ပင်နီ ခရေဇီ
ဒီရက်ပိုင်းအတွင်း မြင်မြင်သမျှ နေရာအများစုမှာ လူငယ်တွေကြားထဲ မီနီစကတ်နဲ့ ဘောင်းဘီတိုလေးတွေ ခေတ်စားနေပြီး ၊ ပန်ဆယ်လ်ဟီး အမြင့်ကြီးတွေနဲ့ တလွှားလွှားလမ်းသလားနေကြတာ ကိုရီးယား မူဗွီစတားတွေအလား ထင်မှတ်ရပါတယ် …. ။ ပိန်ပိန်သွယ်သွယ်နဲ့ … ဖိနပ်ချွန်ချွန်မြင့်မြင့်ကြီးတွေ စီးပြီး ၊ လေတိုက်တိုင်း လိုက်လိုက်ဖိရတဲ့ စကတ်တိုလေးတွေရယ် … ကပိုကယို ဖားလျားချထားတဲ့ ဆံပင်ဆေးရောင်စုံတွေရယ်ကို လိုက်ထိမ်းရင်း .. လမ်းလည်ခေါင်မှာ ယိမ်းကနေသလို ဟန်ပန်အမူရာတွေကလည်း နုနယ် သစ်လွင်တဲ့ … အမြင်အာရုံကို ခံစားမိစေပါတယ် …. ။ လန်းဆန်းပျိုမြစ်မှုကို ဖော်ဆောင်တဲ့သူတို့ သဏ္ဍန်နဲ့ သူတို့ အရွယ်လေးတွေ အလွန်ပဲ လိုက်ဖက်မှု ရှိပါတယ် … မြင်ရတာ နှစ်ခြိုက်အားကျမိပေမယ့် … ကျွန်မတို့အသက်ရွယ်နဲ့တော့ လိုက်ဝတ်ဖို့ မသင့်တော်ဘူးလို့ ခံစားမိပြီး …သရီးကွာတားလောက်သာ အတိုဆုံးအဖြစ် တစ်ခါတစ်ရံလောက်သာ … ဝတ်ဆင်ဖြစ်ပါတယ် ။
စကတ်တို ၊ ဘောင်းဘီတိုများနဲ့ အပြိုင် ဆယ်ကျော်သက်များကြားတွင်သာမက ၊ အသက်အရွယ်အပိုင်းခြားမရွေးကြားထဲ နေရာယူလာတဲ့ ဖက်ရှင်လည်းရှိပါသေးတယ် … မြန်မာအကျီ င်္ ချည်ထည် ၊ ပိုးထည် အမျိုးမျိုးနဲ့ ရက်လုပ်ထားတဲ့ အကျီ င်္ လုံချည် အဆင်စုံ ဒီဇိုင်းစုံပါပဲ … ဝတ်ရတာလည်း လုံခြုံမှု ရှိသလို ၊ တင့်တယ် ခန့်ညားမှုကိုလည်း ပေးစွမ်းပါသေးတယ် ။ ဈေးကွက်ထဲ ဈေးနှုန်းသင့်ပြီး အသင့်ချုပ်ပြီးသား ဝယ်ယူရလွယ်တာမို့ ဝတ်ဆင်သူတွေလည်း ကရိကထ သိပ်မများပဲ မြန်မာဝတ်စုံကို ဝယ်ယူဝတ်ဆင်လာနိုင်တာကောင်းတဲ့ အချက်တစ်ခုလို့ မြင်မိပါတယ် ။ အရင်ကဆို ကျွန်မတို ့အရွယ် မြန်မာဝတ်စုံရင်ဖုံး ၊ ရင်စေ့ ဝတ်တယ်ဆိုလျှင်ပဲ .. အဖွားအိုလေးနဲ့ တူတယ်လို့ အပြောခံရခဲ့ပေမယ့် … အခုအချိန်မှာတော့ … အသက်၂ဝအောက် မိန်းကလေးတွေပါ ဝတ်ဆင်လာတော့လည်း ဖက်ရှင် တစ်ခေတ်ပြန်ထပြီလို့ပြောရတော့မယ် ။ ကျွန်မကိုယ်တိုင်ကလည်း မြန်မာဝတ်စုံကို ကြိုက်လို့ ပြည်တွင်းဖြစ် အစလေးတွေတွေ့တိုင်း ၊ ဝတ်ဖြစ် ချုပ်ဖြစ် ၊ အမြတ်တနိုးဝတ်ဆင်ဖြစ်ပါတယ် ။ ရယ်ဒီမိတ် ချုပ်ပြီးသားတွေပေါ်လာတော့လည်း …. အပ်ချုပ်ဆိုင်သွားရတဲ့ ဒုက္ခကင်းလို့ … ဝယ်ဖြစ်သေးတယ် … ။
ချည်ထည် ၊ ပိုးထည်မရွေး အလျင်းသင့်သလို ကြိုက်လျှင် ဝယ်ဖြစ်ခဲ့ပြီး … ဒီရက်ပိုင်းအတွင်း ကျွန်မစိတ်ထဲ ပြင်းပြင်းပျပျ ဝတ်ချင်နေတာကတော့ …. ပင်နီ အကျီ င်္လေးတွေပါပဲ …. ။
အတိတ်မှာတော့ ပင်နီ အကျီ င်္ကို ပေါ်ပေါ်ထင်ထင် မဝတ်ရဲကြပေမယ့် ယခုအချိန်မှာတော့ ရောင်းတန်းမှာ ပစ္စည်းပြတ်တဲ့အ ထိတောင် ဖြစ်နေပြီတဲ့လေ ….. ။ ပင်နီ အကျီ င်္နဲ့ ပတ်သတ်လို့ အတိတ်တွေရော ၊ ထရိတ်မတ်အဖြစ်နဲ့ရော ၊ ကောင်းဧ။် ၊ ဆိုးဧ။် အမျိုးမျိုးအဖြစ်နဲ့ရော ရှိခဲ့ကြမှာပါ … ဒါပေမယ့် …. ကျွန်မစိတ်ထဲ ပင်နီ အကျီ င်္ခရေစီဖြစ်နေတာ သူ့ရဲ့ မူလအရောင်ရယ် ၊ ရက်လုပ်ထားမှုအရည်သွေးရယ် ၊ ယခုလို ရာသီဥတုနဲ့ ကိုက်ညီမှု ရှိတာရယ်အပြင် …ပြည်တွင်းဖြစ် ထွက်ကုန်တစ်ခုဖြစ်လို့ရယ်ပါပဲ … ။ ပြီးခဲ့တဲ့ ပိတ်ရက်က ကျွန်မ ပင်နီ အကျီ င်္ ရှာပုံတော် ထွက်ခဲ့တယ် ….. ။ ရှော့ပင်းစင်တာ တစ်ချို့နဲ့ လှည်းတန်းဘက်က ဆိုင်တွေမှာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် … ပင်နီ ရှာရတော့တယ် …. ။ ရှောပင်းစင်တာတွေမှာတော့ … တခြား ပြည်တွင်းဖြစ် အထည်လေးတွေ ရှိပေမယ့် ပင်နီ အကျီ င်္ လုံးဝမရှိတာ ဘာကြောင့်များပါလိမ့်လို့ တွေးမိတယ် … ။ နီးစပ်ရာ မြန်မာ အကျီ င်္ အရောင်းဆိုင်တွေကို မေးကြည့်တော့လည်း ကုန်သွားပြီတို့ မပို့လာသေးဘူးတို့ … နယ်ဘက်ကို အရင်ချနေရလို့ ဆိုတာနဲ့ … ဗိုလ်ချုပ်ဈေးသွားဝယ်တော့မယ် စိတ်ကူးတုန်း လှည်းတန်း ကျောင်းရှေ့နားမှာ ဆိုင်တစ်ဆိုင်တွေ့လိုက်ပါတယ် … ပင်နီမှ ပင်နီ စစ်စစ်ပါပဲ … အသားသာ နည်းနည်းဆီ ကွဲသွားတာပါ … ။ အစလိုက်လည်း ဝယ်လို့ရသလို … အထည်ချုပ်ပြီးသားလည်း ဝယ်လို့ ရပါတယ် …။ ကံကောင်းစွာနဲ့ ဆိုင်ကို တွေ့ခဲ့ပေမယ့် ….. ဒီဇိုင်းသုံးခုလောက်သာ ကျန်ပါတော့တယ် …. ။ ပြောင်ပိတ်သားကိုလည်ပင်းပေါက်နားနဲ့ လက်ဝနားမှာ …ပြန်ပြီး လက်ရစ်ဖော်ထားတဲ့ အတွန့်အခက်လေးတွေနဲ့ ဒီဇိုင်းလေးကိုတော့ ကြိုက်မိပေမယ့် … ဆိုဒ်က … အသေးပဲ ရှိတော့သတဲ့လေ ….။ တခြား ဒီဇိုင်းတွေကလည်း … ခေတ်မှီတဲ့ ဘက်နဲ့ နည်းနည်းရောချုပ်ထားတော့ … မြန်မာဝတ်စုံစစ်စစ်ရဲ့ အနှစ်သာရ အားနည်းသွားတယ်လို့ ခံစားရလို့ မဝယ်ဖြစ်ခဲ့ပါဘူး … ။ ဈေးကတော့ … တန်ပါတယ် …. တစ်ထည်ကို ငါးထောင် ၊ ငါးထောင့် ငါးရာလောက်ပဲ ရှိပါတယ် …. ။ ပင်နီအကျီ င်္ ချုပ်ပြီးသား မတော်တော့ …. ကိုက်ထိုးဝယ်မယ် စိတ်ကူးသေးတယ် … အကြမ်းသားကို … တစ်ကိုက် တစ်ထောင့် ငါးရာလောက်ပဲ ရှိပြီး … ပေါင်းသားကိုတော့ … တစ်ကိုက် နှစ်ထောင်ကနေ နှစ်ထောင်ကျော်အထိရှိပါသတဲ့ …. ။ အကြမ်းသားကတော့ ရေချပြီးလျှင် သိသိသာသာ ကျုံ့ သွားနိုင်ပြီး ပေါင်းသားကတော့ ကျုံ့သည့်တိုင်အောင် သိပ်အများကြီး မကျုံ့ဘူးလို့လည်း ဆိုင်ရှင်က ပြောပြခဲ့သေးတယ် … ။ ကိုက်ထိုးဝယ်လျှင်ကောင်းမလား .. မဝယ်လျှင်ကောင်းမလား … တွေးရင်း .. တွေးရင်းနဲ့ …. အခုတမျိုး တော်ကြာတစ်မျိုး ဒလီဗာရီ အမျိုးမျိုးပြောင်းတတ်တဲ့ အကျီ င်္ချုပ်ဆိုင်ကိုလည်း မသွားချင်တာကြောင့် ….. လက်လျော့ပြီး နောက်တပတ်ကြမှ … ဗိုလ်ချုပ်ဈေးထဲ သွားရှာဖို့ စိတ်ကူးလိုက်ရပါတော့တယ် … ။ ဒီလောက်တောင်ပဲ ဝယ်ရခက်ပြီလား ပင်နီရယ်လို့တောင် … ရေရွတ်မိပါတော့တယ် … ။ ။
43 comments
inz@ghi
March 12, 2012 at 12:45 pm
အိုက်ဒါ အိုက်ဒါ…
ထရန်းတခု တော့ လက်ခနဲ ပေါ်လာပြီပေါ့ …
အဟင်းဟင်းဟင်း…….
