ရင်မှာ ဆူးသော ဆူးတစ်ချောင်း
အေးချမ်းငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ခဲလုံးတစ်လုံးပစ်လိုက်သလို လှုပ်ရှားသွားခဲ့ရတဲ့အဖြစ်တစ်ခုပါ….
သူနဲ့ကျွန်မ စတွေ့ပုံက သိပ်တော့မထူးဆန်းပါဘူး ကျွန်မအလှူပွဲတစ်ခုကိုသွားတယ် ကျွန်မဘဝလေးက အဲအချိန်ထိလုံးဝအေးချမ်းပျော်ရွင်နေခဲ့တဲ့ဘဝလေးပါ သူငယ်ချင်းတွေနဲ့ပျော်ပျော် ပါးပါးပြောဆိုရယ်မောနေတဲ့အချိန်မှာ အမှတ်မထင်သူရောက်လာတယ် ကျွန်မတို့သူငယ်ချင်းတွေပြောနေတဲ့ စကားဝိုင်းထဲကိုပေ့ါ အဲတုန်းကကျွန်မစိတ်ထဲဘယ်လိုမှမနေခဲ့ပါဘူး သူကကျွန်မနဲ့ သက်တူ ရွယ်တူလေ ကျွန်မနဲ့လည်းအဲဒါကြောင့်စခင်ခဲ့တာပါ နောက်မှကျွန်မသိတာ သူကစာရေးဆရာတစ်ယောက်ပါ သူ့စာလေးတွေကို သူနဲ့ကျွန်မမရင်းနှီးခင်ကတည်းက ကျွန်မအမြဲအားပေးဖတ်ခဲ့တာပါ ကျွန်မသိပ်ကြိုက်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်နေတော့ ပိုပြီးရင်းနှီးမှုတွေပိုလာခဲ့ပါတယ် သူရေးတဲ့စာတွေအကြောင်း ကျွန်မနဲ့ဆွေးနွေးတယ် ကျွန်မလည်း တောက်တိုမယ်ရ စာအပိုင်းအစလေးတွေရေးဖြစ်ပါတယ် သူကကျွန်မစာရေးတိုင်း တစ်ဦးတည်း အမာခံ စာဖတ်ပရိတ်သတ်ပေ့ါ ကျွန်မကစာလေးကဗျာလေးတွေကို ခံစားချက်ရှိရင် ရေးဖြစ်တယ် ဒီလိုနဲ့ခင်မင်မှုတွေကြာလာတော့ ကျွန်စိတ်ထဲ တစ်မျိုးဖြစ်လာတယ် သူကစကားပြောရင်ရိုးသားတယ်လို့ ကျွန်မစိတ်ထဲထင်ခဲ့မိတယ် သူဘယ်လိုကြောင့် ကျွန်မရင်ထဲဝင်လာတယ်ဆိုတာ ကျွန်မလုံးဝမသိလိုက်ဘူး အဲဒါသူ့ပြစ်လား ကျွန်မအပြစ်လား ကျွန်မကပဲသူ့ကိုချစ်နေတာလား ကျွန်မကိုယ်ကျွန်လုံးဝမသိဘူး ကျွန်မသိတာတစ်ခုက ကျွန်မသူ့ကိုမချစ်သင့်ဘူး ချစ်လို့လည်းမရဘူးလေ ကျွန်မဘဝနဲ့ သူ့ဘဝနဲ့က ဘဝချင်းခြားနေကြပြီ ဘာဖြစ်လို့လဲဆိုတော့ သူကအိမ်ထောင်သည်တစ်ယောက်ဖြစ်နေလို့ပါပဲ ဒါမျိုးဆိုတာ တစ်ခြားသူတွေအဖို့ မထူးဆန်းပေမယ့် ကျွန်မအဖို့တော့ အရမ်းကိုထူးဆန်းစေပါလိမ့်မယ် ကျွန်မသူ့ကိုဘယ်လောက်ပဲချစ်နေပါစေ ရှေ့ဆက်တိုးလို့မရပါဘူး သူချစ်အောင်လည်းကျွန်မလုပ်သင့်ဘူး ကျွန်မချစ်နေတာလည်းမဖြစ်သင့်ဘူး ဘာလို့လဲဆိုတော့ ကျွန်မကြောင့် သူတိုမိသားစု အသိုက်အအုံလေး မကွဲသင့်ဘူး သူကလည်း ကျွန်မဘက်ကို စိတ်ယိုင်နေပါတယ် ဒါပေမယ့် ဒါဟာလုံးဝကို မဖြစ်သင့်ဘူး