ကျနော်၏ ဆရာ တူလေးများ…
ကျနော့်မှာ တစ်ခါတစ်လေ ကလေးထက်ဆိုးတဲ့ အကျင့်လေးတွေ ရှိနေတတ်သဗျ…
ခင်ဗျားတို့မှာရော အဲ့လိုအကျင့်လေးတွေရှိကြပါသလား ….
အစကတော့ ကျနော်ဒီအကျင့်တွေကို သတိထားမိခြင်းမရှိခဲ့ပါဘူးးးးးးး
ဒီအကျင့်လေးတွေကို ကျနော့်တူလေးတွေနဲ့ ဆက်ဆံပြောဆိုနေထိုင်ရင်းနဲ့မှ
သိလာရတာပါ … ကလေးဆိုပေမယ့် အထင်တော့သေးမရတာအမှန်ပါ …
ကျနော့်မှာ တူလေးနှစ်ယောက်ရှိပါတယ်…. အကြီးကောင်ကတော့ ဒီနှစ် ဂရိတ်
စစ်ခေါ်တဲ့ ပဉ္စမတန်းကို ဖြေဆိုမှာဖြစ်ပြီး … အငယ်ကောင်ကတော့ ဂရိတ်ဝမ်းဖြစ်တဲ့
သူငယ်တန်းကို ဖြေဆိုမှာဖြစ်ပါတယ်…. အကြီးကောင်ကတော့ ကျောင်းမနေကတည်းက
ကျနော်တို့နဲ့ အတူနေထိုင်ပါတယ်… ကျနော်တို့ဆိုတာကတော့ ကျနော့်ရဲ့ မွေးမိခင်
နဲ့ ကျွေးဖခင်ဖြစ်တဲ့ သူ့အဖိုးအဘွားများနှင့်နေထိုင်ခြင်းကို ဆိုလိုပါတယ်….
ဒီနှစ်မှ သူ့မိဘတွေနဲ့ အတူနေထိုင်ပါတယ်… နွေကျောင်းပိတ်ရက်တွေမှာ ကျနော့်တူလေး
တွေနဲ့ ကျနော်ဆုံတွေ့ရလေ့ရှိပါတယ်… သူတို့နဲ့ ကျနော်ထွေးလုံးရစ်ပတ် ဆော့ကစားကြရင်း
နဲ့မှ ကျနော့်မှာ ကလေးထက်ဆိုးတဲ့ အကျင့်တွေရှိနေကြောင်း သိလာရတာပါ ….
အဖြစ်အပျက်လေးတွေပြောပြမယ်ဗျ…..
ကျနော်တူလေးနှစ်ယောက်မှာ အငယ်ကောင်က ပိုပြီးစကားတတ်တယ်ပြောရမယ်
တစ်ခါက အကြီးကောင်က သူ့အမေကို မုန့်စားချင်လို့ ပူဆာနေတယ်….
“အမေ..အမေ… သားဗိုက်ဆာလိုက်တာ ဘာစားရရင်ကောင်းမလဲ..”
လို့ သူ့အမေကို ခဏခဏမေးနေတော့ .. အငယ်ကောင်က ဘာပြောတယ်မှတ်လဲဗျ..
“ ချေး (ချီး) စားလိုက်… ချေး (ချီး)စားလိုက်တဲ့…” အငယ်ကောင်က အဲ့လိုမျိုး
ခပ်ဂျစ်ဂျစ်လေးရယ်…….
ပထမအဖြစ်အပျက်က ကျနော်နဲ့ ကျနော့်တူ အငယ်ကောင် တီဗွီထိုင်ကြည့်နေကြတယ်..
ကျနော်က တီဗီစလောင်းကလာတဲ့ လိုင်းတွေကို တစ်လိုင်းပြီးတစ်လိုင်း ရွေ့နေတယ်…
ဘယ်လိုင်းမှ အတည်တကျမကြည့်ပဲ လျှောက်ကလိနေ လက်ကမြင်းနေတာပေါ့ဗျာ…
ဒါကိုဘေးကကြည့်နေတဲ့ တူလေးက ကျနော့်ကို ဘယ်လိုပြောတယ်ထင်လဲဗျ…
“ ဦးဦး..ဦးဦး..သားက ဘယ်ဟာကိုကြည့်ရမှာလဲလို့” တဲ့..