ဗျို့ … အထည်လောကက ဆြာဒွေ ….
မိုက်ကယ်လ်ပေါ်တာကြီး ပြောသွားတာ ၂ခုထဲနော…….
ဘစ်ဇနက်စ်မှာ အင်နိုဗေးရှင်းနဲ့ မားကတ္တင်း ၂မျိုးပဲ ရှိတယ်ဆိုတာ …
ဆင်သွားလမ်းဖြစ်ပြီးသားမို့…. မားကတ္တင်း အားမစိုက်ရတဲ့အချိန်မှာ…
အင်နိုဗေးရှင်း နာနာ ဖိလုပ်ထားဖို့လိုတယ်ဗျို့ …..
ပင်နီ ကို အသွင်သစ်နဲ့ ပွဲထုတ်ဖို့ ပြောတာပါ….
လုပ်ကြပါဗျ…. ပင်နီ ထူးပွိုင့်ဇီးဒိုး … ဖြစ်လာအောင်…
ပင်နီ ရဲ့ ဟန် ပင်နီရဲ့ စတိုင်လ် ကို ရီဒီဖိုင်း လုပ်ကြပါ….
မားကတ္တင်းလား ဟဲဟဲ …လွယ်ဘာဒယ်…
ဖဝေးဖဝေး ဆိုတဲ့ ချာတိတ်မလေးရယ်….
ရေခဲတိုက် ဆိုလား ဘာဆိုလား ..အဲ့ …မင်းသားရယ်…နဲ့ ကြော်ငြာပေါ့…
သူများသွားရင် သွားမှာပေါ့ ဆိုတဲ့ …ယောက်ျားတယောက် ကို ရခါယူတဲ့မင်းသမီးတို့….
ရုပ်ပျက်ဆင်းပျက်ကြီးကို ဝလာ လှလာတဲ့ သာကူး မင်းသားရဲ့ သမီးနဲ့လည်းကြော်ငြာရင်တော့
ကိုယ့်သဘောကိုယ်ဆောင်ပဲ နော….အဟတ်…
ရှိသေးဒယ် ရှိသေးဒယ် ..ပီအာရ်လုပ်တဲ့နည်းဒွေ….
ကိုဘရန်းဒင်းလုပ်တဲ့နည်းတွေ ….
အနည်းဆုံးတော့ ..တီလုပ်ကြီးဒွေ ယပလက်တွေ ကိုပါ ထိုးဖောက်နိုင်အောင် လုပ်ပါတော့ ..ကိုယ့်ဆြာတို့…..
ကိုယ့်ဆြာတို့ ဒီအချိန်မှ ၆၃မကျရင် … ဘိရုမာ ကို ကကြီးတွေ သိမ်းသွားလိမ့်မယ် …
ယနေ့ဖက်ရှင် နောင်ဝယ်ကာလချာ ဖြစ်တော့သကိုး …..။
ပုံ
ခင်တဲ့
ဖားသက်ပြင်း
inz@ghi
March 12, 2012 at 12:50 pm
မနေနိုင်တော့လည်း ဆက်ပြောလိုက်ပါဦးမယ်…
(ဂျော်ဒါးနိုးက မာကတ္တာတွေ မီးဒုတ်ရှို့ရင်လည်း ခံပါ့မယ်..)
ဗျို့ …ရက်အိုးရှင်း ဆိုပြီး အချင်းချင်း သတ်ဖြတ်နေတဲ့
ရှပ်အင်္ကျီ လောက က ဆြာတို့ …..
ပင်နီကိုတော့ ဇာရ တံဆိပ်လေး ဘယ်နတွန် တံဆိပ်လေးနဲ့တော့
မဝတ်ချင်ဘူးနော …..
သဂျီးတို့ အမေဒစ်ကင်န် မှာ ဂျင်းကာလ်ချာ ဘယ်လိုမွေးလာသလဲ သိရဲ့မလား..
ဘီလျံဘစ်ဇနက်စ် နော … သူများ စားသွားမှာဆိုးလို့ သတိပေးတာ..
ဟွန့် ….