နောက်ဆုံးကျွန်မဆုံးဖြတ်လိုက်တယ် သူနဲ့ကျွန်မမတွေ့ဖို့ မဆက်သွယ်မိစေဖို့ သူ့ရဲ့အရိပ်အရောင်တွေ ကျွန်မနားမှာမရှိဖို့ကိုလေ ဒါပေမယ့် စိတ် ဆိုတာတော်တော့်ကို ထိန်းရခက်တဲ့အရာပဲ ဘယ်လောက်ပဲထိန်းထိန်း ကျွန်မခြေလှမ်းတွေက သူ့ကိုမြင်ရင်လှမ်းချင်မိတယ် အဲဒီမှာ ကျွန်မစိတ်ထဲဖြစ်နေတဲ့အရာကို ဘယ်သူမှမသိပေမယ့် ကျွန်မကိုယ်ကျမ ရှက်မိတယ် အရမ်းလည်းပူလောင်ရတယ် လောကမှာမဖြစ်သင့်တာကို မဖြစ်အောင်ကြိုးစားတာ ကောင်းတဲ့အလုပ်တစ်ခုပါ ဒါပေမယ့် အဲလိုဖြစ်ဖို့လုပ်ရတာလည်း လူတစ်ယောက်အဖို့ အတော့်ကိုကျိုးကျိုးစားစား ဖြတ်သန်းလိုက်ရတယ်…..နောက်ဆုံးကျွန်မဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချလိုက်မိတာက ကျွန်မ “မောင်” နဲ့အဝေးဆုံးမှာနေနိုင်အောင်ကြိုးစားမယ် “မောင်”နဲ့မဆုံနိုင်အောင် ကြိုးစားတော့မယ်လို့ပေ့ါ…. နောက်ဆုံးအနေနဲ့မပိုင်ဆိုင်ရပေမယ့် “မောင်”လို့တော့ခေါ်ခွင့်ပြုပါ …..ကျွန်မ ပထမဆုံးနဲ့နောက်ဆုံးအကြိမ် ခေါ်လိုက်တာပါ “မောင်”
ခိုင်ခိုင် (ရင်မှမွေးဖွားတင်ပြသည်)
ကျေးဇူးတင်ပါတယ် ဆိုလိုရင်းကိုပဲအတိုချုပ်တင်ပြထားပါတယ် မပြည့်စုံတာရှိရင်ခွင့်လွှတ်ပါ
33 comments
စိန်ပေါက်ပေါက်
February 27, 2012 at 4:21 pm
နာမည်က မှောင်တဲ့ လားကွယ်
ဟို …
အူးပေါက် ဇာတ်လမ်းထဲကလိုတော့ မယ်သီလရှင် မဝတ်လောက်ပါဘူးနော်..
တော်တေးတာပေါ့ကွယ်…
အားပေးတွားပါတယ်..
ပုံ/
မှောင်.ဟောင်..ဟောင်..( Echo လိုက်သံ)
စကားမစပ် ခေါင်းစဉ်က ရင်မှာ စူးသော ဆူးတစ်ချောင်းလားလို ့ ရယ်ပါလေ.
Khaing Khaing
February 28, 2012 at 9:33 am
ဟယ်ဟုတ်တယ်တော့ ပေါက်လေး ထောက်ပြမှ တို့အမှားကိုမြင်တယ် ပေါက်ရေ ကျေးဇူးပါ..
water-melon
February 27, 2012 at 4:30 pm
မောင်
အများပြောတော့ ဥကွဲသွားတယ်ဆို ( ကြက်ဥ)
ရွာထဲလည်း မှောင်တွေများနေပြီ
သူကြီးမှောင်နေပြီတဲ့
အချစ်ဆိုတာ ငယ်ငယ်ကြီးကြီး ဆင်းရဲချမ်းသာမရွေးပါဘူး
တကယ်လိုတာက သစ္စာရှိဖို့ပါဘဲ။
အားပေးပါတယ်ချင့်။
ကိုပေါက်(မန္တလေး)
February 27, 2012 at 5:24 pm
ဒီဆူးမျုးိကတော့ မစူးသင့်ဘူး။
စူးရင်လဲကြာကြာမထားဘဲ ဆွဲနုတ်နော်
aye.kk
February 27, 2012 at 5:55 pm
မဆုံနိုင်တဲ့..
