အထူး အချိန်မှာ တွေ့မြင်ခဲ့ရတဲ့ ဦးပိန်

1 ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်(အဖြူအမဲနဲ့ရိုက်ကြည့်တာပါ)
2 တောင်သမန်တံတားအဖြူအမဲ့( ရှေးရှေးတုန်းကလိုပေါ့ခံစားကြည့်တာပါ)
2 နံနက်ခင်းခရီးသွား နားနားနေနေ
3 နေထွက်ပေါ်လာကာစ ဦးပိန်တံတားအောက်က နေ အကြည့်
4 တံတားအောက်ကမြင်ရတဲ့ တောင်သမန်က အလွမ်းသစ်ပင်ညီနောင်
5 တောင်သမန်နဲ့ဦးပိန် ပန်းချီကားလို့ထင်ရလောက်အောင်လှပ(အနော်ရိုက်တာလေ)
6 နံနက်ခင်းလင်းလက် စိုလွင်တောက်ပသောရောင်စဉ်များနဲ့ ဦးပိန်
7 စိမ်းရောင်စို တောင်သမန်အနောက်ဘက်မြင်ကွင်း
9 သဘာဝမော်ဒယ် တောင်သမန်မင်းသားကြီး
10 ဦးပိန် မမြင်ဘူးလောက်တဲ့ မြင်ကွင်း
11 ဒါလဲ အမြင်ဆန်းတာပါဘဲ
12 ရူ့မဆုံးသော မြင်ကွင်း လှတပတ
14 အလှခြင်း ပြိုှု်င် သူနိုင်ကိုယ်နိုင်
15 ကြည့်ရင်းကြည့်ရင်းကနေ ကျနော်ပါ အဝေးကိုလွင့်သွားပါတယ်။

           “အထူးအချိန်မှာမြင်ရတဲ့ ဦးပိန်”

 

အမှန်တိုင်းပြောရရင် ဦးပိန်တံတားအောက်ကို ကျော်ပြီး သစ်ပင်တွေဘက်ကို

အရင်ကမရောက်ဘူးပါဘူး။

မနှစ်သင်္ကြန်တတွင်းလုံး တောင်သမန်မှာရှိပေမယ့် ဒီဘက်ကိုမရောက်ခဲ့ပါဘူး။

တံတားအောက်ကိုရောက်ပေမယ့်လဲ သစ်ပင်ကြီးနားထိမသွား။

ဒီနေ့ကတော့ တံတားအောက်မှလဲရေမရှိ.။

လူကလဲရှင်းတော့ ဓါတ်ပုံရိုက်ဘို့အခါအခွင့်အကောင်းဆုံးပါဘဲ။

အဲဒါနဲ့ဆိုင်ကယ်ကိုတံတားအောက်ကနေစီးပြိီးသစ်ပင်ကြီးနားမှာရပ်လို်က်ပါတယ်။

အရှေ့ဘက်ကောင်းကင်ကိုလှမ်းကြည့်လို်က်တော့ နေနည်းနည်းမြင့်နေပါပြီ။

ဒါပေမယ့် အနီရဲရဲ။

အဲဒီအချိန်လှေကလေးက တံတားအောက်အဖြတ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နောက်တော့ လဲ ဟိုနားကရိုက်လဲလှ ဒီနားကရိုက်လဲလှ ဆိုတော့

ထိုင်ရက် ထရိုက် လှဲရိုက် ရိုက်နည်းပေါင်းစုံနဲ့ရိုက်လိုက်တာ

ဘေးလူကြည့်ရင်တော့ ရူးနေတယ်ထင်လောက်ပါတယ်။

ဖြစ်ချင်တော့ကင်မရာထဲမှာ အဖြူအမဲရိုက်လို့ရတာပါတော့ အဖြူအမဲရိုက်။

ငါးမျက်လုံးနဲ့ ပုံခုံးခုံးလေးတွေရိုက်.

ရိုက်……….ရို်က်…………….ရိုက်လို့မဝနိုင်အောင်ပါဘဲ။

အဲတော့လဲရိုက်ခဲ့သမျှကို ပြန်လည်လို့ မျှပေးလိုက်ပါတယ်။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ရလာတဲ့ အတွေးပါးပါး

(11-3-2012)

 

24 comments

  • water-melon

    March 12, 2012 at 8:27 am

    လေးပေါက်
    ကြိုက်တယ်
    ငါးမျက်စိစတိုင်တွေနဲ့ဆိုတော့ တစ်မျိုးတဖို့ ဆန်းသွားတယ်
    လေးပေါက် ၂ က နှစ်ခါပါနေတယ်။

  • ကြောင်ကြီး

    March 12, 2012 at 8:34 am

    တန်ခူးအချိန်
    ဦးပိန်ကို
    ရေတွေစိုစိုရွှဲနဲ့
    မြင်ရမယ်
    အရိုးအတိုင်းသား…။

