchaw

    February 23, 2012 at 11:15 am

    ဆရာကြပ်ကလေးရဲ့ ပရိသတ်ဆိုတော့
    ကျွန်တော်တို့ထက်တော့ မငယ်လောက်ပါဘူးနော်…။
    အတတ်နိုင်ဆုံး မှန်အောင်ရေးနေပါတယ်…။
    နောက်တဲ့ ပြောင်တဲ့ နေရာတွေကိုတော့ ခွင့်လွှတ်ပေးပါဗျာ။ 😆

  • စိန်ပေါက်ပေါက်

    February 23, 2012 at 11:27 am

    အင်း..
    ရွာ့သတ်ပုံအဖွဲ ့ မမ တို ့ တစ်စုနဲ ့ ပူးပေါင်းသင့်ပြီဗျ။
    ဆိုလိုရင်းကတော့ အတည်ရေးရင် မှန်အောင်ရေးပါ
    နောက်ပြောင်ပြီးရေးရင် မှန်အောင် မရေးလဲ ရပါတယ်..အဲသဘောပေါ့နော်..
    ဟုတ်ကဲ့..မှတ်သားသွားပါတယ်..

  • Ko out of...

    March 7, 2012 at 2:38 pm

    အမှားကြာတော့ အမှန်ဖြစ်ဆိုတာ မဟုတ်သေးဘူးထင်တယ်… အမှားကြာတော့ အမှန်ထင်ရင် ပိုပြီးသင့်လျှော်မယ်ထင်တယ်… ဘာဖြစ်လည်းဆိုတော့ အမှားဟာ အမှန်ဘယ်တော့ မဖြစ်လို့ဘဲ..

  • MaMa

    March 7, 2012 at 8:28 pm

    သတ်ပုံအဖွဲ့အတွက် အဖွဲ့ဝင်တိုးလာလို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်နော။
    ပြောမယ့်သာ ပြောရတယ် ကျမလည်း မှားတတ်တာမို့
    မှားရင်လည်း ပြင်ပေးဖို့ တောင်းဆိုပါတယ်။
    🙂

  • နေဝန်းနီ

    March 7, 2012 at 10:29 pm

    အမှာကြာအမှန်ဖြစ်သလို လူညီရင်လည်း ဤ ကကျွဲ ဖြစ်တတ်ပါသေးရဲ့ …။

  • mg mg

    March 25, 2012 at 6:16 pm

    Ko out ofရေ“အမှားကြာတော့ အမှန်ဖြစ်”ဆိုတာက
    ဥပမာတစ်ခုပေးမယ်ဗျာ ဆိုပါတော့ “အဖြူ”ဗျာ အဲဒီအဖြူဆိုတာကို လူအများက“အနီ”လို့သုံးမယ်ဗျာ၊
    သုံးရင်းသုံးရင်းနဲ့ကြာလာတော့ “အနီ”ဆိုတဲ့အသုံးကတွင်သွားတယ်၊ ဒါပေမယ့် “ဖြူနေတာကတော့” “နီသွားတာမဟုတ်ပါဘူး” အဲဒီသဘောကိုပြောတာပါ။
    (အောက်ကစာပိုဒ်ဖြစ်တဲ့“အမှန်အစစ်အမှားထင်”ဆိုတာနဲ့ အဓိပါယ်တွဲကြည့်ကြည့်ပါ။)
    မှားနေတာကမှန်သွားသည်လို့ ဆိုလိုတာမဟုတ်ပါ။ ရှေးလူကြီးသူမတွေ သုံးခဲ့တဲ့စကားပုံလေးတစ်ခု “လူညီလျင် ဤကိုကျွဲဖတ်”ဆိုတာနဲ့သဘောတူမှာပါ။
    စာဖတ်သူနားမလည်တာ (နားလည်အောင်မရေးတတ်တဲ့)ကျနော်ရေးတာညံ့လို့ဖြစ်မှာပါ။ ကျနော်ကခုမှ စာစရေးတာပါ၊ ဘာပဲပြောပြော ကျနော်စာကိုဝင်ဖတ်ရင်း ကွန်မန့်ပေးလို့ကျေးဇူးပါ။
    အဲဒီပို့စ်ကိုခုမှပြန်ကြည့်ဖြစ်တဲ့အတွက် နောက်ကျတာခွင့်လွှတ်နားလည်ပေးပါ။

Leave a Reply