အတိုကြိုက်တဲ့မမ 43ကားပေါ်မှာ ပေါင်ကိုကိုက်ခံရသတဲ့

နွယ်ပင်February 27, 20121min63175

အတိုကြိုက်တဲ့မမ 43ကားပေါ်မှာ ပေါင်ကိုကိုက်ခံရသတဲ့….

ဒီဘလော့က တခြားဘာသာကိုယိုးစွပ်တာလည်း မဟုတ်ပါဘူး။ ကိုယ်တို့မြန်မာမိန်းခလေးတွေ အနေအထိုင် မတတ်လို့ခံရတာကိုပြောချင်တာပါ။ မိန်းခလေးတယောက်က ဒီအကြောင်းကိုပြန်ပြောပြရတာ ရှက်ဖို့တော့ ကောင်းပေမယ့် မတတ်နိုင်ဘူးလေ။ ဒါကတော့ ပြောပြအသိပေးရမှာပဲ။

ကဲ…. 43ကားပေါ်မှာပေါ့။ ကားကကြပ်ကြပ်နဲ့ဆိုပေမယ့် စပယ်ယာကလည်း ချောင်ပါတယ်အော်ပြီး လူခေါ်။ ကားပေါ်ကလူတွေကလည်း ဟိုနားကပ် ဒီနားတိုးပေါ့။ အဲ့အချိန် ဘောင်းဘီပေါင်သာသာဝတ်ထားတဲ့ မမ ခြေတံကလည်းလှမှလှနဲ့ ကားပေါ်တိုးတက်လာရော။(သူ့အလှသူဖော်တာ…. ဒါဘာမှားလို့လဲနော်) နေစရာ နေရာလိုက်ရှာ၊ မရှိတော့ ထိုင်ခုံတစ်ခုံနားတိုးပြီး ရပ်တယ်။ ထိုင်ခုံမှာထိုင်နေတာက (ကန်တော့နော်) ကုလား။ ဘယ်ယောက်ျားမဆိုတော့ ကိုယ့်ရှေ့မှာ ခြေတံအဖွေးသားနဲ့ လာရပ်နေရင် စိတ်တော့လှုပ်ရှားတာပဲ(နော့..)။ ဒီမှာလည်းဒီလိုပဲ။ တစ်မှတ်တိုင်လောက်လည်း စီးပြီးရော အဲ့ကုလားက မမရဲ့ပေါင်ကို လှမ်းနမ်းတယ်ဆိုပဲ (အဲ ဘယ်လိုသုံးရမှန်းကိုမသိပါဘူး…. စိတ်တွေလည်းညစ်ပါတယ်) မမက အော်တာပေါ့။ ဘေးကလူတွေလည်း ရှူးရှူးရှားရှားနဲ့ ရိုက်မယ် ထုမယ်လုပ်တော့ ပေါင်သားကိုနမ်းထားတာကနေ ကိုက်တယ်ရှင့်။ ပေါင်မှာ အကွင်းလိုက်ဖြစ်သွားတယ်ဆိုပဲ။ ဒါနဲ့ကားကိုရဲစခန်းမောင်းရရောတဲ့ကွယ်။ ဘာဆက်ဖြစ်လဲတော့ မသ်ိပေါင်။ သေချာတာတော့ အဲ့မမ နောက်တခါ အတိုဝတ်ပြီး လိုင်းကားစီးရဲတော့မယ် မထင်ဘူး။ ဒါဖြစ်ရပ်မှန်နော်။ ဟိုတနေ့ကလေးတင်ဖြစ်တာ။

ဒီက သူငယ်ချင်းတွေ မမတွေရော… တိုတိုဝတ်ပြီး လိုင်းကားတိုးမစီးနဲ့နော်။ တောင်းပန်တာပါ။ မိန်းခလေး တစ်ယောက်ဒီလိုဖြစ်ခံရတာ ဘယ်လောက်နားရှက်စရာလဲ။ ဝတ်ရင်လည်း တော်ရုံဝတ်ကြပါလို့။ တော်ရုံ မဝတ်နိုင်လဲ တက္ကစီတော့စီးကြပါလို့ပြောချင်ပါရဲ့ကွယ်။။။။။။။

By: Lon Ely

75 comments

  • Prince of Pennsylvania (PoP)

    February 27, 2012 at 2:51 pm

    တိန်. ….

    ဒီသဒင်း က အဆန်းဂျီးဟ…
    မွှားပါတယ်. ..
    😀

  • water-melon

    February 27, 2012 at 3:03 pm

    အမလေး ပေါက်ဖော်မရေ
    ငါတို့လည်း အပြင်သွားရင် အတိုမဝတ်တော့ဘူးအေ့
    တော်ကြာ ကိုက်ခံနေရရင်လွယ်ဘူး 😀

    • Shwe Tike Soe

      February 27, 2012 at 11:23 pm

      နင်တော့ ပေါင်ကိုက်မှာမဟုတ်ဘူး သစ်ပင်ညှိတဲ့ ကတ်ကြေးကြီးနဲ့ တစ်ခါတည်း လာလေ့ရောလဟယ်………… ဆွိခနဲ………. ဟိဟိ

      • thuyazaw21451

        February 28, 2012 at 11:19 am

        ဒီကုလားနှယ် ပေါင်ကိုက်ရတယ်လို့……… ဟဲ့မိတိုက် နင်ကုလားဆိုဆင်ခြင်နော် ပေါင်ကိုက် နေဦးမယ်……….

  • TITAN

    February 27, 2012 at 3:04 pm

    ဘာပြောရမှန်းကိုမသိတော့ဘူး
    သောက်ကုလား ကလည်းနှမချင်းမစာနာ
    ဟိုကောင်မ ကလည်း ဟင်းးးးးးးး
    ခွီးပဲကွာ 👿

  • Phaung Phaung

    February 27, 2012 at 3:08 pm

    အကိုက်ခံရအောင်ဝတ်တဲ့သူရဲ့အမှားလို့ပဲပြောချင်ပါတယ်ကွယ်…. ဒါမျိုးတွေများများဖြစ်မှ ဖော်နေတဲ့မိန်းကလေးတွေ ရှက်ရကောင်းမှန်းသိမှာ….

  • zar manithwee

    February 27, 2012 at 3:12 pm

    မဝတ်နဲ.လို့တော့မပြောပါဘူး။ဒါပေမယ့်မြန်မာမိန်းကလေးတွေခုနောက်ပိုင်းဝတ်တာတွေကမြန်မာ့ယဉ်ကျေး
    မှုပျောက်ကွယ်နေပြီ ။ လူဆိုတာအလှကို်စီရှိကြပါတယ်။အဲ.လောက်အတိုတွေဝတ်စရာမလိုပါဘူးလို့ထင်
    တယ်။မြန်မာ့ယဉ်ကျေးမှုလေးနဲ.ကိုက်ညီအောင်တော့ဝတ်သင့်ပါတယ်နော်

  • chityimhtoo

    February 27, 2012 at 3:15 pm

    အင်းဒီလူကိုတော်တော်ချီးကြူးပါတယ်…ဒီလောက်တိုတိုလေးနဲ့ကိုပေါင်ဘဲကိုင်မိလို့….ငါသာဆို ဖက်ကိုက်လိုက်မှာ……:P

  • chityimhtoo

    February 27, 2012 at 3:22 pm

    အဲ့လိုဝတ်တာများသောအားဖြင့် နယ်စပ်ကလာတဲ့ မြန်မာလိုတောင်မပြောတဲ့ တရုတ်မတွေတော်တော်များများတွေ့ရတယ်ဗျ။ဒီမနက်တွေ့ရတဲ့တရုတ်မဆိုအင်ကျီတီရှပ်အရှည်နဲ့
    အောက်က under wear လောက်ဘဲပါမယ်။တစ်ကယ့်ကိုဖုံးရုံလေးဘဲ။ကျုပ်လည်းသေချာအောင်ကြည့်
    ထားတာပါဂျာ။

    • ကိုရင်မောင်

      February 29, 2012 at 10:47 am

      ချစ်ရင်ထူးရေ ဖက်ကိုက်ချင်စိတ်တွေတဖွားဖွားပေါ်လာတယ်မို့လား
      တရုတ်မကိုပြောပါတယ်…..ဟဲဟဲ

  • ဆူး

    February 27, 2012 at 3:26 pm

    တော်တော် ဆိုးပါလား။
    ကောင်မလေးကလည်း တော်တော် ဆက်ဆီ ပေ နေလားမှ မသိတာ…

  • စိန်ပေါက်ပေါက်

    February 27, 2012 at 3:34 pm

    တွမ်
    ဖြစ်ရမယ်..ဖြစ်ရမယ်..
    အင်း..
    ကုလားတောင် ဖမ်းနမ်းပြီး ကိုက်ထလိုက်တဲ့ ပေါင်တံ ဘယ်လိုမျိုးလဲ ကြည့်ချင်စမ်းပါဘိ် 😆
    ဪ..
    တိုတိုကလားနှယ်..သမာဓိအားက တယ်ကောင်းသကိုးဗျ
    ငွှ..ငွှ.ငွှ.

