Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ဒါဆိုရင် ဘယ်နားမှာသွားပုံရမလဲနော်……………..”(မန္တလေးက အမိူက်ပုံ အမှတ်တစ်)

1 မန်းလေးကန်တော်ကြီးမြောက်ဘက်ခြမ်းက အမိူက်ပုံ
2 တစ်လတောင် တစ်ကြိမ် လာမသိမ်းတဲ့အမိူက်ပုံ
3 ဒါကတော့ ့လူအသွားအလာများတဲ့ ရွှေတစ်ချောင်းမြောင်းလေးဘေးနားက အမိုုက်ပုံ
4 စောစောက အမိူက်ပုံလေးနဲ့အတူတူပါဘဲ
5နောက်ဖေးမှာပစ်ချထားတာလေ တိုက်ခန်းနေသူတွေက
6 ကန်တော်ကြီးတိုက်ခန်းနောက်ဘေးလမ်းကြားက အမိူက်ပုံ

7 တိုက်ခန်းနားက အမိူက်ပုံမှာ လာဝမ်းစာရှာနေတဲ့ကလေး
8 သူလဲ အမှိုက်ပုံမှာဝမ်းစာရှာရတာပါ ဒါပေမယ့် ဖွချင်သလိုဖွသွားတာလေ။
9 တိုက်ခန်းတွေနဲ့သိပ်မဝေးတဲ့ကန်ပါတ်လမ်း မှာ နံနက်စောစော သန့်ရှင်းရေးလုပ်နေတာ(လေးစားစရာပါ)
           “ဒါဆိုရင် ဘယ်နားမှာသွားပုံရမလဲနော်……………..”

 

1997ခုနှစ်မှာ “တဲထဲကလူ တိုက်ပေါ်ရောက်ရေး “ဆိုတဲ့စီမံကိန်းကြီးပေါ်လာပါတယ်။

စစခြင်းနောင်ကျရင် မန်းလေးကန်တော်ကြီးလို့နာမယ်တွင်လာမယ့် တက်သိ်မ်းအင်းရဲ့

မြောက်ဘက်မှာရှိတဲ့ ဒေါနခြံရပ်ကွက် (သံလျှက်မှော်တောင်ရပ်ကွက်ကြီး)မှာစပြီး

အကောင်အထည်ဖော်ပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာ ရဲ့ အုပ်ချုပ်မူ့အောက်မှာ ရှိတဲ့တိုက်ခန်းတွေပါ။

စည်ပင်သာယာက ဘဲ တာဝန်ယူဆောက်ပေးထားတာပါ။

အဲဒီနေရာက အရင်က  ကန်စွန်းခင်းတွေ စိုက်ခင်းတွေရော လူနေအိမ်တွေပါရှိပါတယ်။

ပထမနေတဲ့သူတွေထဲက  အိမ်ထောင်စုဇယားရှိတဲ့သူကို တိုက်ခန်းတစ်ခန်းပေးမယ်။

တိုက်ခန်းခ ေငွေသွင်းပေါ့။

တိုက်ခန်းတစ်ခန်းအတွက် တသိန်းခွဲကို အရစ်ကျနဲ့သုံးရစ်ခွဲသွင်းရပါတယ်။

 

