“ဒီလူ့နှယ်စွံလိုက်ပုံများကတော့”Post by weiwei အတွက် ပိုပြီးပြည့်စုံသွားအောင်ပါရမီဖြည့်ပေးလိုုုက်ပါတယ်။
ဒီလိုအိမ်ထောင်ဆက်များတဲ့ကိစ္စဟာမြန်မာဓလေ့အရ အမျိုးသားများအတွက်ဆိုရင်တော့မထူးဆန်းပါဘူး အမျိုးသမီးများအတွက်ဆိုရင်တော့
တစ်လင်စနစ်ပဲကျင့်သုံးရပါတယ် ရှေးမြန်မာမင်းများလက်ထက်ကတည်းက ယောက်ျားတွေကမိန်းမအများယူစနစ်ရှိပြီး မိန်းမတွေကတော့ယောက်ျားတစ်ယောက်သာယူခွင့်ရှိပါတယ်။ အစ္စလာမ်ဘာသာဝင်တွေကတော့
ယောက်ျားတစ်ယောက်ဟာမိန်းမလေးယောက် ယူခွင့်ရှိပြီး မိန်းမတစ်ယောက်ကတော့ယောက်ျားတစ်ယောက်သာယူခွင့်ရှိပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေကတော့တစ်လင်တစ်မယားစနစ်ကိုသာကျင့်သုံးကြတာဖြစ်တဲ့အတွက် အင်္ဂလန်လိုနိုင်ငံမျိုးမှာဆိုရင် မယားခိုးမှုဆို
တာမရှိပါဘူးတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့ တစ်လင်မယားအများစနစ်ရှိတာဖြစ်လို့ လင်ခိုးမှုဆိုတာမရှိဘဲ မယားခိုးမှုကတော့
ရှိနေတာပဲဖြစ်ပါတယ်။ ကဲရွာသားတို့ရေ………. ဒီမင်္ဂလာဆောင်ဓါတ်ပုံလေးကိုကြည့်ကြစမ်းပါဗျာ
အရှေ့တိုင်းရဲ့အယူအဆအများစုအရ ဇနီးသည်မိန်းမဟာယောကျာ်းခင်ပွန်းသည်ရဲ့လက်ဝဲဘက်မှာသာလျှင်အိပ်ရပါသတဲ့……
ဒီပုံလေးတိုင်းနှစ်ယောက်တစ်ပြိုင်ထဲယူ ဇနီးနှစ်ယောက်ကလဲအပြိုင်အဆိုင်ပိုင်ဆိုင်လိုကြဆိုတော့ မြန်မာဘုရင်များလိုဆောင်တော်ကူး……
လို့မရ အဆောင်ခွဲထားလို့လည်းမရ….ဖြစ်နေလေတော့ တစ်ဆောင်တည်းအပြိုင်ထား တစ်ယောက်ခြားရင်တစ်ယောက်ကမကျေနပ်…….
မင်္ဂလာဦးရက်ကိုဘယ်လိုဖြတ်သန်းကြမှာလဲနော်…………..
ရွာသူများကတော့ဒီပိုစ့်ဖတ်ပြီးကျွန်တော့်ကိုဝိုင်းသမတော့မှာမြင်ယောင်သေးလို့ ပြောချင်တာတွေကုန်အောင်ချမရေးတော့ပါဘူး………..
သံပုံးတော့ဝိုင်းမတီးကြပါနဲ့နော် ဆားနဲ့ပက်ချင်ပက် ရွာသူလေဒီတို့ရေ…………….
ရွာသားများကတော့ အင်းဒီယောက်ျားရဲ့ဘဝကိုကိုယ်ချင်းစာမိမယ်ထင်တာပါပဲ သူလဲအပြိုင်မယားမထားချင်ဘဲထားရတာဆိုလေတော့……….။
7 comments
inz@ghi
March 12, 2012 at 1:15 pm
ကတောက်…
မောင်ဂီ့ …၆၃မကျထှာ ..အဲ့ တောကငတိတဝက်တောင်
အာကွာ ……
ပတောက်…. (မျက်ရည်ကျသံ…)
ထို့နောက်…
(…………ရှိုက်သံများ မဆဲတော့ ………………)
Mon Kit
March 12, 2012 at 1:32 pm
ဂီဂီက ဘူ့ကိုယ်စား ဝင်ခံစားပေးနေတာရဲဟင်င်င်……
နာလို လို့လား…
cobra
March 12, 2012 at 3:46 pm
တော်တော်ကြာနေပါပီ….
ခုမှသိတာလား
ကိုပေါက်(မန္တလေး)
March 12, 2012 at 4:19 pm
ရွာသူများကတော့ဒီပိုစ့်ဖတ်ပြီးကျွန်တော့်ကိုဝိုင်းသမတော့မှာမြင်ယောင်သေးလို့ ပြောချင်တာတွေကုန်အောင်ချမရေးတော့ပါဘူး……….
မသမပါဘူး ရှမ်းတောင်သားရေ ဒီပိုစ်က လူတိုင်းနီးပါးလောက်ဖတ်ပြီးသားမို့ပါ။
ရှမ်းပြည်သား (တောင်ပိုင်း)
March 12, 2012 at 9:30 pm
ဦးပေါက်ရေ….
ကျွန်တော်က သိသေးလို့တင်လိုက်မိတာဗျ…..
သိရင်တော့တင်ပါဘူး ဆောရီးပါနော…… ခုလိုပြောပေးတာကျေးဇူးပါနော…..
အရင်ကမမြင်သေးတော့ မသိတဲ့သူများရှိမလားလို့ ထပ်ပြီးထပ်ပြီး
ကျေးဇူးပါနော်……..။
ကျွန်တော်က ပြီးခဲ့တဲ့လကမှ အင်တာနက်နဲ့ မိတ်ဆက်မိတာဖြစ်လို့ပါ။
မနှစ်ကကျောင်းစာတွေနဲ့ပဲလုံးနေရတော့ မီဒီယာတွေနဲ့အဆက်ပြတ်နေတာကြာလှပြီလေ။
ကိုပေါက်(မန္တလေး)
March 12, 2012 at 10:27 pm
မဆောရီးပါနဲ့ကွဲ့။
နှစ်ခါတင်လဲဘာမှမဖြစ်ပါဘူးကွဲ့။
ဒါပေမယ့် ဒီပုံလေးဘယ်ကယူလာတယ်ဆိုတာလေးတော့ ပြောပါကွဲ့၊
တော်ကြာ သူများလာဖွတာခံရမှာစိုးလို့ပါကွဲ့။
မင်းက သမခံရမှာကြောက်နေလို့ မသမဘူးလို့ မင်းအတွက်အာမခံပေးတာပါကွဲ့။
ကွဲ့ ကွဲ့ ကွဲ့ ကွဲ့ ………………………
မောသဟာ မင်းပြောရတာ။
ခပ် KING ကင်း
March 15, 2012 at 9:39 pm
ခိုးကူးခွေတွေ ဆင်ဆာမဲ့ခွေတွေက
တပြည်လုံးကို လွှမ်းခြုံနေပြီဆိုတော့
အဟိ
ဆက်မပြောတော့ပါဘူးလေ
😛