  • water-melon

    March 12, 2012 at 8:38 am

    လေးပေါက်ကလည်းပုံကိုပြောတာမဟုတ်ဘူး
    ပုံအောက်က အညွှန်းကိုပြောတာပါဆိုမှ
    မာမီနော် ဘီကနီ ဝတ်ပေးလိုက်မှာနော်

  • tree

    March 12, 2012 at 8:43 am

    လေးပေါက်ကို အားကျလိုက်တာ
    သစ်ပင်အိုကို ကြည့်ရတာ ဝမ်းနည်းသလိုခံစားရတယ်
    တခေါက်တော့ မန္တလေးလာပြီး လေးပေါက်ဓါတ်ပုံထဲက ရှုခင်းတွေကို လိုက်ကြည့်မယ်စိတ်ကူးတယ်

  • aye.kk

    March 12, 2012 at 8:55 am

    ဦးပိန်တံတားကိုတခါမှမရောက်ဘူးပါဘူး…
    အခုကိုပေါက်ရိုက်ချက်တွေကြည့်ပြီး…
    ရောက်ဘူးချင်တယ်..
    အလယ်တခေါက်တော့ရောက်အောင်သွားပါဦးမယ်..
    ဒီမှာကထိုင်းဖက်ဘဲလည်စရာရှိတာ…
    တပေါင်းလပြည့်နေ့ကထိုင်းဖက်ကဘုရင်မပန်းခြံအထိသွားခွင့်ပေးလို ့ရိုက်ထားတဲ့ပုံတွေရှိတယ်..
    တင်ချင်တယ်၊လက်ရာကတော့ကိုပေါက်တို့လိုမလှဘူး….။

  • shwe tallatr

    March 12, 2012 at 9:42 am

    ကိုပေါက်လက်ဆော့ချက်တွေကိုတောင်အားကျလာပြီ ဧရာဝတီတိုင်းကပုံတွေကိုတောင်ကိုပေါက်လိုဘဲလက်ဆော့ရင်ကောင်းမလားစဉ်းစားနေတာ
    ကိုပေါက်မန်းလေးမှာလက်ဆော့လို့ ညောင်းရင် ဧရာဝတီတိုင်းကိုလာခဲ့လေ ဖိတ်ခေါ်ပါတယ်

  • လှတယ် မလှဘူးဆိုထာတက် မြင်ဘူးအောင်ဆိုတဲ့ စိတ်ကလေးထပ်ဆောင်းလိုက်ရင်
    ကြည့်သူရော ပေးဝေသူပါ လှတယ်ဆိုတဲ့ စိတ်ကလေး အလိုလိုကိန်းအောင်းမှာပါ။
    ကျနော်ဆရာတစ်ယောက် အပြင်သိပ်မထွက်တော့ဘူး။
    သူ့ကို လကျော် နေတဲ့ ဂျာနယ်တွေ စာအုပ်တွေပေးလိုက်ရင်သိပ်ဝမ်းသာတာ။
    မမြင်ဘူး မဖတ်ဘူးသေးတာ မြင်ရ ဖတ်ရတာ သိပ်အရသာရှိတယ်လို့ပြောတတ်ပါတယ်.
    အဲတော့ လက်ဆော့ သမျှ ရိုက်ခဲ့သမျှ တင်သာတင်ပါ။
    သူအလှနဲ့သူတော့ ရှိနေမှာ အသေအချာပါဘဲ။.

  • Novy

    March 12, 2012 at 12:13 pm

    အမလေး အန်တီပေါက်ရယ် အားကျလိုက်တာ
    ဒီလို ဓါတ်ပုံကောင်းတွေရိုက် ဒီလိုခရီးတွေသွားချင်နေတာ
    ဘယ်တော့ များမှ ………
    အရမ်းကို လှပါတယ် အားပေးနေပါတယ်

  • မနိုရေ အထူးတာဝန် ရွှေတိုက်စိုးနဲ့ရွှေစချုပ်တို့ မင်္ဂလာဆောင်မှာ.
    (အထူးပစ္စည်းများပြုလုပ်တတ်သာ မနိုအား မင်္ဂလာဆောင် တွင်ကူညီသူများရင်ဘတ်တွင်ထိုးရန်
    အချင်းတစ်ပေရှိသောရင်ထိုးအခုတစ်ရာ ကြိုတင်လုပ်ထားပါရန်။)

    • Shwe Tike Soe

      March 12, 2012 at 1:25 pm

      လူဆိုးကြီး လေးပေါက် နာမည်ကြီး ထမင်းငတ်တော့ ဖြစ်တော့မယ်…. အဟင်း… လေးပေါက်ဖွလို. အုပ်ထိန်းသူ က မယူဘူးဆိုရင် လေးပေါက်တာဝန်နော်… သားကတော့ မိန်းမ ယူမှာပဲ ယူမှာပဲ… အဟင့်..