ကဲဗျာ..ကလေးပြောတဲ့စကား တွေးကြည့်ကြစမ်းပါ…..
ဘယ်လောက်ထိရောက်သလဲ…ဘယ်လောက်သွယ်ဝိုက်သလဲ…
ဘယ်လောက်ထိမိသလဲ…. ကျနော်တို့ဆိုရင် လူတစ်ယောက်က ကျနော့်လို တီဗွီလိုင်း
ကို ကလိနေ လက်ကမြင်းနေရင် ဟေ့ကောင် မင်းကလည်း တစ်လိုင်းဆို တစ်လိုင်းတည်း
ကြည့်ပါကွ…မင်းလုပ်နေပုံက ဘာကြည့်လို့ကြည့်ရမယ်မသိဘူးးး ကမြင်းကိုကမြင်းလွန်းပါတယ်..
ဒါမျိုးဖြစ်လိမ့်ထင်တယ်ဗျနော်… ဒါဆို တစ်ဖက်လူနာလိုခံခက်ဖြစ်မယ်ဗျ… ဟိုကပြန်ပြော
ကိုယ်ကပြန်ပြောနဲ့ ဇာတ်လမ်းတွေရှုပ်ကုန်မယ်ထင်ပါရဲ့… ဒီနေရာမှာ ကျနော့်တူလေးပြောပုံက
ပြဿနာလေးကိုအေးအေးဆေးဆေးနဲ့ ဖြေရှင်းလိုက်တာပဲဗျ… သူပြောချင်တာတွေကို သွယ်ဝိုက်ပြီး
တစ်ခါတည်းပေါင်းပြောလိုက်တာပဲလေ…
သူပြောချင်တာက ဦးဦးကဟိုရွေ့ဒီရွေ့ရွေ့နေတော့ ကျနော်ဘယ်လိုင်းကြည့်ရမှာလဲဗျ….
တစ်လိုင်းဆိုတစ်လိုင်းထဲလုပ်ပါ…လက်မကမြင်းပါနဲ့ ဆိုတဲ့ အဓိပ္ပါယ်ပဲလေ… ဒါပေမယ့်
သူပြောတာလေးကညင်သာတယ်…. ပြောပုံလေးကထိမိတယ်….
ကျနော်တို့ဆိုရင်ရော သူလေးပြောသလိုပြောမိကြပါ့မလားးးးး…
ဒါကြောင့်ပြောတာပေါ့…ကျနော့်မှာ ကလေးထက်ဆိုးတဲ့ အကျင့်ရှိတယ်ဆိုတာလေ….
နောက်တစ်ခုက တစ်ရက်မှာ တူအငယ်ကောင်နဲ့ ကျနော်ကစားနေကြရင်း ကျနော်
အစလွန်သွားလို့ ကျနော့်တူက ကျနော့်ကို ကျောက်ခဲနဲ့ပစ်တော့ ကျနော်ညိုသကျည်းကို
ကျောက်ခဲလာမှန်တယ်… တော်တော်လည်းနာသွားတယ်… အဲ့အခါမှာ ကျနော်ဘာလုပ်တယ်ထင်လဲ..
ခင်ဗျားတို့ဆိုရင်ရော ဘာလုပ်မလဲ…. ဟဲ… ကျနော်ဒီကောင့်ကို ဆွဲရိုက်လိုက်မိတယ်….
ကလေးကသူမမှားမှန်းသိတယ်ဗျ..ကျနော်ကသာကိုယ်မှားမှန်းမသိတာ…
ဒါနဲ့ ဒီကောင် ကျနော့်အနားမကပ်ဘူးးး ..သူ့အမေနားမှာ သွားနေတယ်…
ခဏနေတော့မှ ကျနော့်အနားလာကပ်ပြီး စကားလေးတစ်ခွန်းပြောတယ်….
“ဦးဦး..ဦးဦး … သားတို့အိမ်ကိုပြန်တော့မှာ ဦးဦးတို့နဲ့ မနေတော့ဘူးတဲ့”
ကဲဗျာ…ကျနော်ပက်လက်ကိုလန်ရော …. ကျနော့်တူလေးဆိုချင်တာက
ကျနော်သူ့ကိုနိုင်စားတယ်…ကျနော်ကလူကြီးမဆန်ဘူးးးပေါ့ …
အဲ့တာကြောင့် ကျနော်နဲ့ သူအပေါင်းအသင်းမလုပ်တော့ဘူးးး သူ့အိမ်သူပြန်တော့မယ်ပေါ့ဗျာ..