တစ်ထပ်ကို အခန်းဆယ်ခန်းပါ တဲ့ သုံးထပ်တို်က်တွေဆောက်ပါတယ်။

တိုက်ခန်းတွဲ စုစုပေါင်း ရှစ်တွဲဆောက်ပါတယ်။

အဲတော့ အခန်းပေါင်း240 တိတိပါ တာပေါ့။

တစ်ခန်းစီမှာ ရေမီတာ လျှပ်စစ်မီတာ အခန်းပိုင်ရှင်နာမည်ပေါက်နဲ့ တစ်ခန်း

စီသီးသန့်ထားပေးပါတယ်။

ကိုယ်သုံးသလောက်ကိုယ်ဆောင်ပေါ့။

(ရေမီတာတွေက နောက်ဖေးလမ်းကြားမှာထားပေးပါတယ်။

ဒါပေမယ့် အမိူက်တွေကို  နောက်ဖေးလမ်းကြားမှာဝိုင်းပစ်ချတော့ လူဝင်လို့မရတော့ပါဘူး။

အဲတော့ ရေမီတာ ဝင်ဖတ်ဘို့ အခက်အခဲရှိတယ်ဆိုပြီး တိုက်ခန်းတစ်ခန်းမှာနေတဲ့လူဦးရေပေါ်

မူတည်ပြီး ရေမီတာသုံးစွဲခကို ပုံသေကောက်ခံပါတယ်။

ဒါကလက်ရှိဖြစ်နေတဲ့အနေအထားပါ။)

 