  • bluerose

    February 27, 2012 at 3:53 pm

    ဝတ်တဲ့သူကလည်းဝတ်တယ်
    ကိုက်တဲ့သူကလည်းကိုက်တယ်
    ဘာတွေဖစ်ကုန်မှန်းကိုတိတော့ဝူးးးးး
    မဝတ်ကြပါနဲ့ မဝတ်ကြပါနဲ့
    ရွာထဲကတိုကြီးစိန်ပေါက်ပေါက်ကလည်းစိတ်ကူးတွေယဉ်နေပြီ
    သူနဲ့များကြုံရင်တော့…………………….

    • စိန်ပေါက်ပေါက်

      February 27, 2012 at 4:03 pm

      ပေါင်တင်းကြော ဆွဲလိမ်ပစ်မှာ 😆

      • ရှမ်းပြည်သား (တောင်ပိုင်း)

        February 27, 2012 at 8:13 pm

        ပေါင်တွင်းကြေဆွဲလိမ်ရဘူးဗျ လက်ကပ်သွားရင်ဘယ်လိုလုပ်မှာလဲ။

  • Davit

    February 27, 2012 at 3:57 pm

    အတိုဝတ်တာက ခေတ်ကြီးလိုဖြစ်နေပြီဗျ……ဘယ်နှယ့်ဗျာ….. ကျွန်တော့်သူငယ်ချင်းရဲ့ သမီးလေးက 7 တန်းဖြေထားပြီးပြီ… ဘာပဲပြောပြော 7တန်း ဆိုတာ နည်းနည်းတော့အရွယ်ရောက်နေပါပြီ…. ဒါကို သူ့အမေ(သူလည်းငယ်သူငယ်ချင်းပါပဲ) ကသူ့သမီးကိုဆင်လိုက်ရင် 8 လက်မလောက်ပဲရှည်တဲ့ မီနီစကဒ်လေးတွေပဲဆင်တယ်ဗျာ…. မိဘတွေကိုက ဆင်ခြင်သင့်နေပါပြီ…… ကိုယ်တွေ့ဗျာ…….. ဒီမနက်ပဲကိုယ်တွေ့………… ဝူးးးးးးးးးးးးးးးးးးးး (တစ်ချို့မိဘတွေဆို ကိုယ့်သမီးအတိုတွေဝတ်တာကို ဘာမှမဆုံးမပဲ ဒီအတိုင်းထိုင်ကြည့်နေတာဗျ……ခက်တယ် )

  • htoosan

    February 27, 2012 at 4:07 pm

    ယုံဘူး … ပေါင်ကိုနမ်းတယ်ဆိုတာ လောက်ဆို ယုံတယ် ။
    ဇတ်လမ်းဆင်ထားတယ် ထင်တာဘဲ။။

    • စိန်ပေါက်ပေါက်

      February 27, 2012 at 4:11 pm

      ဟာဒေး..ဟာဒေး..
      ကီယားနော် ကန်မေလေး ပေါင်ကို နမ်းဒယ်..
      နှုတ်ခမ်းမွှေးဆူးလို ့ ကန်မလေး ထအော်တယ်..ကီယား ရှက်တွားဒယ်..
      ကီယားနော်..နှုတ်ခမ်းမွှေးနဲ ့ပဲ ထိုးတာ…သွားနဲ ့ လုံးဝ မကိုက်ဘူး..
      ကီယားနော် ဘယာကြော်ရောင်းဒယ်..လမ့်ကြုံရင် ဝင်အားပေးဘာ.ကီယား အစစ်ထည့်ပေးမယ်..
      မွှား..မွှား.မွှား…

  • ba gyi

    February 27, 2012 at 4:10 pm

    အင်း — ကားစီးရင် အိမ်သွားရည်လေးဆည်၊မျက်လွှာလေးအသာချ၊
    ခုတော့ မဖစ်ဒေါ့ဘာဘူး – ကားခေါင်မိုးပဲကြည့်နေရမယ်လားဘဲ — ဘွားတားတား၊ဒါလည်းမဖြစ်တေးဘူး
    တော်ကြာ ခါးပိုက်နှိုက် အကွက်ဝင်တွားအုန်းမယ်။
    ကိုစိန်ပေါက်ဖေါ်ကြီးပြောသလို သမာဓိ၊သမာဓိ ။အဲဒါစမ်းထှာနေမှာ၊
    ရှောင်လင်ကျောင်းပြေး ဟိုအဝေး ထိုပေါင်လွတ်နည်းသင်ပါမည်။
    ရှောင်လင်ကျောင်းဆင်း ထိုမြင်ကွင်း အရိုးစု ဟုမှတ်ရမည်။
    မျက်စိမှိတ်ကာ ထိုဂါထာ ကားပေါ်တက်တိုင်ရွတ်ပါမည်။

    • ခပ် KING ကင်း

      February 27, 2012 at 6:54 pm

      ဘကြီးရဲ့ ဂါထာကို နှလုံးသွင်းရင်း
      ကားစီးပါတော့မည် …..
      ကားစီးရင်လည်း မိန်းမမှန်သမျှ ဝေးအောင်ရှောင်ရင်
      ဒရိုင်ဘာနောက်နားကပ်စီးတော့မယ်
      မတော်တဆမှုဖြစ်ရင်တောင် ဒရိုင်ဘာက ကိုယ်လွတ်ရုံးမယ်ထင်လို့လေ …. 🙂

  • noob

    February 27, 2012 at 5:27 pm

    သူခများ ဝိစိရှိတယ်ဆိုရင်တောင် မှုတ်ဖို ့တောင်မမှိလောက်ဘူး ကုလားကြီးအရှေမှာ သွားရပ်ရတယ်လို ့မသကာ အဒေါ်ကြီးအရှေ တို ့ တခြားအမျိုးသမီးအရှေ တို ့နားတော့ သွားမရပ်ဘူး ပြောကိုမပြောချင်ဘူး ကုလားကြီးကို လူကြမ်းမင်းသာဖြစ်အောင်လုပ်တယ်

  • လိုင်းကားပေါ်က တိုနန့်နန့်တွေ သတိထားကြနော် …
    တွေ့ဒယ် မဟုတ်လား …
    နောက်ပီး လိုင်းကားပေါ် အနော် ပါလာရင်လည်း သတိထား ..
    ဟွန့် ဘာမှတ်နေလဲ … ကုလားလို လုပ်ပစ်လိုက်မှာ … 😀

  • Uncle Lay

    February 27, 2012 at 5:32 pm

    အော်… ဒီကုလား ဝက်ပေါင်နဲ့မှား ထင်ပ…။

  • aye.kk

    February 27, 2012 at 6:22 pm

    အန်ကယ်လေး..
    ပေါင်ကကြက်သားပေါင်လေးနဲ ့တူသွားလို့ကိုက်တာနေမှာ။
    နွယ်ပင်ရေ..
    ကျမငယ်ငယ်ကပေါ့နော်..
    အရွယ်ကထွားထွားဆိုတော့..
    ပေါင်သလုံးသားတွေကြီးတော့..
    အစ်ကိုကစကဒ်ဝတ်တာကိုလုံးဝလက်မခံခဲ့ဘူး..
    ထမီဝတ်တော့လည်းအဆော့သန်လွန်းလို့..
    တစ်နေ့တထည်ထမီအကွဲနဲ့ပြန်လာရတယ်..
    အမေကစည်းကမ်းအလွန်ကောင်းပြီးသူ့ထမီတွေကို..
    ကျမတို့ကြီးလာရင်ဝတ်ဖို့ဆိုပြီးဘီဒိုကြီးနဲ့ထည့်သိမ်းထားတာ..
    အားလုံးကုန်ပါလေရော(တိုက်ဆွေးဖြစ်ကုန်တာလည်းပါတာပေါ့နော်)
    ကျမတို့ကိုအမေကငါတသက်လုံးစည်းကမ်းနဲ့သိမ်းလာခဲ့တာ..
    နင်တို့တွေကိုပေါက်ကျော်မလို့ပြောရမလိုဖြစ်နေပြီတဲ့..
    လက်လံတယ်၊ဒိုးဆလံဒင်းဆလံပါတဲ့..(အမေကအဲဒီလိုတောင်ပြောယူခဲ့ရတယ်)
    အခုခေတ်က..
    ကျမတို့နဲ့အတော်ကွာခြားသွားခဲ့ပြီ၊ကျမတို့အဲဒီလိုဝတ်စားမိရင်တော့..
    အိမ်ပေါ်ကနေခြေဖဝါးနဲ့တင်ပါးတစ်သားတည်းကျအောင်ဆင်းပြေးရမှာသေချာတယ်။

