3-3-12 မှာမန်းလေးရောက် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြသောပုံရိပ်များ

ဒီနေ့ ကျနာ်ပိုစ်နှစ်ပုဒ်ပြည့်သွားပေမယ့် အထူးသတင်းမို့ စည်းကမ်းချိုးဖောက်လိုက်ပါသည်။

1 လူထုရဲ့အကြွင်းမဲ့ခေါင်းဆောင်
2 ဒါကတော့ အနီးကပ်ပါ (ကံကောင်းတယ်လို့ ဆိုချင်ပါတယ်)
3 မလာခင်ကြိုဆို
4 မလာခင်ရှေ့ပြေး
5 အောင်လံလွင့်လွင့်
6တကယ်လာပြီနော်
7 အမေစုတကယ်လာတာနော်
8 အောင်လံလွှင့်လို့ကြိုပါတယ်
9 မစု မမစု အန်တိစု အမေစု ဖွားဖွားစု က နုတ်ဆက်ပါ၏
10 နုတ်ဆက်လက်ပြ
11 နောက်ကလိုက်လာတဲ့ ကြိုဆိုသူ လမ်းအပြည့်
12 တကယ်ကိုလမ်းအားလုံးအပြည့်ပါ ဆိုင်ကယ်တွေကြပ်ညှပ်ဒါပေမယ့် ရှော့ မရှိပါ
13ဘယ်သူမှလို်က်ခေါ်တားတာ မဟုတ်ဘူူး
14 လမ်းအပြည့် လူအပြည် စိတ်ဓါတ်ကလဲအပြည့်
15 ကဲဒီလောက်စည်မယ်လို့ ပါးစပ်နဲ့ပြောရင်ယု့မယ်မထင်ဘူး
16 အပြည့် အပြည့် အပြည့် အပြည့်

17 ဒိတစ်ခါတော့ လမ်းပြောင်းပြန်စီးမိတာခွင့်လွှတ်ပါနော်

18 စက်ဘီးအုပ်စုကလဲ ကြိုဆိုပါ၏
19 အချိန်နဲ့အမျှ သတင်းပို့ပေးနေပါတယ်
20 ဖွားဖွားကို သားသားလဲ့ကြိုပါတယ်ခင်ဗျာ
21 မိသားစုလိုက်စိတ်တူကိုယ်တူ

တစ်ရက် နှစ်ပုဒ်တက်ပိုမတင်ရဘူးဆိုပေမယ့် အထူးသတင်းမို့တင်ပေးလိုက်ပါသည်။

78လမ်းလေယာဉ်ပျံကွင်းရှေ့မှ စောင့်ရိုက်ထားသောပုံများဖြစ်ပါ၏

အားရပါးရ ကြည့်ကြပါ.။

 

ကိုပေါက်လက်ဆောင်

54 comments

  • ကျနော်က ပိုစ်တွေကို ကြိုတင်ထားတတ်ပါတယ်။
    ဒီနေ့ ပထမပိုင်းကတည်းက ကျနော်ဝေစု နှစ်ပုဒ်တက်သွားပြီး ဖြစ်ပါတယ်။
    ဒါပေမယ့် အခု ပို့စ်ကတော့ အားလုံးကြည့်ချင်မယ်ထင်လို့ စည်းကမ်းချိုးဖောက်လိုက်ပါတယ်။
    ပုံလေးတွေမြင်ပြိးရင်ခွင့်လွှတ်မယ်ထင်ပါတယ်။

    တောင်းပန်ပါ၏။
    ကိုပေါက်

  • Burmese or Chinese

    March 3, 2012 at 2:27 pm

    အမေစုကိုမန်းပြည်သူတွေကြိုြ​ကပုံများ ကြက်သီးတောင်ထမိတယ်……
    လေးစားပါ မန်းသားတို ့ရယ်……..

    • laypai

      March 6, 2012 at 9:51 am

      ဟုတ်တယ် ကျနော်လည်း ကြည့် ပြီး တကယ် ကို ကြက်သီး ထ သွားတယ်။

  • marblecommet

    March 3, 2012 at 2:29 pm

    ကိုပေါက်ရေ့
    ကျေးဇူးဗျာ ပုံလေးတွေ တင်ပေးတာ
    အန်တီ့ကို ကြည့်ရတာ နည်းနည်း
    တောင်ပိန်သွားသလားလို့
    နေ့ည မနားမနေအလုပ်လုပ်နေတာ
    အန်တီ့ကျန်းမာရေးအတွက်
    စိတ်ပူမိတယ်ဗျာ