ပုံ
ဖားသက်ပြင်း
etone
March 12, 2012 at 2:23 pm
ကိုဂီရေ … ပြောမယ့်သာပြောတာ …. ဘစ်ဇနက်အနေနဲ့ကတော့ …. ဘယ်လိုပြောရမလဲနော် … အမြတ်စွန်း သိပ်ကျန်မယ် မထင်လို့ပဲလား … ကွာလတီ စံမမှီလို့ပဲလား …. ဘာပဲလား ..ညာပဲလား … အဲ့ဒီဘက်ကို သူတို့ မျက်စိမကျသေးဘူးလိုပဲ … ။
အခုလည်း … ပြည်တွင်းဖြစ်တွေ အတော်များများ … တခေတ်ထပြီး ဈေးကွက်ထဲ ပလူပျံနေပေမယ့်..စိတ်ထဲ ပင်နီကျတော့ … လည်ပတ်မှုသိပ်အားမရသေးဘူးပဲ … ။
နောက်ပြီး …. ပင်နီတို့လို့ အသားမျိုးကိုတော့ … ဒီနိုင်ငံက လူတွေကသာ ကိုယ့် ပြည်တွင်းဖြစ် ထွက်ကုန်အနေနဲ့ .. ချည်ကျော်ပါလည်း လက်ခံ .. ဆေးကျွတ်လည်း လက်ခံလို့ ရပေမယ့် … တခြားနိုင်ငံတွေမှာ … ကာလာရှိတ်တင်းလို့ခေါ်တဲ့ … (သာမန်ကြည့်လျှင် အတူတူပဲ ) … ပိတ်လိတ်တစ်ခုရဲ့ .. အတွင်းဘက်နဲ့ … အဆုံး အရောင်လေး မဆိုသလောက် ကွာနေလျှင်တောင် … ရီတန်း လုပ်ပေးရတာမျိုး ရှိတော့ … ဒီလို ကွာလတီမျိုးနဲ့ဆို … ပြည်ပ ဈေးကွက်ထဲ ထိုးဖောက်ဖို့ရာ … ကွာလတီ အခက်ခဲတော့ မလွဲမသွေ ရှိမှာပါပဲ … ။ နောက်ပြီး Shrinking ဖြစ်တဲ့ ကိစ္စကလည်း … ကိုယ်တွေအတွက် လက်ခံရလွယ်ကူပေမယ့် .. သူများ နိုင်ငံက … တင်လာတဲ့ အစတွေ … ဒီရောက်လျှင် ရာသီဥတုအရပဲဖြစ်ဖြစ် .. လိတ်ထားတာ ကြာလို့ပဲ ဖြစ်ဖြစ် .. အဲ့ဒီ ပြသနာ တက်ရော …. အဲ့ဒါမျိုးဆို … ရပလေ့စ်ပြန်လုပ်ပေးရတာမျိုး …. shortage q’ty အတိုင်း ပြန် ပိုက်ဆံလျှော့ပေးရတာမျိုးတွေနဲ့ဆိုတော့ ….. တွေးကြည့်လျှင် စိတ်မောစရာကြီးပါပဲ … ။
fabric defect ပြသနာလိုမျိုးတွေ ၊ tensionပြသနာလိုမျိုးတွေနဲ့လည်း မလွဲမသွေ ကြုံရမှာပါ … ။ ဒီနိုင်ငံမှာက … ပြည်တွင်းဖြစ် အသား ဆိုတာနဲ့ … ဒီအချက်တွေကို နားလည် လက်ခံလို့ရပေမယ့် .. ပြည်ပကို ထိုးဖောက်မယ့် အသားကတော့ … တကယ့်ကို မလွယ်ကူသေးပါဘူး …. ။
အလိတ်အနေနဲ့မဟုတ်ပဲ …. အသင့်ချုပ်ပြီး အဝတ်အထည်အနေနဲ့ ထိုးဖောက်မယ်ဆိုလျှင်တော့ ရတန်ကောင်းပါရဲ့ … သို့သော် .. အရောင်ကျခြင်းနဲ့ ..ကျုံ့ခြင်း ပြသနာ ဆက်ရှိနေမယ်ဆိုလျှင်တော့ …. ဒုံရင်းက ဒုံရင်း ပဲ ဖြစ်မယ်လို့ ထင်ပါတယ်… ။ 🙄
Shwe Tike Soe
March 12, 2012 at 1:00 pm
မအိတုံ သားအတွက်လဲ ၈ ကိုက်လောက် ဝယ်ခဲ့ပေးပါ… ချစ်သူကြီးကို ဝမ်းဆက်ဆင်ခြင်လို. ဟိဟိဟိ…
ဒီဇိုင်း ကိုယ်ဟာကိုဆွဲပေးမှာလေ… 😀
etone
March 12, 2012 at 2:31 pm
ရွှေတိုက်ရေ … ရှစ်ကိုက်လား .. ရှစ်လက်မလား ဟင် .. ဟိဟိ .. 😆
ရှစ်ကိုက်ဆိုလျှင်တော့ … ထိုင်မသိမ်းနဲ့ .. တောင်ရှည်တောင် ချုပ်ဖို့လောက်တယ် … ။
ပင်နီ ပွဲထွက်ဝတ်စုံ လိုချင်လျှင်တော့ … အမှတ်တရ စပွန်ဆာ ပေးပါမည် .. …
ဒါနဲ့ မေ့နေလိုက်တာ… သင်္ကြန်တောင် ရောက်တော့ မယ် … ။ ဒီနှစ်ထဲမှာတော့ တယောက်တော့ စွံ့ လတ္တံ ့ဆိုပဲ .. သင်္ကြန်စာပြောပါတယ် ဟဲဟဲ 😉
inz@ghi
March 12, 2012 at 2:49 pm
ပင်နီနဲ့ ပွဲထွက်မယ်….
ဗရာကြော် ဗျို့ ….. ဒီနေ့ အသစ်တခု ရသွားပြီ…
ဘာလို့ မဖြစ်နိုင်ရမှာတုန်း နော….
ပင်နီနဲ့ ပွဲထွက်မယ်.. .ပင်နီနဲ့ပွဲတက်မယ်………
ဘာလို့မဖြစ်နိုင်ရမတုန်းနော…..
အသစ် အသစ်…
ဘစ်ဇနက်စ် မော်ဒယ် ထိတောင်လုပ်ယူလို့ရမယ်…
ကိုကိုတိုက် …စလိုက်ပါလား ဟင်င်င်င်
လုံးဝ အလန်းကြီးကိုဖြစ်သွားမှာ ….
ကမာ္ဘ့မီဒီယာတွေပေါ်ပါရောက်မှာ …..
😀
ဟိုမင်းသမီး လင်ရခါယူတာ ..၁ခါမှ ပင်နီနဲ့ မီဟုတ်ဝူးနော….
ချဉ်ထှာအေ….
etone
March 12, 2012 at 2:55 pm
အဲ့ဒါပြောထှာ .. အဲ့ဒါ …
ရွှေတိုက်ရေ … မင်းတို့ ပင်နီပွဲလုပ်မယ်ဆို … စပွန်ဆာပေးမယ်နော် … … အဟိ .. 😛 😛
သတို့သား .. သတို့သမီးတင်မကပဲ …. ။ အရံတွေ အပြင် နှစ်ဖက် မိဘတွေအတွက်ပါ … စပွန်ဆာပေးမှာ … ဟဲဟဲ 😀
Shwe Tike Soe
March 12, 2012 at 3:32 pm
ဟဟ မိုက်ပြီဟေ့ မင်္ဂလာပွဲကုန်ကျစရိတ်ကို လေးပေါက်က ခံမှာ.. အဝတ်အစားက မအိတုံ လက်ဖွဲ.မဲသူတွေကလည်း အရန်သင့် ဟေဟေ ဘာလိုသေးလဲဗျာ…
လိုနေတာကတော့ အုပ်ထိန်းသူကြီးပဲ ရှိတော့တယ်.. နေအုံး သင်္ကြန် ဘုန်းကြီးဝတ်လိုက်အုံးမယ်… တရားမှာမွေ.လျော်သွားလို. တရားစခန်းက ပြန်မထွက်လာတော့ရင်တော့… မအိတုံ ပဲ ဆောင်တော့နော်..ဟဟဟဟ
etone
March 12, 2012 at 4:28 pm
အောင်မလေးလေး … ရွှေတိုက် ရွှေတိုက် ..စကားကို ကုန်အောင်မပြောနဲ့ .. ထမင်းကိုပဲ ကုန်အောင်စား .. ဟဲဟဲ 😀
အုပ်ထိန်းသူက … ဘုန်းကြီးကျောင်းမှာ ဝတ်ကြီးဝတ်ငယ်လိုက်လုပ်ပေးနေမယ့်ဟာ … အပြီးဝတ်မလား … မဝတ်ဘူးလား … လောင်းကြေး .. . နှစ်ဆ ၊ တစ်ဆတောင် လောင်းလိုက်ချင်သေး .. အဟေး .. ဟေး … 😆
htoosan
March 12, 2012 at 1:16 pm
ဂိရေ ။။ပင်နီရဲ့ အဓိက အားနည်းချက်က လျှော်ပြီးရင် ကိုယ့်ထက်ပိန်တဲ့သူ ပေးပစ်ရတာရ ဘဲ။ နောက် အရောင်လည်း ကျွတ်တယ်လေ ။ အဲ့ဒါတွေ အရင်ဦးဆုံး တော်လှန်ပြစ်မှရမှာ။
ပေါင်းသားဆိုပြီးတော့ တော်လှန်နေတာလည်း သိပ်တော့ မအောင်မြင်သေးဘူး ။
inz@ghi
March 12, 2012 at 1:24 pm
အိုက်ဒလာ အိုက်ဒလာ …
နည်းပညာလိုနေတာ ….
😀
ဟိုးနိုင်တီးဂွိုင်တီး ကနည်းတွေနဲ့ထုတ်နေလို့ကတော့ …..
ဆန်ရှင်တွေ ဆန်စက်တွေ ရုတ်ဖို့သာမြင်ပြီး
ရုတ်လိုက်လို့ လှိမ့်ဝင်လာကြမယ့် ငတိတွေ
အင်း ….
ရင်လေးဘာဘိ….
သစ်ထူးလွင်ကဟာ ကူးတင်လိုက်မယ်.. လာလေရော့….
(တော့ပစ်ချော်သွားလျင် သည်းခံပေးပါ ပိုစ့်ပိုင်ရှင်ခင်ဗျား..)
