Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရှေးအမွေ အတွက် အတိတ်က ပုံလေးတွေ

Diamond KeyFebruary 27, 20121min41916

ဒီနေ့ ကိုပေါက်ရဲ့ “မန္တလေးက……………………ရှေးအမွေ (တစ်)” https://myanmargazette.net/103958/travel/local-guides လေးဖတ်ရတော့ မနေ့က Scan ဖတ်ခဲ့တဲ့ ကိုယ့်ရဲ့ပုံဟောင်းလေးတွေကို သတိရမိလိုက်တယ်။ ပစ္စည်းလေးတွေ ရှင်းရင်းနဲ့ ကိုယ်ငယ်ငယ်က ဖလင် ကင်မရာ စကိုင်နေတုန်း ရိုက်ဖြစ်ခဲ့တဲ့ ပုံဟောင်းလေးတွေ တွေ့ရတော့ မူရင်း ဖလင်လည်း မရှိနိုင်တော့တာနဲ့ ပုံဟောင်းနွမ်းလေးတွေကိုပဲ အမှတ်တရ အဖြစ်နဲ့ Scan ဖတ်ဖြစ်ခဲ့ပါတယ်။

ပုံလေး တစ်ပုံက ကိုပေါက် ဒီလိုရေးခဲ့တဲ့ စာသားလေး အတွက် တင်ပြလိုက်ပါတယ်။ ကိုပေါက်က … “

ကျနော်တို့ငယ်စဉ်ကတော့ ကျုံး က မြေသားဘောင်။ ကျုံးထဲမှာကြာပန်းရှိတယ်။ ရေမှော်ရှိတယ်။ ငါးပူတင်းဗိုက်ဖောင်းဖောင်းလေးတွေရှိတယ်။ ငါးဖောင်ရိုးလေးတွေလည်းတွေ့ရတယ်။” လို့ ရေးခဲ့တယ်လေ။

မြေသားဘောင်နဲ့ ရှေးကမန္တလေးကျူံး

နောက်တစ်ပုံ အတွက် ကိုပေါက်ရေးခဲ့တာလေး ဆက်ဖေါ်ပြပါရစေ။ “ မြေဘောင်ကနေ ကျောက်စီဘောင် ဖြစ်သွားတယ်။ ငယ်က ကျုံးဖြတ်တဲ့ တံတားတွေ ပျောက်သွားတယ်။ ( ကိုပေါက် ငယ်က ဖြတ်ခဲ့တယ် ဆိုတာက “ ကျုံးထဲက မန်းသီတာ တံတားလေးများ ဆိုလေသလား။ အဲဒီ တံတားလေးက ကိုပေါက်တို့ ခေတ်တုန်းက အတွဲလေးတွေ ကျုံးထဲက မန်းသီတာ ဥယာဉ် ကို သွားတဲ့ တံတားလေးလေ။ ပုံထဲမှာ ပါသေးတယ်) ။ ခုတော့ မရှိတော့ပြီလေ။

 

ခုတော့ “ပြောင်းသွားပြီ”

နောက်တစ်ပုံလေးကတော့ ကိုပေါက်ရဲ့ “မှောက်ချီ လှန်ချီ” လေး သတိရမိလို့ပါ။ အဲဒီ လက်ရှိ ကန်တော်ကြီးထဲက ပြည်ကြီးမွန်ဖေါင်တော်က နဂိုက မန္တလေး အရှေ့တောင် ကျူံးထဲကပါလေ။ ဒီဖက်ခေတ်ရောက်မှ ကျူံးထဲကနေ ကန်တော်ကြီးထဲ ရောက်သွားရတာပါ။ ပြည်ကြီးမွန်ဖေါင်တော် အနောက်မှာ မြင်နေရတာက ဆီဒိုးနားကြီး ဆောက်နေဆဲကာလက ဆောက်လုပ်ရေး လုပ်ငန်းခွင်ပေါ့။

ကိုပေါက်ရဲ့ “မန္တလေးက……………………ရှေးအမွေ (တစ်)” ကို ကိုပေါက်ခွင့်ပြုချက်နဲ့ ပုံလေးတွေ ဖြည့်လိုက်တာပါ။