  • htet way

    February 27, 2012 at 6:33 pm

    ဒီက ထိုးဇာတ်ထင်ပါတယ်
    နွယ်ပင်က ဒီလို မျိုးတွေရေးတဲ့နေရာမှာ ကုလားကိုတော်တော်သုံးနေတာတွေ့ရတယ်
    ကုလားဆိုတဲ့ အသုံးအနုန်းက ကူးလာဆိုတာက ဆင်းသက်တယ်
    ကူးလာကြတဲ့ လူတွေအားလုံးဟာ ကုလားလို့ ခေါ်ရမယ်
    အိန္ဒိယလည်းကုလား၊ အင်္ဂလိပ်လည်းကုလားပဲ မောင်လူအေးရေးတဲ့ ဝတ္ထုတွေထဲမှာ
    ကုလားဖြူဆိုတာအင်္ဂလိပ်ကိုပြောတာပဲ၊
    အခုတော့ အိန္ဒိယနွယ်ဖွားတွေကို ကုလားခေါ်တာပဲ။ပါကစ်စတန်ကိုလည်း ကုလားခေါ်တာပဲ
    အခုလည်း ထိုးဇာတ်တစ်ခု လို့ထင်ပါတယ်Htoosanပြောသလို ယုံဘူး … ပေါင်ကိုနမ်းတယ်ဆိုတာ လောက်ဆို ယုံတယ် ။ဇတ်လမ်းဆင်ထားတယ် ထင်တာဘဲ။။
    တခါတုန်းက ဝါဒမှိုင်းတိုက်တဲ့အမျိုးပျောက်မှာစိုးကြောက်ပါသည်ဆိုတဲ့ အုပ်စုတစ်ခုရှိခဲ့ဖူးတယ်
    နောက်တစ်ခုက မိန်းမတစ်ယောက်ပေါင်လောက်ပေါ်တာကို ကုန်းကိုက်တဲ့ လူဟာ စိတ်မနံ့သူ
    ပဲဖြစ်လိမ့်မယ်။ လူကောင်းတစ်ယောက်ကတော့ အလွန်ဆုံးကြည့်ရုံ ကလွဲပြီး မပိုနိုင်ပါဘူး။
    နောက် ကားပေါ်မှာ ကုလားကထောက်တယ်၊ အခု ပေါင်နမ်းတယ် ကာမရာဂနဲ့ ပတ်သက်တဲ့ စာတွေ
    ထက် ရယ်စရာ၊အကျိုးရှိမယ့် သတင်း၊ ဆောင်းပါး ဝတ္ထုတို၊တွေဖတ်ချင်ပါတယ် ။ဒီသတင်းကတော့ မူခင်းဂျာနယ်ကိုယာဉ်ကျော်တို့ ကိုငြိမ်းသူတို့ စီပေးရမယ့်မူခင်းဆိုင်ရာသတင်းပဲ။

    • နွယ်ပင်

      February 28, 2012 at 9:18 am

      ဆရာကိုထက်ဝေးရေ …
      နွယ်ပင်က ဒီလို မျိုးတွေရေးတဲ့နေရာမှာ ကုလားကိုတော်တော်သုံးနေတာတွေ့ရတယ်
      ဆိုတာလေးကို သဘောမတွေ့လို့ ပြန်ပြောပါရစေ
      … ဒီစာလေးကို နွယ်ပင် Facebook မှာတွေ့လို့ ပြန်လည်ဖော်ပြထားတာပါ အောက်မှာလည်း ကူးယူတာဖြစ်လို့ ရေးတဲ့ သူရဲ့ နာမယ်ကိုတောင် ထည့်ပြီး ဖော်ပြထားပါသေးတယ် . နွယ်ပင်က ဒီလိုတွေရေးတိုင်း ကုလားကို သုံးရအောင် ကုလားကို မုန်းနေတဲ့ သူလည်းမဟုတ်ပါဘူး (မမုန်းဘူးဆိုလို့ ချစ်တယ်လို့လည်း မမြင်စေချင်ပါ) နောက် ဟိုတစ်လောက ရေးထားတဲ့ အစ်မ အပျိုကြီး အကြောင်းကလည်း တကယ် ကုလားက လုပ်လို့ ရေးထားတာပါ အဲ့နေရာမှာ တရုတ်ဆိုလည်း တရုတ် ဗမာဆိုလည်း ဗမာအမှန်တိုင်းရေးမှာပါ ဘယ်လိုအကြောင်းနဲ့မှ လူမျိုးရေးကွဲပြားစေနိုင်တဲ့ စာဖြစ်အောင် လုပ်ကြံရေးတာ မဟုတ်ပါဘူး.. နောက်နွယ်ပင်ရေးတဲ့အကြောင်းအရာတွေကို ကာမရာဂနဲ့ ပတ်သက်တဲ့ စာတွေရေးတယ်လို့ကို မထင်တာပါ ဒါမျိုးလေးတွေ ဖြစ်တက်တယ်ဆိုတာ ပြောပြချင်ယုံပါ ဒါကို စာဖတ်တဲ့သူက ကာမရာဂနဲ့ ပတ်သက်တဲ့ စာလို့မြင်တယ်ဆိုရင်လည်း လူတစ်ကိုယ်အမြင်တစ်မျိုးမို့ ကြိုက်သလိုထင်မြင်ယူဆနိုင်ပါတယ် . ဒါပင်မယ့် သေချာတာ တစ်ခုကတော့ နွယ်ပင်က လူမျိုးရေးခွဲခြားစေတယ်တဲ့ စာမျိုးကို ရေးတာမဟုတ်ကြောင်းကို ဆရာထက်ဝေးကို သိစေချင်ပါတယ် ……

      • etone

        February 28, 2012 at 10:15 am

        ဟေး .. ကန်မလေး … ကုလားနော် .. အီချစ်အားဂျီး ရှိတယ် … ။
        ကုလားကိုကြိုက်ရင် … နွားနို့အများကြီးအလကားတိုက်မယ်နော် …. ။ အားချိတယ် .. 😛

      • ဟုတ်ပါတယ် မမနွယ်ပင်ရေ…..
        မမကို အဲလိုမြင်လို ့ရေးရခြင်းတော့ မဟုတ်ပါဘူး။နည်းနည်းပါတာများလို ့သတိထားမိပြီး
        ဟုတ်မလားလို ့မေးကြည့်ရုံပါ။မမနွယ်ပင်တို ့လိုရွာထဲက ဆရာသမားတွေမှာခုလို သေးသိမ်တဲ့
        စိတ်မျိုးမရှိလောက်ဘူးလို ့ယုံမိပါတယ်။
        ဒီလို ပြဿနာမျိုးမဖြစ်ရအောင်ရယ်ဖြစ်လာရင်လဲ ဘယ်လိုကာကွယ်ကြ၊အရေးယူနိုင်ကြမလဲ
        အဖြေရှာတိုင်ပင်ကြပါစို ့နော်။

      • လွင့် ငယ်

        February 28, 2012 at 11:13 am

        ကျွန်မကတော့ ဒီလိုထင်တာပဲ စိတ်ထားယုတ်ညံ့တဲ့ လူဆိုတာ လူမျိုးတိုင်းမှာရှိမှာပါ
        အခုဟာကလည်း မနွယ်ပြောတဲ့ အကြောင်းအရာမှာပါတဲ့ လူမျိုးက တမင်သက်သက် ဒီလူမျိုးကိုပဲ ဦးတည်ရေးထားတယ်လို့တော့ ကျွန်မကတော့မထင်ဘူး တိုက်ဆိုင်သွားတယ် လို့ပဲမြင်တယ် နောက်တစ်ခုပြောချင်တာက မနွယ်ရဲ့ အရင်ပိုစ့်ကို မဖတ်ဖူးပင်မယ့် အခုပြောပြထားတဲ့ အကြောင်းအရာကိုတော့ ကာမရာဂနဲ့ ပတ်သက်တဲ့ စာလို့ မမြင်မိတာပါ ဒီလိုမျိုးအဖြစ်အပျက်လုပ်တဲ့ သူကတာ ကာမစိတ်ငယ်ထိပ်တက်စောင့်နေတာ ဖြစ်ပါလိ်မ့်မယ် ရေးတဲ့သူကတော့ အဲလိုသဘောမျိုးနဲ့ ဖော်ပြတာ မဖြစ်နိုင်ပါဘူး ဒါကလည်း စာဖတ်သူတွေအတွက် သတင်းလေး တစ်ခုပါလို့ ကျွန်မတော့ မြင်တယ် ဆက်ရေးပါ မနွယ်ရေ အားပေးနေပါတယ် ။