ပြိုင်မျဉ်းလမ်းမှာ..
မနင်းဘဲလှည့်ပြန်တာက..
အားလုံးအတွက်..
အကောင်းဆုံးဆိုတဲ့..
အဖြေရလဒ်မို့..
ကျေနပ်စွာနဲ့ဖြေသိမ့်နိုင်တတ်ပါစေ။
မဟာရာဇာ အံစာတုံး
February 27, 2012 at 5:56 pm
အင်း .. အချစ်ဆိုတာ ထူးဆန်းတယ် ဆိုတဲ့အထဲမှာ ဒါတွေလည်း ပါသေးတာပါပဲလား …
မိန်းကလေးရဲ့ ဆုံးဖြတ်ချက် မှန်ပါတယ်ကွယ် …
မဝင်သင့်တဲ့ ကြိုးဝိုင်းထဲကို မဝင်ရဘူးကွယ့် …
မဝင်သင့်ဘဲ ဝင်မိလို့ ဆေးရုံရောက်ပြီး သေရာပါ အမာရွတ် ဖြစ်ရတာတွေ ရှိလို့ပါကွယ် …
မှတ်ချက် .. အဖိုးကြီး တစ်ယောက် လေသံဖြင့် ဖတ်ပါရန် … ။
😀 😀
Prince of Pennsylvania (PoP)
February 27, 2012 at 6:35 pm
မိန်းမရှိတာပဲကွယ်. ……
ကလေးရှိတာမှမဟုတ်တာ….
ကလေး၁ယောက်ရှိတာပဲ ကွယ်…
၂ယောက်ရှိတာမှ မဟုတ်တာ်…
၂ယောက်ရှိတော့ကော ဘာဖြစ်တုန်း ၃ယောက်ရှိတာမှ မဟုတ်ဘဲ ….
😀
နောက်တာပါ …. မာလကကြွသွားတဲ့ ဟိုမင်းသားနဲ့…..
ခွင့်မလွှတ်နိုင်စရာ…အပြုအမူ တခု ကို ပြုသွားတဲ့ ဟိုမင်းသမီးလေးတို့ရဲ့…..
အတိတ်တွေက မှုန်ဝါးပေမယ့် ……. ဇာတ်လမ်းလေးကို သွားမြင်ယောင်မိရဲ့….
အင်း …. အဲ့မင်းသမီးလေး အဲ့တလောက ဖြေဖူးတဲ့ အင်တာဗျူးလေးက
မှတ်မှတ်ရရ စကားလုံး အချို့ပါ …..
သူလည်း မြင့်မြတ်ဖြူစင်တဲ့ …အိမ်ထောင်တခု ကို ပိုင်ဆိုင်ချင်ပါသတဲ့လေ…..
စကားလုံး အတိအကျပဲ …မလွဲဘူး ….
အော်… ရယ်.. …..
အဲ့ဒါနဲ့ပဲ …ယောက်ျားတယောက်ကို ရခါလောက် ယူပစ်သလားဂျာ….
ခွီး….
ခင်တဲ့ ဂီ…
(၅၀% အကောင်းရေးပြီး ၅၀% ဝင်ပြောင်သွားပါသည်….)
Khaing Khaing
February 28, 2012 at 10:25 am
အော်ဂီရယ် သူလည်းကောင်းတာမတွေ့လို့ ရှာရင်း ရှာရင်းနဲ့ 7ယောက်ဖြစ်သွားတာဖြစ်မှာမပေ့ါ ခွေးလွှတ်လိုက်ပါ….
နွေဦး
February 28, 2012 at 1:09 pm
အာပါး… တယောက်ထဲကို ရ ခါ လက်ဖွဲ့ ရရင်….