ဟုတ်မှဟုတ်ပါလေစ။
မြန်မာ့ရိုးရာ လက်မှုပညာဖြင့် ပြုလုပ်ဖန်တီးထားသော ယွန်းထည်များ ဟုတ်မှဟုတ်ပါလေစ။
ပုဂံမြို့၊မြင်းကပါရပ်နေမိတ်ဆွေ တစ်ဦး နေအိမ်ယွန်းလုပ်ငန်းခွင်သို့ ရောက်သွားစဉ် ထိုအတွေးမျိုး တွေးမိခြင်း ဖြစ်သည်။ ထိုကဲ့သို့ တွေးထင်မိစေလောက်အောင်လည်း မိတ်ဆွေ၏ ယွန်းတိုက်တွင်ရှိသော မြန်မာ့ရိုးရာ လက်မှုပညာဖြင့် ဖန်တီးထားသည့် ယွန်းထည်များသည် အနုလက်ရာ မြောက်လှပေစွ။ အုပ်၊ ခွက်၊ ဘန်း၊ ချိုင့်စသည်မှသည် ပရိဘောဂ ပစ္စည်းမျိုးစုံတို့တွင် ရေးထိုးခြယ်မှုန်းထားသည့် ယွန်းပန်းချီဆေးရေး လက်ရာတို့သည် တင့်ဆန်းလှပေသည်။ ”တိတိဝန်းဝန်း၊ ထိုးသည့်ယွန်း၊ သွန်းသွန်းသွယ်သွယ်ပေ” ဆို သည်ထက်ပင် ပိုနေသေး၏။
မိတ်ဆွေသည် သူ့တိုက်ထွက် Masterpieceယွန်းထည်များကို လူ တိုင်းခေါ်မပြဟု ဆိုသည်။ ဝင်ကြည့် ခွင့်ရလျင်လည်း ဓာတ်ပုံရိုက်ခွင့်မရှိ။ NO PHOTO ။ အခန်းကျဉ်းလေး အတွင်းဝယ်ယွန်းထည်များကားစီရရီ။ ဈေးနှုန်းများသည်ကား အနုတ်ဆုံး ကွမ်းအစ် အမေရိကန်ဒေါ်လာ ၁၁ဝ တန်လောက်မှသည် လွန်စွာလှပဆန်း ကြယ်သော ယွန်းဗီဒိုအမေရိကန် ဒေါ်လာ ၉၅၀ဝ တန်အထိရှိ၏။ ယွန်းထည်ထားရာအခန်းမှပြန် ထွက်လာသည့်အခါ ဥရောပသား နှစ်ဦးယွန်းလုပ်ငန်းခွင်လာ၍ လေ့လာနေသည်ကိုတွေ့ရသည်။ ယွန်းဆရာ တစ်ဦး ဧည့်သည်များကို ယွန်း အကြောင်းရှင်းပြနေသည်။
ယွန်း ဆရာသည်ဈေးကွက်တွင် တွေ့နိုင် သော ယွန်းထည်အတုနှင့် ယွန်းထည် အစစ်ကွာခြားပုံအကြောင်း အင်္ဂလိပ် ဘာသာဖြင့် ရွှန်းရွှန်းဝေအောင် ဧည့် သည်ကို ရှင်းပြနေသည်။
ယွန်းအလုပ်ရုံလေးအတွင်းဝယ် ယွန်းအလုပ်သမလေးများသည် သံချွန်ကညစ်လေးများဖြင့် ကိုယ်စီ လက်စွမ်းပြ ယွန်းထိုးနေကြ၏။ သံချွန် ကညစ်ကို စုတ်ဟု ခေါ်ဝေါ်သုံးစွဲကြသည်။ ယွန်းအလုပ်သမလေးများ၏ လက်ချောင်းလေးများ လှုပ်ရှားသည့်အခါတိုင်း သံချွန်ကညစ်ဖျားသည် နေရောင်ကြောင့် စူးကနဲ တောက်ပ လင်းလက်သွားလေ့ရှိသည်။ သံချွန် ကညစ်ဖျားကြွလိုက် ပဝါပါးဖြင့် ပွတ်လိုက်ပြုခြင်းဖြင့် မျက်စိရှေ့မှောက်တွင် အလွန်တရာ လှပဆန်းကြယ်သော ယွန်းအဆင်ဆန်းလေးများ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတော့သည်။ တစ်နေရာတွင် တစ်ဦးတည်းနှီးခွေနေသော လူငယ်တစ်ဦးကို တွေ့ရ၏။ အခြားတစ်နေရာတွင်မူ လူငယ်သုံးလေးဦး ယွန်းဆင်နေကြသည်။
ပျိုတို့မောင် သဒ္ဓါသက်လို့
ချစ်ခင်စွာ ယွန်းဆင်ပေးပါမှ
ပျိုမယ့်မှာ–
နီဝါယှက်စေဖို့
အမောင်ဆင် ထိုယွန်းကို
မှန်းဆလို့ခွဲ–။
ယခုနှစ်များအတွင်း ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ အစုအပြုံလိုက် ဝင်ရောက်လာကြသည်။ နိုင်ငံခြားခရီးသွား ဧည့်သည်များ ဒေသတွင်းသို့ ပြန်လည် ဝင်ရောက်လာခြင်းနှင့်အတူ ဒေသအတွင်း အိမ်တွင်းမှု ရိုးရာလုပ်ငန်းတစ်ခုဖြစ်သော ယွန်းထည်လုပ်ငန်း သည်လည်း ပြန်လည် သက်ဝင်လှုပ်ရှားလာသည်။
မြန်မာ့ရိုးရာ လက်မှုပညာတစ်ရပ်ဖြစ်သော ယွန်းထည်လုပ်ငန်းကို ညောင်ဦး၊ ဝက်ကြီးအင်း၊ မြင်းကပါနှင့် ပုဂံမြို့သစ်ဘက်များတွင် တွေ့နိုင်သည်။ မြင်းကပါရပ်၌ကား အိမ်တိုင်းလို ယွန်းလုပ်ငန်း လုပ်ကိုင်ကြသည်။
အများစုမှာ မိသားစုတစ်နိုင် တစ်ပိုင် လုပ်ငန်းလေးများ လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။ အနည်းစုသော လုပ်ငန်းရှင်ကြီးများထံတွင်လည်း ယွန်းအလုပ်သမား နှစ်ဆယ်အစိတ်နှင့်အထက် မှီခိုလုပ်ကိုင်နေကြသည်။ ”ဒီနှစ်လို အရောင်းအဝယ်ကောင်းတဲ့ နှစ်မျိုးဆိုရင်တော့ ယွန်းအလုပ်သမားတွေက ဆရာ့အိမ် (ယွန်းလုပ်ငန်းရှင်အိမ်)မှာ တစ်ပတ်ကို လေးရက်လောက် ဝင်ပေးတယ်။ ကျန်တဲ့ရက်တွေက သူတို့အိမ်မှာတင် မိသားစုတစ်နိုင်တစ်ပိုင် ယွန်းထည် လုပ်ငန်းလေးတွေ လုပ်ကြတယ်။”
ခရီးသွားလုပ်ငန်းပါး၍ ယွန်းထည်လုပ်ငန်းများ ထိုင်းမှိုင်းနေချိန်မျိုးတွင်မူ ယွန်းအလုပ်သမားလေးများ၏ မိသားစုအရေး အားကိုးအားထားပြုရာသည် ငွေပင်ငွေရင်း တောင့်တင်းကြံ့ခိုင်၍ ရင်းနှီးမြှုပ်နှံနိုင်သော ယွန်းလုပ်ငန်း ရှင်ကြီးများပင် ဖြစ်တော့သည်။ ”ယွန်းထည် အရောင်းအဝယ် ပါးရင်၊ လုပ်ငန်းမကောင်းလို့ အိမ်မှာ လုပ်ငန်းပါးရင်တော့ ဆရာ့အိမ်မှာ မြဲတယ်။ တစ်ပတ်လုံးလာကြတယ်” မြင်းကပါကျေးရွာလေး အပါအဝင် ပုဂံညောင်ဦး ဒေသတွင် ယွန်းထည်လုပ်ငန်း သရောခိုင်းချိန်နှင့် ကြုံတွေ့ခဲ့ဖူးသည်။ ရှစ်ဆယ့်ရှစ် အရေးအခင်းပြီးစတွင် ခရီးသွားလုပ်ငန်း ရပ်တန့်သွားခြင်းနှင့်အတူ ယွန်းထည်လုပ်ငန်း အများစု ရပ်ဆိုင်းထားလိုက်ကြရသည်။