  • ဒီက ထိုးဇာတ်ထင်ပါတယ်
    နွယ်ပင်က ဒီလို မျိုးတွေရေးတဲ့နေရာမှာ ကုလားကိုတော်တော်သုံးနေတာ
    တွေ့ရတယ်။ကုလားဆိုတဲ့ အသုံးအနုန်းက ကူးလာဆိုတာက ဆင်းသက်တယ်။
    ကူးလာကြတဲ့ လူတွေအားလုံးဟာ ကုလားလို့ ခေါ်ရမယ်အိန္ဒိယလည်းကုလား၊
    အင်္ဂလိပ်လည်းကုလားပဲ မောင်လူအေးရေးတဲ့ ဝတ္ထုတွေထဲမှာကုလားဖြူဆိုတာ
    အင်္ဂလိပ်ကိုပြောတာပဲ၊အခုတော့ အိန္ဒိယနွယ်ဖွားတွေကို ကုလားခေါ်တာပဲ။
    ပါကစ်စတန်ကိုလည်း ကုလားခေါ်တာပဲအခုလည်း ထိုးဇာတ်တစ်ခု လို့ထင်ပါတယ်
    Htoosanပြောသလို ယုံဘူး … ပေါင်ကိုနမ်းတယ်ဆိုတာ လောက်ဆို ယုံတယ် ။ဇတ်လမ်းဆင်ထားတယ် ထင်တာဘဲ။။
    တခါတုန်းက ဝါဒမှိုင်းတိုက်တဲ့အမျိုးပျောက်မှာစိုးကြောက်ပါသည်ဆိုတဲ့ အုပ်စုတစ်ခုရှိခဲ့ဖူးတယ်
    နောက်တစ်ခုက မိန်းမတစ်ယောက်ပေါင်လောက်ပေါ်တာကို ကုန်းကိုက်တဲ့ လူဟာ စိတ်မနံ့သူ
    ပဲဖြစ်လိမ့်မယ်။ လူကောင်းတစ်ယောက်ကတော့ အလွန်ဆုံးကြည့်ရုံ ကလွဲပြီး မပိုနိုင်ပါဘူး။
    _______________
    ဒီသတင်းမျိုးကြားရတာ စိတ်မကောင်းမိပေမယ့် ဆရာထက်နဲ ့ကိုထူဆန်းရဲ ့လိုက်လျောညီထွေ
    ဖြစ်တဲ့ကွန်မန် ့လေးတွေကျေးဇူးကြောင့်သာ တော်ပါသေးတယ်။နေရာတိုင်းမှာ အဆိုးနဲ ့အကောင်း
    ဒွန်တွဲလျှက်ဘဲမို ့ ပြစ်ပြစ်နစ်နစ်ဘဲ မယိုးစွပ်သင့်တော့ဘူးလို ့ယူဆမိပါကြောင်း။စဉ်းစားကြည့်ရင်၊
    တွေးကြည့်ရင် ကျနော်တို ့ဂေါတမမြတ်စွာဘုရားဟာ နီပေါနိုင်ငံသားအစစ်ပါ။ဒါဆိုရင် ဘုရားရှင်ကို
    လဲ ကုလားလို ့ခေါ်နေသလိုဖြစ်နေပီနော်။

    • Rose Minn

      February 28, 2012 at 11:40 am

      ဘုရားရှင်က ကုလားမဟုတ်ဘူး။ ။ နီပေါက လုံဗ္ဗဏီက ဘုန်းဘုန်းတွေက ပြောတယ်။ သာကီ= ကျွန်း ၊ဝင်=အမျိုးလို့ ပြောတာ။ ကျွန်းတောထဲက အမျိုးပေါ့လေ။ ကုလားမျိုးထဲမှာ မပါဘူးတဲ့။

      • nigimi77

        February 28, 2012 at 10:15 pm

        @ Rose Minn

        ရှမ်းကြိုက်ရင် နွားချော သတဲ့

    • ဘဘ

      February 28, 2012 at 3:41 pm

      နဲနဲပြောကြည့်မယ်နော်၊ မြတ်စွာဘုရား ပွင့်တော်မူစဉ် ကာလမှာ တရုတ်ပြည်၊ကုလားပြည်၊ အမေရိကန် လို့မရှိပါဘူး။ မဇိ္ဇူမဒေသရယ်လို့ပဲရှိပါတယ်။ မြတ်စွာဘုရား ဟာ သကျ (Ethnicity – Shakya) မျိုးနွယ်ကလို့ကမာ႓ကလက်ခံပါတယ်။
      ဒါကို ပေါက်ကရ သူတို့အမျိုးပါလို့အတင်း ကာရောပြောတတ်တာ က မိမိကိုကို သိမ်ငယ်စိတ်ဝင်(Inferiority Complex) နေတဲ့ ကုလား များသာဖြစ်ပါတယ်။

      ကုလားဆိုတဲ့အခေါ်အဝေါဟာ နှိမ့်ချ တဲ့ အခေါ်အဝေါ် မျိုးမဟုတ်ပါဘူး။ ဗမာကို ဘမာ၊ မွန်ကို မွန်၊ ရှမ်းကို ရှမ်း၊ တရုတ်ကို တရုတ် လို့ခေါ်သကဲ့သို့ ကုလားကို ကုလား လို့ရိုးရိုး ရှင်းရှင်း ခေါ်ဝေါ်ခြင်းပါ။ ( ကုလား ကို မျောက်လို့ခေါ်ရင်တော့ ဒါဟာ နှိမ့်ချ ခေါ်ဝေါ်တာလို့ပြောပါ)။

      ခုကျနော်မြင်နေ တွေ့နေရတာက ကုလား လူမျိုးများဟာ သူတို့ကို ကုလားလို့ ခေါ်ဝေါ်တာကို ပဲ သိမ်ငယ်စိတ်ဝင်ပြီး ကျနော်တို့ ကိုးကွယ်ရာ မြတ်စွာဘုရား ကို သူတို့လူမျိုးပါလို့ အတင်းလိုက်လုပ်နေတာပါ။ ဒါကို သေချာ မသိတဲ့ ဗုဒ္ဓဘာသာဝင်များကလဲ အမှတ်မှားနေကြပါတယ်။

      ထပ်ပြောပါရစေ ဗုဒ္ဓမြတ်စွာဘုရားသည် လုံးဝ(လုံးဝ) ကုလားမဟုတ်ပါ။ Ethnicity – Shakya သကျမျိုးဝင် မဇိ္ဇူမဒေသကသာဖြစ်ပါတယ်။

