“မန္တလေးက ရှေးအမွေ အမှတ်နှစ်”
“မန ္တလေးက ရှေးအမွေ အပိုင်းနှစ်”
ကျုံးဘေးမှာမွေးခဲ့ ကြီးပြင်းခဲ့တဲ့ကျနော်တို့က သူများနဲ့တွေ့ရင်
“ငါတို့က ရွှေနန်းတော်ခြေကန်မွေးတဲ့ကောင်ကွ”လို့အသားလွတ်ကြွယ်တတ်ပါတယ်။
ကျနော်တို့ငယ်ငယ်က နွေအခါပူရင် ကျုံးနံဘေးက တည်ပင်(ရန်ကုန်ကတော့ ရေတမာလုို့ခေါ်၏)
ပင်အောက်မှာ သွားဆော့။
အဲဒီတုံးက ကျုံးကမြေသား။
ညဆိုရင် ကျုံးဘေးက ရေစစ်ကန်ပေါ်၊ရေခပ်ဘို့ထိုးထားတဲ့ တံတားလေးပေါ်သွားထိုင်။
အင်မတန်မှလွမ်းစရာကောင်းသောအချိန်တွေပါ.
နောက်တော့ ကွန်ကရစ်ဘောင်နဲ့အစားထိုးတော့ သဘာဝအလှပျက်စီးသွား။
အခုတော့ မပျက်သေးလို့ ကျန်နေ အစားမထုးိရသေးတာလေးတွေကို
တင်ပေးလိုက်ပါရဲ့။
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး
(27-2-2012)
18 comments
ကိုပေါက်(မန္တလေး)
February 28, 2012 at 9:08 am
အခုရက်ကတော့ ကျုံးပါတ်ပါတ်လည်မြင်ကွင်းတွေဘဲတင်ထားပါတယ်။
TITAN
February 28, 2012 at 9:26 am
လေးပေါက်ရေ
အဲ့ဒီပုံတွေကိုဘယ်ဆိုဒ်နဲ့တင်ရတာလဲဗျ
ကျနော်တင်တော့ ဘယ်ဆိုဒ်နဲ့တင်တင် ပုံသေးတွေပဲဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲဆိုတာ
ပြောပြပေးပါအုံး
ခင်တဲ့
TITAN
ကိုပေါက်(မန္တလေး)
February 28, 2012 at 9:45 am
ကျနော်က 640×480 large size နဲ့တင်တာပါ။
ပိုပြီး သိချင်ရင် ပေါက်ကျော်မ (ခ) စိန်ပေါက်ပေါက် ကိုမေးပါ။
သူက ကျနော့ ဆရာပါ။
TITAN
February 28, 2012 at 10:09 am
မိပေါက်ရေ
ပြောပါအုံးအေ့ ဘယ်လိုတင်ရမှာလဲအေ့ ❓
water-melon
February 28, 2012 at 4:22 pm
မိပေါက်ချီးပန်းနေတယ်အေ့
မအံတင်ထားတဲ့ ပို့စ်တစ်ပုဒ်ရှိတယ်
ပြန်ဖတ်ကြည့်လိုက် ရက်ပိုင်းရှိသေးတာ
ပုံကို ဆိုက်ကြီးရင် ချုံလိုက်လေ
လေးပေါက် တင်တာက 640×480 large size
ပုံတင်တဲ့နေရာမှာ ဆိုက်ရွေးလို့ရတယ် 640×480 က အဆင်ပြေဆုံး
ကျန်တာတွေက သိပ်အဆင်မပြေဘူး
မချီးပန်းလာရင် မေးလိုက်ပေါ့
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 28, 2012 at 11:51 am
ဟုတ်တယ်ဗျ ကိုစိန်ပေါက်ပေါက်ကဘဲ ကျနော့်လဲသင်ပေးသွားတာပါ။
သူ ့မေးကြည့်ပါ။medium size နဲ ့ဆိုရင်နည်းနည်းတော့သေးပါတယ်။
Resolution လျှော့ပါ။left side မှာထားပြီး တပုံချင်းတင်လို ့ရပါတယ်။
ကြိုးစားကြည့်ပါ။
ကိုပေါက်ရေ မပျက်စီးသေးတဲ့ အလှလေးကို ဝင်လေ့လာသွားတယ်
ဗျ။
ba gyi
February 28, 2012 at 3:59 pm
ဝင်အားပေးသွားပါဒယ် ကိုပေါက်ရေ။
အေးချမ်းလိုက်ပါဘိဗျား။
Mလုလင်
February 28, 2012 at 4:35 pm
ဦးပေါက် ကင်မရာ ဝယ်ပါတော့ဗျာ။ သူကြီးကလဲ ဓာတ်ပုံတွေ ရောင်းပေးမယ် ပြောတယ်။ ဒီလို ရိုက်အားနဲ့ ဆို .. ရှယ်ပဲ … ဒါပေသိ .. ကော့ကော်ကန်ကား ရိုက်တာ တစ်ပုံ ကို ၁၂၀ဝ ရပါကြောင်း …. နေပူထဲလဲ သွားစရာမလို … လမ်းလဲမလျှောက်ရ …. အဲကွန်း လေးနဲ့ 🙁 …. Tele တစ်လုံး နဲ့ တင် ဖြစ်ပြီ … အော် .. ဘွဘွ … တူများတွေများ .. ကောင်းစား ချက် ….