  • ဆူး

    March 3, 2012 at 2:43 pm

    ပုံတွေ ကြည့်ရတာ အားရလိုက်တာ..
    ကောင်းလေစွ ကောင်းလေစွ.. ကောင်းလေစွ..
    ကိုယ့်မြို့ ကိုယ့်ရွာ မဟုတ်တော့ ဒီလိုတင်ပေးမှ မြင်ရမှာ ဆိုတော့.. မြင်ချင်နေတာ မြင်ရတဲ့ အတွက် ဝမ်းသာပါတယ်။

  • Mလုလင်

    March 3, 2012 at 2:52 pm

    ဦးပေါက် ရေ … အမြင့်တက်ပြီးရိုက်ထားရမှန်း တွေးလို့ ရပါတယ်။ စေတနာကို မြင် နေရတဲ့ ပုံတွေပါပဲ ….
    ကျေးဇူးတင်ပါတယ် လို့ …..
    လေးစားစွာဖြင့်
    Mလုလင်

  • kotun winlatt

    March 3, 2012 at 3:23 pm

    လေးးးပေါက်ရေ….
    ကျေးးးးးးဇူးးးးတင်လိုက်တာဗျာ…
    ပုံလေးးတွေ တဝကြီးးကြည့်သွားးးရတယ်…..
    မျှဝေပေးတာ တကယ်ကို ကျေးးးးဇူးးပါနော်….။

  • kotun winlatt

    March 3, 2012 at 3:28 pm

    ကိုပေါက်ရေ ..
    ဒီပုံလင့်လေးကို ကျနော်လုပ်ထားတဲ့ ဂရုဆိုဒ်မှာ လင့်ချိတ်မယ်နော်..
    ခွင့်ပြုပါနော်..ဆြာပေါက်…

  • pooch

    March 3, 2012 at 3:35 pm

    ရာသီဥတုကလည်း ကိုယ့်ဖက်ပါတယ် လေးပေါက်ရေ ။ မိုးအုံ့ပြီး အေးနေတာပဲ။ တံခွန်တိုင် အဝိုင်းကနေ သွားစောင့်ပြီး ကြိုတာ။ နည်းတဲ့ လူအုပ်ကြီး မဟုတ်ဖူး။ အနော်လည်း ရိုက်တော့ ရိုက်ထားတယ် ။ အမှတ်တရဆိုပြီး ။ သိမ်းချင်လို့။

    အောင်ပင်လယ်ကွင်းနားလည်း ရောက်ရော မိုးဖွဲလေးတွေ ကျလာသေးတယ် ။ တိုးလို့တောင် မပေါက်ဖူး။ ကွင်းတောင် ပြည့်ပြီး လျှံနေပြီ။ အခုမှ အိမ်ပြန်ရောက်တာ ။ ကွင်းထဲထိ မတိုးနိုင်တော့လို့။
    တသက်မှာ တခါ ဒီလို မြင်ကွင်းကို မှတ်မှတ်ရရပါပဲ။

  • လုလင်ရေ ဒီပုံလေးတွေက လမ်းလယ်ကျွန်းအုတ်ခုံပေါ်ကတက်ရိုက်တာပါ။
    ကိုထွန်းဝင်းလတ်ရေ ချိတ်လိုက်ပါ ရပါတယ်။
    လူများများပိုကြည့်ခွင့်ရသွားတာပေါ့။
    ကျေးကျေးပါ။

  • kai

    March 3, 2012 at 4:06 pm

    ဒေါ်စုက.. အခုမှလူထုကြားထဲပြန်ဆင်းရတော့… ဒီလိုဖြစ်နေတယ်ပေါ့..။
    ပါတီရံပုံငွေရအောင်.. သူဌေးတွေကို.. ထမင်းတူတူစားဖို့ဖိတ်ပြီး.. တဝိုင်း.. ကျပ်ဘယ်လောက်ဆိုသတ်မှတ်..ခုံရောင်းသင့်တယ်..။

    ယူအက်စ်မှာ.. တလောကတင်.. သမ္မတအိုဘားမားတော့.. ဟောလိဝုဒ်လာပြီး အဲလိုလုပ်သွားတာ.. ဒေါ်လာသန်းချီရသွားတယ်..။
    မဲဆွယ်တာမှာ.. လူထုအင်အားထက်.. ငွေအင်အားတောင့်အောင်.. လုပ်သင့်တယ်ထင်မိပါတယ်..။

    ပါတီအတွက်.. ကန်င်ပိန်းလုပ်နေသူတွေသတိထားမိအောင်ပါ…။
    =
    President Obama Attends Latest Hollywood Fundraisers: George Clooney, Jack Black
    By NIKKI FINKE | Wednesday February 15, 2012 @ 8:00pm PST

