Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

2012 ပဲဈေးမကောင်း

ko aungmaungMarch 1, 20121min2128

1-3-2012

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့ခံ တောင်သူများ အတွက် ယခုနှစ်မှာ ပဲတီစိမ်း သိပ်မထွက်ခြင်း၊ ပဲဈေးမှာလည်း ထင်သလောက် မကောင်းသောကြောင့်

တောင်သူများ စားဝတ်နေရေးအခက်အခဲဖြစ်လျှက်ရှိကြောင်းသိရသည်။ ယခုနှစ်ပဲတီစိမ်းဈေးမှာ တစ်တင်း 19000 ပတ်လည်သာရှိနေသည်။

တောင်သူများမှာ စိုက်ပျိုးစရိတ် ပိုးသတ်ဆေးစရိတ် လုပ်အားခစရိတ် တွေပိပြီး မနှစ်ကချေးထားသော ဘဏ်ကြွေးများလည်းဆပ်ဖို့ခက်ခဲနေကြောင်းသိရသည်။

ယခုနှစ်စီးပွားရေးတွေကျပ်တယ် အကြွေးတွေကလဲတင်တယ် အကြွေးဆိုတာလဲ စိုက်ပျိုးစရိတ်အတွက်ပါ ဒီပြင့် စိုက်ဘဏ် ကနေ ငွေတွေချေးထားတော

ပဲဈေးမကောင်းလဲ အပြင်ကနေ 7 ကျပ်တိုးနဲ့ ဘဏ်ကြွေးကို အမြန်ပြန်ဆပ်ရတယ် မကြေရင်လဲ အဖမ်းအဆီးကရှိလာနိုင်တယ်လေ ဒီတော့ ဦးတို့ တောင်သူတွေကတော့

ဒုံရင်းဟာ ဒုံးရင်းပါပဲ မုန့်လုံးစက္ကူကပ်ပါပဲဟု ပဲစိုက်တောင်သူတဦးကပြောပြပါတယ်။

ပဲတွေပေါ်လာတယ် ရောင်းတယ် အကြွေးဆပ်တယ် ကုန်သွားတယ် နောက်ပြန်ချေး ဒါနဲ့ပဲသံသရာလည်နေတာပါ။

ရငွေနဲ့ ထွက်ငွေဟာ မမျှပါဘူး သေချာစာရင်းတွက်ကြည့်ရင် အမြတ်ငွေဟာ မရှိသလောက်ပါပဲဟု ပဲစိုက်တောင်သူတဦးမှပြောပြပါတယ်။

 

8 comments

  • Thel Nu Aye

    March 1, 2012 at 1:35 pm

    နားမလည်လို့တခုလောက်မေးချင်လို့ပါ။ မနှစ်က 38000 ထိတက်တာကျတော့ကောတောင်သူတွေမခံစား ရဘူးလား။ ပဲပွဲစားတွေပဲစားသွားတာပဲလား။ မနှစ်ကတော့ 28000 မှာရပ်သွားတယ်မဟုတ်လား။ ဒီနှစ်စဖွင့်တော့ 24000 နဲ့စဖွင့်တယ်ကြားတယ်။ ဝယ်ရောင်းတွေပဲစားသွားတာထင်တယ်နော်။ တောင် သူတွေကပဲမပေါ်ခင်ကြိုရောင်းထားကြတာနဲ့တူတယ်။ အဲဒါလဲတော်တော်ပြသနာပဲနော်။ ငွေရှင်တွေလုပ် ချင်တိုင်းလုပ်နေတာကိုတောင်သူတွေခံနေရတယ်။

  • ko aungmaung

    March 1, 2012 at 1:44 pm

    မနှစ်ကတော့ ပဲဈေးကောင်းတယ် အထွက်လဲကောင်းတယ် အကျိုးခံစားရပါတယ်။ဟုတ်ပါတယ်
    အခုနှစ်တော့ ပဲလဲ အထွက် တဝက်ကျော်ကျတယ် ဈေးလဲ မနှစ်ကထက်တဝက်ကျော်လောက်ကျသွားတယ်
    ကျွန်တော်ကတော့ အခုဖြစ်နေတာလေးကို ပြောပြတာပါခင်ဗျာ
    အခုလိုဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • များသောအားဖြင့် ငွေကြိုပေးပွိုင့်တွေကသာပါတယ်။မြတ်လဲသူတို ့ဘဲ။ရှုံးလဲသူတို ့ဘဲလေ။
    လယ်သမားကတော့ ပဲပေါ်ရင်ရောင်းမယ်။လိုအပ်တာ ဝယ်မယ်နဲ ့လုံးချာလိုက်နေတာပေါ့။
    ဒီနစ်လဲ ရှုံးနေပြန်ပီ။

