ကုလားနဲ့..ဗမာကြား….ဗျာများနေဆဲ
တစ်နေ့…
ဘတ်(စ်)ကားတစ်စီးပေါ်မှာ…
ခရီးသည်က သိပ်မများပေမယ့်..ချောင်လည်းချောင်နေတာမျိုးတော့မဟုတ်ဘူး..။
နှစ်ယောက်ထိုင်ခုံတစ်ခုမှာ…သားသည်မိခင်တစ်ဦးက…ပြတင်းပေါက်နဲ့ကပ်လျက်..။ အဲဒီ အမျိုးသမီးရဲ့ဘေးမှာတော့…
လူရွယ်လောက်ရှိတဲ့ ကုလားတစ်ယောက်က..ထိုင်လျက်…။
ထိုအချိန်မှာပဲ….
“ ဝါးဟား…ဝါးဟားဟား ”
ရုတ်တရက်…သားသည်မိခင်ရဲ့လက်ထဲက လူမမယ်ခလေးရဲ့…ကမ္ဘာပျက်မတတ် ငိုသံကြောင့်…
ကားပေါ်ကခရီးသည်တွေရဲ့ အာရုံက…အဲဒီသားအမိထံ ရောက်သွားတယ်..။
ခလေးက အဆက်မပြတ်ငိုနေတာမို့….ခလေးမအေခမျာလည်း..ခြေမကိုင်မိ..လက်မ ကိုင်မိ..
လက်မကိုင်မိဖြစ်ပြီး…ကိုင်မိကိုင်ရာကို ကိုင်ရင်းနဲ့…ချက်ခြင်းဆိုသလို…ကားပေါ်မှာတင်…ခလေးကို
(ရိုသေစကား)နို့လှန်တိုက်လိုက်တယ်။
“ ကျွတ်..ကျွတ်..တိတ်..တိတ်…မငိုနဲ့နော်…သားလေးကလည်း…လူတွေအများကြီး ကြားထဲမှာ
မငိုရဘူးလေ…တိတ်နော်…တိတ်…” ဆိုပြီး..ပါးစပ်ကလည်းပြောရင်…လက်ကလည်း….ခလေးပါးစပ်နဲ့
့နို့သီးခေါင်းကို တေ့ပေးနေတယ်…။
ဒါကို..ဘေးကထိုင်နေတဲ့ ကုလားက..မသိမသာ..ငဲ့စောင်းကြည့်ရင်..အိန္ဒြေမပျက် ထိုင် နေလျက်…။
“ ဝါး..အား..အား…ဂွား..ဂွား…”
အီရတ်နိုင်ငံက ဘဂ္ဂဒက်မြို့ရဲ့ တိုက်ပွဲခေါ်သံလိုလို….ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်
တွေက..တော်လှန်သူ..သူပုန်တွေကို…ပစ်ခတ်နှိမ်နင်းလို့..ဝရုန်းသုဉ်းကား အော်ဟစ်နေကြ သလိုမျိုးနဲ့…ခလေးရဲ့…
ငိုသံက…မရပ်…။ခလေးမအေခမျာလည်း…ပတ်ဝန်းကျင်ကို အားနာ တာကတစ်မျိုး…ကိုယ်တိုင်က စိတ်ပျက်တာက
တစ်ဖုံကြောင့်…ထင်ပါရဲ့…ခလေးချော့သံက စိတ်ဆိုးသံဘက် ပြောင်းသွားတယ်..။
“ တောက်…ဒီခလေး…ငါရိုက်မိတော့မယ်နော်…အခုတိတ်မလား…မတိတ်ဘူးလား…”
“ ဝါး….ကြီးကြီးလေးပဲလား…သေးသေးလေးပဲလား….”
