လက်တွေ့စမ်းသပ်ရင် သိနိုင်ပါတယ်…
ပရိတ်၊ကာထာမန္တန်တွေရွှတ်ဆိုပြီး အန္တရာယ်ကင်းတယ်၊ အဆိပ်ပြယ်တယ် လို့ ပြောပြောနေကြတယ်…
ဒါမခက်ခဲပါဘူး.. အဲဒီဆေးဆရာကို အဆိပ်ခွက်ပေးပြီး ကာထာမာန္တန်ရွှတ် မှန်းမှုတ်ခိုင်းပြီး ဆေးတကယ် စွမ်းမစွမ်း သူ့ကိုအရင် သောက်ပြခိုင်းပါ။
သူသောက်ပြလိုက်လို့ ဘာမှမဖြစ်ဘူးဆိုရင် ကျွန်တော်ယုံတယ်။ ဒါလည်းကိုယ်ကိုယ်တိုင် အဆိပ်ရေဖြစ်ကြောင်း အရင်စစ်ဆေးဖို့လိုမယ်နော သို့မဟုတ်ရင် အလိမ်ခံနေရမှာစိုးလိုု့ …
ပရိတ်ကထာမန္တန်တွေတောင်မှ အဆိပ်ကို ရေဖြစ်အောင်လုပ်နိုင်ရင် လူဆိုးကို လူကောင်းဖြစ်အောင် ကထာမန္တန်ရွှတ်ပြီး အရင်လုပ် ပြခိုင်းပါလား။
နောက်တခု ယနေ့တရားအားထုတ်တဲ့လူတွေ ပြောတာကြားဖူးတယ်…သတိအမှတ်နဲ့စားရင် ဥပမာ -စားရင် စားတယ်စားတယ် ဝါးတယ်ဝါးတယ် လို့မှတ်ရင် ဘာဘဲစားစား ဘာမှ မဖြစ်ဘူးတဲ့ ဒါဆို သွေးတိုးဆီးချိုးရှိတဲ့ လူတွေကို သူမတည့်တဲ့ အစားအစာ စားခိုင်းကြည့်ပါလား ဘာဖြစ်မယ်ထင်လဲ?
ကားစီးတဲ့ အခါအမှတ်နဲ့ မှတ်မလား? ရှုခင်းကြည့်မလား ? ကားစီးရင်းနဲ့ ကားသံမမှန်တာကို သတိရှိစွာနဲ့ စီးမလား? ကားမောင်းတဲ့လူ ယာဉ်စည်းကမ်း လမ်းစည်းကမ်း နဲ့မောင်းနေလား? အရက်မူးနေလား? ဘေးကလူ တွေ အရမ်းကာရော မောင်းနေလာ? သတိလက်မလွတ်ဘဲ စီမလား? ကားမောင်းတဲ့ အခါမောင်းတယ် မောင်းတယ် ၊ ရှေ့က ကားလာနေတာကိုလည်း မြင်တယ် မြင်တယ် လို့မှတ် မလား?
ညမီးကင်း စောင့်တဲ့ လူတွေက လူဆိုး သူခိုး မီးဘေးအန္တရာယ်ရှိ လို့ တုံးခေါက်အချက်ပြသံ ပေးရင် ကြားတယ် ကြားတယ်လို့ မှတ်မလား? ဆောင်စရာရှိတာကို ယူဆောင်ပြီး ရှောင်စရာရှိတာ ရှောင်မလား? ဘယ်မှ မသွားဘဲ ကာထာမန္တန်တွေထိုင်ရွှတ်မလား?
လူတစ်ယောက် ကိုယ့်ကိုယ်ပြုစားလို့ အင်းကွက်တွေ့ချ ပြီးရင်ဆီမီးခွက်တွေနဲ့ ဖယောင်းတိုင်တွေနဲ့ ထွန်းပြီး တဖက်လူကို နေလို့မရအောင် မီးတွေ ဘယ်လောက်ဘဲထွန်းထွန်းပါ တဖက် လူဘာမှ မဖြစ်ပါဘူး။
မီးကိုတွေ့နေရဲ့သားနဲ့ လေးငါးဆယ်ပေခြား ပြီးမီးလှုံတာတောင်မှ မပူ တဲ့ဥစ္စာကို ယခုတော့ မမြင်ရတဲ့ လူကမီးရှို့လိုက်လို့ မီထွန်းလိုက်လို့ ကိုယ်က ပူတယ်ဆိုတာ တကယ်ဟုတ်မဟုတ် သေချာစဉ်းစားကြည့်ပါ….