သေဘီဆရာ..
htet way
February 27, 2012 at 7:02 pm
စာရေးဆရာ လူပျိုတွေရှိပါတယ်မဂ္ဂဇင်းမှာ ရေးတဲ့ ကို ကမ်းဝေးကြီးက
ဂေဇက်မှာ ကမ်းကြီးဖြစ်နေတာပါ။ (ကြော်ငြာပေးခြင်း)
နောက် ဂေဇက်ကလူတွေလည်း စာရေးဆရာလို့ခေါ်ရမယ်သူတို့ ကမှ
ပိုတောင် အဆင့်မြင့်သေး။ဥပမာ ကိုရင် စည်သူ ကို အီးတီ
မောင်လို့ ခေါ်တယ်လား ဒီအသံကို မကြိုက်တာ ဒီမောင်ဆိုတဲ့ ခပ်ဖျော့ဖျော့တိုးဖွဖွ
အသံလေးက ငါဘဝကိုခြွေလိုက်တာ……သင်း စင်ကပူမှာ ဘယ်သူ့ကိုမောင်ခေါ်နေပြီ
လဲမသိဘူး။
စာရေးကောင်းပါတယ် အားပေးပါတယ် ဆက်ရေးပါ။ရသစာပေမို့ခံစားပေးခဲ့ပါတယ်။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 27, 2012 at 7:15 pm
ရင်ထဲက စာသားတွေမို ့ရင်ဘတ်ကြီးနဲ ့ခံစားသွားတယ်နော်။
“ရင်မှာ စူးသော ဆူးတစ်ချောင်း”…..
memeseku
February 27, 2012 at 9:11 pm
ရွာထဲမှာဆူးရှိတယ်..တိုးတိုး ..ကြားသွားရင်မလွယ်ဝူးနော့………
ဇာတ်လမ်းကတော့မလွယ်ဘူးနော့… ဒါမှတကယ်.ပြဿနာပဲ….
နောက်ဘိုလိုဆက်ဖစ်တွားလဲ… ရင်တောင်ခုန်တွားတယ်…
ဆက်ပါဦးနော်…
ခင်မင်စွာဖစ်..
မှောင် (ဟောင် ဟောင် ဟောင် (အက်ခိုးတံ ) )
🙂 🙂
windtalker
February 27, 2012 at 9:44 pm
မောင်ပေ မောင်ပေ
မင်းဟာ တော်တော်ဆိုးတဲ့ကောင်ဘဲ ။
ဟွန်း…
ကိုယ့်ဟာကိုယ် ပြောသည် ။
htoosan
February 27, 2012 at 10:03 pm
ဟုတ်ပ ။ ကိုပေ ကို ပေဖြုတ် ခေါ်သူ နှစ်ယောက်ရှိသွားပြီနော်… မနာလိုစရာပါလား … 😀
ခပ် KING ကင်း
February 27, 2012 at 10:34 pm
မင်းကောင်ဆိုတဲ့ နာမည်ပဲ ပြန်ပြောင်းထားရင်ကောင်းမလား !!!!
(အရွှန်းဖောက်သည်)
မောင် လို့ ခေါ်တဲ့သူတွေ တယ်များပါ့လား
မောင် ဆိုတိုင်း ထထကြည့်ရတာ အိပ်ရေးပျက်ပေါင်းလည်းများလှပြီကွာ
(ဤသည်ကား အတည်တစ်ဝက်)
မောင်မင်းကို
ရှောင်ကွင်းလို့
အဝေးဆုံးမှာ
ပြေးပုံးနေတော့မှားလား Khaing ရယ် ….
ဒါဆိုရင်လည်း
တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္တုနာမည်လို
သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ……………………..
(ရယ်ပါလေဟုလည်း ကိုပေ့လေသံဖြင့်လည်းမပြောပါ ထို့ကြောင့် ရယ်ရင်လည်းရနိုင်၏ မရယ်ရင်လည်းရနိုင်၏) … 😆
ခပ် KING ကင်း
February 27, 2012 at 10:37 pm
မှားပြန်ပြီ စာလုံးပေါင်း
အဝေးဆုံးမှာ
ပြေးပုန်းနေတော့မှာလား Khaing ရယ် … ဟုပြင်ဆင်ဖတ်ရှုပေးပါရန်
ခင်မာစွာဖြင့်
အကျဉ်းထောင်က မင်းကောင် .. 😛 😆 😛
Khaing Khaing
February 28, 2012 at 10:32 am
အခိုင်ဘယ်ကိုမှ မပုန်းပါဘူး ခပ်king ကင်းပဲ ကင်းကင်းနေချင်တယ်ဆိုလို့ တို့ကပြေးပုန်းမိတာပါ ကွယ်…
Shwe Tike Soe
February 27, 2012 at 11:19 pm
အော်မောင်ရယ် အခုတော့ မောင်စွန်.ခွာသွားတော့ အစိများတဲ့ သဘောင်္သီးကြီးကို ပဲ………….