မရပါ..။ နည်းနည်းတောင်မှ ဂရုမစိုက်ဟန်နဲ့ ခလေးကအငိုမပျက်..။ ခလေးမအေလည်း…
လေတိုးပေါက်က..ကားရဲ့ခေါင်မိုးနားကပ်နေတာကတစ်ကြောင်း…။ ခလေးကြောင့်
စိတ်ညစ်ရတာက တစ်ကြောင်းနဲ့…နှစ်ကြောင်းပေါင်းပြီး…စိတ်နှစ်ဆဆိုးသွားတယ်ထင်တယ်။
“ တောက်….ဒီခလေး…နို့စို့ပါဆိုမှ….” ဆိုပြီး…ခလေးရဲ့ပါးစပ်ထဲကို…သူ့ရဲ့နို့သီးခေါင်းကို
အတင်းထိုးထည့်ပြီး…ညှစ်ထုတ်နေတယ်…။ ဒါပေမယ့်…ခလေးရဲ့ခေါင်းက…အစ္စရေးနဲ့ အမေရိကန်ကြားမှာ…
အနံ့မထွက်တဲ့အီးကို အတင်းညှစ်ပေါက်နေတဲ့… အီရန်နိုင်ငံလို.. ဂနာမငြိမ်…..ဆိုတော့ကာ…။
ခလေးမအေခမျာ…ဘာအမှုနဲ့ ထောင်ကျမှန်းတောင်…ကိုယ့်တိုင်ဂဃနဏ မသိပေမယ့်..
နီးစပ်မှု…အနေကြာမှုကြောင့်ထင်ပါရဲ့…ထောင်ကထွက်အလာမှာ..မီဒီယာသမားတွေရဲ့ အမေးကို..
…နိုင်ငံရေးဂုရုကြီးဆန်ဆန်ပြောတတ်တဲ့သူတစ်ချို့လို..ထင်ရာပြောလိုက်ပုံက…..
“ တယ်…ဒီခလေးနော်…..နို့စို့မှာလား..မစို့ဘူးလား….ဟင်း…ငါ့ကိုဘာမှတ်လဲ…နင်မစို့ရင်လား….
ငါ….ဘေးက…ကုလားကြီးကို တိုက်လိုက်မှာနော်….”တဲ့…။
ခလေးမအေရဲ့ ဘုမသိဘမသိ စကားကြောင့်..ကားထဲကလူတစ်ချို့လည်း
ကြောင်တောင်တောင်ဖြစ်သွားသလို…ခလေးမအေရဲ့ဘေးက ကုလားလည်း..ငလျှင်ကြောင့်အရေး
ပေါ်ဆူနာမီ တပ်လှန့်လိုက်သလိုမျိုး…အလန့်တကြားမဖြစ်ပေမယ့်…သူလည်…ကျီးကြည့် ကြောင်ကြည့်ပေါ့..။
အဲဒီအချိန်မှာပဲ…ကားစပယ်ယာက မှတ်တိုင်အော်လိုက်သံကြားရတယ်..။
“ ကဲ…ရှေ့မှာ……နော်…..။ ဆင်းမယ့်သူတွေရှိရင်…ပြင်ထားကြ…”
တစ်ချို့လည်း…ဆင်းဖို့ပြင်ကြ…။ ခလေးမအေရဲ့ဘေးက ကိုကုလားလည်း…ဆင်းမလိုလုပ်ပြီးမှ…
ဘာကြောင့်မှန်းမသိ…ပြန်ထိုင်လိုက်တာကို တွေ့ရတယ်…။
ကားက….ဆက်ထွက်……။
ခလေးက…ဆက်ငို…..။
“ ဝါး…..ကြီးကြီးသေးသေးလား…သေးသေးကြီးကြီးလား….”
ဘာကိုရည်ရွယ်ပြီး…ဘာကြောင့်ဆိုတာကို ကိုယ်တိုင်မသိပေမယ့်…ငါ့စိတ်ထင်တာ…
ငါကျေနပ်ရင်ပြီးတာပဲ…ဆိုတဲ့သဘောမျိုးနဲ့…ခလေးရဲ့ငိုသံက…ကားအင်ဂျင်သံနဲ့..အပြိုင်..။
ဒီကြားထဲ…ရသလောက်တော့..နှိပ်စက်အုံးမှပဲဆိုတဲ့..သဘောမျိုးလားတော့မသိ…ကားရဲ့စပီကားထဲက…
သီချင်းသံကျိုးတို့ကျဲတဲကို…ကြားလိုက်ရတယ်…။
“ ဘယ်သူမှမလိုပါဘူး…ငါရဲ့နံဘေးမှာ…မင်းရှိနေရင်..ပြီးပြည့်စုံတဲ့..ဘဝ….မှာ…” တဲ့..။
ဆိုဟန်ကညက်တယ်…။ ဆိုသံက..အာသံနဲ့..နှာသံရောနေပေမယ့်…ခရာတာတာရှိစွာ
ကြေကွဲစရာတော့…အကောင်းသား….။
ဒီအချိန်မှာပဲ….သီတာရေစင်ပမာ..တစ်သွင်သွင်စီးကျလေတာ…ဆိုတဲ့…စာသားနဲ့
ဆန့်ကျင်ဘက်စွာ….ခလေးမအေက..ခလေးကို ခပ်စပ်စပ်လေးရို်က်ရင်း…..