16 comments

  • water-melon

    February 27, 2012 at 3:32 pm

    ကိုကီးရေ
    ရှေတုန်းကမန်းလေးဓာတ်ပုံလေးတွေရှိရင် တင်ပေးပါအုန်းနော်
    အားမရလို့ ကြည့်ရတာ 😀

  • စိန်ပေါက်ပေါက်

    February 27, 2012 at 4:26 pm

    ကိုစိန်ကီးရေ
    ရှေးတုန်းကပုံလေးတွေ ၊ကိုစိန်ကီးရဲ့ လက်ရာ ဟောင်းလေးတွေလဲ အားပေးချင်ပါရဲ့
    ဖလင်ခေတ်ထဲက လက်ရာကြည့်ပြီး ကိုစိန်ကီးရဲ့ လက်ချက်တွေ ဘယ်လောင်းပြင်းသလဲ ခန် ့မှန်းမိသွာခြင်း ရယ်ပါလေ

    • Diamond Key

      February 27, 2012 at 4:46 pm

      နော့ကို စိတ်ညစ်အောင် လုပ်နေကြပြန်ပါပြီ …. 😡
      နော့ ပုံဟောင်းလေးတွေ၊ ဖလင်ဟောင်းတွေက အဝေးရောက်နေခဲ့တဲ့ ၃နှစ်လောက်မှာ အိမ်က သိမ်းထားပေးလိုက်တာ၊ အသိမ်းထိန်းလွန်ပြီး ပျက်စီးကုန်ပါလေရောဗျာ … 😥 ခုများတော့ ….. စိတ်များညစ်ပါတယ် .. မေ့လည်း မမေ့နိုင်ပါ 😡

  • amatmin

    February 27, 2012 at 4:55 pm

    မြေဘောင်ကျူံးလေးက မျက်စိထဲ ပိုအေးသဗျ..
    ဒါနဲ့ ကျူံးကြီးကို ပြန်တူးဖော်တုန်းက ပစ္စည်းတွေ အတော်ရလို့ ကြားမိသလိုလိုပဲ … ဟုတ်လားဗျို့
    ပြည်ကြီးမွန်ဖောင်တော်က ဘယ်အချိန်လောက်ကများရှိခဲ့တာလဲ မသိ….
    ကြုံတုန်းလေး မေးမိတာပါ.. 🙂

  • kyeemite

    February 27, 2012 at 6:19 pm

    ကိုစိန်သော့ရဲ့ ဓါတ်ပုံဟောင်းလေးတွေတွေ့တော့..တစ်ခုလောက်မေးချင်တယ်ဗျာ..
    ကျုပ်မှာတော့ ငယ်ငယ်ကဖလင်ဟောင်းတွေအများကြီးဗျ..အဲဒါကွန်ပျူတာပေါ်ရောက်အောင်
    ဘယ်လိုနည်းလမ်းနဲ့လုပ်ရမလဲဟင်..သိသူတွေဖြေပေးကြပါအုံး..

    • Diamond Key

      February 28, 2012 at 9:13 am

      င်္Film မှာ Positive (Slide) နှင့် Negative ဆိုပြီး နှစ်မျိုးရှိပါတယ်။ Positive ဆိုရင်တော့ Digital ပုံကူးဆိုင်များမှာ Positive file scan နဲ့ ဖတ်ပြီး Digital file အဖြစ်နဲ့ သိမ်းလို့ရပါတယ်။ Negative file ဆိုရင်တော့ ပုံကူး Scan ဖတ်ပြီး သိမ်းမှ ရပါမယ်။ တိုက်ရိုက် Negative film to Digital file တော့ ကျွန်တော့် ပတ်ဝန်းကျင်မှာ မတွေ့ဖူးသေးပါ။ သိသူများ ပြောပေးပါအုံး 😀