      • nigimi77

        February 28, 2012 at 10:23 pm

        @ ဘဘ

        ကုလားကြီး ဟာ အရာကြီး မဟုတ်ဘူးဆိုတာကို သက်သေပြပါ။

        ကုလား ဆိုတဲ့ ဝေါဟာရသည် ဘယ်အချိန်က စပြီး ပေါ်ပေါက်လာပါသလဲ။

        မြန်မာနိုင်ငံမှာ ရှိတဲ့ ဘယ် မျိုးစုက စပြီး ကုလား ဆိုတဲ့ စကားရပ်ကို စတင်ခဲ့သလဲ ။

        India, Nepal မှ အစပြုပြီး ဘယ်နိုင်ငံက ဘယ်လူမျိုးဟာ ကုလား ဖြစ်ပါသလဲ ။

        သေချာတာက ဗုဒ္ဓဟာ လူ ဆိုတဲ့ သတ္တဝါက ဖြစ်လာတယ်။

  • memeseku

    February 27, 2012 at 8:33 pm

    တကယ့်ဇာတ်လမ်းအစစ်က ဒီလိုပဲဖြစ်နိုင်တယ်….
    လူတစ်ယောက်ကားပေါ်မှာထိုင်နေတယ်…
    မိန်းကလေး ပေါင်ပေါ်ဝတ်လာတယ်… ကြည်.တယ်..(ကျုနော်ဆိုလဲကြည့်မိမှာပါပဲ ) အခန့်မသင့်ရင်ကားလှုပ်လို.ထိရုံလောက်ပါပဲ။ ထိမိရင်လဲမိန်းကလေးက နေရာတော့ရွေ့မှာပဲ… နောက်တခါကိုက်ဖို့အခွင့်မပေးလောက်ဘူးထင်ပါတယ်။
    ဘာလို့လဲဆိုတော့.. မိန်းကလေးကမတ်တပ်… ဟိုလူက..(ကုလားလို့တော့မသုံးသင့်လို့မသုံးပါ။ ကိုသန်းထွတ်ဦးရဲ.နောက်ဆုံးမှတ်ချက်လေးအရ ) ထိုင်နေတာ… လေ…။ဘယ်လိုမှ ထောက်လှမ်းရေးကလဲလုပ်လို့ရမှာမဟုတ်ဘူး…။တကယ်သာ ဟိုလူကကိုက်ရင်… အဲ.လူတော့.. ကားပေါ်ကမျိုးချစ်တွေရဲ. ဆွမ်းကြီးလောင်းမှူနဲ့တင်… ကို ကျော်သူ့ဆီနဲ့ဆေးရုံတခုခုပဲ…။ အဲ့ဒိတော့ကာ.. ကိုထက်ဝေးပြောသလိုထိုးဇာတ်လား…. ဒါမှမဟုတ်.. idea ကွန့်ထားတာလား …လား… လား.. လား.. လားပေါင်းများစွာဖြင့်.. သဂျီးရဲ. မတူသော အမြင်ဖြင်. မဝံမရဲ. လေးမန်.လိုက်ရပါတယ်.. ကွယ်..
    မနီကျပါနဲ့နော်…
    အမြင်မတူရင်..ဆွေးနွေးပေးပါ..

  • memeseku

    February 27, 2012 at 9:07 pm

    ဒါနဲ.ဗျူးတာလား..ကိုယ်တွေ.လားဟင်

  • windtalker

    February 27, 2012 at 9:48 pm

    ဟီဟိ ဘာရယ်ညာရယ်တော့ မဟုတ်
    မနွယ်ပင် စာကို မဖတ်ခင်တုန်းက
    အလျန်းမမ ဘယ်တုန်းက တိုသွားတာပါလိမ့်လို ့
    ဟီဟိ
    စတာပါခင်ဗျ

  • ဒီက သူငယ်ချင်းတွေ မမတွေရော… တိုတိုဝတ်ပြီး လိုင်းကားတိုးမစီးနဲ့နော်။ တောင်းပန်တာပါ။ မိန်းခလေး တစ်ယောက်ဒီလိုဖြစ်ခံရတာ ဘယ်လောက်နားရှက်စရာလဲ။ ဝတ်ရင်လည်း တော်ရုံဝတ်ကြပါလို့။ တော်ရုံ မဝတ်နိုင်လဲ တက္ကစီတော့စီးကြပါလို့ပြောချင်ပါရဲ့ကွယ်။။။။။။။
    _____________အင်းဖြစ်လာခဲ့ရင်လဲ နောက်နောင်မကျူးလွန်ဝံ့အောင် ထိရောက်စွာအရေးယူနိုင်အောင်
    ဆောင်ရွက်နိုင်ဖို ့ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားစေချင်မိပါတယ်။

  • Shwe Tike Soe

    February 27, 2012 at 11:28 pm

    အမလေးနော် ကုန်းတောင်ကိုက်လောက်အောင် ဘယ်လောက်များဖြစ်နေလို.ပါလိမ့်နော်…
    ကျွန်တော်ထင်တာတော့ ကုန်းနမ်းတော့ ကောင်မလေးက အော်မှာ ကိုက်တာနေမှာပေါ့….. အမလေးစိုးလိုက်တာနော်………
    ဘယ်လိုဟာတွေပါလိမ့် ပိုက်ဆံပေး အကုန်ရတဲ့ခေတ်ကြီးမှာ… အဲဒီလောက်တောင် ငတ်ရသလား အထောက်တော်ကျန်ကျောင်းတို. ဗူးတကဗူး တို.ရေ……………
    မိန်းကလေးများလဲ သတိ္တဝီရိယ နဲ.နေကြပေတော့ ….. မိန်ကလေးဖြစ်ရတာလဲ မလွယ်ပါလားနော်..
    အနေအထိုင်လေးတွေလဲ ဆင်ခြင်ကြပေါ့နော…………..
    ဘယ်သူအပြစ်ပြောလိုပြောရမှန်းမသိပါဘူးဗျာ…………. စိတ်ညစ်ဒယ် ဒါပဲ……..

    • Foreign Resident

      February 28, 2012 at 5:22 am

      ” ပိုက်ဆံပေး အကုန်ရတဲ့ခေတ်ကြီးမှာ… အဲဒီလောက်တောင် ငတ်ရသလား ”

      ကို Shwe Tike Soe ရဲ့
      ပိုက်ဆံပေး အကုန်ရတဲ့ခေတ်ကြီး ဆိုတာ သိပ်မှန်လွန်းသွားတော့လည်း ။
      ပိုက်ဆံ မရှိတဲ့ ကုလား ခမျာမှာတော့ အကုန် ငတ်နေလို့ ဖြစ်မှာပေါ ။

  • ဦးဦးပါလေရာ

    February 27, 2012 at 11:37 pm

    ကျုပ်တော့ ဒီလူ(ပေါင်ကိုနမ်းတဲ့သူ) ကို တော်တော်သနားတာပဲ….
    လူ့စိတ်ရိုးရိုးလောက်နဲ့ ဘတ်စ်ကားပေါ်မှာတော့ ဒီလောက်မဖြစ်နိုင်ပါဘူး။
    မသကာ လက်နဲ့လှမ်းကိုင်မယ် ဆိုတာလောက်ပဲ ဖြစ်နိုင်ပါတယ်။
    ကြည့်ရတာ စိတ်ဖေါက်ပြန်သွားတာဖြစ်မယ်။

    ပေါင်ပိုင်ရှင်မိန်းကလေးကလဲ သူ့ပေါင်အဲလောက်စွမ်းမှန်းမသိလို့ဖြစ်မှာပါ။
    မဟုတ်ရင် ဘတ်စ်ကားဘယ်စီးမလဲ
    လင်ခရူဇာ ပဲ စီးပြီးအစွမ်းပြတော့မပေါ့ ….

    • ရှမ်းပြည်သား (တောင်ပိုင်း)

      February 28, 2012 at 10:07 am

      စပွန်ဆာမရသေးလို့ဖြစ်ပါလိမ့်မယ်။

  • ဦးဦးပါလေရာ

    February 27, 2012 at 11:41 pm

    တခုစဉ်းစားစရာက
    ဆေးသုံးထားလို့ စိတ်ထနေတာလဲဖြစ်နိုင်တယ်။
    တချို့ ငကြောင်တွေက ဆေးကို သူ့အချိန်မဟုတ်ပဲ အလကားနေရင်းသုံးတာ ကြားဘူးတယ်။

  • surmi

    February 28, 2012 at 12:24 am

    ဗျို. ……ရွာသူ ရွာသားတွေ ….။
    ကုလား ကုလား ဆိုလို. ဆာမိလို.တော.မထင်ကြပါနဲ.နော် ..။ဆာမိ ကြောက်ကြာက်။
    တော်သေးတယ် ကိုဘလက်ရဲ. အိပ်ချင်ပြေနဲ. မအိပ်ဖြစ်သေးလို.၊။
    (ကုလားနော ..သားတိရှိဒယ် ….နားဒယ်နော် ….မဲအော်ဘူး)

  • Uncle Lay

    February 28, 2012 at 9:28 am

    ပင်ဦးလွင်မြို ့နယ်တွင်း ကိုယ်ခန္ဓာလှပ ထွားကျိုင်းသူ မိန်းခလေးများ၏ တင်ပါးကို
    ဓားဖြင့်လိုက်လံထိုးသူ အသက်(၃၀)အရွယ် အမျိုးသားတဦးကို ပြင်ဦးလွင် ရဲတပ်ဖွဲ ့
    စခန်းက ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းဖမ်းမိထားကြောင်း အဆိုပါ ရဲတပ်ဖွဲ ့
    စခန်းမှ ရဲအရာရှိတဦးက ပြောကြားသည်။