“ အင်းဟာ…..ကဲ…ကဲ…. ငိုချင်အုံး….တောက်…နို့စို့ပါဆို..မစို့ဘူး…ဘယ်လိုလုပ်ပြီး
မွေးလာသလဲမသိဘူး…ဟင်း……အင်….”
ပြောပြီးမှ….သူ့ဘာသာသူ..ဘာကိုတွေးမိတယ်မသိဘူး…။ ဟိုကြည့်..ဒီကြည့်နဲ့..
မျက်နှာပိုးလေးပြောင်းသွားပြီး…အံကိုကျိတ်…နှုတ်ခမ်းကို ဖြဲဟကာ…ခလေးကို ချော့နေပြန်တယ်..။
“ တား…ရယ်…တိတ်ချမ်းဘာ…တိတ်..တိတ်…မေမေ့ကို ချိတ်ချိုးနဲ့နော်….တားလေးက
ရိမ်မာပါတယ်…မေမေကလေ…တားကို တိတ်ချစ်တာ…တိရား…တိတ်…မငိုနဲ့…”..တဲ့…။
“ ဝါး…ဟား…တောင်ပေါ်ကရှမ်း…လမ်းသလားချင်ရာ..သလား…ထန်းလျှော်လေးနဲ့သွား…
ဟား..ဟား….ဝါး…အား…”
မရပါ…။ လုံးဝကို ခလေးက အငိုမရပ်…။ ဆိုတော့…ခလေးမအေလည်း…ထူပူပြီး…ပြော
ပြီးသားစကားကိုပဲ…ထပ်ပြောနေတယ်…။
“ တောက်…ဒီခလေးနှယ်…နို့စို့ပါဆို မစို့ဘူး…နင်မစို့ဘူးလား…ဒီတစ်ခါ..ကုလားကြီးကို
ငါတကယ်တိုက်လိုက်မှာနော် ”
ခလေးမအေရဲ့စကားအဆုံး…ကားပေါ်ကလူတွေကလည်း..ဝိုင်းကြည့်…။ ကုလားလည်း…
ခလေးမအေကိုပဲ..ယောက်ရမ်းစွာနဲ့လှည့်ကြည့်ရင်း…“ ဟူး” ကနဲ…သက်ပြင်းချလိုက်တာကို တွေ့ရတယ်…။
“ မှတ်တိုင်ပါတယ်….ဆင်းမယ့်သူ…ပြင်ထားကြ….”
စပယ်ယာရဲ့ အသံက…ကျယ်ဟဟ…..
ကုလားက..“ထ” မလိုလုပ်ပြီး..ပြန်ထိုင်ရင်းမှာ…
ဆင်းသူက…ဆင်း…
တက်သူက…တက်…
ကားက…ဆက်ထွက်…
ခလေးက…ဆက်ငို…
ခလေးမအေက…ဆက်ပြော….
“ တောက်……ဒုက္ခပါပဲနော်……နင်…………ဘူးလား………ဒီတစ်ခါ……..တကယ်….. တိုက်လိုက်မှာနော်…..”
ကားထဲကလူတွေလည်း…ကြားရဖန်များလို့…မထူးဆန်းတော့သလို…ရိုးသွားပြီထင်ပါရဲ့။
ဆိုပေမယ့်……ရုတ်တရက်….
“ ဟာဒေး…ဟားမားဂျီး…..ဂလေးနော်…ဟားမားဂျီး..ဘယ်လောက်ပဲဒိုက်ဒိုက်…ဒေါက်မယ်…မယ်ထင်ဘူး…။
ဟားမားဂျီးဂလေးနော်…ဒူမဒေါက်ဘူးဂျိုရင်း..ဂလားကိုဘဲ ဒိုက်ဘာ.. ဟားမားဂျီး….”