”အဲဒီတုန်းက အများစုဟာ ဝမ်းရေးအတွက် ရွှေကျင်ပြီး ရပ်တည်ခဲ့ကြရတာပေါ့။ ဒီအရပ်က ယွန်းကလွဲရင် တစ်ခြားလုပ်ငန်းလည်း မရှိဘူး။ တချို့တော့ ဝါးထရံရက်ကြတယ်”ဟု မြင်းကပါမှ ယွန်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး ပြောသည်။ ”အလုပ်ရှင်ဆီမှာ လုပ်တယ်ဆိုတာ နေ့စဉ် ဝမ်းရေးအတွက်ပါ။ ကိုယ့်အိမ်မှာလုပ်တဲ့ တစ်နိုင်တစ်ပိုင် ယွန်းလုပ်ငန်းလေးကတော့ စုဘူးပါပဲ။ ”မြင်းကပါရပ်သူ ယွန်းအလုပ်သမလေးတစ်ဦးက ပြောပါသည်။ အိမ်တွင်းတစ်နိုင်တစ်ပိုင် ယွန်းလုပ်ငန်းလေးများ မှရရှိသော ဝင်ငွေသည် စုဘူးသဖွယ်ဖြစ်ပြီး၊ ထိုစုဘူးကို တော်သလင်းလတွင် အစဉ်အလာမပျက် ကျင်းပသော မနူဟာဘုရားပွဲတော်ကြီးတွင် လှူဒါန်းသုံးစွဲလေ့ရှိကြောင်း ယွန်းအလုပ်သမတစ်ဦးက ပြောပါသည်။
ပုဂံညောင်ဦးထွက် ယွန်းထည် များကို ယခုအခါ ဥရောပတစ်လွှားမှ ခရီးသွားဧည့်သည်များသာမက အာရှမှဧည့်သည်များပင် စိတ်ဝင်တစား ဝယ်ယူလာကြကြောင်း ယွန်းလုပ်ငန်းရှင်များထံမှ သိရသည်။ ထိုသို့ အာရှမှပင် စိတ်ဝင်တစား ဝယ်ယူလာခြင်းမှာ မြန်မာ့ယွန်းထည်သည် လက်မှုပညာစင်စစ်ဖြစ်သောကြောင့်ဟု ယွန်းလုပ်ငန်းရှင်များက ယုံကြည်ကြသည်။
”ယွန်းကို အစဉ်အဆက် Traditional ပဲ လုပ်ပါတယ်။အနုပညာကို လည်းထိန်း၊ ဝင်ငွေလည်းရပေါ့” မြင်းကပါ၊ ရွှေဥဩ ယွန်းထည်လုပ်ငန်းရှင် ဦးတင်ထွန်းက ပြောပါသည်။
”CASH CARD ကိုဧည့်သည်တွေ သုံးခွင့်ရရင် ပိုပြီးရောင်းရနိုင်တာပေါ့ဗျာ။ ခုတော့ သင့်သလိုနည်းနဲ့ ရောင်းနေရတယ်။ ဒီတော့ ရောင်းသင့်သလောက် မရောင်းရဘူးပေါ့။” ယွန်းလုပ်ငန်းရှင်က သူ၏ အခက်အခဲတချို့ ပြောပြသည်။ ငွေစက္ကူ (ဒေါ်လာ) အနွမ်းလက်မခံရဲသည့် ကိစ္စလည်း ပါသည်။
ယွန်းလုပ်ငန်းရှင် အများစုသည် ကုန်ကြမ်းအခက်အခဲ ပြဿနာမျိုး မရှိကြ။ ချင်းတွင်းနယ်မှထွက်သော မယ်တင်ခဝါးသည်လည်းကောင်း၊ ရှမ်းပြည်နယ်၊ ချင်းတွင်းဒေသ၊ မော်လမြိုင်၊ တောင်ငူ၊ မြို့လှစသည့် ဒေသထွက် သစ်စေးနီ၊ ညို၊ နက်သည် လည်းကောင်း၊ တရုတ်ပြည်မှလာသည်ဆိုသော ဟင်္သာပြဒါးတို့သည် လည်းကောင်း၊ ကျွန်းသားလွှစာမှုန့်၊ ဆေးရောင်စုံတို့သည်လည်းကောင်း သူတို့အတွက် အခက်အခဲမရှိလှဟု ဆိုကြသည်။ ”တကယ်တမ်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာလို့ ယွန်းလုပ်ငန်းတွင် ကျယ်လာရင် အလုပ်သမား အခက်အခဲရှိလာနိုင်တယ်”ဟု ဝက်ကြီးအင်းရပ်၊ ပစ်တိုင်းထောင် ယွန်းထည်လုပ်ငန်းပိုင်ရှင် ဦးမောင်မောင်က ပြောသည်။ ယွန်းလုပ်ငန်းအတွက် အလုပ်သမားသည် ယခုလို၍ ယခုထခေါ်ခိုင်းနိုင်သော လုပ်ငန်းမဟုတ်ကြောင်း၊ မွေးယူရသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။ ယွန်းလုပ်ငန်းတွင် အတော်အသင့်လုပ်နိုင်သော အလုပ်သမားအဆင့်ရောက်အောင် ပင်တစ်နှစ်မျှ သင်ကြားလုပ်ကိုင်ကြရကြောင်း သိရသည်။
”ကျွမ်းကျင်တဲ့ အလုပ်သမားတစ်ယောက် ဖြစ်ဖို့ဆိုတာ အချိန်သုံးနှစ်လောက်ပေးမှ ရနိုင်မယ်” ယွန်းထည်ကောင်းတစ်ခုရဖို့၊ လှလှပပ အဆင့်မီမီ ယွန်းထည်စစ်စစ် ရေခွက်လေးတစ်လုံး ရရှိဖို့သည်ပင် လချီ၊ နှစ်ချီ ကြာ နိုင်သကဲ့သို့၊ ထိုသို့သော အရည်အသွေးကောင်းမွန်သည့် ယွန်းထည်တစ်ခု ဖန်တီးနိုင်ရန်အတွက် သင်ယူရသည့် လက်မှု အနုပညာသည်တစ်ယောက်၏ ပေးဆပ်ရင်းနှီးရသော အချိန်ကာလသည်လည်း မနည်းလှပေ။ ယွန်းပညာသင်ချိန် ကာလများသည် ည၊ မနက် ဝမ်းရေးနှင့် တွယ်ဆက်နေခဲ့ကြ၏။
ယွန်းထည်လုပ်ငန်းတွင် ကညစ်ယွန်း၊ ရွှေစဝါယွန်း၊ သားရိုးပန်းကြွယွန်းတို့ကို မဆိုထားနှင့် အဖြူထည်၊ အနက်ထည် အဆင့်ကိုပင် ယွန်းအလုပ်သမားမောင်နှင့် မယ်တို့သည် လုပ်ငန်းစဉ်အဆင့်ဆင့် ခါးချည့်အောင် လုပ်ကြရသည်။
သူတို့ဖန်တီးထားသည့် ယွန်းထည်တစ်ခုရောင်းရ၍ လုပ်ငန်းရှင်သည် ဒေါ်လာရာထောင်ချီလို့ ရသွားလျှင်လည်း သူတို့သည် မုဒိတာပွား၍သာလျှင် နေကြမည် … သူတို့ဖန်တီးထားသည့် ယွန်းထည်တစ်ခုရောင်းရ၍ လုပ်ငန်းရှင်သည် ဒေါ်လာရာထောင်ချီလို့ ရသွားလျှင်လည်း သူတို့သည် မုဒိတာပွား၍သာလျှင် နေကြမည် …
”လုပ်အားခကတော့ အမျိုးသမီးတွေ ကျွမ်းကျင်မှုအသင့်အတင့် ရှိရင် တစ်နေ့ ကျပ်တစ်ထောင်လောက်ရတယ် ထောင့်ငါးရာအထိ ပေးတယ်။ ယောက်ျားလေးတွေက ထောင့်ခုနစ်ရာ၊ ထောင့်ရှစ်ရာ၊ နှစ်ထောင်ပေါ့။ ဒီဇိုင်းဆွဲတဲ့လူ နှစ်ထောင်၊ သုံးထောင် အထိပေးပါတယ်”ဟု မြင်းကပါ ယွန်းလုပ်ငန်းရှင်က ပြောသည်။