အခန်းတွေကသုံးလိုက်တဲ့ရေဆိုးထုတ်တဲ့စနစ်က စပြီးတည်တုံးက တကယ်ကိုစနစ်ကျပါတယ်။

သုံးလိုက်တဲ့ရေဆိုးတွေက နောက်ဖေးလမ်းကြားက ပိုက်ကြီးထဲကိုဆင်း။

အဲဒီပိုက်ကြီးတွေကမှတစ်ဆင့် တက်သိမ်းအင်းထဲကိုဆင်းပေါ့။

လမ်းမှာရေအဖိတ်အစင်မရှိ။

နောက်ဖေးလမ်းကြားတွေမှာလဲ အောက်ခြေမှာ အုတ်သမံသလင်းခင်းထားပေးပါတယ်။

တကယ်ကို ကျကျနနလုပ်ထားပေးတာပါ။

ဖြစ်ချင်တော့ တစ်နှစ်မှာ ငလျင်အကြီးအကျယ်လှုပ်ပါတယ်။

အဲဒီမှာ အင်းမြေအပျော့ပေါ်မှာတိုက်ခန်းတွေတည်ထားတော့ မြေကျွံကျသွားပါတယ်။

ဒါကတော့သဘဝရဲ့ ရိုက်ခတ်ချက်ဘယ်သူမှ မတတ်နို်င်ပါဘူး။

အဲတော့ ရေထွက်ပေါက်နဲ့ ရေဆင်းပေါက် အနိမ့်အမြင့်တွေလွဲကုန်ပါတယ်။

တိုက်ခန်းနေသူတွေက ဒီလို ထွက်ပေါက်လွဲတာကို မပြင်ဘဲ အုတ်နံရံကို

ဖောက်ပြီး ရေဆိုးတွေ ပိုက်နဲ့ထုတ်ချလိုက်ပါတယ်။

အဲဒီအခါမှာ အစက ခြောက်သွေ့နေတဲ့ နောက်ဖေးက ရေဆိုးမြောင်းဖြစ်သွားပါလေရော။

ရေဆိုးမြောင်းလဲဖြစ်ရော အမိူက်ထုပ်တွေကိ ုတဘုတ်ဘုတ်နဲ့ပစ်ချကြပါတော့တယ်။

အစက တော့ အနောက်ဘက်က ကန်စောင်းမှာ စည်ပင်သာယာအမှိုက်သံပုံး

တစ်ပုံးလာချပေးထားပါတယ်။

တစ်ပါတ်မှ တစ်ခါ လောက်သာ လာအမှိုက်သိမ်းတော့ အမှို်က်ပုံးကလဲပြည့်လျံမောက်

လျံ သွားပြန်တော့ အမှိုက်တွေက ဘေးမှာပျံကြဲ။

နောက်တော့ အဲဒီအမှုိုက်ပုံးလေးက လဲ သံချေးတွေစား ပေါက်ပြဲ ပြီး ပြန်လာသယ်သွားပါတယ်။

တိုက်ခန်းတွေရဲ့အရှေ့ဖက်က ရွှေတချောင်းမြောင်းဘေးမှာ လဲ အမှိုက်ပုံတပုံ။

နေ့စဉ်လာမသိမ်းတာကတော့ သေချာတယ်။

အနောက်ဘက်ခြမ်းကတော့ အမှိုက်က တစ်လမှ တစ်ခါလောက်လာသိမ်းပါတယ်။

တိုက်ခန်းနေသူတွေအတွက် အမိူက်ပစ်စရာနေရာက ဒီတစ်နေရာဘဲရှိပါတယ်။

လာသိမ်းတာ မသိမ်းတာသူ့အလုပ် ဖြစ်သွားပါတယ်။

နည်းနည်းသိတတ်သူက အမိူက်ကို  ကန်စပ်နားလာပစ်။

မသိတတ်သူက အိမ်အပေါ်ထပ်ကနေ နောက်ဖေးလမ်းကြားကို ပစ်ချ။

အဲတော့ ရှုပ်ပွ နံစော်။

ကိုယ့်အစီအစဉ်နဲ့ကိုယ် နောက်ဖေးလမ်းကြားကို ပိုက်ဆံစုပြီးရှင်းလဲခဏ။

တစ်ပါတ်ထက်ပိုမကြာ မိုက်ရိုင်းထွားကြိုင်းသူက အမှိုက်ပစ်ချတော့ ဒုံရင်းပြန်ဖြစ်။

 

အနောက်ဘက်ကန်စပ်ရော အရှေ့ဘက်ရော အမိူက်ပုံကို အမိူက်ကောက်သူတွေက

လာဖွ။

အဲတော့ အမြဲတမ်းရှုပ်ပွလို့ နေပါတယ်။

ကန်တော်ကြီးတိုက်ခန်းတွေနဲ့နည်းနည်းလေးဝေးတဲ့ကန်ပါတ်လမ်းပေါ်မှာတော့ နေ့စဉ်မနက်အစောကတည်းက အမှိုက်သိမ်းသူရှိပါတယ်။

မန်းလေးမြို့စည်ပင်သာယာကလဲ တတ်နိုင်သလောက်အမှိုက်သိမ်းနေတာတော့တွေ့နေပါတယ်။

ဒါပေမယ့် ဒီတိုက်ခန်းတွေလို လမ်းကြိုလမ်းကြားတွေမှာတော့ အမှိုက်ပုံမှန်စနစ်တကျမသိမ်းနိုင်သေးတာကလဲ အမှန်ပါဘဲ။

အမှိုက်သိ်မ်းတာက လူမြင်ကွင်းလောက်သာကောင်းအောင်လုပ်နိုင်သေးသလိုဖြစ်နေပါတယ်။

တိုက်ခန်းဘက်ကို တစ်ရက်ခြားတစ်ခါအမှိုက်ကားလာသိမ်း။

တိုက်ခန်းနေသူတွေကလဲ စနစ်တကျနဲ့ အမှိုက်ပစ်ဆိုရင်

စည်ပင်သာယာကနေဆောက်ပေးထားတဲ့ တိုက်ခန်းတွေက မန္တလေးမြို့အတွက် ဂုဏ်ယူစရာ

စံပြတိုက်ခန်းဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

လောလောဆယ်မှာတော့ မြင်တဲ့အတိုင်းမှာ။

ကျနော်ဓါတ်ပုံရိုက်နေတာမြင်တဲ့ အဲဒီတိုက်ခန်းနားက လူတစ်ယောက်မေးခွန်းကိုတော့

ကျနော်ပြန် မဖြေနိုင်ခဲ့ပါဘူး။

“ကျနော်တို့ ဘယ်နားမှာ စနစ်တကျအမှို်က်သွားပစ်ရမလဲ”ပါတဲ့။

ဒီမေးခွန်းကို ဖြေရှင်းပေးနိုင်သူများ ဒါလေးကို ဖတ်မိမယ် ဆိုရင်………………….

ဖတ်မိသူက သူ့ကိုပြန်ပြော ပြလို့ သူသိသွားမယ်ဆိုရင်…………………………

သူကလဲ ပြင်ပေးချင်စိတ် ရှိမယ်ဆိုရင်…………………………………………….

ဆိုရင်…………………………………

ဆိုရင်………………………………………………….

