ဆင်ဖြူတော်မှီပြီး ကြံစုပ်မဲ့ လွှတ်တော်အမတ်တွေပေါ်လာတော့မယ်။
အမေစုရဲ ့စည်းရုံးရေးခရီးစဉ်က သမိုင်းတွင်လောက်အောင်ကို လူစည်ကားတယ်။ ငိုတဲ့သူက ငို၊ ရယ်တဲ့သူက ရယ်နဲ ့။ စလစ်ဘရစ်တီတစ်ယောက်ထက်တောင် ပိုပြီးလူစည်ကားနေတယ်။ အထူးသဖြင့် မန္တလေးမြို ့။
ရွေးကောက်ပွဲအတွက်စည်းရုံးတယ်။ အန်တီစုကို သူသိကော၊ မသိသူကော တရုန်းရုန်းနဲ ့ ဖြစ်နေတော့ အတော်ပျော်စရာကောင်းသားပဲ။ ဒါကိုတနည်းပြောရရင် အကြမ်းမဖတ်တဲ့ လူထုလှုပ်ရှားမှု ့လို ့ခေါ်ပါတယ်။ ၈-လေးလုံးမှာတစ်ခါ၊ ၂ဝဝ၇-ခုနှစ်တစ်ခါ ဒီလိုမျိူးလူတွေလမ်းမပေါ်ကိုထွက်ကြပါတယ်။ အန်တီစုမပါတော့ လူထုတွေ သေနတ်မှန်လို ့သေကုန်ကြတယ်။ တချိူ ့ဆိုရင် မုဒိမ်းတောင်အကျင့်ခံရသေးတဲ့အထိ ရင်နာစရာကောင်းတယ်။ နောက်ဆုံး တက်ကြွလှုပ်ရှားသူတွေထောင်ထဲကို ဝင်ရတာပဲ အဖတ်တင်တယ်။
ဒါပေမဲ့ ဒီလိုအခြေအနေကို ယနေ ့ဒေါ်စုစည်းရုံးရေးခရီးစဉ်မှာမတွေ ့ရဘူး။ အာဏာပိုင်တွေက သေနတ်နဲ ့ပစ်ဖို ့နေနေသာ ကူညီနေတာကိုတွေ ့ရတယ်။ နဲနဲတော့ ကသိကအောက်ဖြစ်တာကလွဲရင်ပေါ့။ ဘောလုံးကွင်းကို ခွင့်မပြုတာတို ့ဘာတို ့။ အန်တီစုသည် အန်တီစုဖြစ်သောကြောင့် ဘောလုံးကွင်းမရလည်း ကိစ္စမရှိဘူး။ အမှိုက်ပုံဘေးမှာ တရာဟောလည်းဖြစ်တာပဲ။ လူထုက သူရှိလျှင် အိမ်သာစော်နံတဲ့နေရာလည်းဖြစ်ပါစေ လိုက်ပြီးနားထောင်မှာပဲ။
ဆိုတော့ ယနေ ့ရွေးကောက်ပွဲအကြိုကာလ စည်းရုံးရေးသည် လူထုအုံကြွမှုပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် လူထုတွေ လမ်းမပေါ်ကို အကြောက်တရားကင်းမဲ့စွာ တက်လာနေတာကိုတွေ ့ရပြီ။ ဘာ့ကြောင့်တက်လဲဆိုတော့ ခေါင်းဆောင်ဖြစ်သူက သူတို ့ကို သေတွင်းမပို ့ဘူးဆိုတာကို သိနေလို ့ပါ။
ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဖြစ်သူတွေ ဒေါ်စုလို နယ်လှည့်စည်းရုံးရေးဆင်းတာတွေ ့ဘူးလား။ လုံးဝမရှိပါဘူး။ ရှိလည်း အဖွားကြီးလို အောင်မြင်မှာမဟုတ်ဘူး။ မယုံရင် ဦးဌေးဦး စမ်းကြည့်ပါ။