ပုဂံညောင်ဦး ဒေသတွင် ရိုးရာအမွေအနှစ် လက်မှုပညာ ယွန်းထည်လုပ်ငန်းသည် ဒေသ၏ အားကိုးအားထား ပြုရာဖြစ်သော ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို အထောက်အကူပြုသည့်နည်းတူ၊ နိုင်ငံခြားငွေ ရှာဖွေပေးသော လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ ထိုမျှ အရေးပါသော ယွန်းထည်လုပ်ငန်းတွင် အဓိကကျသော အခန်းကဏ္ဍ သည် ယွန်းအလုပ်သမား မောင်နှင့်မယ်တို့ပင်ဖြစ်ကြောင်း ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူတိုင်း တညီတညွတ်တည်း နားလည်ထားကြသည်။ ဆိုရလျှင် ကျွန်တော်တို့ ပုဂံညောင်ဦးဒေသတွင် ရိုးရာအမွေအနှစ် လက်မှု အနုပညာတစ်ရပ်ကို ထိန်းသိမ်းကာ၊ ကမ္ဘာအရပ်ရပ်က ရင်သပ်ချီးမွမ်းထိုက်သော ယွန်းထည်များကို ဖန်တီးလုပ်ကိုင်နေသူ အလုပ်သမားလေးများသည် လက်မှုပညာရှင်လေးများပင် ဖြစ်ကြသည်။ ထို့ အတူ သူတို့သည် အနုပညာရှင်လေးများလည်း ဖြစ်ကြသည်။ အနုပညာရှင်လေးများ ပီသစွာလည်း သူတို့ဖန်တီးသည့် လက်မှုအနုပညာထည်လေးများအတွက် လုပ်ငန်းရှင်ပေးမည့် လက်ခအဖိုးစားနားမှတစ်ပါး မည်သည့်အရာမှ မမျော်လင့်ကြ။
သူတို့ ဖန်တီးထားသည့် ယွန်းထည်တစ်ခု ရောင်းရ၍ လုပ်ငန်းရှင်သည် ဒေါ်လာရာထောင်ချီလို့ ရသွားလျှင်လည်း သူတို့သည် မုဒိတာပွား၍သာလျှင် နေကြမည်။ မိမိယွန်းထည် ပြည်ပခရီးသွားဧည့်သည် ဝယ်ယူသည့် အတွက် လုပ်ငန်းရှင်သည် ဧည့် သည်နှင့်အတူ ပါလာသော ဧည့်လမ်းညွှန်ကို၊ ကားဆရာကို နှစ်ဆယ်ရာ ခိုင်နှုန်း၊ တစ်ဆယ်ရာခိုင်နှုန်းစသည်ဖြင့် ကျေးဇူးဆပ်ပြန်လျှင်လည်း ယွန်းအလုပ်သမား(သို့မဟုတ်) ပန်းယွန်း လက်မှုအနုပညာရှင်လေးများသည် ကားဝန်တိုခြင်း အလျဉ်းမရှိ။ ရသမျှနှင့် ရောင့်ရဲတင်းတိမ်ကာတို့ ယွန်း၊ ရှောက်ယွန်း၊ ရုပ်သေးရုပ်စုံ၊ ခြူးဝိုင်း၊ တစ်စုတ်ပန်း၊ နှစ်စုတ်ပန်း၊ သုံးစုတ်ပန်းနှင့် ငါးထပ်ရုပ်ကြီး စသည် စသည် ဖန်တီးနေဦးမည်သာ။ အညတရ ယွန်းအလုပ်သမလေးတစ်ဦး၏ စကားအမှတ်တရ ဖောက်သည်ပြန်ချရလျှင်- “ပါးပေါ်က ပါးကွက်ပါးချွေးစိုစရာမလိုတဲ့ ကိုယ့်အတတ်ပညာလေးနဲ့ ကိုယ်လုပ်ကိုင်စားသောက်ခွင့်ရတာပဲ ကျေးဇူးကြီးလှပါပြီ”တဲ့လေ။
ဤဒေသသည် တကယ်တော့ အဆင်အသွေး ရောင်စုံပန်းယွန်းများ ဖူးပွင့်ရာ ဥယျာဉ်ကြီးနှင့် တူလှ၏။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ ပန်းယွန်းဥယျာဉ် ထာဝရရှင်သန် ဖူးပွင့်နိုင်ပါစေ။
http://www.thithtoolwin.com/2012/03/blog-post_16.html
etone
March 12, 2012 at 2:58 pm
ယွန်းထည်ဆိုလို့ .. ကိုဂီရေ ….
မြန်မာယွန်းထည်တွေ အဝယ်လိုက်ရဲ့သားနဲ့ …. ထုတ်လုပ်မှု အင်အား တိုးမထုတ်နိုင်တာ .. နာတယ်လို့ ခံစားမိတယ် …. ။ ယွန်းထည်နဲ့ ပ တ်သတ်လို့လည်း .. ရေးစရာလေးရှိထားတယ် .. ဓါတ်ပုံလေးလဲရှိထားတယ် … စာရေးရမှာ ပျင်းနေတာနဲ့ …. လနဲ့ချီပြီ မတင်ဖြစ်ဘူး … ။ ရေးဦးမှပဲ … အာရုံလေးရတုန်း 😀
htoosan
March 12, 2012 at 3:32 pm
ယွန်းလည်း ယွန်း အလျှောက် ဒုက္ခ ။ သူတို့ လုပ်နေကျ ရယ်ဒီမိတ် မဟုတ်ဘဲ ကိုယ် အော်ဒါမှာချင်လား ၊ အစစ်လိုချင်လား ။ အနည်းဆုံး ၄ လ စောင့် ။
etone
March 12, 2012 at 4:24 pm
ကိုထူးဆန်းရေ … ကျွန်မရဲ့ ဧည့်သည်ဖြစ်သူက .. မြန်မာ့ ကျွန်းနဲ့ ယွန်း ထည်ဆိုလျှင် ခရေဇီပါ … ။ ဟိုးတလောက … ယွန်းထည်ခုံလိုချင်လို့ .. အော်ဒါမှာတာ …. လနဲ့ချီပြီးကြာတယ် … သယ်တော့လည်း … အတော်လေး ခက်ခဲတယ် …. ။ စရိတ်တွေ ထပ်ပေါင်းတာ .. နှစ်ဆနီးပါး တက်သွားတယ် … ။ ဒါပေမယ့်.. သူ…ရအောင်ကို .. ကာစတန်ဖြတ်ပြီး ယူသွားနိုင်ခဲ့တယ် … ။
ဒီလိုပဲ မြန်မာ့ ကျွန်းသားကြမ်းခင်း လျှာထိုး အပြားလေးတွေကို … ကွန်တင်နာထဲ LCL cargo အဖြစ် သူများနဲ့ ပေါင်းတင်ပြီး .. ဝယ်သွားခဲ့သေးတယ် … ။
အခုလည်း မျောက်မတောင်းဆိုတဲ့တောင်းကို … .မရမကရှာခိုင်းနေတာတွေ့တော့လည်း …. ဂျိုကျိုးနားရွက်ပဲ့ပေမယ့်.. ဝယ်မယ်ဆိုတာနဲ့ … ဝယ်ပေးလိုက်ရတယ် … ။ 🙄
FattyCat
March 12, 2012 at 1:49 pm
ဒီကိစ္စကို ယွန်းထည်ဆိုတဲ့အကြောင်းနဲ့ပဲစပါ့မယ်ဗျာ…
ယွန်းထည်ဆိုတာ မြန်မာ့ရိုးရာလက်မှုပညာစစ်စစ်မဟုတ်ဘူးလို့ပြောရင်..