    • Novy

      March 13, 2012 at 9:29 am

      ပန်းဂေါ်ဖီတွေ ပေါ်တာနဲ့ အတော်ပဲ
      သုံးပွင့်လောက်ကို ဖဲကြိုးနဲ့ ချည်လိုက်ရင်
      တစ်ပေလောက်တော့ ဖြစ်ကောင်းပါရဲ့

  • Ma Ei

    March 12, 2012 at 1:05 pm

    သဘာဝက လှပေမဲ့
    မြင်တတ်မှပါ…
    ပုံ 3 နဲ့ ပုံ 5
    လှလိုက်တာ..
    ကျေးဇူးပါနော်…

  • ကျေးဇူးပါလို့ ပြောတာ တစ်ခါ ဖတ်ရရင်
    နောက်တစ်ခါ ပုံတွေတင်ပေးရမှာနော်လို့ ကျနော်ကို တွန်းအားပေးလိုက်သလိုပါဘဲ။

  • Moe Z

    March 12, 2012 at 3:40 pm

    လေးပေါက်ရေ မိုက်တယ်ဗျို့ မရွေးတတ်တော့လို့ အားလုံးကူးသွားတယ်
    မတ်လ နောက်ဆုံးအပတ်နော်လေးပေါက် ဧည့်ခံဖို့ပြင်ထား 😉

  • အေးပါ ခါးပတ်ရှည်ရှည်တစ်ချောင်းဝယ်ခဲ့။
    မယ်ပုဆိုင်ကယ်နောက်က ထိုင်ခိုင်းပြီး နှစ်ယောက်သားခါးပတ်နဲ့ပါတ်ထားရအောင်လို့ရယ်။

  • Thel Nu Aye

    March 12, 2012 at 6:17 pm

    တောင်သမန်ကိုအကြိမ်ကြိမ်ရောက်ဖူးပေမဲ့ဒီလိုရှု့ခင်းမျိုးခုမှမြင်ဖူးတော့တာပဲ။ ကျေးဇူးပါလေးပေါက်။

  • သားလည်း မန်းလေးရောက်ရင် ..
    အဲနေရာ လိုက်မယ်ရမယ်နော် လေးပေါက် …
    ပုံတွေ ကြည့်ရတာ ရှယ်ပဲ …
    ပြောရင်း ခုတောင် အဲနေရာကို ပြေးသွားချင်မိတယ် …
    ဂယ်ပဲ ….. 😀

  • ခြောက်ထောင့် မင်းက ဘယ်တော့ လာမှာလဲ။
    မတ်လနောက်ဆုံးအပါတ်လာမယ့်သူရှိတယ်နော်………………….
    သတင်းပေးထားတာ။

  • အဲ မို

    March 12, 2012 at 11:58 pm

    ကိုပေါက်နဲ့တွေ့မှပဲ ဦးပိန်တံတားကြီးက ခုံးတက်လာလိုက်၊ ချိုင့်ဝင်သွားလိုက်နဲ့ သနားပါတယ်။ အဖြူ အမဲပုံတွေကိုပိုကြိုက်တယ် လေးပေါက်ရေ။ဒါပေမယ့်ပုံအားလုံးကတော့ဇွန်းတတ်ထားတယ်တော့လို့ပဲပြောရမှာပဲ..

    ဦးပိန်ကိုတခေါက် ရောက်လို့သွားတော့
    ှုငှက်ကလေးကိုစီး ယီးလေးလေးပျော်
    ဟိုနားမှာ ခဏကပ် ရပ်ပေးပါအုံး
    သစ်ပင်အိုအမြစ်ထက် ဓာတ်ပုံလေးရိုက်ပါရစေ။
    အော် ရေလည်ကသောင်မှာကပ်
    လက်ဖက်လေးလည်းစားချင်တယ်။
    လှေကားကတက် ခဏရပ်လို့အနားယူ
    ဂဏာန်းကြော်နဲ့ မာလကာသီး
    ရောလို့မြည်းမယ်ကွဲ့…
    အင်း… မာလကာတော့ကီးတော့မယ်။

    လေးပေါက်ရေ တောင်သမန်အင်းကြီး အင်းကောမဖြစ်အောင် ထိန်းသိမ်းဖို့ မြိုတော်ဝန်အသစ်ကို သတိပေးစကားအမှာပါးကြောင်းလေးပြောပေးပါနော်။

  • Mလုလင်

    March 13, 2012 at 12:27 am

    ကင်မရာ အသစ် နဲ့ ဦးပေါက် လက်တွေ့ နေတယ် ဗျ။ အားကျတယ် ဗျာ….
    လေးစားစွာဖြင့်
    Mလုလင်

Leave a Reply