  • ဦးဦးပါလေရာ

    March 3, 2012 at 12:35 am

    တကယ်တော့ ဒီကိစ္စကို ကျုပ်က ထိထိမိမိ ကျယ်ကျယ်ပြန့်ပြန့် ပြောချင်ပါတယ်။
    ဒါပေမယ့် ကျုပ်တို့နိုင်ငံသားတွေကြားမှာ (မဆလ က သွေးထိုးကောင်းတာနဲ့ပဲ) လက်ဝဲယိမ်းအမြင်တွေများလို့ သိပ်မပြောရဲပါဘူး။

    တိုးတိုးနဲ့ ပါးပါးလေးပဲ တို့လိုက်ဦးမယ် …။
    တကယ်တော့ ရာသီသီးနှံ ရောင်းရေးဝယ်ရေး ရှုံးရေးမြတ်ရေးဟာ ကုန်သည်တွေရဲ့ အမြင်/အတွေး/ စိတ်/ ဆန္ဒ ပေါ် အများကြီးတည်မှီပါတယ်။
    ကုန်သည်ဆိုတာ နိုင်ငံတခုရဲ့ ကုန်စည်စီးဆင်း ရောင်းဝယ် မှု့အတွက် မရှိမဖြစ် အလွန်အရေးပါပါတယ်။
    ကုန်သည်တွေကို အမြတ်ကြီးစား ခေါင်းပုံဖြတ် ဝိသမလောဘသားတွေလို့ စွပ်စွဲတိုက်ခိုက်နှိပ်ကွပ်ရင်းနဲ့ ကျုပ်တို့နိုင်ငံ နလံမထူတာပါ။
    ကုန်သည်ကို မကိုင်တွယ်တတ်လို့ သင့်တော်တဲ့ဈေးမဖြစ်တာပါ။
    အရင်းရှင်ကို အသုံးချတတ်ရင် အဲဒါ သူ့ရဲ့အရင်းကို အသုံးချနိုင်သွားတာပါပဲ။

    စကားမစပ်- ဒီနေရာမျိုးမှာ ကျုပ်တို့သူကြီးက ဘယ်ရောက်နေပါလိမ့်..။ ? 😀

    • Foreign Resident

      March 3, 2012 at 5:17 am

      ဟင် ၊ ဦးဦးပါလေရာ တစ်ယောက်တည်း နှင့် အမျိုးမျိုး ပြောနေ ။
      အခုလေးတင်ပဲ ဟိုဖက် ဘွဲ့ရခေတ်ပညာတတ် Post မှာ

      ” တကယ်ဆို တတ်နိုင်မယ့် မြန်မာတွေ အများကြီး။
      ( သူတို့သွားရင် ကျုပ်တို့လဲ မျက်စေ့နောက်သက်သာတာပေါ့ 😀 ) ” ဆိုလို့ ၊

      ကျနော်တောင် Comment ရေးတော့မလို့ ။
      အခု အချိန် ဟာ သူဌေး ( ဦးတေဇ ( ထူး ) ၊
      ဦးထွန်းမြင့်နိုင် ( Steven Law ) တို့ အပါအဝင် ) တွေကို
      ကန်ထုတ်ရမယ့် အချိန် မဟုတ်ဘူးလို့ ။
      ဘယ်သူတွေ ဘယ်လိုပြောပြော
      တိုင်းပြည် အကျိုးအတွက် ချော့ခေါ်ရမယ့် အချိန်လို့ ။

      ကုန်သည် သူဋ္ဌေး တွေများ ကိုယ်က မခေါ်ရင်
      ခေါ်မယ့် နိုင်ငံခြား တိုင်းပြည်တွေများ ပုံ လို့ ။