ဗမာမျိုးချစ်တွေ ကျွန်တော့ကို ဝိုင်းသတ်ကြမလားပဲ…
ယိုးဒယားဘက်ကနေလာတဲ့ လက်မှုပညာပါ…နောက်ပိုင်း ဗမာတွေက အမွှန်းအပျောက်တွေလုပ်ပြီး ပိုမိုတိုးတက်အောင်လုပ်ခဲ့လို့ ပုဂံယွန်းထည်က ကမ္ဘာကျော်ခဲ့တယ်…
ယိုးဒယားမှာ Thai Silk ကို ခေတ်နဲ့အညီ Modify လုပ်ပြီး ကမ္ဘာကျော်အောင်လုပ်ခဲ့သေးတယ်နော်…
ပင်နီဆိုတာ ဗမာရဲ့ရိုးရာအပြင် နိုင်ငံရေးနဲ့ပါပတ်သက်တဲ့ အဝတ်အထည်အမျိုးအစားပါ…
ကျွန်တော့အလုပ်က နိုင်ငံခြားသားအမျိုးသမီးတွေက မြန်မာနိုင်ငံက ချည်ထည်စစ်စစ်တွေကို အားပေးကြတယ်…
Modify လုပ်ပါ…နည်းပညာတွေကို စမ်းသပ်သင့်နေပြီ…စမ်းသပ်ကြည့်ကြပါ…
Jeans လိုမျိုး ပင်နီကို ကမ္ဘာကျော်အောင် လုပ်မယ့်ဗမာလူမျိုး ယုံကြည်ချက်ဖြင့်ကြိုးစားသူကို မျှော်လင့်ပါတယ်…
Thel Nu Aye
March 12, 2012 at 2:05 pm
NLD အဖွဲ့ချုပ်မှာဝယ်လို့ရပါတယ်။ ဒါပေမဲ့လောလောဆယ်ဆယ်သူတို့ဆီမှာလဲ ပစ္စည်း ပြတ်နေလို့ အမလဲမှာ ထားတုန်းပဲ။ သိမ်ကြီးဈေးမှာတော့ရှိတယ်ပြောတယ်။ သွားရှာကြည့်ပါလား။ နှစ်မျိုးလာတယ်တဲ့။ မြန်မာဖြစ် ရယ် ယိုးဒယားရယ်။ NLD အဖွဲ့ချုပ်မှာတော့ ခွတ်ဒေါင်းထိုးထားတာနဲ့မထိုးထားတာ နှစ်မျိုးရပါတယ်။
Wow
March 12, 2012 at 2:39 pm
ဟုတ်တယ် ကျမလဲ ပင်နီကြိုက်တယ်။ ပင်နီကို Washing Garment Factory တွေမှာ Stone Wash နဲ့လျှော်လိုက်ရင်ရမလားလို့…
etone
March 12, 2012 at 2:50 pm
အစ်မ သဲနုအေးရေ …
ပင်နီတွေ အရောင်းတတ်သွားတာ .. အန်တီစု နယ်လှည့် မဲဆွယ်ပွဲတွေကြောင့်လည်း ပါတယ် … ။ NLD မှာတော့ ..ဝယ်လို ့ရတာ အခုမှပဲ သိတော့တယ် … သိမ်ကြီးဈေးဘက် တစ်ချက်လှည့်ကြည့်ပါဦးမယ် .. ဗိုလ်ချုပ်ဈေးမှာတော့ ရှိတယ် … ဈေးက .. သုံးဆလောက် ပြန်တက်နေတာရယ် ..ကိုယ်ကလည်း ဈေးဆစ်ရမှာ အားနာတာရယ်နဲ့ … သိပ်အလုပ်မဖြစ်ဘူး … ။ မြန်မာဖြစ် အသားကြမ်းကြမ်းကိုပဲ … ဝယ်ဖို့ စိတ်ကူးထားတယ် … ။ 🙂
အစ်မ Wowရေ … Washing Garment Factory တွေမှာ သုံးတဲ့ …. ဆေးခတ်ထားတဲ့ ရေနဲ့တင်ပဲ … အထည်လည်း ဒတ်လဘိုင်လိုက်သွားမယ်ထင်တယ် …. ။ အခုတောင် ချည်ကြမ်းသားတွေ … လက်နဲ့ လျှော်ပါလျှက် ဆေးကျွတ်ပြီး ကွက်နေတာ .. ဟိုတစ်ကွက် ဒီတကွက် … ရုပ်ဆိုးတယ် … ။ ဒါပေမယ့်လည်း .. ဒီအသားမို့ ဒီလို ကွက်တာ … ကွက်ကွက်လေးပဲ ကောင်းပါတယ်လို့ .. ကိုယ့်ကိုယ်ကို အားပေးရင်း .. ထပ်ဝယ် ဖြစ်နေသေးတယ် … 😛 😛 အခုလို နွေပူပြင်းတဲ့အချိန် .. အဲ့ဒါလေးတွေက .. ဝတ်ရတာ အဆင်ပြေတယ် … ။
Thel Nu Aye
March 12, 2012 at 3:28 pm
အိတုန်ရေ။ NLD မှာဝယ်ရင် ၄၊ ၅ ထောင်လောက်ပဲပေးရတယ်။ ဗိုလ်ချုပ်ဈေးမှာကတော့ ၁ သောင်းကျော်တယ်။ သိမ်ကြီးဈေးမှာလဲ ၄၊ ၅ ထောင်ပဲပေးရလိမ့်မယ်။
inz@ghi
March 12, 2012 at 2:41 pm
အင်း …
ရီဆာ့ချ် အင်န် ဒီဗလော့မန့်ဘက်မှာ နှစ်ပေါင်းများစွာ
ရေသာခိုခဲ့ကြတာလေးတွေပေါ့. …
ခုတလော ဟော့ထ် လာတဲ့ ဝေ့ဗ် ကို စီး သွားဖို့ကတော့
ဟုတ်ပါရဲ့ဗျာ လွယ်သေးဘူး ..
ဟိုတခါ သဂျီးနဲ့ စောင်း ကိစ္စပြောခဲ့သလိုပေါ့….
နောက်ထပ်ပြောချင်တဲ့ တခု ကတော့ လွယ်အိတ်ပဲ..
လွယ်အိတ်ကို လည်း ရီနိုဗိတ် လုပ်သင့်ရဲ့…..
နိဒ် အဝဲယားနက်စ် .နိဒ် ဂျန်နရေးရှင်း ..အင်နိုဗေးရှင်း..
ကတ်စတမ်မိုက်ဇေးရှင်း ..ပစ်ချင်း …မိစုမိုလိ ..အိုတိုအိအာဝါဆဲ….
အင်း …ဆေးလှုပ်သောက်ဦးမှ…ပါ….
Rose Minn
March 12, 2012 at 3:24 pm
ဟိုနေ့က သတင်း တစ်ခုထည်းမှာ ကြေညာသွားတယ် တုံရေ။ ပင်နီကို အရောင်းသွက်နေတဲ့ အကြောင်းပေါ့။ များသောအားဖြင့် NLD ပါတီဝင်တွေ အဝတ်များကြတာကိုး သူတို့စည်းရုံးရေးလုပ်တိုင်း ဝတ်ဆင်ကြလေ့ရှိတယ်ပေါ့။ အခုလိုဖြစ်သွားတာ မrose တော့ဝမ်းသာတယ်။ မြန်မာမှန်ရင် ပင်နီဝတ်သင့်တယ် တစ်စုံလောက်တော့ရှိသင့်တယ် လို့မြင်တယ်ပေါ့လေ။ အရင်ကမ rose လည်း အဲဒီစိတ်နဲ့တစ်စုံဝယ်ထားတာ။ အခုတော့ တကယ်စိတ်ထဲကြည်နူးမိတယ်။ ပင်နီဝတ်လိုက်ရင် စိတ်ထဲ တစ်မျိုး ပိုတည်ငြိမ်သွားတယ်လို့လည်းခံစားရသလိုပဲ။ တို့ဗမာတွေ မြန်မာ့ပင်နီကို ပြန်စိတ်ဝင်စားလာပြီလို့။ ခေတ်တောင် ဖြစ်လာတယ်နော်။ နောက်ဆို ဗမာ့ပင်နီ (ကိုရီးယားခေတ်လို) ကမာ္ဘက သိလာပါစေလို့ ဆုတောင်းရင်း…….
etone
March 12, 2012 at 4:03 pm
မြန်မာမှန်ရင် ပင်နီဝတ်သင့်တယ် တစ်စုံလောက်တော့ရှိသင့်တယ် လို့မြင်တယ်ပေါ့လေ။ ဆိုတဲ့ အစ်မစကားလေး ကြိုက်တယ် …. ။ ပင်နီ မရှိစေဦးတော့ .. မြန်မာဝတ်စုံ တစ်စုံလောက်တော့ .. အနည်းဆုံး ရှိသင့်တယ်လို့ ထင်ပါတယ် … ။ အခုလေ … ပေါ်နေတာ.. ချိတ်ဒီဇိုင်းတွေ အရမ်းကြိုက်တာပဲ အစ်မရေ …. ။ ဈေးကလည်း ကြီးပြီး .. .အပြင်မှာ ထသွားထလာ …ဝတ်သွားလျှင် … ဘယ် ပြဇာတ်ထဲက ထွက်လာတဲ့ လူလည်း အမေးခံရမှာ စိုးလို့ … မင်္ဂလာဆောင်တွေ ၊ အလှူတွေလောက်ပဲ … ဝတ်ဖြစ်တယ် … ။
ကိုယ်ပိုင်တော့မဟုတ်ဘူး … အဖွားဟာတွေ ယူဝတ်တာ … ဟိဟိ ..သူ့မှာက ရောင်စုံရှိတယ် 😛 😛
Khaing Khaing
March 13, 2012 at 1:31 pm
ပင်နီအကျီ ယောထမီ တဲ့ အမကတော့ မြန်မာဆန်ဆန်ဝတ်တာတွေကိုသဘောကျတယ် ညီမကိုယ်တိုင်လည်း မြန်မြန်မာဆန်ဆန်တွေဝတ်တာများတယ်လေ…. နောက်တစ်ခုက သနပ်ခါးပါးကွက်ကျားလေးနဲ့ဆိုပိုလိုက်ဖက်သွားမယ်နော် ….. အကျီချုပ်ရင် ဘယ်လောက်ပဲခေတ်ဆန်အောင်ချုပ်ချုပ် မြန်မာဆန်တဲ့ဘက်ကိုရောက်သွားတယ် …. တစ်ခါတစ်လေတော့လည်း ခေတ်နဲ့အညီ ဟော့ရှော့တော့ဝတ်ဖြစ်တယ် ….. မမအိတုံ သမီးတို့တွေတွေ့မယ်နေ့ကျရင် ပင်နီအကျီလေးတွေဆင်တူဝင်ရင်ကောင်းမလားလို့တောင်စဉ်းစားမိတယ် ….. NLD တော့မဟုတ်ပါဘူး MG ပေ့ါလေ ….. စဉ်းစားမိတာလေးကိုပြောတာပါ …..