ဒါ့ကြောင့် နအဖအစိုးဟာ အန်တီစုကို ၄၈-နဲ ့တန်လို ့ ရွေးကောက်ပွဲအပြီး ၊ သူတို ့ပိုင်မှ လွှတ်ပေးလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း နယ်လှည့်ဟောလီဒေးထွက်ကြပါကွာဆိုပြီတောင် ဘိုးနပ်စ်ပါထည့်ပေးလိုက်သေးတယ်။
အခုတော့ စစ်အစိုးရဖြစ်စေချင်တဲ့အတိုင်းဖြစ်လာပြီ။ အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်ကြမယ်။ ပြင်သင့်တယ်ဆိုတဲ့ အခြေခံမှုကိုတောင် ဦးသိန်းစိန်နဲ ့လူတစ်စုက သိတယ်။ သိသိကြီး ဘာ့ကြောင့်များ အစောကြီးကတည်းက မလုပ်တာလဲမသိဘူး။ ဒီအခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်ကြမယ်ဆိုတာကလုံးဝကို မရိုးသားဘူးလို ့ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို ့ကိုယ်တိုင် ပြင်ရမယ်ဆိုတာကို သိနေလို ့ပဲ။ အခြေခံဥပဒေပုဒ်မတစ်ခုကို ပြင်ရင် ဘယ်လောက်ကြာတယ်၊ ဘယ်လောက်အလုပ်ရှုပ်တယ်ဆိုတာကိုလည်း သူတို ့သိကြတယ်။ ဘယ်တော့မှ ပြီးပြည့်စုံတဲ့ အခြေခံဥပဒေဖြစ်မှာလဲ။ ပြင်နေရင်းနဲ ့ဒေါ်စုအသက်ထွက်သွားရင်ဖြင့် ပွဲကတော့ ကြည့်ကောင်းနေပြီ။ ဒီလိုအခြေအနေဖြစ်လာရင်တော့ အန်အယ်ဒီအနေနဲ ့ယနေ ့စည်းရုံးရေးခရီးစဉ်လို လူစည်ကားမှာမဟုတ်တော့ဘူး။ အခုတော့ အန်အယ်ဒီရဲ ့လွှတ်တော်အမတ်တွေဆိုတာက ဆင်ဖြူတော်မှီပြီး ကြံစုပ်တဲ့လူတွေလို ဖြစ်နေပြီ။ ဘယ်မှာလဲ အထင်ကနာမည်ကြီးပြီး လူကြိုက်များတဲ့ အန်အယ်ဒီလွှတ်တော်အမတ်။
၄၈-နေရာမှာ အန်အယ်ဒီက ထက်ဝက်ကျော်တော့ နိုင်မှာသေချာပါတယ်။ နိုင်ပြီးတော့ လွှတ်တော်ထဲရောက်မယ်။ ပြီးရင် ကြံ ့ခိုင်ရေးက လွှတ်တော်အမတ်တွေလို၊ စစ်တပ်က ကိုယ်စားလှယ်တွေလို အိပ်မနေ ဖို ့တော့အရေးကြီးတယ်။ ပါတီက ချပေးတဲ့မှုဝါဒတွေကို တက်တက်ကြွကြွ ဆွေးနွေးဖို ့လိုတယ်။ ကြေကြေလည်လည် နားလည်တက်ကျွမ်းထားဖို ့အရေးကြီးတယ်။ ဒါမှ လွှတ်တော်အမတ်ပီသလိမ်မယ်။ လွှတ်တော်ထဲမှာ ခေါင်းပေါင်းနဲ ့ချိတ်ပုဆိုးဝတ်ပြီး အဲယားကွန်းလေးနဲ ့အိပ်နေရင်တော့ ဘယ်တော့မှ အခြေခံဥပဒေက ပြင်ပြီးမှာ မဟုတ်ဘူး။ လက်ရှိအနေအထားအရ လွှတ်တော်ထဲမှာ အတိုက်အခံအင်အားနည်းတာအပြင် အချင်းချင်းလည်းမတည့်တော့ နောက်ထပ်နှစ်ပေါင်းလေးငါးနှစ်အထိအခြေခံဥပဒေပြင်နိုင်ဖို ့ဆိုတာ အိမ်မက်တစ်ခုလိုဖြစ်နေပြီ။ သေချာသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးရာထူးတောင်ပေးဖို ့နေရာမရှိသလောက်ဖြစ်နေပြီ။ သူက လွှတ်တော်ထဲဝင်ပြီး အရမ်းကိုလှပချောမောတဲ့ မျှောက်မလေးတစ်ကောင်လို လုပ်ရပါလိမ့်မယ်။ ဒါမှ အစိုးရက သူလိုချင်တာ ဒိထက်ပိုပြီးရမယ်။
ယနေ ့လွှတ်တော်နဲ ့အခြေခံဥပဒေဆိုတာ အမျိူးသားညီလာခံကနေ ဆင်းသတ်လာပါတယ်။ အမျိူးသားညီလာခံလုပ်တုန်းကလည်း အမတ်တွေအိပ်နေခဲ့တယ်။ အခုလည်း အမတ်တွေ အိပ်နေပြန်ပြီ။ သူများ နိုင်ငံက လွှတ်တော်တွေဆိုတာ အိပ်ဖို ့နေနေသာသာ အရေးကြီးရင် ညလုံးပေါက် ငြင်းခုန်ဆွေးနွေးကြတယ်။ အတိုက်အခံနဲ ့အစိုးရက အင်အားချင်းမျှတော့ ဥပဒေတစ်ခုကျဖို ့ဆိုတာ အင်မတန်ကို ခဲယဉ်းတဲ့အလုပ်တစ်ခုပါ။ ဒီလိုဥပဒေကောင်းတစ်ခုဖြစ်လာဖို ့အတွက် ဆွေးနွေးငြင်းခုန်နေတဲ့အချိန်မှာ မြန်မာလွှတ်တော်လို ဘယ်သူမှ အိမ်မနေကြဘူး။ အိပ်ဖို ့တောင် စိတ်ဝင်စားပုံမပေါ်ဘူး။ ဒီလောက်ထိ စိတ်ဝင်စားစရာကောင်းတဲ့ ဥပေဒပြုနည်းတစ်ခု။ အခုတော့ ကျနော်တို ့တိုင်းပြည်ရဲ ့လွှတ်ကို နာမည်ပေးချင်တာက စစ်တပ်ရဲ ့ရုပ်ရှင်ရုံကြီးလို ့။ ဘာ့ကြောင့်လဲဆိုတော့ ကြည့်တဲ့သူပဲရှိနေတယ်။ အနည်းအကျင်းလောက်ကပဲ နိုင်ငံရေးကို စိတ်ဝင်စားတယ်။ တခြားသူတွေက အာဏာလိုချင်သာ လွှတ်တော်အမတ်ဝင်လုပ်ကြတယ်။
သာယာဝတီက ကျနော့်အမျိူးတစ်ယောက် အခုလွှတ်တော်အမတ်ဖြစ်နေတယ်။ သူ ့ကိုဥပမာပေးချင်တယ်။ သူက စီးပွားရေးသမား။ စီးပွားရေးအခွင့်အလမ်းကောင်းဖို ့အတွက် ကြံ ့ခိုင်ရေးထဲ ဝင်တယ်။ သူ ့မှာငွေလည်းရှိတော့ ဘယ်လိုမျိူးမဲနိုင်သွားလဲမသိဘူး။ အခုတော့ သူ ့နယ်ရဲ ့ပြည်သူ ့ကိုယ်စားလှယ်ပေါ့ဗျာ။ နိုင်ငံရေးကို စိတ်ဝင်စားလားဆိုတော့ မဝင်စားဘူး။ သူ ့ရဲ ့နယ်မြေဖွံ ့ဖြိုးတိုးတက်ဖို ့တောင် ဘာလုပ်သင့်လဲဆိုတဲ့ အိုင်ဒီယာသူ ့မှာမရှိဘူး။ ရှိတာက အထက်လူကြီးကို ဖားဖို ့လောက်ပဲသိတယ်။ ဆိုတော့ သူ ့လိုလူမျိုး လက်ရှိလွှတ်တော်ထဲမှာ ဘယ်နှစ်ယောက်ရှိလဲဆိုတာ တွေးကြည့်ကြပေါ့။ ဒါ့ကြောင့် လွှတ်တော်ထဲမှာ စိတ်ဝင်စားလို ့စစ်တပ်ကော အရပ်ဖက်ကကော ကိုယ်စားလှယ်ကြီးတွေ အပြိုင်အဆိုင်အိပ်နေကြတာဖြစ်မယ်။ ဦးရွှေမန်းတောင် ရှေ ့ဆုံးတန်းမှာ တစ်ယောက်တည်းထိုင်နေလို ့ မအိပ်တာဖြစ်မယ်။ နောက်မှာထိုင်လို ့ကတော့ ခုန်ကွယ်ပြီး အိပ်ချင်အိပ်နေမှာ။
အခုလည်း ဆင်ဖြူတော်မှီပြီး ကြံစုပ်မဲ့ လွှတ်တော်အမတ်တွေပေါ်လာတော့မယ်။ သတိထားကြဖို ့အတွက် ဒီစာကို ရေးတာပါ။ ၉ဝ-ခုနှစ်က အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအများကြီး ကျန်သေးပါတယ်။ ပြည်ပက ကိုယ်စားလှယ်တော်ကြီးတွေကတော့ အခွင့်အရေးရတုန်းသာ ကိုယ်စားလှယ်လိုက်ကြတာ၊ တကယ်တန်းတော့ ဘာစောက်အရည်အချင်းမှ မရှိဘူး။
6 comments
maungmoenyo
March 4, 2012 at 12:11 pm
အင်း..အဲ့ဒိအကျင့်က အရိုးစွဲနေတာကြာပြီလေ။ ဒါပေမဲ့ မတူတော့တဲ့အချက်က အခွင့်ရေးသမားအမတ်မင်းများဟာ မဲဆန္ဒနယ်လူထုနဲ့ လုပ်ဖေါ်တခြားအမတ်တွေလိုထက်ထက်မြက်မြက်နေဘို့လိုလာတဲ့ အချိန်ကာလကိုချင်းနင်းဝင်ရောက်နေပါပြီ။ ကိုယ်ကညံ့လေ ကိုယ်နောက်ကျကျန်လေဖြစ်မဲ့ခေတ်လေ။
kai
March 4, 2012 at 5:01 pm
ဒီလို… ၄၈ခုံနေရာနဲ့.. အသည်းအသန်လုပ်ရ..ဖြစ်လာရမယ့်လမ်းကြောင်းကို မြင်မိလို့.. ၂၀၁ဝရွေးကောက်ပွဲမှာ.. ဘာလုပ်သင့်လည်း.. ကျုပ်လည်း..အထပ်ထပ်တိုက်တွန်းခဲ့ပါတယ်..။
အခုမှ ပြန်မနှုးချင်တော့ပါဘူး..။
ထားပါတော့..
အခုလုပ်ရမှာက.. အတိုက်အခံလို့အမည်တတ်ရဲသူတွေအားလုံး..နိုင်ငံရေးလုပ်ချင်သူတွေအားလုံး… မြန်မာပြည်ထဲပြန်ဝင်ကြဖို့လိုတယ်ထင်မိတယ်..။
ဒီလို အခွင့်အရေးမျိုးအင်မတန်ရခဲပါတယ်..။ ၈၈ကတောင်.. အပြည့်မရခဲ့ဖူးဘူး..။
တပ်မတော်ကို.. နောက်ကြောင်းပြန်မလှည့်အောင်.. လုပ်ကြရလိမ့်မယ်..။
အမေရိကားကို.. မြန်မာပြည်ထဲ.. အတင်းဆွဲသွင်းရလိမ့်မယ်..။
ပြည်ခိုင်ဖြိုးထဲကနေ.. NLD ကို ရွေ့လာမယ့်အမတ်တွေ.. ရှာယူညှိယူ..ဆွဲသွင်းကြရလိမ့်မယ်..။
အမေရိကန်တွေဟာ.. သူ့အကျိုးစီးပွားမထိရင်.. လေနဲ့ပဲအော်ပေးတာ….