ကုလားရဲ့..စကားသံက မပီသလှပေမယ့်…ကားထဲကခရီးသည်တွေရဲ့နားမှာ..ရှင်းနေ သလိုထင်ရတယ်..။
ဝါးကနဲ့…ပွဲကျသွားတယ်..။ တစ်ချို့တွေကတော့..ပြုံးစိစိနဲ့……ကဲ….. ဘာဖြစ်မလဲ……ဆက်ကြည့်…..
“ ဟဲ့…သောက်ကုလား….ဘာစကားပြောတာတုန်း…နင်..လူပါးဝလှချည်လားဟဲ့…ဟင် သောက်ကုလားရဲ့….”
ခလေးမအေရဲ့တုန့်ပြန်မှုက…ဆီးရီးယားအရေးမှာ..ဘယ်သူတွေဘာပြောပြော..ဂရုမ
စိုက်ဘူးကွ…ဆိုတဲ့…တရုတ်နဲ့…ရုရှားတို့လို…ဗီတိုအာဏာဆန်ဆန်…ခပ်မာမာဖြစ်နေတယ်..။
ထိုအခါမှာပဲ..ကုလားက…
“ ဟားဒေး…ဟားမားဂျီး…..ဟားမားဂျီးဘဲ…ဂလေးနို့မဇို့ရင်…ဂလားဂို..ဒိုက်မယ်ဆိုး…”
“ ဟင်…ဘာပြောတယ်…ကုလားရဲ့….ဒီမယ်သောက်ကုလား…ငါ့ကို သက်သက်အရှက်
ခွဲနေတာလား…ဟင်….ငါကနင့်ကို တကယ်တိုက်ပါ့မလား..ဟဲ့ ကုလားရဲ့…ခလေးအငိုရပ်အောင်..
လျောက်ပြောနေရတယ်ဆိုတာ…နင်..နည်းနည်းမှ..မစဉ်းစားမိဘူးလား…ဟင်..ကုလားငတုံးရဲ့…”
ခလေးမအေက…ခပ်စွာစွာနဲ့…ဆက်တွန်းနေဆဲ…။
ကုလားကလည်း…မခံ…
“ ဒီးမယ်…ဟားမားဂျီး….ဒဂာယ်မယ်ဒိုက်ရင်းလည်း…မယ်ဗျောနဲ့လေး….ဂုဟာက…ဟားမားဂျီးဘဲ..
ဒယ်ဂယ်ဒိုက်မယ်လိုဗြောဒေါ့…ဂျုပ်လည်း…ဒိုက်နိုးနိုးနဲ့ ဇောင့်နေတာ…ဂျုပ်နော်… ဇင်းရမယ့် မှတ်ဒိုင်းဒေါင်…
နဂုဂျော်လာဘီး…”တဲ့….
ရယ်သံတွေ..ညံသွားပြန်တယ်..။ ဟုတ်ပါရဲ့ဗျာ…ကုလားခမျာ..နို့သောက်ရနိုးနိုးနဲ့
ဆင်းရမယ့်မှတ်တိုင်မှာမဆင်းပဲ…စောင့်နေတာ..နှစ်မှတ်တိုင်တောင်..ကျော်လာတာကိုး..။
တွေးနေတုန်းရှိသေး…ခလေးမအေရဲ့အသံက..ထွက်လာတယ်…။
“ တောက်…ဒီသောက်ကုလားနှယ်….ရှင်းလေရှုပ်လေပါလား….ဟင်….နင့်ဟာနင်…
သောက်ချင်တဲ့နေရာမှာ..သွားသောက်…စို့ချင်တဲ့နေရာ..သွားစို့ပါလား…ဟဲ့..ကုလားရဲ့… နင်နဲ့ငါက..
ဘာဆိုင်လို့..ငါက..နင့်ကိုနို့တိုက်ရမှာလဲ..တကတည်းတော်….ကိုယ်ချင်းစာစိတ် မရှိတဲ့ကုလား….