ကဲ…ကျနော် ဘယ်လောက်များ ကလေးထက်ဆိုးလိုက်သလဲနော်…
ကျနော်တူအကြီးကောင်နဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံလေးက ဒီလိုပါဗျာ….
မနက်ခင်းတစ်မှာပေါ့ … အိမ်မှာ ကျနော်နဲ့တူအကြီးကောင်လေးပဲရှိတယ်….
မနက်စာအဆာပြေစားရအောင်ဆိုပြီး ကျနော်ထမင်းကြော်လိုက်တယ်…. ထမင်းကြော်နဲ့
စားရအောင် တူလေးကို တိုဟူးကြော် ဝယ်ခိုင်းလိုက်တယ်ဗျ…. တူလေးက တိုဟူးကြော်…
ဝယ်လာတာပေါ့ … ဝယ်လာတဲ့ တိုဟူးကြော်က ၁၁ ခုရလာတယ်…
နှစ်ယောက်ကို ၁၁ ခုဆိုတော့ ခွဲဝေရေးလုပ်တဲ့ ကျနော်က တူလေးကို ငါးခုပေးပြီး
ကျနော်ခြောက်ခုယူလိုက်တယ်…. ဟဲ… လူကြီးအကျင့်လေ…လူကြီးအကျင့်…
ဒါကိုတူလေးက သူ့ပန်းကန်ထဲက တိုဟူးကြော်အရေအတွက်ကို တလှည့် ကျနော့်
ပန်းကန်ထဲက တိုဟူးကြော်ကို တလှည့်ကြည့်ပြီး ပြောလိုက်တဲ့စကားလေးက
ဦးဦး … အညီအမျှလေ… အညီအမျှတဲ့ ခင်ဗျ….
ကဲဗျာ… ကျနော်လူကြီးဖြစ်ပြီး ဘယ်လောက်မတရားလိုက်သလဲ…
ငါက အကြီး ငါလုပ်သမျှ သူခံရမယ်… ငါပြောသမျှ သူလိုက်နာရမယ်
ဆိုတဲ့ … အာဏာရှင်ဆန်ဆန် အတ္တကြီးကြီးနဲ့ ကျနော်ဆုံးဖြတ်ချက်ကို
အညင်သာဆုံးသောနည်းလမ်းတွေနဲ့ ကျနော့်ကို တရားပြသွားတာ ကျနော့် တူလေးတွေပါ…
ကိုယ့်ကိုယ်ကို အသက်ကြီးပြီး ကလေးတွေထက်သာတယ်လို့ ထင်နေတဲ့ ကျနော်….
အဲ့အချိန်ကစပြီး ကလေးတွေကို အထင်မသေးရဲသလို ..သူတို့အပေါ် ငါက လူကြီးပဲ
သူတို့က ကလေးပဲဆိုတဲ့ အတွေးနဲ့ ကိုယ်ပြောသမျှနာခံရမယ်… ကိုယ်လုပ်သမျှသူတို့
ဘာမှပြန်မပြောပဲ နေရမယ်ဆိုတဲ့ အတွေးက ပျောက်ကွယ်သွားရတာပါပဲ…..
စာရေးဆရာ ညီပုလေးပြောသလိုပဲ ပြောရမယ်ခင်ဗျ…. ကျနော်ဟာ အဲ့ဒီအချိန်လေးတွေက
စပြီး တပည့် တစ်ယောက်ဖြစ်ခဲ့ရပါတယ်…..
အားလုံးဟာ ကျနော့်ရဲ့ ဆရာတွေချည်းပါပဲ ခင်ဗျ…..
အားလုံးတွေးဆ ဆင်ခြင်နိုင်ကြပါစေ …
10 comments
စိန်ပေါက်ပေါက်
February 24, 2012 at 2:29 pm
အူးအူး..ချီးစားလိုက်..ချီးစားလိုက်
အူးအူးမစားရင် မောင်ပေ့ကို ကျွေးလိုက်
မောင်ပေမစားရင် ဖျဲသီးတို ့အဖွဲကိုကျွေးလိုက်
အညီအမျှ..အညီအမျှ.. 😀
kotun winlatt
February 24, 2012 at 2:43 pm
တိန်….