 

ကိုပေါက်လမ်းသလားရင်း လက်ဆော့လို့ရလာတဲ့ အတွေးပါးပါးလေး။

(6-3-2012)

 

 

 

 

 

 

 

27 comments

  • ခါတိုင်းဆိုရင် မနက်မိုးလင်းတာနဲ့ ပိုစ်က တင်ပြီးသား။
    ဒီနေ့တော့ သတင်းပေးတာ နောက်ကျသွား၏။

  • Moe Z

    March 8, 2012 at 1:06 pm

    လေးပေါက်ကွ လက်မတစ်ချောင်းထောင်သွားပါတယ် 🙂

  • Ko Ko Aung

    March 8, 2012 at 1:16 pm

    ကိ်ုပေါက်လဲ ကြယ်ငါးလေးတကောင် ထပ်ကောက်ပစ်ပေးလိုက်ပြန်ပေါ့…..

    ကိုပေါက်ရေ..
    ဒီတခါ ရန်ကုန်မှာဆုံရင်
    ရန်ကုန်က တိုက်ကြားအမှိုက်ပုံတွေကို လိုက်ပြချင်သေးတယ်။
    အဲဒီနေရာမှာတော့ မန္တလေးသားတွေ နောက်ကောက်ကျသွားမယ်။

    တခါတုန်းက ကွန်တော် မြေညီတခန်းငှားစရာရှိလို့ လိုက်ရှာတော့
    ပွဲစားလိုက်ပြတဲ့ အခန်းတခုမှာ နောက်ဖေး ပြူတင်းတံခါး(ကြမ်းပြင်မှသုံးပေခန့်မြင့်)ကို အသေပိတ်ထားတယ်။
    ကျွန်တော်က ဖွင့်ပြခိုင်းတော့ လိုက်ပြတဲ့ ကောင်လေးက –
    အဲဒီတံခါးဖွင့်လို့မရဘူးဦးလေး… အမှိုက်ပုံနဲ့ တိုက်နေလို့…. တဲ့ ……

  • သူရဇော်

    March 8, 2012 at 1:22 pm

    စည်းကမ်း စည်းကမ်း စည်းကမ်း………. အမှိုက်မပစ်နဲ့ စည်းကမ်းရှိပါ စည်းကမ်းရှိပါ…………

  • ်ကောင်းစေချင်သော ပြုပြင်စေချင်သော စိတ်နဲ့ အကောင်းဘက်ကို ဦးတည်လာစေဘို့ ရည်ရွယ်ပြီး ပိုစ်တွေကို တင်ပေးပါအုံးမယ်။

  • Mလုလင်

    March 8, 2012 at 1:34 pm

    အားကျ ပါတယ် ဦးပေါက် ရေ ….
    လေးစားစွာဖြင့်
    Mလုလင်

  • Diamond Key

    March 8, 2012 at 2:02 pm

    ကိုကိုပေါက် … ကိုကိုပေါက်
    မန္တလေး တစ်ခွင်ရောက်၊
    ရောက်တဲ့နေရာ ကင်မရာပါ၊
    တစ်ချပ်ချပ်နဲ့ကွာ၊
    ပြင်သင့်တာတွေ ပြလို့ပေး၊
    တာဝန်ရှိသူတွေ မြင်ဖို့အရေး၊
    မန်းသား ကိုပေါက် တာဝန်ကျေ၊
    မန်းလူထု အတွက်ပေ၊
    တက်နိုင်ရင် ဖျားရောက်ဖို့၊
    ကြိုးစားကြအုံးစို့။ 😀

  • weiwei

    March 8, 2012 at 2:14 pm

    ရန်ကုန်ကလူတွေက သီချင်းပြန်ဆိုပြရအုန်းမှာပေါ့ ..
    “ပျင်းတောင်ပျင်းသေးတယ် .. ဟေ့ .. ပျင်းတောင်ပျင်းသေးတယ် ” …. 😛

  • မဝေရေ
    အဲဒီပျင်းတောင်ပျင်းသေးတယ်က ကျနော်တို့ ခင်ဗျားတု့ိဘဲခါးစည်းခံကြရတာလေဗျာ။

