ငွေတောင်ကမ်းခြေအလှ
















ငွေတောင်ကမ်းခြေပုံတွေ တင်ခဲ့ပြီးပေမယ့် ထပ်တင်ချင်သေးလို့ ကျွန်မညီမ လက်ရာလေးတွေကိုပါ တင်ပေးလိုက်ပါတယ်။ ကျွန်မလက်နဲ့ရိုက်ထားတဲ့ပုံတွေမဟုတ်ပါဘူး …..
ငွေတောင်ကမ်းခြေပုံတွေ တင်ခဲ့ပြီးပေမယ့် ထပ်တင်ချင်သေးလို့ ကျွန်မညီမ လက်ရာလေးတွေကိုပါ တင်ပေးလိုက်ပါတယ်။ ကျွန်မလက်နဲ့ရိုက်ထားတဲ့ပုံတွေမဟုတ်ပါဘူး …..
22 comments
MaMa
March 4, 2012 at 9:18 pm
ကမ်းစပ်ရောက်လာတဲ့ လှိုင်းလေးတွေ ကြည့်ရတာ မြွေရေခွံ အကွက်လေးတွေလိုပဲ လှတယ်နော်။
ဝေဝေ့ ညီမလေး ရိုက်ထားတာလည်း အမလက်ရာအတိုင်းပဲ။
အနုပညာမျက်စိရှိတယ်လို့ ပြောရမယ် ရိုက်ချက်လေးတွေ လန်းတယ်။
Sonny
March 4, 2012 at 10:16 pm
မမရေ
“ငွေတောင်” ကမ်းခြေကဘယ်နားမှာလည်း ဘယ်လိုသွားရလည်း..ဖွံဖြိုးတဲ့ဒေသလား
ဟိုတယ်တွေရော ကောင်းပါသလား…လမ်းပန်းဆက်သွယ်ရေးရော
..မော်တင်စွန်းနဲ့ နီးတယ်ထင်တယ်..ဖြေပေးပါအုံး
ငဆန်နီ ကမ်းခြေတော်တော်များများရောက်ဖူးတယ်..ဒါတော့မသိဘူး.
ဓါတ်ပုံတွေ က လက်ရာကောင်းကောင်းမကောင်း ကောင်း သတင်းတစ်ခုခုအမြဲပါပါတယ်။
ဓါတ်ပုံဆိုတာမျက်မြင်သက်သေတစ်ခုပဲလေ..
ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…
Sonny
March 4, 2012 at 10:19 pm
မမရေ လို့မှားခေါ်မိပါတယ် ဝေဝေရေဖြစ်ရမှာပါ…….
“ငွေတောင်” ကမ်းခြေကဘယ်နားမှာလည်း ဘယ်လိုသွားရလည်း..ဖွံဖြိုးတဲ့ဒေသလား
ဟိုတယ်တွေရော ကောင်းပါသလား…လမ်းပန်းဆက်သွယ်ရေးရော
..မော်တင်စွန်းနဲ့ နီးတယ်ထင်တယ်..ဖြေပေးပါအုံး
ငဆန်နီ ကမ်းခြေတော်တော်များများရောက်ဖူးတယ်..ဒါတော့မသိဘူး.
ဓါတ်ပုံတွေ က လက်ရာကောင်းကောင်းမကောင်း ကောင်း သတင်းတစ်ခုခုအမြဲပါပါတယ်။
ဓါတ်ပုံဆိုတာမျက်မြင်သက်သေတစ်ခုပဲလေ..
ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…
weiwei
March 5, 2012 at 10:04 am
ငွေတောင်ကမ်းခြေဆိုတာ မော်တင်စွန်းကနေ ရ မိုင်ခရီး ကမ်းစပ်အတိုင်းသွားရပါတယ် … တစ်နှစ်မှာ ၁၅ ရက်ပဲ သွားနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ် ….
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 4, 2012 at 11:21 pm
မမဝေဝေရေ……
မော်တင်စွန်းကနေ ငွေတောင်ကမ်းခြေသွားတာမှာ ဆိုင်ကယ်တစ်စီးက
ရေထဲကနေ ဘယ်ကိုကးးနေတာလဲဟင်။ကားကရော သဲထဲနစ်နေတယ်
ဆိုတော့ ဘယ်သူမှမကူကြဘူးလားဗျာ။သဘာဝကျကျနဲ ့ပုံလေးတွေ လှပါ
တယ် မမဝေဝေ။
weiwei
March 5, 2012 at 8:15 am
ကမ်းစပ်တစ်လျှောက် ကားစီးသွားရင်း လမ်းမှာ ချောင်းသေးသေးလေးတွေကို ဖြတ်သွားရတယ် … ဒီအတိုင်းပဲ ရေထဲဖြတ်မောင်းရလို့ ရေကျချိန်တစ်ချိန်တည်းသာ သွားလို့ရပါတယ် … တချို့ကားတွေက ကမ်းစပ်ကနေ ခပ်ခွာခွာမောင်းတော့ သဲနွံထဲကို နစ်သွားလေ့ရှိတယ် … ဝိုင်းကူကြပေမယ့် လူအားနဲ့မနိုင်ဘူး … ကားတစ်စီးနဲ့ ရှေ့ကနေဆွဲပေးမှ ရပါတယ် …
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 5, 2012 at 12:57 pm