    Here’s the White House press corp pool reports just in about President Obama’s two fundraisers tonight at the same Holmby Hills estate of soap opera producer Bradley Bell and his wife. The first was an outdoor fundraising reception and Foo Fighters musical performance for 1,000 people with limited Gen44 tickets costing $250, and general admission tickets $500. Later was a fundraising dinner for just 80 people with tickets costing $35,800. Proceeds from both events will go to Obama Victory Fund, a joint fundraising committee authorized by Obama for America and the Democratic National Committee:
    http://www.deadline.com/2012/02/president-obama-attends-hollywood-fundraiser/

    • inz@ghi

      March 3, 2012 at 6:05 pm

      သဂျီးကို ထောက်ခံသွားပါတယ် ….
      အသေးစိတ် သပ်သပ်ရေးပါဦးမယ်ဗျာ ….

      စိတ်ဓါတ်ကိုကြိုက်တယ် …
      လုပ်နည်းလေးတွေ သည်လို သည်လိုလေးတွေ ..
      မော်ဒီဖိုင်းကြရအောင် နော …ဆိုတဲ့ ပွိုင့်နော့်ဗ်ဗျူး ကရေးချင်တယ်ဗျာ ….
      ချစ်တတ် အားပေးတတ်ဖို့ လိုတဲ့အကြောင်းလေးပါဗျာ ….

      ခင်တဲ့
      ဂီ…

      • Swal Taw Ywet

        March 3, 2012 at 11:16 pm

        Dear Ko Gi,
        OK.
        We are waiting for your ideas.
        Really thanks for your helping on our poor people.

        With respect,
        Swal Taw Ywet.

    • Foreign Resident

      March 4, 2012 at 8:57 am

      ကဲ သူကြီးရေ ၊ သိပ်တော့ များများ မပြောတတ်ဘူး ။
      အမေစု နှင့် အမေစု ရဲ့ NLD အတွက်
      မန္တလေး ဂေဇက် အဖွဲ့ အနေ နှင့်
      ဟိုတစ်ခါလိုပဲ ၊ အုပ်စုဖွဲ့ပြီး သွားလှူကြမယ် ဆိုရင် ၊
      အဘဖော ဆီက အလှူငွေ သုံးသိန်း လို့သာ မှတ်လိုက်ပေတော့ ။
      အဘ စောင့်နေမယ်နော် ။

      • Swal Taw Ywet

        March 4, 2012 at 9:12 am

        Wow…..Good idea.
        Bravo Uncle FR.
        I also agreed.
        Please start by someone of MG villagers.
        We are ready to support.
        Please forgive me because I am far away from my mother land.
        I will take my responsibilities to be an MG Villager.
        Go ahead MG.
        If we do unitedly, this is not a case that difficult to success.
        Let’s try our best for our mother land.
        With respect,
        Swal Taw Ywet.

      • inz@ghi

        March 5, 2012 at 8:15 am

        ကျုပ်လည်း အစိမ်း ၁၀ဝ လှူမယ်ဗျာ …
        ဂယ် ..ဂယ် …
        စာရင်း တို့ထားလိုက်…
        😀

        ကြက်သီးထစရာဂျီးဗျာ …
        အံ့ဘနန်း မန်းလေး ပိတ်သတ်….

        ဇဂါးမစပ် ….နည်းနည်းပြောဦးမှ ….
        (ပိုစ့်သတ်သတ်ရေးမလို့ ..အားနာလို့ …ဟီး …)
        လေဒီကို ချစ်လား …ချစ်တာပေါ့ဗျ…
        လေးစားလား ..လေးစားတာပေါ့ဗျ…
        ယုံကြည်လား ..ယုံကြည်တာပေါ့ဗျ…

        ကောင်းပြီ …ဒါဆို လေဒီကို ဘာလို့နေလှန်း သလဲ …
        ၉နာရီ ဟောမယ် စီစဉ်တာ ၁၂ကျော် သွားတယ်ဆို…
        လေယာဉ်ပေါ်မှာ ၅ခါလောက် အန်တယ်ဆို ….
        ညက ဒရစ်ချိတ်ရတယ် ဆို …
        (ခုတော့ ပြန်နေကောင်းသွားပါပြီတဲ့)