သူတို့တွေ.. ဆိုင်ရာနိုင်ငံထဲ.. ဝင်ပြီးသွားတော့မှ.. သူတို့အကျိုးစီးပွားထိရင်..ပေးထားတဲ့ကတိတွေမတည်ရင်.. စစ်တိုက်ဖို့.. တစက်ကလေးမှ ဝန်မလေးဘူးဆိုတာ… သတိပြုကြစေချင်တယ်..။
ဆိုတော့.. Win-Win ဖြစ်တဲ့.. အခြေအနေကို.. ဆက်မြဲအောင်လုပ်ကြဖို့ အင်မတန်လိုတယ်ထင်မိကြောင်း………။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 4, 2012 at 6:06 pm
သာယာဝတီက ကျနော့်အမျိူးတစ်ယောက် အခုလွှတ်တော်အမတ်ဖြစ်နေတယ်။ သူ ့ကိုဥပမာပေးချင်တယ်။
သူက စီးပွားရေးသမား။ စီးပွားရေးအခွင့်အလမ်းကောင်းဖို ့အတွက် ကြံ ့ခိုင်ရေးထဲ ဝင်တယ်။ သူ ့မှာငွေလည်း
ရှိတော့ ဘယ်လိုမျိူးမဲနိုင်သွားလဲမသိဘူး။ အခုတော့ သူ ့နယ်ရဲ ့ပြည်သူ ့ကိုယ်စားလှယ်ပေါ့ဗျာ။ နိုင်ငံရေးကို
စိတ်ဝင်စားလားဆိုတော့ မဝင်စားဘူး။ သူ ့ရဲ ့နယ်မြေဖွံ ့ဖြိုးတိုးတက်ဖို ့တောင် ဘာလုပ်သင့်လဲဆိုတဲ့ အိုင်ဒီယာ
သူ ့မှာမရှိဘူး။ ရှိတာက အထက်လူကြီးကို ဖားဖို ့လောက်ပဲသိတယ်။
____________________~~~~~~~_________
ခင်များရေးထားတဲ့ စာလေးမှာကိုကအဖြေပေါ်နေပီ ကိုဘုန်းကျော်ရေ။မျိုးရိုးကကို ထော်လံဖားအမျိုး၊အခွင့်ရေးသမားဘဲဗျ။
windtalker
March 4, 2012 at 7:55 pm
ဟုတ်ပ မောင်သန်းရာ ၊ ထောက်ပြ လိုက်စမ်းဘာ ။
လက်၂ချောင်း ထောင်သွားပါ၏ ။
kokothandar
March 5, 2012 at 11:45 am
ကိုယ်ရေးရာဇဝင် ဖတ်လိုက်ရတော့ စိတ်ပျက်မိတယ် ကိုယ်က အော်စီရောက်ရေး တောခိုခဲ့တယ်
တောခိုတယ် ဆိုတာ လက်နက်ကိုင် လုပ်စားတာဘဲလေ မယ်မယ်ရရအလုပ် မရှိ။
စာရေးတာ ကောင်းတယ်။ ဒါပေမဲ့ နှိုင်းရရင် သူများ ရန်ဖြစ်အောင် လှုံ့ဆော်တတ်သူမျိုးများလား
ရုပ်ကလဲ မိုက်ကန်းကန်း -အာနိူးတောင် အရှုံးပေးရမယ့်ရုပ်။
myanmarcitizen
March 5, 2012 at 1:17 pm
ကိုဘုန်းကျော် တစ်ယောက်ပဲစောက်ဖြစ်ရှိပါတယ်ဗျာ။ ဒါကြောင့် စောက်ဖြစ်ရှိတဲ့စာလေးတွေ ရေးပါအုန်းနှော်
သူများတွေဆို မျောက်နဲ့နှိုင်းရတာတစ်မျိုး။ ငတုံး ပြောရတာတမျိုးနဲ့။ ဆက်ရေးပါ ကိုဘုန်းကျော်။ အောင်မြင်ပါတယ်။ ကိုဘုန်းကျော် post ကိုဖတ်ပြီး comment မပေးပဲမနေနိုင်အောင်ပါ။
တော်တော့် ကိုအောင်မြင်ပါတယ်