ကျန်ရှိနေသည့် လူနှစ်ထောင်ကျော်အား သက်တမ်း မကုန်မီ ကိုရီးယားသို့ စေလွှတ်ရန် အတိ အကျ မပြော နိုင်ဟု ရွှေအင်းဝကဆို

BayoteJune 8, 20101min671

ကိုရီးယား နိုင်ငံသို့ Emplyoment Pass System (EPS) စနစ်ဖြင့် တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိရန် ကိုရီးယား ဘာသာ အရည် အချင်းစစ် စာမေးပွဲ ဖြေဆို အောင်မြင် ထားသူ သုံးထောင်ကျော် ဦးရေ အနက် စောင့်ဆိုင်း နေသူ နှစ်ထောင် ကျော် အား စာမေးပွဲ သက်တမ်း မကုန်မီ အချိန် ကာလ အတွင်း စေလွှတ်ရန် အတိ အကျ ပြောဆို နိုင်ခြင်း မရှိကြောင်း ရွှေအင်းဝ အေဂျင်စီ ဝန်ဆောင်မှု ကုမ္ပဏီ လီမိတက် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ စာမေးပွဲ သက်တမ်း နှစ်နှစ် မပြည့်မီ ကာလ အတွင်း သွားရောက် လုပ်ကိုင်ရန် ကျန်ရှိ နေသူ နှစ်ထောင်ကျော်ကို ကိုရီးယား သွားရောက် လုပ်ကိုင်ခွင့် ရရှိစေနိုင် မလားဆိုတဲ့ အချက်က အတိအကျ ပြောလို့ မရဘူး။ ကိုရီးယားနိုင်ငံ ဘက်မှာ လုံးဝ မူတည်တယ်။ နှစ်ဖက် တာဝန်ရှိသူများ ညှိနှိုင်းဆဲ ဖြစ်တဲ့ အတွက် ဘယ်အချိန် အလုပ် ခေါ်ယူမှု ပြန်စတင် မလဲဆိုတာ မသိနိုင်ဘူးဟု အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူ က အလုပ် ခေါ်ယူမှု နှင့် ပတ်သက်ပြီး တုံ့ပြန် ပြောကြားခြင်း ဖြစ်သည်။ EPS စနစ်ဖြင့် သွားရောက် လုပ်ကိုင်ခွင့် ရရှိရန် ကိုရီးယား ဘာသာ အရည် အချင်းစစ် စာမေးပွဲကို ၂၀ဝ၈ ခုနှစ် အောက်တိုဘာလ အတွင်း ကျင်းပခဲ့ပြီး စာမေးပွဲ၏ တရားဝင် မှု သက်တမ်းမှာ နှစ်နှစ် ကြာမြင့်သည်။

ယင်း စာမေးပွဲ အောင်မြင်သူ (၃၅၃၆) ဦး အနက် ၂၀ဝ၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဇွန် လ အထိ လုပ်သား ဦးရေ ၄၀ဝ စေလွှတ် နိုင်ခဲ့ပြီး ၂၀ဝ၉ ခုနှစ် ဇူလိုင်မှ ၈ဝ ဦး ထပ်မံ စေလွှတ် နိုင်ခဲ့ သည်။ ကိုရီးယား နိုင်ငံ တွင် လုပ်သား များကို လုပ်ခလစာ ပေးရာတွင် လုပ်ငန်းခွင် အလုပ် ချိန်ပေါ် မူတည်ပြီး နှစ်မျိုး နှစ်စား ခွဲခြား ထားကြောင်း စုံစမ်း သိရသည်။ ရက်သတ္တ တစ်ပတ်လျှင် စနေ၊ တနင်္ဂနွေ နားရက် ရကြောင်း အလုပ်ချိန်၊ နာရီ ၄ဝ လုပ်ကိုင် ရကာ ကိုရီးယားဝမ် ပျမ်းမျှ ၈၃၆၀ဝဝ ရရှိပြီး စနေနေ့တစ်ဝက် အထိ ၄၄ နာရီ ကြာ လုပ်ကိုင် ရသည့် လုပ်ငန်း များတွင် ကိုရီးယားဝမ် (၉၀၄၀ဝ၀) ရရှိကြောင်း ၎င်းပုဂ္ဂိုလ်က ရှင်းပြ ပြောဆိုသည်။ အထက်မှာ ပြောဆို ခဲ့တဲ့ လစာများက ၂၀ဝ၉ ခုနှစ် အတွင်း ရရှိတဲ့ လစာများ ဖြစ်ပါတယ်။ ယခုနှစ် အတွင်း လစဉ် ဘယ်လောက် သတ်မှတ် ပေးမလဲဆို တာ မသိနိုင်ဘူး။ သက်ဆိုင်ရာ အစိုးရက သတ်မှတ် တာဖြစ်တဲ့ အတွက် အတိအကျ မသိနိုင်ဘူးဟု အထက်ပါ ပုဂ္ဂိုလ်ကပြောဆိုသည်။

EPS စနစ်ဖြင့် ကိုရီးယား နိုင်ငံသို့ သွားရောက် လုပ်ကိုင် ရာတွင် မြန်မာနိုင်ငံ အပါ အဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လူမျိုးများ အများ အပြား သွားရောက် လုပ်ကိုင် နေကြောင်း ကိုရီးယား နိုင်ငံတွင် အလုပ် လုပ်ကိုင် နေသည် မြန်မာ လုပ်သား တစ်ဦး၏ ပြောပြသည်။ အဆိုပါ ကိစ္စနှင် ပတ်သတ်ပြီး မေးမြန်းရာ သူများ နိုင်ငံကို Monitor လုပ်ခွင့် မရှိဘူး။ ကိုယ့် အကြောင်း ကိုယ်ပဲ ပြောလို့ ရမယ်။ သူများ နိုင်ငံသား ဘယ်လောက် ပမာဏ အထိ သွားရောက် လုပ်ကိုင် နေသလဲ ဆိုတာ မသိရပါဘူး ဟု တာဝန်ရှိ သူက ရှင်းပြ ပြောကြားသည်။ ကိုရီးယာ းနိုင်ငံတွင် လက်ရှိ သွားရောက် လုပ်ကိုင် နေသူများ အနက် ၉၅ ရာခိုင်နှုန်း သည် ကုန်ထုတ် စက်ရုံ လုပ်ငန်း များတွင် လုပ်ကိုင်လျက် ရှိပြီး စိုက်ပျိုးရေး နှင့် ရေလုပ်ငန်း တို့တွင် ၅ ရာခိုင်နှုန်းစီ လုပ်ကိုင် နေကြောင်း သိရသည်။ လုပ်သား တစ်ဦးလျှင် စက်ရုံ ငါးရုံ ပြောင်းလဲ လုပ်ကိုင်ခွင့် ရှိပြီး ငါးနေရာ ပြည့်သွား ပါက ပြောင်းလဲ လုပ်ကိုင်ခွင့် မရှိ တော့ကြောင်း ကိုရီးယားရှိ စက်ရုံလုပ်ငန်းတွင် လုပ်ကိုင် နေသူ တစ်ဦးက ပြောပြသည်။ တစ်ကြိမ် ပြောင်းလဲပြီး နောက်ထပ် စက်ရုံသို့ ပြောင်းလဲ လုပ်ကိုင်ရန် နှစ်လ ဗီဇာပေးထား ကြောင်း True News ဂျာနယ်တွင် ဖော်ပြထားသည်။