        ခုတလော ၂ခု ပြောစရာတွေ့တယ်..(လေးပေါက်ကိုမဟုတ်ပါ …ပိတ်သတ်ကြီးကိုပါ…)
        ပထမတခုက အထက်မှာပြောထားသလို….
        ဆေးဆိုးပန်းရိုက်တွေတော့ မီလျံဘစ်ဇနက်စ် ဖြစ်ကုန်ပြီ …
        ဒီလူ ဒီဘရန်း ဒီတံဆိပ် ရောင်းလိုက်ရတဲ့ စတစ်ကာ-ခေါင်းစည်း-ဦးထုပ်-ရင်ထိုး..
        ၁ကျပ်မှ ဒီချုပ်ဆီမရောက်ဘူး …။ ခွီးတဲ့မှပဲ…. သိန်းသန်းချီတဲ့ ပစ္စည်းလေးဒွေ….။
        အမှတ်တရ ဆော်ဗီးနီးယား လုပ်စားစရာများ အောက်မေ့နေသလား ကိုယ့်ဆြာတို့ ….။
        (ဘယ်ဆေးဆိုးပန်းရိုက် လုပ်ငန်းက စီးပွားတက်လို့ ကျေးကျေးပါဆိုပြီး ဒီချုပ်ကို ဘယ်လောက်သွားလှူသလဲ
        သိချင်သား ….အဟတ်အဟတ်…)

        နောက်တခု ..
        ငါတို့ …. မြို့ … ငါတို့ …မြို့ …
        ခွီးတဲ့မှပဲ …ညည်းတို့က လေဒီကို ဗဟိုပြုပြီး မြို့ပေါင်းစုံ ဗိုလ်လုပွဲ ကျင်းပတယ်များအောက်မေ့နေသလား…။
        ပုဂ္ဂိုလ်ခင်မှ တရားမင်တာတော့ မသိဘူး ..
        ကျုပ်သိတာတော့ ..မြင်ဖူးရုံ ..လက်ဆွဲချင်ယုံ …
        လမ်းပေါ်ထွက်တဲ့ ပုဂ္ဂိုလ် သတ္တဝါအပေါင်းကိုတော့ ရေလည်ချဉ်တယ် …….။
        ဘဝဒွေ အသက်တွေ မျှော်လင့်ချက်တွေ အကုန်ရင်းထားတဲ့ ကိစ္စ ….မမြင်ဖူးလို့ ထွက်ကြည့်ရအောင်
        မျောက်ပွဲမဟုတ်ဘူး …

        သူ့ဓမ္မကိုနာမှာလား ..သူ့ရူပါကို ရှုစားမှာလား ….
        ကြည့်လုပ် ကြပါ ပိတ်သတ်ကြီး …….
        လေဒီကိုမြင်ဖို့ လမ်းပေါ်တက်သူတွေရဲ့ ၁၀%ပဲ
        လေဒီ့ ဓမ္မကို နှလုံးသွင်းနိုင်ရင် အတော်လေး ကောင်းလာဖို့ရှိရဲ့…
        အဝဲယားနက်စ် …အဝဲယားနက်စ်
        လေဒီ ကို ခုတုံးပြု လုပ်စားတဲ့ ညည်းတို့
        လေဒီကို နေလှမ်းတဲ့ ညည်းတို့ကိုတော့ …ချဉ်ပါဒယ်အေ ….

        တော်သေးဘီ
        ခင်တဲ့
        ဂီ

        • amatmin

          March 5, 2012 at 4:54 pm

          ကိုဂီပြောတဲ့ …အဲဒီ အဝဲယားနက်စ် ကြီးက ရိုးရှင်းလွန်း..လိုအပ်လွန်းနေလို့ ..
          ထောက်ခံနေတတ်ကြသူ တိုင်း မြင်နိုင်ကြပါစေလို့..ပဲ
          ဘဝတွေ များစွာရင်းပြီးမှ ရလာတဲ့ အနေအထားတရပ်ကို. မဆုံးရှုံးစေဖို့အတွက်ကတော့..
          လမ်းပေါ်ထွက် မတ်တတ်ရပ်ပြီး လက်ခုပ်တီးပြနေရုံနဲ့တော့…မလုံလောက်ဘူးဆိုတာမြင်ကြပြီး..
          ပါကောင်းပါနိုင်မဲ့ ညာသံပေးတာတွေကို ဝိုင်းလျော့ကြတာပေါ့ဗျာ..

          ကိုပေါက်ပုံတွေအတွက်.ကြည့်ရတာကျေးဇူး..

      • Foreign Resident

        March 6, 2012 at 6:07 am

        အဘ စောင့်နေမယ်နော် ။

        • kai

          March 6, 2012 at 6:45 am

          စီစဉ်ပါ့မယ်..
          လောလောဆယ်… ၃သိန်းနဲ့ ၁၀ဝပေါ့.. 😆

          ဆိုင်ရာမြို့နယ်ကဝင်ပြိုင်မယ့် အမတ်လောင်းတွေကို.. တိုက်ရိုက်ဘယ်လိုလှူရသလည်း သိချင်သား..
          ပြည်ပရောက်မြန်မာတွေ လှူရင် တရားဝင်/မဝင် သိချင်သား…

  • ကိုပေါက်ရေ ကျေးဇူးတင်တယ်ဗျာ။တကယ်ကိုနွေးထွေးစွာကြိုဆိုကြတဲ့
    ပုံရိပ်တွေ မြင်ရတော့ကြည်နူးမိတယ်ဗျာ။အမေစု ကျန်းမာသက်ရှည်ဖို ့
    အမြဲဆုတောင်းနေတယ်ဗျာ။အမေစုနိုင်ငံအတွက် အလုပ်တွေ အများ
    ကြီးလုပ်ရအုံးမှာ။
    ကိုပေါက်အတွက် လက်မလေးတစ်ချောင်းထောင်အားပေးသွားတယ်ဗျာ။
    ဘယ်သူက အောက်စိုက်သွားလိမ့်တယ်မသိပါဘူး။

  • ဒါကြောင့်လဲ ဒီနေ့ ဒီလိုရေးထားတာပေါ့ ကိုခို်င်ရ
    နောင်လာမယ့် ရွေးကောက်ပွဲအသစ်မှာ ကျနော်တို့ကို ဦးဆောင်ပေးသူတွေ

    တရားဝင်ပြောခွင့်ရတဲ့နေရာရောက်အောင် ဝိုင်းကြိုးပမ်းကြရမှာအမှန်ပါဘဲ။

    အဲတော့ လက်ဝှေ့စကားနဲ့ပြောရရင် အခုမှ ပထမအချီစ ထိုးခါစဘဲရှိပါသေးတယ်။

    ပွဲ့ပြီးချိန်မှာ အောင်ပွဲခံနိင်အောင် ကျနော်တို့ရဲ့ အင်အားတွေ စိတ်ဓါတ်တွေကို

    စုစည်းထားလိုက်ကြရအောင်။

    အခုအချိန်မှာ စောသေးတဲ့အတွက် ကျနော်တို့အင်အားတွေကို အလဟသ မဖြစ်အောင်

    အရေးမပါသေးတာတွေကိုမပြောဘဲ အောင့်ထားလို့ ခဏလေးစောင့်ရင်း အားမွေးထားလိုက်ကြရအောင်။

    ကျနော်တို့ အကြာကြီးစောင့်ခဲ့ပြီးပြီဘဲနော်။

    ကျနော်တို့လိုချင်တာရဘို့ အတွက် ကျနော်တို့ဘက်ကလဲ ပြင်စရာရှိတဲ့အကျင့်ဆိုးတွေ

    ကိုပြင်ရင်း အဆင်သင့်ဖြစ်အောင်လုပ်ထားကြရအောင်ဗျာ။

  • Arkar11

    March 3, 2012 at 4:22 pm

    ကြည့်ရင်းနဲ့ အားရလွန်းလို့ကြက်သီးတောင်ထမိပါတယ်…photo တွေအတွက် ကျေးဇူးပဲကိုပေါက်..အန်တီစုကြည့်ရတာတော်တော်ပင်ပန်းနေပုံရပါတယ်…

  • Khin Latt

    March 3, 2012 at 4:38 pm

    ကိုပေါက် ရေ
    ကျေးဇူးကို အများကြီး နဲ့ အကြီးကြီး တင်ပါတယ်။
    ဒါတွေ ကို ကြည့်ရတော့မှာသိလို့ နိုးနိုးခြင်း ရွာထဲ ဝင်ခဲ့တာပါ။
    ကိုပေါက် ရဲ့ စေတနာကို တကဲ့ကို လေးစားပါတယ်။
    အတွေ့အကြုံ လေးကိုလဲ စာဖွဲ့ ပေးပါဦး။
    ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျက်သရေရှိပုံ ကတော့ စာဖွဲ့နိုင်မယ် မထင်ပါဘူး။ 🙂