  • pooch

    March 8, 2012 at 4:12 pm

    လေးပေါက်ရေ ကိုသစ်ပြောပြောနေတဲ့ အဝဲယားနက်ဆိုတာ ဒါကို ပြောတာ။ လူတိုင်းပါဝင်ပြီး ကိုယ့်တာဝန်ကိုယ်ယူမှ ရမှာ ။ စည်ပင်မှာရော တိုက်ခန်းနေလူတွေမှာရော အကုန်အားလုံး အသိစိတ်ဓာတ်ရှိရင် မကြာပါဘူး ။ ပျက်အစဉ် ပြင်ခဏလို့ ထင်ပါတယ်။

    ဒါနဲ့ ကိုသစ်ကိုတောင် သတိရသွားပြီ ။ ဟန်းနီးမွန်းက ပြန်မရောက်သေးဘူးထင်တယ်နော်။

    • MaMa

      March 11, 2012 at 9:53 pm

      ခုတလော ဘလက်ချောလည်း ပျောက်၊ ကိုမှိုလည်း ပျောက်။
      အင်း အဘဆွေကတော့ ပျောက်နေတာ ကြာပေ့ါ။

  • yaungchikha

    March 8, 2012 at 6:07 pm

    ဦးပေါက်အခုလိုရိုက်ပြတော့ စည်ပင်တွေရော၊ ပြည်သူတွေရော စည်းကမ်းတကျနဲ့ အမှိုက်ပစ်အမှိုက်သိမ်းဖို့ အမြင်လေးတွေရှိသွားနိုင်ကြတာပေါ့၊

  • koaung

    March 8, 2012 at 6:23 pm

    အမှိုက်ပုံတွေ (နောက်ဖေးလမ်းကြားမှာပြီးစလွယ် အမှိုက်ပြစ်တာတွေ) ဟာ လူတွေရဲ့ကျန်းမာရေးကိုထိခိုက်စေတယ်ဆိုတဲ့ အသိစိတ်ကလေးတွေရှိစေချင်ပါရဲ့ဗျာ

  • သူတို့လဲ တတ်နိုင်သလောက်တော့ လုပ်နေတာတွေ့ပါတယ်။
    ဒါပေမယ့် စည်းကမ်းတကျမရှိသေးတာအမှန်။
    ကျနော်တို့ ပြည်သူလူထုဘက်ကလဲ ပူးပေါင်းကူညီဘို့လိုမယ်။
    ငါတို့အခွန်ပေးထားတာဘဲဆိုပြီး အမှိုက်ပစ်ချင်သလိုပစ်တာကတော့ တာဝန်မဲ့တယ်လို့ထင်ပါတယ်။
    နိုင်ငံတစ်ခုကောင်းဘို့က အစိုးရတင်မဟုတ်ဘူး ပြည်သူပြည်သားအားလုံးမှာလဲတာဝန်ရှိပါ၏။

  • blackchaw

    March 8, 2012 at 8:02 pm

    လက်မတစ်ချောင်းထောင်ပြီး အားပေးသွားတယ် ကိုပေါက်ရေ။ 😀

  • TTNU

    March 8, 2012 at 9:11 pm

    ကိုပေါက်ရေ…
    တာဝန်ကျေပါပေတယ်။
    ကိုပေါက်မေးခွန်းကိုမဖြေတတ်ပေမဲ့
    ဆက်တွေးနေပါတယ်။
    တွေးပြီးရင်တော့ မဖြေတော့ဘူးနော်။

  • မာမီမေးတဲ့ မိဇံလှ မေးခွန်းကိုတော့ ကိုပေါက်က ဖြေပေးထားပါတယ်။
    မာမီဖတ်ကြည့်လိုက်အုံးနော်။