ငါ…ပါးရိုက်လိုက်ရ…”
ရှက်ရှက်နဲ့..ပြောနေတဲ့..ခလေးမအေရဲ့စကားလုံးတွေက..ပွဲကြမ်းအဆင့်သို့ရောက်အောင်…
ရမ်းနေသလိုထင်ရတယ်..။ ဒါပေမယ့်..ကုလားကလည်း..မခေ..။ မျက်လုံးကြီး ပိုပြူးလားပြီး..
ခပ်တည်တည်နဲ့..ပြန်ခံပက်တယ်…။
“ ဟားဒေး…ဟားမားဂျီး…ဂလားနော်..ဗဒမာဖျားဂို…ဂျိဂိုးတယ်..။ ယုံလည်း..ယုံးကြည်တယ်…..
လူးဒါးတွေအားလုံးဂိုလည်း..ကုလားနော်…အားများဂျီး…ဂိုးဂျင်းဂျာဒယ်…ဟားမားဂျီးကဒါ…ဂိုးဂျင်းမချာဒါဘာ..”
ကုလားရဲ့စကားကိုကြားရပြန်တော့…ခလေးမအေက….ကက်ကက်လန်စွာ…
“ အောင်မာ…သောက်ကုလားက..လူပါးဝလို့…ဗမာဘုရားကို ရှိခိုးတယ်လေး…ယုံကြည်တယ်လေးနဲ့…
ငါ့ကိုများ…ကိုယ်ချင်းမစာဘူးပြောရအောင်…ငါကနင့်ကို ဘာလုပ်လို့တုန်း..”
“ ဟားဒေး…ဟားမားဂျီးဘဲ..ဂျုပ်ဂို နို့ဒိုက်မယ်ပြောဒယ်…နောက်ပြီး..ဒိုက်လည်းမဒိုက်ဘူး…
ဂျုပ်ဂိုလည်း..ရန်းလုပ်ဒယ်…ဒါ..ဂလားဂိုနော်..လူးဂျားဒဲ…ဒက်ဒက် အရှက်ဂွဲဒါ…မဟုတ် ဘူးလား…အဲဒါ..
ဂိုးဂျင်းမဂျာဒါပေါ့…”
ထိုအခါ ခလေးမအေက…
“ ဟဲ့..ကုလား..ခလေးအငိုမရပ်လို့..ငါကနို့တိုက်တယ်…ခလေးကမစို့တော့..နင့်ကို..
အကြောင်းရှာပြီး…ပြောရတာဟဲ့..ကုလားရဲ့…”
ခလေးမအေရဲ့…အကြောင်းပြချက်စကားအဆုံးမှာ…ကုလားက…
“ ဟားဒေး…ဟားမားဂျီး….အဲ့ဒါ…ဂိုးဂျင်းမချာဒါပေါ့…”
“ ဟင်…ဘာပြောတယ်…ကုလား…”
“ ဟုတ်ဒယ်လေး..ဟားမားဂျီးရဲ….ဇဉ်းဇားဇမ်းဘာ….ဂလားနေးရာမာနော်…
ဟားမားဂျီးရဲ့ယောက်ဂျား…ဒိုင်းနေရင်…ဟားမားဂျီး…ဒီဇဂါးကိုနော်…ဘယ်ဗြောလို့..ရမလဲ…”
“ ဘယ်လိုတုန်း….”
ခလေးမအေရဲ့…ခပ်ပြတ်ပြတ်အမေးသံအဆုံးမှာ…ကုလားကဆက်ပြောတယ်…။
“ ဟားဒေး…ဂလေးနော်….နင်…နို့ဇို့မှားလား…မယ်ဇို့ဘူးလား..နင်မဇို့ရင်နော်…ငါနော်…
ဘေးက..ဒိုင်းနေဒဲ့..နင့်အဘေးဂို…ဒိုက်လိုက်မား…လို့…ဗြောကြည့်ဘာလား…..ဟားဒေး…
ဟားမားဂျီး..ယောက်ဂျားနော်..ဒဂါးဒဲ…ဂျိတ်ဂျိုးပီး…ဟားဒေး..ဒီးဂျောက်ဂန်းမချိုးပီး..ဒဂါးဒဲ..