  • water-melon

    March 3, 2012 at 4:40 pm

    သများပုံလည်း မပါဘူး
    စိတ်ဆိုးတယ်။
    လေးပေါက်ရေ ကြည်ရှု့သွားပါတယ်။

  • MaMa

    March 3, 2012 at 5:07 pm

    ကိုပေါက်ရေ- အဲဒီလို ပုံတွေ ကြည့်ချင်နေတာ။
    စည်းကမ်းချိုးဖောက်တယ်လို့ မပြောနိုင်တဲ့အပြင် ကျေးဇူးတောင် တင်နေမိပါသေးတယ်။
    သတင်းဆိုတာကလည်း အချိန်နဲ့ တပြေးညီ တင်နိုင်လေ တန်ဖိုးတက်လေ မဟုတ်လား။
    အမြင့်ကနေ တက်ရိုက်တယ်ဆိုလို့ သတိလည်း ထားပါဦး ကိုပေါက်ရေ။
    မတော်တဆ လိမ့်ကျရင် နောက်တခါ ဓာတ်ပုံမရိုက်ရဘူးလို့ အမက တားမြစ်ချက်ထုတ်ပြန်မှ ….. 😛

  • blackchaw

    March 3, 2012 at 5:32 pm

    ကိုပေါက်ရေ။
    ဒီပုံတွေက မနက်ဖြန်အထိစောင့်လိုက်ရင်
    တန်ဘိုးလျော့သွားမှာပေါ့ဗျာ။
    အခုချက်ခြင်းတင်ပေးတဲ့အပြင် ဖုန်းပါ ဆက်ပေးတဲ့ အတွက်ကျေးဇူးပါခင်ဗျာ။
    လက်မလေးတစ်ချောင်းကိုလည်း လေးလေးစားစား ထောင်သွားပါတယ် ဗျာ။
    😛

  • အမြင့်ကတက်ရိုက်ပေမယ့်သိပ်မမြင့်ပါဘူး။
    လမ်းလယ်ကျွန်း လုပ်ထားတဲ့ ပန်းခုံ လေးပေလောက်မြင့်မယ်။
    နေရာရွေးတာမှန်သွားတယ် အနီးကပ်ရလိုက်တယ်။

  • kyeemite

    March 3, 2012 at 6:41 pm

    ကိုပေါက်နဲ့ မန့်ကြသူအားလုံးနဲ့ထပ်တူ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်….တစ်ခုဘဲပြောချင်တယ်ဗျာ
    ဘယ်လောက်ဝမ်းသာဝမ်းသာ ဘယ်လောက်ကြိုဆိုကြိုဆို…တိုင်ပြည်အမြန်ဆုံးတိုးတက်ပြောင်းလဲလာချင်ရင်တော့…ကျွန်တော်တို့
    တစ်ဦးချင်းစီ…စည်းကမ်းလိုက်နာကြဘို့..ဘယ်လောက်ဘဲအရေးကြီးကြီး…ဘာတွေဘဲဖြစ်နေဖြစ်နေ
    စည်းကမ်းလိုက်နာမှု့ဟာမဖြစ်မနေသတ ိပြုရမဲ့ကိစ္စပါ…ဓါတ်ပုံတွေမှာမြင်တွေ့ရတာတက်ကြွမှု့တွေ
    အားရစရာပါ…ဒါပေမဲ့ အနိမ့် ဆုံးလိုက်နာရမဲ့စည်းကမ်း ဆိုင်ကယ်ဦးထုပ်တောင်ဆောင်းတဲ့အလေ့
    အကျင့် မလိုက်နာကြတာကြည့်ပြီး..စိတ်မကောင်းဘူးဗျာ…စိတ်မဆိုးပါနဲ့ကိုပေါက်ရေ…ဓါတ်ပုံ
    လေးတွေကြည့်ရင်း ခံစားမိတာလေးပါ…

    • MandalayThar

      March 3, 2012 at 9:45 pm

      ဟုတ်သေးဘူးဗျာ့။ အဲဒီ ဦးထုပ်မဆောင်တာ မန္တလေးယဉ်ကျေးမှု့လို့ခေါ်တယ်ဗျာ့။

  • windtalker

    March 3, 2012 at 6:51 pm

    ဓါတ်ပုံ များကို အပင်ပန်းခံ ရိုက်ကူးပြီး ပြန်လည် ဝေမျှပေးသည့် အတွက် အထူးကျေးဇူးတင်ရှိပါသည် ။

  • TITAN

    March 3, 2012 at 7:16 pm

    ဒို့ မေစု ကိုကြိုရတာ အရမ်းပဲ ပီတိဖြစ်မိပါတယ်
    မောတယ်ပန်းတယ်ဆိုတာကို စိတ်ထဲမှာမရှိဘူး။
    မိုးနတ်မင်းကြီးကလည်း အမေစု ပင်ပန်းမှာစိုးလို့ထင်တယ်
    အေးမြတဲ့ မိုးစက်ပွင့်လေးတွေ ခြွေချပေးထားတာ
    ရင်ထဲအထိကို အေးမြငြိမ်းချမ်းနေတာပဲ 🙂

  • ကိုရင်မောင်

    March 3, 2012 at 8:58 pm

    ကျေးဇူးဘဲ ကိုပေါက်ရေ နေ့လည်ထဲကကြည့်ပြီးသွားပါပြီ
    မအားသေးလို့ခုမှဘဲဝင်မန်းသွားပါတယ်…
    ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံတွေအရမ်းကောင်းလို့ကူးထားလိုက်ပါတယ်…..