    အဆိုပါ အမျိုးသားမှာ အသက်(၃၀)အရွယ်ရှိသူ လာဘားအမည်ရှိပြီး ကိုယ်ခန္ဓာ
    အချိုးအစားလှပသူ၊ ထွားကျိုင်းသူအမျိုးသမီးများကို ဆိုင်ကယ်စီးနင်းကာ ဓားဖြင့်
    လိုက်ထိုးကြောင်း ပြင်ဦးလွင်မြို ့ခံ ပရဟိတလုပ်ငန်းလုပ်ကိုင်သူ အသက်(၄၀)အရွယ်
    အမျိုးသားတဦးကဆိုသည်။
    “တချို ့ဆိုရင် ဓါးတန်းလန်းနဲ ့ဆေးရုံးရောက်လာတာရှိတယ်”ဟု ၎င်းကဆိုသည်။

    လတ်တလောတွင် အမျိုးသမီးသုံးဦးခန် ့သာ လာရောက်အမှု ့ဖွင့်တိုင်ကြားထား
    ကြောင်း၊ ယင်းကဲ့သို ့ဓားနှင့်ထိုးခံရမှုဖြစ်ပွါးရာတွင် ၁ဝ ဦးခန် ့ရှိကြောင်း ပြင်ဦးလွင်
    မြို ့နယ် ရဲတပ်ဖွဲ ့စခန်းကဆိုသည်။

    အမျိုးသမီးတင်ပါးဓားဖြင့်ထိုးသူဟု စွပ်စွဲခံရသူကို နာကျင်စေမှု၊ လိုင်စင်မဲ့ ဆိုင်ကယ်
    စီးနင်းမှု၊ လက်နက်ကိုင်ဆောင်မှုအပါအဝင် အမှုသုံးခုဖြင့် တရားစွဲဆိုထားပြီး စစ်
    ဆေးလျှက်ရှိကြောင်း ယင်းရဲစခန်းက တာဝန်ရှိသူတဦးက ဆိုသည်။

    ယခင်ကပြုလုပ်ခဲ့သော ညံတောဘုရားပွဲတွင် အမျိုးသမီးများ သိပ်မတွေ ့ရတော့
    ကြောင်း၊ ပြင်ဦးလွင်တွင် ယင်းကဲ့သို ့ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ညဘက်၌ အမျိုးသမီး
    များအပြင်သိပ်မထွက်ရဲတော့ကြောင်း ပြင်ဦးလွင်မြို ့ခံများက ပြောကြားသည်။

    ယင်းကဲ့သို ့ဓားထိုးမှုနှင့်ပါတ်သတ်၍ မည်ကဲ့သို ့ကြောင့် ထိုးသည်ကို ပထမ သတင်း
    ပေးတိုင်းကြားမှုကို ဆက်သွယ်မေးမြန်းရာတွင် စခန်းမှူးမရှိသောကြောင့် နောက်မှ
    ဆက်သွယ်ပါရန် တာဝန်ကျရဲအရာရှိက ဆိုသည်။

    “အမိန် ့နဲ ့အုပ်ချုပ်တဲ့အဖွဲ ့အစည်းဖြစ်တာကြောင့် ဖြေလို ့မရပါဘူး”ဟု ၎င်းက ဆိုသည်။
    The Voice
    MNN

  • etone

    February 28, 2012 at 10:30 am

    အဟီး .. ရယ်လည်း ရယ်ချင်ပါတယ် … သနားလည်း သနားမိပါတယ် … ။ 😛
    လူမှန် နေရာမှန် မဝတ်တတ်မစားတတတ်တာက အဓိက ပြသနာလို့ မြင်မိပါတယ် … ။
    ကိုယ်ပိုင်ကားနဲ့ သွားရတဲ့ နေရာမျိုး ဆိုလျှင်တော့ .. ဝတ်ချင်သလောက်ဝတ်ပြသနာမဟုတ်ပေမယ့် … လူတန်းစားမျိုးစုံနဲ့ ထိတွေ့ရမယ့် … ဘတ်စ်ကားလိုမျိုးစီးလျှင်တော့ … အတတ်နိုင်ဆုံး လုံခြုံသင့်ပါတယ် … ။ တဏှာဆိုတာကလည်း …. ခက်သားနော် …. ဘာမှ မဘာရလျှင်တောင် … တို့လိုက်ရမှ ထိလိုက်ရမှ နေသာထိုင်သာရှိတဲ့ လူတွေလည်း … လမ်းမပေါ် ကားပေါ်မှာ ရှိနိုင်တာမို့ …. မိမိကိုယ်တိုင်က … သူများစိတ်ကြွစေမယ့် .. အဝတ်စားမျိုးဝတ်မသွားသင့်ဘူးလို့ ထင်ပါတယ် … ။

    ဇာတ်လမ်းက ဟုတ်တာ မဟုတ်တာ အပထား …. ဒီထဲမှာ စိတ်ဝင်စားစရာကောင်းတာက .. နမ်းရုံတင်မကပဲ .. ကိုက်တဲ့ အထိပါ .. ဒီကောင်မလေး … ဘာတွေဝေမိနေပါလိမ့်ဆိုတာပါပဲ … ။ ခွေးလို ပေါင်ကိုကပ်ပြီး ပြေးကိုက်တာမျိုးလည်းမဟုတ် … နမ်းပြီးမှ ကိုက်တာကို… ဒီမိန်းကလေး ကိုယ့်ပေါင်ပေါ် ထူးခြားတဲ့ အထိတွေ့တစ်ခု ရောက်လာကတည်းက ဖယ်ရှားရမှာ … ဘာကိုငေးပြီးနှောင့်နှေးနေမိသလဲဆိုတာလည်း … မပြောတတ်တော့ပါဘူး … ။

    မိန်းကလေးတွေ အရှက်ကွဲခံရတဲ့ ကိစ္စမှာ … ရဲစခန်းထိတောင် မရောက်တဲ့ အဖြစ်မျိုးက ပိုများပါတယ် … ။ အဲ့ဒီနေရာမှာတင် .. ဆဲပြီးဆင်းလျှင် ဆင်းသွားမယ် .. ဒီထက် လက်ရဲလျှင်တော့ ..ပါးရိုက်ပြီး ဆင်းချင် ဆင်းပြေးသွားမယ်လေ … ။ လူအကြည့်ခံပြီး ရဲစခန်းထိ လိုက်သွားဖို့ဆိုတာကတော့ … တကယ့်ကို … သတိ္တရှိတဲ့မိန်းမမှဖြစ်မယ် …. ။ 🙄

    • nigimi77

      February 28, 2012 at 10:43 pm

      တော်တော်မိုက်မဲတဲ့ ပုရိသ ။

      မြင်တောင့် မြင်ခဲကိုမှ ကိုက်ရတယ်လို ့။

      ကျုပ်သာဆိုရင် လျှာဗျားကြီးက …..ရှလွက်……ရှလွက်

      • etone

        February 29, 2012 at 11:54 am

        ဟိုကဏန်းကြီး ဆဲဗမ်း ဆဲဗမ်း …… သူငယ်နာ ပြန်ထလာသလား ဟမ် 👿
        အဲ့ဒီလျှာကြီး ခဏငှားစမ်းပါ …. ခေါင်းသုတ်ဆိုင်ကိုုပြန်သွင်းမလို့ …… ။ 😆

  • phome paing

    February 28, 2012 at 11:40 am

    အဓိကမီးမွှေးတဲ့သူကဘယ်သူလဲ၊အဲဒါ မိန်းမများအတွက်သီးသန့်ဘတ်စ်ကားလိုတယ်ဆိုတာထောက်ခံ
    ချက်တစ်ခုပဲ၊ကိုက်တာတော့မဖြစ်နိုင်ဘူး၊အဲဒီမိန်းကလေးသာ တကိုယ်လုံး လုံလုံခြုံခြုံ ပုံစံမျိုးဝတ်ထားရင်
    အဲဒီဖြစ်ရပ်အတွက်ကာကွယ်ပြီးသားပေါ့၊ အဲဒီလိုမျိုးဝတ်တာလူအများကြားမှာမို့လူပြတ်ရင်တော့ မိန်းကလေး
    အတွက်ရင်လေးစရာပေါ့၊ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက ဘာကိုအားပေးနေလဲဆိုတာ သိရဲ့သားနဲ့ဝတ်တဲ့သူ
    တွေအတွက် ဒီလိုဟာမျိုးပုံစံအမျိုးမျိုးနဲ့ရင်ဆိုင်ရမှာပဲ၊
    ကိုယ့် ကိုယ် ကိုဖေါ်ပြတာ ငရဲထိုက်တဲ့ လုပ်ရပ်တစ်ခုလို့ထင်ပါတယ်