အခိုင်ကတော့ ဒီလိုပဲ ကော်စားပလိုက်တာပဲ……. ဟိဟိဟိ
etone
February 28, 2012 at 9:25 am
ရွှေတိုက်စိုး … အစ်မခိုင်က ဒီလိုကိုး … ဟိုးဟိုး … 😆
ထင်တော့ထင်ပါတယ် … ဒါကြောင့် သဘောင်္သီးတွေကို … စာနာခိုင်းနေတာဟဲဟဲ …. ။ သွယ်ဝှိုက်သောနည်းဖြင့် ….. ရပ်သိရွာသိ .. သဘောထားကြီးပြတယ် .. ဟဲဟဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အစ်မခိုင်ရေ … အစ်မခိုင်ရဲ့ တစ်ဖက်သတ်အချစ်ကို အပြည့်ဝ ခံစားပြီး ရင်ဘတ်နဲ့ ဖတ်သွားခဲ့ပါတယ်နော် …. ။ အိမ်ထောင်သည်တစ်ယောက်မှန်း မသိတုန်းကတော့ ရင်ခုန်ခဲ့မိပေမယ့် …. အိမ်ထောင်သည်အဖြစ်သိတဲ့အခါ …. စိတ်အလိုမလိုက်ပဲ .. ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ပုံလေး …. ၊ သူတပါးအသိုင်မြုံကိုမိမိအတ္တနဲ့ရင်းပြီး မခွဲရက်ပုံလေးတွေ့ရတော့… ခံစားချက်တွေကို က ွယ်ဝှက်ပြီး မိမိကိုယ်ကို ကောင်းကောင်း control လုပ်နိုင်တဲ့ မိန်းကလေးလို့ … ကောက်ချက်ချမိပါတယ် …. ။
တစ်ဘက်သတ်အချစ်က ပူလောင်လွန်းပါတယ် အစ်မရေ …. ။ ဘဝမှာ အချစ်တစ်ခုတည်းနဲ့ မပြည့်စုံပါဘူး … မိန်းမတစ်ယောက်ဖြစ်တဲ့အတွက် .. အချစ်အပြင် သိက္ခာ၊ မာနနဲ့ ကိုယ့်ကျင့်တရားကောင်းမှုတွေကလည်း … အရေးပါလွန်းလှပါတယ် …. ။ သတိနဲ့ယှဉ်ဆင်ခြင်တတ်တဲ့ အစ်မခိုင်ကိုလည်း လေးစားမိပါတယ် …. ။ 🙂
thuyazaw21451
February 28, 2012 at 10:22 am
တင်္ဘောတီးက အီးစော်နံတယ်……… အစေ့များတယ်……… အခွန်ခါးတယ်……… အစည်း ထွက်တယ်…….. ဒိတော့ အမီးလေ တင်္ဘောတီးဆိုချားဝူး……… ဖင်ရှုံ့ရင် ချိုတယ်ဆိုလား… အခိုင်လဲ တူ့တင်္ဘောတီးက ဖင်ရှုံ့လား မတိဝူး………..