  • နေ့လည်က ဖေစ်ဘုတ်ဝင်တော့ ကျနော် ဖေစ်ဘုတ်မှာတင်ထားတဲ့ ဓါတ်ပုံဆယ်ပုံကို DVB သတင်းဌာနက ယူသုံးထားတာကို မိတ်ဆွေတစ်ယောက်က လင့်ပေးပါတယ်။
    အခု မိတ်ဆွေတစ်ယောက်က ဖုန်းဆက်လာပါတယ် DVB က ကျနော်နာမယ်ထိုးပြီး ပုံတွေလွှင့်ပေးနေတယ်လို့ သတင်းပေးပါတယ်.။ တကယ်ဝမ်းသာပါတယ်။
    ဒီလင့်မှာပါ။
    https://www.facebook.com/media/set/?set=a.344267498945090.75464.191574990881009&type=1

    • ရွာစားကျော်

      March 6, 2012 at 9:04 am

      bravo လေးပေါက် bravo
      မနေ့က နေပြည်တော်မှာ အန်တီစုဟောပြောပြီးအပြန်
      လူတန်းထဲ အတင်းတိုးပီးရိုက်ခဲ့ပေမယ့်
      ပုံကောင်းကောင်း တစ်ပုံမှမရဘူးဗျာ 😥
      တရားဟောနေတုန်းလည်း movie ဆွဲထားတယ်
      ဒီက ကော်နက်ရှင်နဲ့ ဘယ်လိုတင်ရမှန်းမသိဘူး

  • နေဝန်းနီ

    March 3, 2012 at 9:46 pm

    ကိုပေါက်ရေ…။ ဒီပုံတွေကိုတွေ့တော့ ကျွန်တော်တို့ငယ်ငယ်က အမာခံကွင်းကိုသွားတဲ့လူအုပ်ကို သွားမြင်မိတယ်ဗျာ…။ မလိုက်မနေရ မလိုက်ရင် သမဆိုင်က ဆန်ဖြတ်မယ်ပြောလို့ ကလေးကောလူကြီးကော အုံးအုံးကျက်ကျက် သွားလိုက်ရတာဗျာ…။ ဟင် အဲဒိမယ်ကော မလာရင် ဘာဖြတ်မယ် ပြောလို့ ဒီလောက်လူတွေများနေတာလဲဗျ…။ ဟင်……

    • Swal Taw Ywet

      March 3, 2012 at 11:22 pm

      This is at Mandalay.
      I really proud of Mandalay.
      THIS IS OUR MANDALAY.
      I do admire the people whom show their love on DASSK.
      Long Life Ah May Suu.
      Forgive me that because I am far away from my native town.
      Let’s try our best for our Mother land.

      With respect,
      Swal Taw Ywet

  • Sonny

    March 3, 2012 at 11:05 pm

    ံကိုပေါက်ရေ
    အပင်ပန်းခံပြီးရိုက်လိုက်တဲ့ ကိုပေါက်ဓါတ်ပုံတွေဟာ
    လူတစ်ယောက်ရဲ ့ တာဝန်သိစိတ်ကို ဖွင့်ဟပြနေသလိုပါ။တစ်ယောက်လည်းတစ်အားပဲလေ။
    Congratulations. ချစ်ခြင်းအားဖြင့် ကိုဆန်နီ…..

  • coconut

    March 4, 2012 at 8:31 am

    အမှတ်တရသမိုင်းဝင်ဓါတ်ပုံများဖြစ်လို့အထူးကျေးဇူးတင်ပါသည်။ဒေါ်စုဆိုတာတမျိုးသားလုံအတွက်ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။သူများတွေမနာလိုဖြစ်ချင်စရာကောင်းအောင်ကြက်သရေရှိတာပါ။လူမျိုးပေါင်းစုံ
    ဘာသာပေါင်းစုံကကြည်ညိုလေးစားရတာမို့လုံခြုံရေးကိုစိုးရိမ်မိပါသည်

  • ကျနော်က တော့ ဒီပုံလေးတင်ဖြစ်တဲ့အတွက် စိတ်ကျေနပ်မိပါတယ်။
    သဲတစ်ပွင့်ဖြစ်သွားတယ်လို့ ထင်မိလို့ပါ။