  • ကိုသော့ဖြည့်ပေးတော့ ပိုပြည့်စုံသွားတာပါ။
    ကျနော်ကျုံးကို ဓါတ်ပုံ ကြုံတိုင်းရိုက် ရာသီမရွေးရိုက်။
    အခုတင်မလို့ရွေးထားတာ တင်ပြီးသား လေးပုဒ်စာရှိနေပြီ။
    တစ်ရက်ခြင်းတက်လာမှာပါ.
    ကျုုံးတူးတုံးက ဘာမှ မရလိုက်ဘူး။
    ထင်ကြေးနဲ့ပြောကြတာပါ။
    အာဠဝီတံတားနားမှာလှေပျက်ကြီးတစ်စင်းဘဲရလိုက်ပါတယ်။

  • pooch

    February 27, 2012 at 7:22 pm

    ပုံလေးက တပုံထဲပဲ ရှိတော့တာလား ။ ရှိသေးရင်တင်ပေးပါအုန်း ။ ပျက်သွားတာတွေ နှမြောစရာပဲ ။

  • windtalker

    February 27, 2012 at 9:52 pm

    အရင်တုန်း က ကိုပေါက် ပုံတွေ ကို ဈေးသတ်မှတ်ပေးဖူးတယ်
    အခု ကိုစိန်သော့ အလှည့် ။
    ဒီပုံတွေ အတွက် သဂျီးက ဈေးမေးလာခဲ့ရင် တစ်ပုံ ကန်ဒေါ်၅၀၀ဝ ထက် မနဲစေပါလိုကြောင်း
    ပုံ
    မေပေါင်

  • ဟယ် ကိုပေါက်ရေ တကယ်ကိုပေးရင်တော့ ကိုပေါက်ပင်ပန်းရကျိုးနပ်ပါပီ။
    ကောင်းတယ်ဗျာ။ကိုပေါက်တို ့ကိုစိန်သော့တို ့လို စီနီယာတွေ လက်ရာတွေ
    ကိုမြင်ရ၊တွေ ့ရတာ။

  • Prince of Pennsylvania (PoP)

    February 28, 2012 at 4:53 am

    မနေနိုင်လို့မန့်မယ် ဟီဟိ..
    ကျုပ်ကတော့ အနုမြူအပျော့ ကပဲ ဦးနှောက်ဆေးခံထိထားလို့လားမသိ…
    လိုင်စင်ဘဲ စိတ်ဝင်စားတယ်….
    ၁ဝဒေါ်လာမယူဘူး သဂျီး ၁ဝစင့် ပဲ ယူမယ်….
    ၁ကတ် ပရင့်ထုတ်တိုင်း ..၁ဝစင့် ပဲပေးပါ….
    😀
    တခြား ထပ်ရောင်းခွင့် ကျုပ်ပဲ ကိုင်မှာနော်….. ယူမား …
    ခစ်ခစ်..

    😛

    • Diamond Key

      February 28, 2012 at 9:33 am

      Info ပေးတဲ့ အတွက် ကျေးဇူးပါ Prince of Pennsylvania (PoP) ၊
      တရားဝင် သုံးခွင့်တောင်းထားတာ၊ သုံးခွင့်ပေးထားတာတော့ မရှိပါဘူး။
      အောက်က Diamond Key လေးမဖျက်ထားလို့ Credit ပေးတယ်လို့ပဲ ဆိုရမယ်။

  • manawphyulay

    February 28, 2012 at 11:22 am

    လေးစိန်ကြီး ပုံတွေ မတင်တာကြာပြနော်။ ဘာတွေလုပ်နေလဲ။ ပျောက်နေပါလား။ ဓာတ်ပုံတွေ ထပ်တင်ပေးပါဦး။

  • မနေနိုင်လို့မန့်မယ် ဟီဟိ..
    ကျုပ်ကတော့ အနုမြူအပျော့ ကပဲ ဦးနှောက်ဆေးခံထိထားလို့လားမသိ…
    လိုင်စင်ဘဲ စိတ်ဝင်စားတယ်….
    ၁ဝဒေါ်လာမယူဘူး သဂျီး ၁ဝစင့် ပဲ ယူမယ်….
    ၁ကတ် ပရင့်ထုတ်တိုင်း ..၁ဝစင့် ပဲပေးပါ….
    😀
    တခြား ထပ်ရောင်းခွင့် ကျုပ်ပဲ ကိုင်မှာနော်….. ယူမား …
    ခစ်ခစ်..

    😛
    သဘောတူ၏

Leave a Reply