Khaing Khaing
February 28, 2012 at 10:46 am
ဟုတ်ပါတယ် တုံတုံလေးရယ် … အချစ်ဆိုတာ အရမ်းထူးဆန်းတယ် မြန်မာပီသတဲ့လူတွေအတွက် အချစ်ဆိုတာကိုခံစားချင်တိုင်းခံစားလို့မရပါဘူး… မခိုင်ကတော့ အလွမ်းအဆွေးသီချင်းတွေ ရုပ်ရှင်ကားတွေဆိုသိပ်ကြိုက်တယ် လူတစ်ယောက်ကိုချစ်မိပြီးမှ မှားမှန်းသိပြီး နောက်ဆုတ်ရတဲ့ အဖြစ်ဟာသိပ်ကိုဆိုးရွားလွန်းလှပါတယ်…. အဲခံစားချက်က ခံစားဖူးတဲ့လူမှသိတာပါ ဒါပေမယ့် ဘယ်လောက်ပဲဆိုးရွားပါစေ မဖြစ်သင့်တာကို မဖြစ်အောင် ဆင်ခြင်နိုင်ရမယ် မီးမှန်းသိရက်နဲ့ ဆက်မတိုးသင့်ဘူး အမက အိမ်ထောင်မရှိသေးတဲ့အပျိုတွေ လူပျိုတွေ အိမ်ထောင်သည်တွေ ဒီလိုအမှားမျိုးမဖြစ်အောင် ဆင်ခြင်စေချင်တဲ့သဘောပါ…ချစ်ရင်ထူး တစ်ခါတင်ထားတဲ့ပို့စ်လေးကလည်း အမပို့စ်လိုပဲ နောက်အိမ် ထောင်ပြုချင်တဲ့ အမျုးိသားကို သတိပေးထားတဲ့စာလေးပါ အမကအဲလိုစာမျိုးဆို အားပေးတယ် လောကမှာ မိမိချစ်တဲ့သူနဲ့ မိမိလက်ထပ်မယ့်သူ တစ်ယောက်တည်းဖြစ်စေချင်တယ် ဒါပေမယ့်တစ်ခါတစ်လေ အိမ်ထောင်ပြုပြီးမှ အချစ်ဆိုတာထပ်ပေါ်လာတာတွေရှိတတ်တယ် အဲဒီအချိန်မှာ အသိသတိနဲ့ကပ်ပြီး နေထိုင်သွားရမယ်လေ….လက်ထပ်ပြီးရင်လည်း မြန်မာလူမျုးိတွေဟာ မိမိအိမ်ထောင်ဖက်ကိုပဲ သစ္စာရှိရှိပေါင်းသင်းသွားရမယ်
ဝေဖန်ရေးသားပေးတဲ့ ရွာသူရွာသားအားလုံးကိုကျေးဇူးတင်ပါတယ်
ခိုင်ခိုင်
etone
February 28, 2012 at 3:15 pm
မခိုင်ရေ… ရိုးသားစွာ ဝန်ခံရလျှင် … လွမ်းဖူးပါတယ် .. ဆွေးဖူးပါတယ် .. ဒီလိုခံစားချက်ခြင်းလည်း ထပ်တူကျခဲ့ဖူးပါတယ် ….။ တစ်ဖက်သတ်အချစ်တောင် မဟုတ်ခဲ့ဘူးနော် …. သို့သော် … အိမ်ထောင်သည်တော့မဟုတ်ခဲ့ပေမယ့် ….ပိပိရိရိလူလိမ်ခံခဲ့ရဖူးတယ် …. ။ နံပါတ်ကြီးချိတ်ထားပါလျှက် .. ပေါရဲခဲ့တာ ..ပြန်တွေးရင်းတင်းတုန်းပဲ … ။ လွမ်းစရာကို နာစရာတွေနဲ့ ဖြေပြီး …. အမှတ်တရဆိုတာလည်း ဘာမှ မကျန်အောင်ပဲ …ရှင်းထုတ်ပစ်ခဲ့တယ် … ထစ်ခနဲဆိုသတိရတတ်တဲ့ ကိုယ့်စိတ်ကိုယ် မုန်းမိတဲ့ အထိပါပဲ … ။
သူ့ပတ်ဝန်းကျင်နဲ့.. .နံပါတ်ချိတ်ထားတဲ့ လူတွေဆီပါ .. လိုက်သောင်းကျန်းတာ … သူ့သိက္ခာနဲ့ … အကျင့်ကို …လူများအလယ်မှာ လိုက်ကိုခွဲခဲ့ဖူးတာ … ကိုယ်တိုင်လည်း မိန်းမကြမ်းကြီးကို ဖြစ်ရေ ာ …. ။ အချိန်အတိုင်းတာ တစ်ခုထိရောက်မှသာ … တည်တည်ငြိမ်ငြိမ်ဖြစ်သွားခဲ့တာပါ … ။ ချစ်တာတွေ ၊ မေတ္တာတွေတော့ ရင်ထဲမှာ မရှိတော့ဘူး …. အဲ့ဒီနေရာမှာ အမုန်းတွေ အပြည့်ဖြည့်သွားမိလို့ပါပဲ … ။ အခုတော့ သူကလွတ်သွားတဲ့ငါးကြီးနေပြီထင်ပါရဲ့လေ …. ပြန်သာလာကြည့်… ဆောင့်ကန်ခံရမယ်လို့လည်း … ကြိမ်းဝါးထားလိုက်တယ် … ။
အချစ်ကို ဆော့ကစားတတ်တဲ့ လူအားလုံးကို … မုန်းမိတယ် ။ 🙁
နွေဦး
February 28, 2012 at 1:12 pm
မင်းသားက သင်္ဘောသီးလားဟင်.