  • MTY

    March 4, 2012 at 9:27 am

    ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုတဲ့ဓါတ်ပုံတွေကအားရစရာပါ။
    ဒီဆိုဒ်တစ်ခုတည်းပြောတာမဟုတ်ပါ။
    Captionနဲ့ပတ်သက်ပြီးအကြုံပြုပါရစေ၊Antiဒေါ်အောင်ဆန်းစုကြည်
    လုပ်ခြင်းမဟုတ်ပါ။ရေးသားတဲ့စာသားကoverဖြစ်လွန်းနေသလားလို့
    ရင်ခွင်ပိုက်ကလေးကဘာမှသိရှာမှာမဟုတ်ပါ။ပုံ(၂၀)
    “ရင်ခွင်ပိုက်ကလေးပါမကျန်မိသားစုလိုက်ကြိုဆို”ကောင်းမလားလို့
    ပိုမိုကောင်းမွန်အောင်အကြံပြုခြင်းသက်သက်ပါ။

  • ငပွကြီး

    March 4, 2012 at 10:28 am

    ကြက်သီးတဖြန်းဖြန်းတောင်ထမိပါတယ်…
    အမေစု ကျမ်းမာပါစေ..

  • MTY ရေ
    20 ဖွားဖွားကို သားသားလဲ့ကြိုပါတယ်ခင်ဗျာ မှာပါတဲ့ ကလေးလေး ကသူ ဘာမှမသိပါဘူး။
    ဒါပေမယ့် ချစ်စရာကောင်းတဲ့ အမြင်လေးဖြစ်အောင်လို့ ရေးထားတာပါ။

  • a me

    March 4, 2012 at 3:58 pm

    ဓာတ်ပုံထဲမျာ မြင်ရတာ တော်တော် များတဲ့လူတေါနော် ဒီလိုလူတွေက အန်တီစု ကို အရင်ကတည်းက ဒိလို အားပေးအားမြောကိပြုခြ့မယ်ဆိုရင်

  • a me

    March 4, 2012 at 3:59 pm

    ဓာတ်ပုံထဲမျာ မြင်ရတာ တော်တော် များတဲ့လူတွေနော် ဒီလိုလူတွေက အန်တီစု ကို အရင်ကတည်းက ဒိလို အားပေးအားမြောကိပြုခြ့မယ်ဆိုရင်

  • ကြောင်ကြီး

    March 5, 2012 at 12:37 pm

    ဘဘဂျီးကိုရော ရိုက်ချင်ဘူးလား….။

  • Davit

    March 6, 2012 at 9:47 am

    ကိုပေါက်ရေ…..ကျေးဇူးဗျာ………ဓါတ်ပုံတွေအတွက်ပါ…….အရမ်းကျေးဇူးတင်ပါတယ်…..ကြည့်ရတာ ကြက်သီးတောင်ထမိတယ်…

  • Khaing Khaing

    March 6, 2012 at 10:12 am

    လေးပေါက်ရေ မနေ့က မအားလို့ မကြည့်ဖြစ်ဘူး ဒီနေ့မှာကြည့်ဖြစ်တယ် ဖွားစုလာတဲ့သတင်းကို ဘီဘီစီမှာ ပြောသံကြားတယ် 1နာရီကြာသွားရမယ့် ခရီးစဉ်က 5နာရီတောင်ကြာသွားတယ်တဲ့ လူထုပရိတ်သတ်တွေ များလို့တဲ့ သေချာပါတယ် လေးပေါက်ကတော့ မီးမီးတို့အတွက် လက်ဆော့ပေးဦးမယ်ဆိုတာကိုလေ လေးပေါက်ပေးမယ့်ပုံလေးတွေကိုစောင့်ကြည့်မယ်လို့ ချီးကျူးပါတယ် လေးပေါက်ကို မအားတဲ့ကြားက ကြိုးစားပန်းစားလေး မီးမီးတို့အတွက်ဓါတ်ပုံရိုက်ပေးတာကိုပေ့ါ…. မီးမီးကတော့ လူများရင်မသွားရဲဘူး ကြောက်တယ်… ဖွားစုကိုလည်း ချီးကျူးပါတယ်… အပင်ပန်းခံနိုင်လို့ပေါ့..ဖွားစုလဲ ကျန်းမာပါစေ လေးပေါက် လည်းကျန်းမာပါစေ…ဒါ့ပုံတွေအများကြီးရိုက်ပေးနိုင်ပါစေလို့…

    ခင်မင်စွာဖြင့်
    Khaing Khaing

Leave a Reply