မမဝေဝေ တင်ထားတဲ့ပုံလေးထဲမှာ ရေမှော်ပင်လေးကို ကျနော်တို ့ဆီမှာ
ကျောက်ကျောလို ့ခေါ်တယ်လေ။သူ ့ကိုရေအောက်မှာငုပ်ပြီးလဲ ယူနိုင်သလို၊
ပင်လယ်ထဲမျောနေတုန်းလဲ လိုက်ဆယ်ကြတယ်လေ။
သုပ်စားလို ့ကောင်းတယ်။ရေကို စင်နေအောင်ဆေးမှ ရေငန်စင်သွားမယ်။ပြီးမှရေစိမ်
ထားပြီးရင် ဟင်းလက်စုံသုပ်သလို သုပ်စားလို ့ရပါတယ်။
Khin Latt
March 5, 2012 at 3:32 am
လှလိုက်တာ ဝေဝေ ရယ် လို့ ပြောရင်း စိတ်ကူး နဲ့ ရောက်ခဲ့လိုက်ပါတယ်။
ကျေးဇူးပါ ဝေဝေရေ။ 🙂
zay
March 5, 2012 at 7:56 am
ကျေးဇူးပါဘဲ သူငယ်ချင်းရယ် ဌာနေကိုပြန်မရောက်တာဆယ်နှစ်ကျော်ခဲ့ပြီ အလွမ်းပြေရပါတယ်
weiwei
March 5, 2012 at 8:17 am
ဒီတစ်ခါပုံလေးတွေကို ဆရာကိုစိန်သော့ အကြံပေးတဲ့နည်းအတိုင်း composition ချိန်ပြီးမှ တင်လိုက်တာမို့ ပိုပြီးအသက်ဝင်သွားပါတယ် …
ကျေးဇူးတင်ပါတယ် ကိုစိန်သော့ရေ …
aye.kk
March 5, 2012 at 8:24 am
ဝေဝေရိုက်ချက်..
လက်ရာများက..
လွန်စွာလှ…
ရှုခင်းများက..
အေးမြမြ..
ငွေတောင်အလှ..
ှစာချယ်သ..
မြင်သူတကာငေးမောရ..။
htet way
March 5, 2012 at 8:24 am
လှိုင်းလေးတွေ တက်လာတယ် ငါတို့ တွေ့ဆုံခြင်းပေါ်မှာ
ဩဘာပေးကြတယ်။
လှိုင်းကလေးတွေ ပြန်ဆင်းသွားကြတယ်
ငါတို့ ဝေးကွာခြင်း အတွက် ငိုသံလေးနဲ့
ဘာရယ်မဟုတ်ဘူး ဓါတ်ပုံကြည့်ပြီးခေတ္တရူးသွပ်သွားတာ
aye.kk
March 5, 2012 at 8:29 am
ဝေဝေရေ..
ကျေးဇူးပါ..
လှလွန်းလို့..ကူးယူသွားပါတယ်။
ကိုပေါက်(မန္တလေး)
March 5, 2012 at 8:55 am
သွားချင်စိတ်ပေါက်အောင် ဆွဲဆောင်ပါ၏။
ဆူး
March 5, 2012 at 9:48 am
လှိုင်းလေးတွေက အသက်ဝင်လိုက်တာနော်..
ပုံတွေနဲ့တင် တော်တော် ဆွဲဆောင်မှုရှိနေပြီ… သွားလည်ချင်လိုက်တာ..
အခန့်မသင့်လို့ သဲထဲနစ်ရင်တော့ မလွယ်ဘူးနော်.. ဈေးဆိုင်တွေက ဘာတွေ အဓိက ရောင်းလဲ.. ရေထွက်ကုန် ငါးခြောက်တွေ ရောင်းတာလား။
weiwei
March 5, 2012 at 10:03 am
ငါးခြောက်အဓိကရောင်းတယ် … စားစရာကတော့ ရခိုင်မုန့်တီနဲ့ အသုတ်စုံ၊ အုန်းစိမ်းရေနဲ့ ဖရဲသီး … ဘာမှမဝယ်ဖြစ်ခဲ့ဘူး .. အုန်းစိမ်ရေသောက်ခဲ့တယ် .. တစ်လုံး ၅၀ဝ ပေးရတယ် …
Ma Ei
March 5, 2012 at 12:17 pm
ညီမလေးလက်ရာကလဲ လှလိုက်တာ…
ရှခင်းလှလှလေးတစ်ခုက မော်ဒယ် ကလေးမလေးပါလို့ ပိုအသက်ဝင်သွားတယ်…
ကူးထားမယ်နော်..
ကြောင်ကြီး
March 5, 2012 at 12:32 pm
အန်တီဝေ ငွေဆောင်ကမ်းခြေမှာ ဘီကီနီနဲ့ ရိုက်ထားတဲ့ပုံ ကျနော်ရထားတယ်… အန်တီဆူးပေးဒါ…။
တညင်သား
March 7, 2012 at 8:31 pm
ဦးကြောင် အဲဒီပုံက တစ်နှစ်သမီးတုံးက ရိုက်ထားတာ…………:P
phone_kyaw
March 5, 2012 at 2:10 pm
ငွေတောင်က ဘယ်နေရာမှာလဲဗျ။ အတော်လှတာပဲ။ လိပ်စာလေး သိ ချင်လို ့။
blackchaw
March 7, 2012 at 2:23 pm
တံငါလှေလေးများပုံလေး အကြိုက်တွေ့မိပါတယ်။
😀
pooch
March 7, 2012 at 8:43 pm
လှလိုက်တာ တခါမှ မရောက်ဖူးဘူး။ စိတ်အေးလက်အေး နဲ့ နားအေး ပါးအေး နေလို့ရမဲ့နေရာလေး။
ရောက်ဖူးချင်လိုက်တာ။