  • ငပွကြီး

    February 28, 2012 at 12:40 pm

    ဝ က စီလုပ်လေ စီလုပ်မို့လို့ ဝကို စီလုပ်ခေါ်တာ ဝ ကြိုက်လယ်လေ..
    လု တို့ကီလား ကို ကီလားခေါ်လယ် လု ကမီကြိုက်ဘူး…
    ကီလား ခေါ်ရင် ဘာပြုလို့လဲ ဝ နားမီလယ်ဘူး..
    ကီလား ကို ကီလား မီခေါ်ရရင် ဘီလိုခေါ်ရမီလဲ ပြူးပါအုံး…: )

  • vipar

    February 28, 2012 at 12:43 pm

    အေးတော်ကျတော့ ဟ….အခင်းဖြစ်တဲ့ နေရာကိုငါကိုယ်တိုင်သွားကြည့်ပြီးပြီး…43လိုင်းကားကိုလည်းစစ်ပြီး
    ပြီ…စပါယ်ယာပြောတော့ ကုလားကကားပေါ်ကဆင်းတော့ အိပ်ဇောပိုက်ကို အနားကပ်ပြီးတစ်ခုခုလုပ်သွား
    ဒယ်တဲ့ ….:P

  • Wow

    February 28, 2012 at 1:29 pm

    နွယ်ပင်ရေ ကျမတစ်ဦးတစ်ယောက်ထဲရဲ့သဘောထားပါ…
    စာရေးသူဆိုတာ အစွန်းတွေကို ရှောင်သင့်တယ်ထင်ပါတယ်။ တစ်ခါက သတင်းစာဆရာကြီးတစ်ဦးပြောတာ မှတ်သားဘူးပါတယ်။

    Quote
    သူတစ်ဦးတစ်ယောက်ရဲ့ မကောင်းတဲ့သတင်းကို ရေးတဲ့နေရာမှာ အလွန်သတိထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေးမတော်ရင် စာရေးသူကိုပြန်မုံးသွားစေနိုင်လို့ပါပဲ။
    Unquote

    ဒီလို Online ပေါ်မှာတောက်တိုမယ်ရလေးတွေ ရေးတာတောင်မှာ အထက်ပါအချက်ကို ကျမအလွန်သတိထားပါတယ်။ ကျမရဲ့မတောက်တခေါက်စာလေးတွေကို Fair & True ဖြစ်ဖို့ပေါ့။

    ဒီတော့ ဆရာလုပ်တယ်လို့ မထင်ပဲ ချစ်လို့ ခင်လို့ ကိုယ်ဉာဏ်မှီသလောက်ကလေး ပြောပြပါရစေ။ ကုလားလို့ရေးမဲ့နေရာမှာ အမျိုးသားတစ်ဦးလို့ ရေးရင်ပဲ လုံလောက်ပါတယ်။ နွယ်ပင်ရေးချင်တာ အကြောင်းအရာသာ အဓိကမဟုတ်ပါလား။ လူ/person ဘယ်သူဆိုတာ အဓိကမကျပါဘူး…

    ချစ်ခင်စွာဖြင့်
    Wow

    • နွယ်ပင်

      February 28, 2012 at 1:37 pm

      wow ရေ အခုလိုပြောပြပေးတာ ကျေးဇူးတင်ပါတယ်
      နွယ်ပင်ကလည်း အခုတစ်လော ဒါမျိုးပိုစ့်တင်တာ နှစ်ခါလောက်ဖြစ်သွားတယ်
      ဒီတစ်ခါကတော့ နွယ်ပင်ရေးတာမဟုတ်သော်လည်း ကူးပြီးပြန်လည်
      တင်ပြတဲ့အတွက် နွယ်ပင့်မှာလည်း တာဝန်ရှိပါတယ် ။
      အပေါ်မှာလည်း ပိုစ့်ရေးတဲ့ သူကိုယ်တိုင်က ဒီလိုမျိုး
      စိတ်နဲ့ရေးတာ မဟုတ်ကြောင်းရှင်းပြထားပါသေးတယ် ..
      နွယ်ပင်ကလည်း လူမျိုးရေးခွဲခြားစေလိုတဲ့ အတွေးမျိုးမရှိတာကတော့ သေချာပါတယ်
      နောက်တစ်ခါဆိုရင်တော့ ဒီလို အရေးအသားမျိုးလေးတွေကို အထူးဂရိုစိုက်ပါ့မယ် ….

      • Wow

        February 29, 2012 at 12:20 pm

        အခုလို အလွယ်တကူ လက်ခံတာဟာ နွယ်ပင် ဘယ်လောက် ပြည့်ဝ လဲဆိုတာပြတာပါ။ ဒီလို်လူမျိုးမှာ လူမျိုးခွဲခြားရေးအမြင်မရှိဘူးဆိုတာ ယုံပါတယ်။
        စကားမစပ် ကျမမှာ သူငယ်ချင်းတွေကို အရမ်းအနွံအတာခံတဲ့ ရခိုင်သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ ဒါပေမဲ့သူ့ကို ရခီးလို့ခေါ်ရင် တအားစိတ်ဆိုးတာပါပဲ။ ဘာလို့လဲတော့ သေသေချာချာ မေးမကြည့်ဘူးပါဘူး။ လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိပါတယ်။ အဲဒီအားနဲချက်တွေကို ဖြည့်တွေးနားလည်ပေးမယ် ဆိုရင် ကမ္ဘာကြီးမှာ အားလုံးနေပျော်စရာကောင်းမှာပါ။

    • Mလုလင်

      February 28, 2012 at 3:40 pm

      သူများရေးတာကို ကူးတင် ပါတယ်ဆိုမှ တော့ သူ့စာသား အတိုင်းပဲ ရှိသင့်တာ ပိုကောင်းမယ် လို့ ကျွန်တော့ တစ်ယောက်ထည်း အမြင်အရ ပြောချင်ပါတယ်။ Facebook က Nick လဲပါတာမို့ ရှာ ပြီး request ပို့ … comment ရေးလို့ ရတာနဲ့ သွားရေးပြီး ဒီလို အကြံ ပေးစေချင်ပါတယ်။ ဒါဆို ရေးတဲ့သူ တိုက်ရိုက်သိသွားတာမို့ .. ပိုအကျိုးများမယ် ထင်ပါတယ်။ မှတ်ပုံတင် ကို ဖြတ်လမ်း က အရ ယူပြီး နိုင်ငံသားဖြစ်လာတဲ့ လူအကုန်လုံးကို မုန်းတယ်။ လုပ်ပေးတဲ့ သူတွေကို လဲမုန်းဒယ် .. မုန်းဒယ် …………. မုန်းဒယ် .. နင် မုန်းတာထက် ပို ……………………….
      မုန်းဒယ် …………… x 100000

    • ဘဘ

      February 29, 2012 at 12:43 am

      ကျနော်လဲဆရာလုပ်တာမဟုတ်ပါ၊ အမြင်ကိုဝင်ဆွေးနွေးတာပါ။ ရှမ်းလူမျိုးကိုရှမ်းလို့ခေါ်တယ်၊မွန်ကိုမွန်၊ ကရင်ကိုကရင်၊ တရုတ်ကိုတရုတ် ခေါ်သလို ကုလားကိုကုလားလို့ခေါ်တာ နိမ့်ချခေါ်ဝေါ်တာမဟုတ်ပါဘူး။ ( စ ကုလား၊ခွေးကုလားဆိုရင်တော့ ခိုင်းနှိုင်းနိမ့်ချခေါ်ဝေါ်တာလို့ပြောပါ၊ လူကိုမျောက်လို့ခေါ်ရင် ရိုင်းစိုင်းတာလို့ပြောပါ။)

      ခု သတင်းမှာ အဲဒီလူက ဘာလူမျိုးလဲဆိုတာထဲ့ပြောမှ သတင်းကပြည့်စုံတော့မှာပေါ့၊ ဒါဘယ်နေရာမှာအစွန်းရောက်နေလို့ပါလဲ။

      မိမိကိုကိုယ် သိမ်ငယ်စိတ်ဝင်(Inferiority Complex) နေသောလူတစု၊ ပြသနာရှာတတ်သော လူတစုလို့ပဲအဲဒီ ကုလားများကိုပြောရမှာပါ။

      ရှမ်းကိုရှမ်းလို့ခေါ်လို့ တောင်ပေါ်သားကြီးများစိတ်ဆိုးတယ်မကြားဘူးပါ၊ မွန်ကိုမွန်လို့ ခေါ်လို့ စိတ်ဆိုးတယ် ဆိုတာမရှိ၊ တရုတ်မို့တရုတ်ခေါ်တာ လူမျိုးရေးခွဲတယ်မပြော၊ ကရင်မို့ကရင်ပြောတာ အစွန်းရောက်ခြင်းဟုမဆို။