  • unclegyi1974

    March 8, 2012 at 11:08 pm

    နဂိုကောင်းပြီးသားပြီးမှသဘာဝကြောင့်ပျက်တယ်
    စုပေါင်းနေကြတာစုပေါင်းပြီးဘာဖြစ်လို့များပြန်မပြင်နိုင်ကြတာလဲဗျာ
    ဒီလိုစိတ်ဓာတ်တွေကြောင့်ခက်နေတာဒီလိုစိတ်တွေပြင်နို်င်တဲ့နေ့ပြည်သူတွေမျှော်နေတဲ့
    ဒီမိုီကရေစီသေချာပေါက်ရပြီလို့ကြိုပြောမယ်ဗျာ

  • အခုတော့ နေရာတကာမှာ ကိုယ်အတွက်ပြေလည်ရင်ပြီးရောဆိုတဲ့ တစ်ကိုယ်ကောင်း စိတ်ဓါတ်တွေ
    ကြီးစိုးနေလို့ အခုလိုဖြစ်နေတာပေါ့ဗျာ။
    ဒါပေမယ် တာဝန်ရှိသူကလဲ စည်းနဲ့ကမ်းနဲ့ဖြစ်အောင်လုပ်ပေးဘို့ စီစဉ်ပေးဘို့ လိုအပ်ပါတယ်.။

  • ko ko soegyi

    March 11, 2012 at 8:51 pm

    ဒါက ဒီလိုရှိပါတယ်.. (…. ရဲ့ လေသံနှင့်) ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့စည်ပင် အနေနဲ့.. လမ်းဘေးနေရာတိုင်းမှာ ရောင်းနေတဲ့ ဓာတ်ဆီ ဆိုင်တွေက ဆီတွေကို သိမ်း… ပုံထားတဲ့ အမှိုက်ပုံတွေပေါ်ဖြန်းပြီး မီးရှို့လိုက်မယ်ဆို… ကိစ္စ အားလုံးသိမ်းသွားမယ်လို့ ယူဆပါတယ်.. (အမှိုက်ကော အမှိုက်ပစ်တဲ့သူကော…)

  • နေဝန်းနီ

    March 11, 2012 at 9:29 pm

    ကျွန်တော်တို့ဆီမှာကတော့ အမှိုက်ပုံ သိပ်မရှိဘူးရယ်………..။ စည်ပင်ကလာသိမ်းလို့တော့ မဟုတ်ဘူး လမ်းတွေက ကျယ်တော့ အမှိုက်လှည်းပြီးရင် စုပုံပြီး မီးရှို့ပစ်ကြတယ်…။ ဟုတ်တယ်လေ……… အမှိုက်သိမ်းတဲ့ စနစ်မှမရှိတာ…။ ကိုယ်ထူကိုယ်ထ ရှင်းလင်းပစ်လိုက်ကြတာပဲ…..။ ဒါနဲ့ အမှိုက်သိမ်းတဲ့ စနစ်ကို ပုဂ္ဂလိက ကုမ်မဏီကို ကန်ထရိုက်ပေးလိုက်ရင် ရှင်းမလားမသိဘူးနော်…။ ဒါပေမဲ့ မြန်မာလူမျိုးတွေဆိုတော့ သိပ်တော့ စိတ်မချရချေဘူးဗျ…။ ဘီးခွန်ကန်ထရိုက်ပေးသလိုဖြစ်နေရင်ခက်သားကလား

  • Gipsy

    March 11, 2012 at 9:58 pm

    ဟိုးအပေါ်ထက်က အမြီးရှည်ကြီးတွေ ခနခနပြောပြောနေတဲ့ အမှိုက်ကနေ
    ရှပ်စစ် တို့ လောင်းစား တို့ ထုတ်လို့ရနိုင်မယ်ဆိုရင် ရှယ်ပဲ ကိုပေါက်ရေ …၊

  • ဒကယ်လား အိပ်မက်လား ……………ဘကြီးအောင်လား…………….
    ဒကယ်လား အိပ်မက်လား ……………ဘကြီးအောင်လား…………….
    ဒကယ်လား အိပ်မက်လား ……………ဘကြီးအောင်လား…………….
    ဒကယ်လား အိပ်မက်လား ……………ဘကြီးအောင်လား…………….
    ဒကယ်လား အိပ်မက်လား ……………ဘကြီးအောင်လား…………….

Leave a Reply