ဟားမားဂျီးကို..ဂျွဲဒိုးလိုက်လို့….ဟားမားဂျီးရဲ့ဒွားဒွေဘာဒွေ…ဒဂါးဒဲ..ဂျိုးဒွားမှာနော်…ဘား မှတ်လဲ……
တောက်….လူးဂိုလားပီး..ဂိုဂျင်းမချာဘူးလေး…ဘားလေးနဲ့…ဂိုးဂျင်းမချားတာဂ.. ဂလားမဟုတ်ဘူး…
ဟားမားဂျီး..ဗျ…ဟားမားဂျီး…ချင်းပီလား…”
ကုလားရဲ့..ပြောပြော…ထိုးထိုး..(လက်ညှိုး)..အဆုံးမှာ…ခရီးသည်တွေအားလုံးလည်းပွဲကျ….။
ခလေးမအေလည်း…ဆွံ့အ….။ ကျုပ်လည်း..ရီရမှာတောင်မေ့နေပြီး…တွေးနေမိ တယ်…။ မတွေးပဲလည်း…မနေနိုင်ဘူး…။
ဟုတ်တယ်လေ…။
တကယ်လို့..ခလေးမအေဘေးမှာ….ခလေးဖအေဖြစ်တဲ့..သူ့ယောက်ကျားသာ..ထိုင်နေရင်…
ခလေးမအေ..ပြောရဲပါ့လား…“ ခလေးနော်…နို့စို့မှာလားမစို့ဘူးလား..နင်မစို့ရင်…… ငါ့ဘေးကထိုင်နေတဲ့..
နင့်အဖေကို…တိုက်လိုက်မှာ”..လို့ပြောကြည့်လေ…။ ခင်ဗျားတို့ဆိုရင် ဘယ်လိုလုပ်မလဲ…။
ကုလားကတော့…ပြောသွားလေရဲ့…
အင်း….ခလေးမအေနဲ့..ကုလားရဲ့ကြားမှာ..ဖြစ်ပျက်ခဲ့တာကိုကြည့်ပြီး…
နို့တိုက်မယ်လို့..ပြောမိတဲ့..ခလေးမအေကပဲ…မှားသလား…..
နို့သောက်ရဖို့အရေး..နှစ်မှတ်တိုင်ကျော်လောက်အောင်…စောင့်မိတဲ့..ကုလားကများ မှန်သလား……ပေါ့…။
ကားထဲက..စပီကာထဲကအသံကတော့…စေတနာနဲ့လား…အလိုက်ကန်းဆိုးမသိတာ လားတော့…မသိ….။
“ မှားတာရှိရင်…တောင်းပန်ပါတယ်……ရဲ….”…တဲ့……..
4 comments
သူရဇော်
March 8, 2012 at 2:19 pm
ဟာဒေး ဟုတ်တာပဲဗျနော်………..ကုလားကိုစွဲစွဲထည့်ပြီးတော့ ခုမှလာပီး ငပိမဖုတ်နဲ့
အမေရိကန်ငတုံး
March 8, 2012 at 4:21 pm
:shock::D 😛
မိုးချမ်းမြေ့
March 8, 2012 at 4:44 pm
အမျိုးသမီးဘက်ကလည်း…အင်း..
ကိုကုလားဘက်ကလည်း…အဲ….
သီချင်းတွေရေးပြီး..ဂစ်တာလည်းတီးခဲ့တဲ့…စောဘွဲ့မှူးရဲ့သီချင်းထဲကလို
“မှားတဲ့ဘက်မှာ” ဆိုတာကို သတိသွားရမိပါရဲ့…။
အင်းလေ..ပြဿနာမဖြစ်ရင်တော့ ပြီးတာပါပဲ..။
လုပ်ကြံဇာတ်လမ်းဆိုရင်တော့…လူမျိုးခြားတွေကို စွဲမထည့်သင့်ဘူး..။
ပိုကြီးသွားနိုင်တယ်လေ…(ပြဿနာက)..။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 8, 2012 at 5:58 pm
ဟုတ်တယ်ဗျာ။အားငယ်သူ ကုလားကြီးဘက်ကရပ်တည်ပေးမယ်။
သူမမှားဘူးလေ။နေရင်ထိုင်ရင်း ကားအတူတူစီးမယ့်လူတွေထဲက
ရွေးပြီး ကုလားကြီးကို ပြဿနာရှာလိုက်တယ်။ဟွင်းးးးးးးးးး