      • ဦးဦးပါလေရာ

        March 3, 2012 at 8:30 am

        😀 😀
        ကိုဖေါရင်းရေ – အဲဒါက အဆုံးသတ်မှာထည့်နောက်တာပါ။

        တကယ်တော့ ကုန်သည်/လုပ်ငန်းရှင်ဆိုတာ (တိုင်းပြည်အတွက်တော့) အိမ်တအိမ်ကိုဥပမာပေးရရင် မျက်စေ့ရော၊ ဦးနှောက်ရော၊ လက်ခြေရော အားကောင်းသန်မာတဲ့ အိမ်သားတယောက်နဲ့တူပါသဗျာ။
        အဲဒီအိမ်သားကို မစည်းရုံးမကိုင်တွယ်နိုင်ရင် အဲဒီအိမ်သားကြောင့် အိမ်တခုလုံးဗြောင်းဆန်နိုင်ပါတယ်။
        အဲဒီအိမ်သားကို ကိုင်တွယ်နိုင်ရင် အဲဒီအိမ်သားကို အားကိုးအမှီပြုပြီး အိမ်သားအားလုံး တိုးတက်ချမ်းသာသွားနိုင်ပါတယ်။

        အဲဒါနားလည်တဲ့ လူလည်အစိုးရများက သူများအိမ်သားကို ခေါ်မွေးစားဘို့လုပ်ကြပါတယ်။

        အပင်မြင့်ရင်တော့ လေတိုက်ခံရတာသဘာဝဆိုပေမယ့် သူဌေးကြီးတွေကို သူတို့ချွတ်ယွင်းချက်ရှိရင် ထောက်ပြပြစ်တင်တာမျိုးကလွဲရင်-
        အလကားနေရင်းစိတ်ညစ်အောင် မရင့်ကျက်တဲ့မီဒီယာတွေက ဆီလိုအပေါက်ရှာတိုက်ခိုက်နေတာလဲ တိုင်းပြည်အတွက်တော့ အကျိုးမပြုပါဘူး။

    • kai

      March 3, 2012 at 5:31 am

      ထောက်ခံပါတယ်ဗျို့..
      ကုန်သည်တွေကို အမြတ်ကြီးစား ခေါင်းပုံဖြတ် ဝိသမလောဘသားတွေလို့.. ပြောတဲ့သူတိုင်းကို.. ဥပဒေအရ..အရေးယူဖို့ကောင်းတယ်..။

    • MaMa

      March 3, 2012 at 6:31 am

      ထောက်ခံပါတယ် ဦးပါလေရာရေ။
      ရိုးရိုးလေးပဲ တွေးကြည့်လိုက်ရင်-
      ကိုယ်က စားသုံးသူနေရာမှာဆိုရင် ဈေးကြီးတဲ့ဆိုင်က ဝယ်သလား။
      ပစ္စည်းမှန်ပြီး ဈေးနှုံးသက်သာတဲ့ဆိုင်က ဝယ်မှာလား။

      ရောင်းချတဲ့လူဘက်ကလည်း အခြားရောင်းချသူများနဲ့ ယှဉ်ပြိုင်ရောင်းချနိုင်အောင် ကြိုးစားရပါတယ်။

      အမြတ်လိုချင်တဲ့ စိတ်နဲ့အတူ ကုန်ပစ္စည်း ရောင်းထွက်ရေး မျှခြေအခြေအနေကို တွက်ချက်ရတာကိုက ကုန်သည်ပညာလို့ပဲ ပြောရမယ်ထင်ပါတယ်။

      ရင်းနှီးမြုပ်နှံပြီး ရောင်းဝယ်ရတဲ့နေရာမှာ စွန့်စားမှုတွေ အများကြီး ရှိပါတယ်။

      FR ရေ-
      အဓိကကျတာ တစ်ခုက ကုန်သည်အချင်းချင်းမှာလည်း တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရရှိဖို့တော့ လိုတာပေ့ါ။

      သဂျီးရေ-
      စနစ်ကြောင့် ( 😆 ) ခေါင်းထဲ ရိုက်သွင်းခံထားရလို့ ဖြစ်နေတာလို့ပဲ ယူဆပါတယ်။

Leave a Reply