ဖလားးးဖလားးးး
တော့…ကပေါက်ဖော်…
ရွာသားးဒွေနဲ့ ကျုပ်ကို ရန်တိုက်ပေးးသပေါ့လေ…
ကဲ…. ကျုပ်နဲ့တော့ မဆိုင်ဘူးးးနော်…
ဒီကိစ္စသည်…ကပေါက်ဖော်နှင့်သာ ဆိုင်ဘာကြောင်းးးး
ရွာသူားအပေါင်းးးတို့ရေ…
ဒူ…ဟူ…ဟူ…ဟူ..ဟူ……
hnin phyu
February 24, 2012 at 3:35 pm
ကိုထွန်းဝင်းလတ်
တွေးတောဆင်ခြင်မိပါတယ်။ဒီလိုမျိးအကျင့်စရိုက်တွေကြားကရုန်းထွက်ဖို့ကိုအထက်လူကြ่ီးများနဲ့အပွင့်လူကြီးများအရင်ဆုံးပြုပြင်မှ……….
အင်းတော်မှာInternetဆိုင် က ဘယ်နားရှိတာလဲ။. ကျမကနောင်ပွတ်မှာနေတာပါ။
kotun winlatt
February 25, 2012 at 11:01 am
ဟုတ်ကဲ့.. မနှင်းဖြူရေ …
ပြုပြင်သင့်တာတွေတော့ အားလုံးပြုပြင်ကြရမှာပါ….
ကျနော်က အင်းတော်နဲ့ မိုင် ၃ဝလောက်ဝေးသေးတဲ့
မော်လူးရွာကပါခင်ဗျာ… အင်းတော်မှာ ဘာအင်တာနက်ဆိုင်မှ
မရှိပါဘူးး…ကျနော်က ကြိုးဖုန်းကို ၁၅နာရီ ၊ နာရီ ၃ဝစာ ကဒ်လေးတွေနဲ့
ဝယ်သုံးတာပါခင်ဗျ… နောင်ပွတ်ဆိုတော့ ဘယ်နေရာမှန်းး
ကျနော်မသိဘူးးဗျ..စစ်ကိုင်းတိုင်းထဲကပဲလားးးးးး
amatmin
February 24, 2012 at 3:57 pm
ကိုထွန်းဝင်းလတ်ရေ..
ယူတတ်တဲ့ လူအဖို့တော့လည်း ကလေးစကားက တဆင့်ပြန်မျှပေးတတ်ပါ့ဗျာ..
စာရေးတာတောင် အလယ်အလတ်ကျကျရေးတဲ့အထိကို ညီမျှလွန်းတဲ့လူပဲ 🙂
အင်း..ကလေးအတွေး များများတွေးနိုင်ရင်လူကြီးအကျင့်တွေ လျော့များသွားမလား မသိ.. 💡
kotun winlatt
February 25, 2012 at 11:09 am
ဟုတ်ကဲ့ဗျ…
ယူတတ်တယ်လို့တော့ မဟုတ်ပါဘူးး..
တွေးကြည့်ရင်း စဉ်းစားရင်းနဲ့
ကိုယ့်ဟာကိုယ်လည်းရှက်ရွံ့မိသလို..
အတုလည်းယူသင့်တယ်ထင်လို့ ရေးလိုက်တာပါယယယယ
ကလေးလိုများများတွေးနိုင်ရင် လူကြီးအကျင့်တွေ လျှော့မလျှော့
တွေးကြည့်ပေါ့နော်…..။
blackchaw
February 24, 2012 at 5:33 pm
ကိုထွန်းဝင်းလတ်ရေ။
ဆရာမ ခက်မာရေးတဲ့
သားထံမှ သင်ယူခြင်း ဆိုတဲ့ စာအုပ်လေး
ကျွန်တော့် ဆီမှာ ရှိပါတယ်။
မခက်မာ ရဲ့ သားလေး
ပြုမူပြောဆိုတာလေးတွေကနေတစ်ဆင့်
တွေးဆဆင်ခြင်မိတာလေးတွေကို ရေးထားတာပါ။
စာအုပ်ဆိုင်တွေမှာ မရှိတော့ရင် ကျွန်တော် ပို့ပေးပါ့မယ်။
အခု ကိုထွန်းဝင်းလတ် ပို့စ်ထဲကလိုပါပဲဗျာ။
စာအုပ်ဖတ်ချင်ရင် ကျွန်တော့်ကို ဆက်သွယ်ဗျို့။ 🙂 🙂 🙂
အားပေးသွားပါတယ်ခင်ဗျာ။
kotun winlatt
February 25, 2012 at 11:16 am
ဖတ်ချင်ပါတယ်…
ကိုဘလက်ရေ…စာအုပ်ဆိုင်ဆိုတာ ကျနော့်ရွာမှာ မရှိဘူးခင်ဗျ..