      ပြသနာက အခေါ်အဝေါ်မဟုတ်ပါဘူး ၊ အစွန်းရောက်နေတာလဲ ရိုးရိုးသားသား ခေါ်ဝေါ်ခြင်းကို ‘လူမျိုးရေးခွဲခြားတာ ၊ အစွန်းရောက်တာလို့’ပြောနေတဲ့ အဲဒီ ‘လူမျိုး’တွေပဲဖြစ်မှာပါ။

      • kai

        February 29, 2012 at 2:22 am

        အယူအဆတွေကို.. လက်ခံပါတယ်..။
        ဒါပေမဲ့.. ကုလားတွေက.. ဒီလိုအဖြစ်မျိုးမှာ.. ကုလားအမည်သုံးတာမကြိုက်ရင်.. မကြိုက်ဖူးပြောခွင့်ရှိပြီး.. မီဒီယာတွေက.. ဖယ်ဖျက်ပေးရတာပါ..။

        ဒါက.. သူတို့ Rights လေ..။ မရဘူး..အတင်းသုံးမှာပဲဆိုရင်တော့..Discriminate ဖြစ်ပါတယ်..။ ယူအက်စ်မှာလည်း ဒီလိုပါပဲ.. မုဒိန်းမှု..လုမှုတွေမှာ.. သတင်းရေးရင်..sensitive ဖြစ်တဲ့ရပ်ကွက်/အခြေအနေမျိုးမှာ.. လူမျိုး(အဖြူ။အမဲ၊အဝါ၊အညို) မဖေါ်ပြပဲ.. ရေးတတ်တယ်..

        ပရိုသတင်းသမားတွေက.. ဒါမျိုးတွေကို.. သိနေတတ်တယ်..။ အခုကိစ္စကတော့.. သူ့သဘောသူဆောင်.. ပေါ့ပေါ့ပါးပါးရေးတာမို့.. ပြသနာမရှိဘူးထင်တာပါပဲ..။ ပြသနာဖြစ်တယ်ထင်ရင်.. တောင်းပန်လိုက်ပြီးတာပါပဲ.. 😆

  • snow white

    February 28, 2012 at 1:54 pm

    မိန်းကလေးတွေလို်င်းကားဆို အတိုမပြော ထဘီတောင်ဝတ်တဲ့မိန်းကလေးတွေတောင် မလွယ်တာကို သူကအကိုက်ခံချင်လို့နေမှာ နည်းတောင်နည်းသေးတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 28, 2012 at 2:06 pm

    အဲ့ဒါဘဲ
    ကျုပ်တို့ ဗုဒ္ဓမြတ်စွာဘုရား သိပ်ကြည်ညိုစရာကောင်းတယ်
    ကိုယ့်ရဲ့လွပ်လပ်ခွင့်ဒီမိုကရေစီဆိုတဲ့အကြောင်းအချို့ဟာ
    မိမိကြောင့်သူတစ်ပါးကို စိတ်ဖေါက်ပြားစေတယ်လို့ ဆုံးမထားသဗျ
    ဒါ့ကြောင့် ဖီးလ်တက်ပြီးကိုက်တဲ့သတ္တဝါလည်းအပြစ်ရှိသလို
    ဖီးလ်တက်အောင်လုပ်တဲ့ သတ္တဝါလည်း အပြစ်ရှိတာဘဲ
    အနိစ္စ ဒုက္ခ အနတ္တ
    တဏှာ ရာဂ ကိလေသာတို့ကင်းစင်တော်မူသော ထိုဗုဒ္ဓမြတ်စွာဘုရားရှင်တော်မြတ်အား
    အဟံ အကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် ဝန္ဒာမိ ရှိခိုးပါ၏။

  • မဟာ ထမိန်ကြီးဝါဒ

    February 28, 2012 at 3:11 pm

    ကုလားရယ်…ရေတောင်မဆေးတော့ဘူးလား။ ဇွတ်ပဲနော်…

  • myathat tun

    February 28, 2012 at 5:35 pm

    ကုလားကပေါင်ကိုကိုက်လိုက်တယ်ဆိုတာကို တစ်မျိုးမတွေးကြပါနဲ့။
    ဆိုတဲ့ကြားထဲကပဲ…တွေးလိုက်မိပြန်ပြီ။
    တခြားမဟုတ်လောက်ဘူး။
    သူ့အသားမဲတာကို ပေါ်လွင်စေဖို့ သူ့ပါးနဲ့..ဟိုကပေါင်ကိုဟပ်ပြီး
    ပြတာနေမှာပါ။ ပန်းချီလောကရဲ့စကားလုံးလို ပြောရရင်
    ဆန့်ကျင်ဖက်ကိုပြမှ ထင်ပေါ်တာလေ။ အမဲကိုပေါ်စေချင်ရင်
    အဖြူနားကပ်ပေးရတာမဟုတ်လား……………

  • htet way

    February 28, 2012 at 9:15 pm

    facebook ကကူးတာကို မိမိအားနည်းချက်ကြောင့် မမြင်မိခြင်းအတွက်
    ကိုယ်တိုင်ရေးထင်မိတာကိုများစွာ စိတ်မကောင်းပါဘူး။
    ကိုထက်ဝေး ကလည်း လူမျိုးရေးခွဲခြား ရေးတယ်လို့ နွယ်ပင်ကို မထင်ပါကြောင်း။
    တခြားသူများလည်း မထင်စေချင်ပါကြောင်းဒီနေရာကနေကြေငြာအပ်ပါတယ်။

  • unclegyi1974

    February 28, 2012 at 10:14 pm

    ဟ ဟ
    နွယ်ပင်ရဒါပုံလေးနဲ့ဆိုပိုအသက်ဝင်တာပ

  • nigimi77

    February 28, 2012 at 10:38 pm

    အရင်က တရုပ် ဗမာ အရေးအခင်းလဲ ဖြစ်ခဲ့တယ် ။

    ကုလား ဗမာ အရေးအခင်းလဲ ဖြစ်ခဲ့တယ် ။

    သေချာ တွေးကြည့်တော့ ဖြစ်လိုက်ရင် ဗမာ ဆိုတာကို ဦးတည်ထားတယ် ။

    ဗမာက ငပွကြီး ပဲလား ။

    လူတိုင်းဟာ မိမိရဲ ့ မျိုးနွယ်စု မဟုတ်ပဲ ကုလားနဲ ့ တရုပ်ဆိုတာနဲ ့ မီးဒုတ်ပဲလား။

    ခေတ်အဆက်ဆက် သွပ်သွင်းချက် အရ ကုလားဆိုရင် ငဇာဂီတို ့ အမျိုး နှူးဘာ။

    တရုပ်ဆိုရင် ပေါက်ဖော်တို ့အမျိုး အမြတ်ကြီးစား။

    လပွတ်ပဲ…….ကိုယ်ကိုတိုင်က ဘာလူမျိုးမှန်း ဘာအယူအဆမှန်းတောင် သေချာမသိပဲ

    ကုလားတွေ တရုပ်တွေလုပ်နေတယ် ။

    အဲဒီလိုနဲ ့ပဲ ကျေနပ်နေကြ …..

    ဒါ မြန်မာကွ……

    • ဘဘ

      February 29, 2012 at 12:24 am

      တပ်မကြီး ရေခက်တော့နေပြီလို့ပဲပြောရတော့မယ်။ ဒါမြန်မာပြည်မှာလေဗျာ။ ဗမာ ကပဲဦးတည်မှာပေါ့။ အင်ဒိုနီးရှား မှာဆိုရင်လည်း သူတို့လူမျိုးမဟုတ်ရင် အနိုင်ကျင့်တယ်ဆိုတာမျိုး၊ ယိုးဒယားမှာယိုးဒယားနဲ့တခြားလူမျိုး မတဲ့တာတွေ၊ ပြောရင်ကုန်မှာမဟုတ်ဘူး။ ဘယ့်နယ် ဗမာကငပွကြီးရမှာတုံး။ နိုင်ငံတိုင်း သူ့နဂိုမူလ လူမျိုး နဲ့ နောက်မှ ရောရောရာရာ ရောက်လာတဲ့လူမျိုး ပြသနာရှိကြတာပဲ။ မောင်ရင် ပြောနေတာကမြန်မာပြည်ကအကြောင်းပဲဆိုတော့ မြန်မာတွေက ” ခေါင်းစီး” ဖြစ်တော့မှာပေါ့။

Leave a Reply