အန္တရာယ်ကင်းအောင် ဘယ်သူမှ မလုပ်ပေးနိုင်ပါဘူး။ ကိုယ့်ကာယကံ၊ ဝစီကံ၊မနောကံ ကောင်းအောင် လွန်ကျူးမှု မဖြစ်အောင် လုပ်နိုင်ရင် အန္တရာယ်က ကင်းလွတ်ပါတယ်။ နောက်ပြီးသစ္ဆေသရဲ အန္တရာယ်က ကြောက်နေကြတာတွေလည်း သိပ်မဟုတ်သေးဘူး။
ဥပမာ .. ကိုယ့်နောက်ကို လူဆိုးဓါးမြတွေ ဓါးနဲ့နောက်ကနေလိုက်ခုတ်မယ်ဆိုပါတော့ အဲဒီအခါ ကြောက်လှပါတယ်ဆိုတဲ့ သင်္ချိုင်းကုန်းက အုတ်ဂူကြားထဲ ဝင်ပုန်းချင်လည်း ပုန်းရမှာဘဲ။
အဲဒီ အချိန်မှာ သရဲသစ္ဆေကိုကြောက်မှာလား?… လူဆိုးကိုကြောက်မှာလား ?…
ဘုရားလက်ထက်မှာ တရားအားထုတ်တဲ့ ရဟန်းတွေကို သစ္ဆေသရဲတွေရဲ့ အနှောင့်အယှက်ကြောင့် တရားအားမထုတ်နိုင်ဖြစ်ပြီး ဘုရားထံပြန်လာတော့ ဘုရားကအဲဒီ ပြဿနာဖြစ်တဲ့ နေရာကိုပြန်သွားခိုင်းတယ်။ပြဿနာဖြစ်တဲ့နေရာကနေ ဘုရားကထမသွားခိုင်းဘူး။
အဲဒီမှာ ဘုရားက ကထာမန္တန်တွေ သင်ပေးတာမဟုတ်ဘူး။ အဲဒီမှာရှိတဲ့ လူတွေနဲ့ တည့်အောင်ပေါင်းခိုင်းတာ ကိုယ်ကာယ၊ဝစီ၊မနောတွေ လွန်ကျူးမှု မဖြစ်အောင်ထိန်းခိုင်းတာပါ။ မေတ္တာနဲ့နေခိုင်းတာ…
ဘုရားတရားဟာအင်မတန်မှ လက်တွေ့ကျတဲ့ ဒိဌဓမ္မ တရားပါ။ နှစ်ပေါင်းလည်းကြာပြီဆိုတော့ အရောရော အနှောနှောထဲက မွေနိုင်သလောက်၊ရှာဖွေနိုင်မှ တော်ကာကျမယ်…
6 comments
Anaconda MMT
March 6, 2012 at 8:53 am
ဘုရားတရားကို ယုံကြည်ပါတယ်.
ဒါပေမဲ့..သိပ်အစွန်းရောက်လွန်းတာတွေကို လက်မခံပါဘူး.
Khaing Khaing
March 6, 2012 at 11:17 am
ဘယ်အရာမဆို နေရာဒေသအလိုက် သင့်တင့်လျှောက်ပတ်အောင်နေနိုင်ရင် အားလုံးဟာ အဆင်ပြေပါလိမ့် မယ်….
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 7, 2012 at 8:17 pm
အမလေး မစမ်းပါရစေနဲ ့ဆရာရယ်။
ပြောလို ့မရဘူး။အမှောင့်ဆိုတာကလဲ
ခက်သားဗျ။
shweeain su
March 9, 2012 at 11:00 am
အောင်မလေးကြောက်စရာ
နွေဦး
March 9, 2012 at 11:34 am
မရောက်ဖူးသော အရပ်ကို မရှိ ဟု မသတ်မှတ်ရာ..
မမြင်ဖူးသော အရာကို မသိဟု မဆုံးဖြတ်ရာ…
ဗုဒ္ဓ မြတ်စွာဘုရား၏ တရားတို့သည် အရာခတ်သိမ်း
မလွဲ ဧကန် အမှန်ချည်းသာ ဖြစ်ပေ၏။
သို့သော် လူသာမန် တို့၏ ဉာဏ်ဖြင့် ထိုးထွင်းသိမြင်နိုင်ခြင်းငှာ
မစွမ်းသာပေ..
ထိုသာမန်သူတို့ ၏ အတွေးများကို လွဲချော်သည်ဖြစ်စေ မှန်ကန်သည်ဖြစ်စေ
အမှန်ကို ရောက်စေရန်အတွက် ပြုပြင်ခြင်းကို ပြုရာ၌ အစွန်းမရောက်စေရာ..
မိမိဉာဏ်ဖြင့်လည်း မဆုံးမ မသွန်သင်ရာ…
cobra
March 9, 2012 at 3:17 pm
စမ်းသင့်တာပဲစမ်းမယ် မစမ်းသင့်တာစမ်းရင်တော့
မဟုတ်တာတွေဖြစ်ကုန်မယ်။
အဲတော့ မစမ်းဘူး။