စာအုပ်ဖတ်ချင်ရင် မန်းလေးကိုမှာရင်မှာ မန်းလေးကိုမမှာရင်
ကျနော့်တို့ရွာနဲ့ မိုင် ၃ဝကျော်ဝေးတဲ့ မိုးညှင်း၊ ကသာတွေကိုသွားရကြောင်းပါ..
နေ့စဉ်ထုတ်သတင်းစာနဲ့ ဂျာနယ်တွေရောင်းတဲ့ စာနယ်ဇင်းရှိပေမယ့်…
တခြားစာအုပ်တွေရောင်းတဲ့ ဆိုင်တော့ မရှိပါ…
ကျနော်တို့ရွာမှာ အမှန်အကန်စာကြည့်တိုက်ဖွင့်နိုင်ဖို့တော့ ကျနော်တို့
ကြိုးစားနေပါတယ်.. အဓိကကတော့ ကလေးတွေကိုစာဖတ်စေချင်တဲ့
ရည်ရွယ်ချက်ပါ..လောလောဆယ်ဆယ်တော့ စာသင်ကျောင်းလေးတွေကို
ကလေးဂျာနယ်လေးတွေ လှူနေပါတယ်…
ကျနော့် ကိုဘလက်ကို ဘယ်လိုဆက်သွယ်ရမယ် မသိဘူးခင်ဗျ…
ကျနော်ဒီရွာထဲမှာ အသိဆိုလို့ ကိုနေဝန်းနီတစ်ယောက်တည်းရှိပါတယ်..
မျက်စိသူငယ် နားသူငယ်လေးနဲ့ ရွာသားလေးပါဗျာ…
kotunwinlatt@gmail.com လေးကို အက်ပေးပါနော်..
ကိုဘလက်ချောရေ…
ခင်မင်လေးစားစွာဖြင့်…
( မှတ်ချက် ။ ။ အခြားအခြားသော ရွာသူားများလည်း ကျနော့် အကောင့်ကို အက်နိုင်ပါသည်။)
အဲ မို
February 26, 2012 at 2:25 pm
ကိုထွန်းဝင်းလတ်ရေ တူတွေ၊တူမတွေဆီကသင်ယူနေရတာတော့ နေ့စဉ်နဲ့အမျှပဲလို့တောင်ပြောရမလိုပဲ။ ကိုယ်တကိုယ်ကောင်းဆန်တာတွေကျတော့လည်း ဟီးဟီး ဟီးဟီးနဲ့ ညိမ်နေလိုက်ရတာပေါ့။
ဒါနဲ့ ကိုထွန်းဝင်းလတ်က ဆရာ ဦးဘုန်း(ဓာတု) ပရိတ်သတ်နဲ့တူတယ်၊ “အားလုံးတွေးဆ ဆင်ခြင်နိုင်ကြပါစေ …” ဆိုတာလေးတွေ့လို့ပါ…
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 26, 2012 at 11:32 pm
စာရေးဆရာ ညီပုလေးပြောသလိုပဲ ပြောရမယ်ခင်ဗျ…. ကျနော်ဟာ အဲ့ဒီအချိန်လေးတွေက
စပြီး တပည့် တစ်ယောက်ဖြစ်ခဲ့ရပါတယ်…..
အားလုံးဟာ ကျနော့်ရဲ့ ဆရာတွေချည်းပါပဲ ခင်ဗျ…..
အားလုံးတွေးဆ ဆင်ခြင်နိုင်ကြပါစေ …
ဦးဘုန်း(ဓါတု)ရယ် ဆရာညီပုလေး(လူထုဒေါ်အမာ သား)တို ့ရဲ ့အသံလေးတွေပါပြန်ကြားရစေ
တဲ့ ကိုထွန်းဝင်းလတ်ရဲ ့ပို ့စ်လေးကောင်းလိုက်တာ။ကလေးပေမယ့်. သိတတ်တွေးတတ်လွန်း
လို ့ပါ။