snow white
February 28, 2012 at 11:24 am
မှန်တယ်အမခိုင် အချိန်မီနောက်ဆုပ်တာကောင်းပါတယ်အမ ညီမတို့ရုံးမှာလည်းကောင်လေးကမိန်းမ ရှိတယ်ကလေးတောင်ရတော့မယ်ပြောတာတောင်ကောင်မလေးကနောက်မဆုပ်ဘူးလေ တော်တော်အမြင်ကပ်ဖို့ကောင်းတယ် အမအချိန်မှနောက်ဆုပ်ပြီးသူတပါးမိသားစုမပြိုကွဲအောင် အမကနောက်ဆုပ်ပေးပြီးနေနို်င်အောင်ကြိုးစားတဲ့မမခိုင် အချစ်စစ်နဲ့တွေ့ပြီးသာယာတဲ့ဘဝတည်ထောင်နိုင်ပါစေ
နွေဦး
February 28, 2012 at 1:04 pm
ကိုးရီးယား ဇာတ်လမ်းတွဲတွေမှာတော့
ခလေးပါတဲ့ အမေ တွေက မင်းသားနဲ့ ကြိုက်ကြတာ
ခလေးအဖေ လဲ မင်းသမီးက ကြိုက်တာဘဲ..
ဗမာပြည် ကတော့ မရဘူနော်..
Khaing Khaing
February 28, 2012 at 4:20 pm
ဒါဆို ကိုရီးယားသွားချင်လိုက်တာ မောင်သာ ကိုရီးယားလူမျိုးဖြစ်ပြီ ကျွန်မသာ ကိုရီးယားမလေး ဖြစ်ရင်သိပ်ကောင်းမှာပဲ ….မောင် နဲ့ ကျွန်မ ဇာတ်ပေါင်းလို့ရပီ ဒါဆို မောင့်ကို အိုပ လို့ခေါ်ရမယ် ဂျပန်လို ဘယ်လိုခေါ်ရမလဲ မောင့်ကို ….
bluerose
February 28, 2012 at 1:24 pm
အားပေးသွားပါတယ်မမခိုင်ရေ
တဖတ်သတ်အချစ်ကပူလောင်လွန်းလှပါတယ်
မောင် ဆိုတော့သတိတောင်ရလာပြီ
🙂
kyeemite
February 28, 2012 at 3:35 pm
ဒီမယ်မိခိုင်…မောင့်ရင်မှာစွဲညိအောင်လုပ်ခဲ့ပီးမှ..နောက်လှည့်ပြန်လို့ဘယ်ရမလဲ…
ခုပြန်လာခဲ့စမ်းမိခိုင်..နို့မို့ဆို…သဂျီးမင်းဆီက နှလုံးပူးငှားပီး..ကိုယ့်ကိုယ်ကို သတ်သေလိုက်မှာနော်..
Khaing Khaing
February 28, 2012 at 4:11 pm
ဟဲ့ ဟဲ့ kyeemite ဘယ်လိုခေါ်လိုက်တာလဲ ဒါနာကို ငယ်ကျွမ်းငယ်နာဖော်နေသလိုပဲ ငါကမွန်လူမျိုး မိန်းမဆို မိသုံးတယ် ယောက်ျားဆို မင်းသုံးတယ် နာကို ငယ်ငယ်ကအဲလိုခေါ်တယ် ငါမကြိုက်ဘူး ….အခု kyeemite ကြီးကခေါ်နေပါပေ့ါလား…. နာမှာ မိ ဆိုတဲ့ နံမည်ကြီးပျောက်ဖို့ သူများတွေကိုမုန့်ကျွေးလိုက်ရ စိတ်ကောက်လိုက်ရတာ ….. တော်ပြီ မောင့်ကိုမုန်းတယ် …
စောဝေတင့် (ပုဂံ)
March 5, 2012 at 2:12 pm
နှစ်လုံးပူး အငှါးလိုက်သည်……………
ပုံ…….