စိတ်နာနေတဲ့
Mလုလင်
water-melon
February 28, 2012 at 5:45 pm
လေးပေါက် နံပါတ် ၂ ပုံက ဘာဖြစ်နေတာလဲ
သစ်ပင်ပေါ်မှာ အဖြူကွက်လိုလိုပေါ်နေတယ်
ကိုပေါက်(မန္တလေး)
February 28, 2012 at 6:19 pm
လုရေ မင်းနဲ့ငါတော့ အိမ်က ဆင်းရခါနီးပြီထင်တာဘဲနော်။
ဖရဲမ အဲဒါ ဓါတ်မီးတိုင်ဟဲ့။
မဟာရာဇာ အံစာတုံး
February 28, 2012 at 6:33 pm
လေးပေါက်ရေ ..
နံပါတ် ၅ ပုံကလွဲပြီး ကျန်တဲ့ ပုံတွေ အကုန်လုံး ကြိုက်တယ်ဗျ …
ကျနော် desktop wallpaper အတွက် ယူမလို့ လုပ်လိုက်တော့ ပုံဆိုက်က သေးနေတာကို တွေ့ရတယ်ဗျ …
ကျနော် လိုချင်တာက 1024 x 768 px ဆိုက်ပါဗျာ .. ။
လေးပေါက်ဆီမှာ ရှိရင် ပို့ပေးပါလားဗျ … နော့ 😀
ကျနော့်ရဲ့ အကောင့်က anzartone@gmail.com ပါ။
ကိုပေါက်(မန္တလေး)
February 28, 2012 at 6:46 pm
ကြီးမင်းလေးဒေါင့်ရေ ကော်နက်ရှင်ကောင်းသောနေ့ မူရင်းပုံပို့ပေးပါမည်။
မဟာရာဇာ အံစာတုံး
February 28, 2012 at 6:56 pm
ကြီးမင်းလေးဒေါင့် .. တဲ့ .. ။
အဟီး … အဲလိုကြီး ခေါ်ပါနဲ့ဂျ .. ဖတ်ရတာ တစ်ညိုးဂျီးပဲ … 😀
လေးပေါက်ရေ ကျေးကျေးပါ လို့ပဲ ပြောပါရစေနော် ….။
pooch
February 28, 2012 at 7:02 pm
လေးပေါက် ကင်မရာဝယ်လို်က်ပါတော့ တကယ်ပြောတာ။ ပြိုင်ပွဲလေးဘာလေး ဝင်ရအောင် လို့။
သူကြီးဆိုဒ်လည်း ဂုဏ်တက်တာပေါ့။ လေးပေါက်လည်း ပင်ပန်းရကြိုးနပ်အောင် ပြိုင်ပွဲလေးတခုလောက်တော့ ဝင်ပြိုင်ကြည့်ပါ့လား။
ဝယ်စရာပိုက်ပိုက်လိုနေရင် ရှိတာတွေ အကုန်ထုတ်ရောင်းပေါ့။ ပြီးရင် မဒမ်ပေါက်ကျေနပ်အောင် အချော့တော် ဝင်လိုက်ပေါ့။ ဟီး…အလကားနောက်တာပါ
ကိုပေါက်(မန္တလေး)
February 28, 2012 at 10:02 pm
ကင်မရာဝယ်ရန်အတွက်ရောင်းမည်။
ပထမဦးစွာ ပေါင်180 ရှိသောကိုယ်မှ အသားများလှီးရောင်းပါမည်။
ဝယ်လိုသူများစာရင်းပေးပါရန်။
surmi
February 29, 2012 at 12:55 am
အားလုံးကြိုက်တယ် ၊ မကြိုက်တာက ကွန်ကရစ်ဘောင်ဘဲဗျို. ။
ကွန်ကရစ်ဘောင်လုပ်လိုက်တာရယ် ၊ပုဂံက ဘုရားတွေဆေးသုပ်တာရယ်
တော်တော်အမြင်ကပ်တယ် ၊။ လုပ်ပုံလုပ်နည်းမှားတယ်ထင်တာဘဲဗျ နော ။
kyeemite
February 29, 2012 at 10:02 am
မှန်တာပေါ့ ကိုဆာမိရယ်…ကွန်ကရစ်ဘောင်လုပ်အုံးတော့..ဆေးဖြူဖြူဖွေးဖွေး တော့မသုတ်
သင့်ဘူးဗျ…ခံငြားထည်ဝါမှု့ လျော့သွားတယ်…ရင့်ကျက်မှု့တွေပြောက်သွားသလိုခံစားရတယ်
ဗျာ…ရှေးဟောင်းပစ္စည်းကိုမထိန်းသိမ်းတတ်ဘဲကိုး…
ကိုပေါက်(မန္တလေး)
February 29, 2012 at 2:51 pm
အသစ်ပြောင်းတိုင်းမကောင်းဘူးဆိုတာကို သိစေချင်ပါ၏။