သူကြီး
ba gyi
February 28, 2012 at 3:43 pm
အချိန်မီဆုတ် အချုပ်သက်သာ၊ အဲ အဲ အချိန်မှီချုပ် အစုတ်သက်သာဆိုတဲ့ တို့များရှေးလူကြီးဒွေ စကားရှိတယ်
မဟုတ်လားကွယ်၊အချစ်ဆိုတာ ဘာအကာအရံအတားအဆီးမှမရှိတာမျိုးပေလားကွဲ့၊ဒါပေမည့် ခုခေတ် မှာတော့ ဟို အမျိုးသ္မီးရေးရာဆိုလား အဲဒါနဲ့တိုင်ရင်တော့ခံသွားရနိုင်သမို့၊ ဘာမှ မဖြစ်ခင်ဦးဏှောက် နဲ့ မှန်အောင်ဆုံးဖြတ်နိုင်တာဟာ၊သတိပညာ၊ဉာဏ်မြေကတုတ်ဆိုသလို၊ကိုယ့်ကိုကိုယ်ကာကွယ်လိုက်နိုင်လို့၊ချီးကျူးလေး စားရပါသကွယ်။သူတစ်ပါးစိတ်ဆင်းရဲခြင်းရော၊ကိုယ်စိတ်ဆင်းရဲခြင်းမှရောလွတ်သွားလို့ပေါ့။
အရေးအသားလေးကောင်းပါသကွယ် — ၊မိန်းကလေးဆိုတာ ယောက်ကျားလေးဘက်ကစမှ ပြန်ချစ်ရတဲ့
တို့မြန်မာမကလေးတွေရဲ့ဒုက္ခ၊ မှန်မှန်ကန်ကန်ချစ်ပြီး၊လွတ်လွတ်လပ်လပ်ရှိတဲ့ ယောကျားလေးတွေနဲ့ပဲ ဆုံ
နိုင်ကြဘာစေကွယ်။တစ်ချို့စာရေးဆရာတွေရဲ့ကုန်ကြမ်းအဖြစ်ခံရခြင်းမှလွတ်ကင်းကြပါစေ။
Rose Minn
February 28, 2012 at 4:29 pm
ဖတ်ရတာလေး က တော်တော်ရသမြောက်တယ်။ ရင်ထဲမှာ ဟာတာတာနဲ့ သင်္ဘေားသီးကြိုက်တဲ့သူက ဘယ်လိုလုပ် စာရေးဆရာကို စိတ်ဝင်စားသွားတာလဲ နဲနဲတော့ ရှုပ်တယ် အငှားများခံစားလေ ရောသလား
မိခိုင်ရယ်……….. မောင်ကို မုန်းလိုက်ပါတော့။ ရဲလေးသီချင်းဆိုပြမယ် ..
မေ့လိုက်…………ဒီရင်ဘတ်ထဲက၊ မေ့လိုက် ………ပြန်မလာတော့ ဘူးလို့၊ ငါမရှိတော့တဲ့ဘဝမှာနေရစ်ခဲ့………..ဘေးဘီ
Khaing Khaing
March 6, 2012 at 1:37 pm
ဘယ်လိုဖြစ်တာလဲကွယ် တို့ရဲ့ပို့စ်လဲ ရဲရဲနီနေပါပေ့ါလား…. မောင်များလာနီသွားသလားကွယ်….မောင်ရယ် မောင့်အကြောင်းလေးကို ဆွေးဆွေးမြေ့မြေ့ရေးမိပါတယ်…. ကဗျာဘွဲ့မှူးသီချင်းထဲကလို့ “မှင်နီ ကြက်ခြေခတ်တွေမြင်တိုင်းကွယ် မူလတန်းကျောင်းသားဘဝကို သတိရတယ်” ဆိုတာမျိုး မူလတန်းကလေးတွေများ လာခြစ်သွားသလားကွယ်တို့ရယ်……….မီးမီးကို မကျေနပ်လဲ မီးမီးပို့စ်အောက်မှာ ရေးပါကွယ် မီးမီးအမှားကိုမီးမီးပြင်ပါ့မယ်…………..