ခင်မင်ရင်းနှီးစွာဖြင့်
Khaing Khaing
etone
March 13, 2012 at 1:58 pm
မခိုင်ရေ … မြန်မာအကျီ င်္လေးတွေ သဘောကျပေမယ့် .. သနပ်ခါး ပါးကွက်ကြားကြီးတော့ .. မကြိုက်ဘူး..အရေပြားတွေကို တင်းတင်းကြပ်ကြပ်ကြီး ဖြစ်စေပြီး … ပါးရေတွန့်ခြင်းကို အားပေးသလိုချည်း စိတ်ထဲ မှတ်နေလို့ … ဟီးဟီး .. 😛 ဒါ့ပြင် တာရှည်မခံဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့်လည်းပါတာပေါ့ … ။ ငယ်ငယ်ကတော့ သနပ်ခါး မလိမ်းရလျှင် … မနေနိုင်ပေမယ့် .. အခုတော့ …. သနပ်ခါး မလိမ်းဖြစ်တာ .. အတော်ကြာပြီ …. အိမ်မှာပဲနေနေ .. အပြင်ပဲ ထွက်ထွက် … သနပ်ခါးမလိမ်ဖြစ်ပဲ တခြား ကော်စမတ်တစ်ဗ်တွေ လိမ်းဖြစ်တယ် … ။ မျက်နှာတင်မကဘူး ..ခြေတွေ လက်တွေကိုလည်း … သနပ်ခါးမလိမ်းတာ အတော့်ကို ကြာပြီ … ။
ကျွန်မတို့တွေ့မယ့်နေ့ကျလျှင် .. ပင်နီ အကျီ င်္လေးတွေတော့ ..ဆင်တူ မလုပ်ပါနဲ့ …. အလှူကနေ .. နိုင်ငံရေး အသွင် ကူးပြောင်းမှု ဆိုပြီး .. ခေါင်းစဉ်တပ်နှောက်ယှက်ခံရမှာ စိုးလို့ပါ …. ။ တစ်ယောက်စ နှစ်ယောက်စက ကြိုက်လို့ ဝတ်တာကတော့ ပြသနာမဟုတ်ဘူးလေ … အသင်းဖွဲ့လိုက် ..အားလုံးပင်နီဆိုတာကတော့…. အော်တို … နာမည်တပ်ခံရပြီးသားပဲ .. 😀 😀
pooch
March 12, 2012 at 4:08 pm
တုန်တုန်ရေ အမဝယ်တဲ့ အကျီ င်္က ဈေးလည်း ၂ ထောင်ကျော်ပဲ ပေးရတယ် ။ ချုပ်ပြီးသားပါ။ ရေလျှော်တော့လည်း မကျုံ့ပါဘူး ။ ဈေးချို အပေါ်ထပ်က ပါ။ အုပ်လိုက်ဈေးက ၁ဝ ကိုက်ကို ၉၀၀ဝ ပါ။ ဝတ်လို့ အရမ်းအေးပြီး ပေါ့ပါးနေတာပါပဲ ။
အမေစု ကြိုတဲ့ နေ့က ပထမဆုံး ဝတ်ပြီး အစွဲကြီး စွဲသွားတာပါ။ တကယ်အေးပါတယ်။ အဖြူလည်း ရှိတယ်။
etone
March 12, 2012 at 4:44 pm
အစ်မပုချ်ရေ … တန်လိုက်တာ အရမ်းပါပဲ … ။
ဆယ်ကိုက် တစ်အုပ်ဈေးမှ … ကိုးထောင်ပဲကျတယ်ဆိုတာလည်း တန်တယ် .. ရယ်ဒီမိတ်လည်း တန်တယ် … ။ မန္တလေးလာဖြစ်လျှင် … အဲ့ဒီဆိုင်လမ်းညွှန်ပေးရမယ်နော် … ဟဲဟဲ … ပိတ်တစ်အုပ်စာလောက်တော့ … လိုချင်သား … 🙄
လာဖြစ်လျှင် ဖုန်းကြိုဆက်မယ်နော် … ။ ဒီမှာ … သွားမယ် မသွားဘူး နဲ့ .. အချိန် အတော်လေးညှိနေရလို့ ..လာတာတော့ လာချင်တယ် … ။
Moe Z
March 13, 2012 at 11:14 am
မိုးစက်မနှစ်က ဝယ်ခဲ့တာတော့ 1 ကိုက်ချင်းတောင် 800ပဲပေးခဲ့ရတယ် ဈေးချိုမှာပဲ 😀
အဖြူဆိုပေမယ့် ဆင်စွယ်ရောင်လိုအဖြူ၊ ဝတ်လို့တော့ကောင်းတယ် အရမ်းကြေတယ်
မီးပူတိုက်ရခက်တယ် ..
MaMa
March 12, 2012 at 4:28 pm
အင်းးးးး ဟုတ်ပါ့ အီတုံးရေ။ အရင်ကတော့ ပင်နီကို ဝတ်ဖို့ သတိမရခဲ့ပေမယ့် ခုတော့လည်း ဝတ်ချင်လို့ မြန်မာချည်ထည်တွေ ချုပ်ရောင်းတဲ့ဆိုင်ကို မေးကြည့်ပါတယ်။ ပစ္စည်းပြတ်နေတယ်တဲ့။
တိုးတက်လာတာ တစ်ခုက မြန်မာယက် ချည်သားတွေကို ပေါင်းပြီးမှ ချုပ်လို့ အရင်တုန်းကလို ရေကျတာ (ကျုံ့သွားတာ) မရှိကြတော့ဘူး။
ပင်နီတွေတော့ ဘယ်လိုလဲ မသိသေးဘူး။
Thel Nu Aye
March 12, 2012 at 6:13 pm
ပင်နီတွေလဲတော်တော်ချောလဲပြီအမရဲ့။ မကျုံတော့ဘူး။ ဝတ်ရင်လဲအသားသိပ်မရှတော့ဘူး။ အကျီ င်္မှ ၄ ထောင်။ ထမီလဲ ၄ ထောင်ပဲ။ တန်မှတန်။
a me
March 12, 2012 at 4:37 pm
တောင်းပန်ပါတယ် ဒီနေ့မှ အေမီလည်း ့မြန်မာလိုမနည်းရှာနေရတယ်……
etone
March 12, 2012 at 4:47 pm
မအေမီရေ … မရှာဖြစ်သေးလို့ မတွေ့တာနေမှာပါ … လိုချင်လျှင် လက်တကမ်းမှာ ရှိပါတယ် … ပင်နီရောင်ကလွဲလျှင် ….အ ခု ဆို ဝယ်ရတာလည်း .. အရမ်းလွယ်နေပြီ … ဝမ်းဆက်ဝတ်ဖို့လည်း ခေါင်းစားဆရာမလိုပဲ အရောင်လေးတွေ တွဲထားပြီးသား …. ရှောပင်းစင်တာတိုင်းမှာ … ရနေပါပြီ … ။ 🙂
မဟာရာဇာ အံစာတုံး
March 12, 2012 at 6:49 pm
ပင်နီ အင်္ကျ ီနဲ့ ပတ်သက်ပြီး ကျနော်တို့ ရွာမှာ ဖြစ်ခဲ့တာလေး တစ်ခု ရှိပါတယ် …
တစ်ခါက ရွာမှာ လူငယ်ပိုင်းထဲက ဥက္ကဋ္ဌ ရွေးမယ်ဆိုပြီး ရွာက ထင်ပေါ်တဲ့ လူငယ်တွေကို ခေါ်တော့ …
ကျနော့် အကိုကြီး တွေက သွားကြရော …
သွားတာမှ ရိုးရိုး သွားတာဟုတ်ဖူးရယ် …
ပင်နီ အင်္ကျ ီကို ဝတ်သွားတာဗျ …
အဲဒီမှာ အပယ်ခံရတော့တာပါပဲ ..
လူတွေက တော်တယ် ..
တစ်ရွာလုံး ကလည်း သူတို့ကိုပဲ ထင်ထားကြတာ …
သို့ပေမယ့် ပင်နီအင်္ကျ ီကြောင့် အပယ်ခံလိုက်ရတယ်ဗျို့ ……..
ဒါက ပင်နီနဲ့ ပတ်သက်ပြီး မကြာသေးတဲ့ အတိတ်က ဖြစ်ခဲ့တာလေးပါ …….
စကားမစပ် …..
မမအိတုံ ကို ကြောရဦးမယ် …
တားတားလည်း ပင်နီ ဝတ်ချင်လို့ … အဲဒါ ..
လမ်းကြုံရင် ဝယ်ခဲ့ပါလား .. လို့ …….
အဟီး …… Free ……… 😀
etone
March 13, 2012 at 8:40 am
အဲ့ဒီအစွဲတွေကလည်း ရှိသေးတယ် … ဘယ်သူ ဘာအကျီ င်္ ဝတ်ဝတ်ပေါ့ …. ။ အကျီ င်္ဝတ်ထားလို့ … အရွေးမခံရဘူးဆိုတာမျိုးက ဖြစ်ကို မဖြစ်သင့်ဘူး …. ။ အဲ့ဒီ ရွာလူကြီးတွေ … ဦးနှောက်မရှိလို့ပဲ ဖြစ်ရမယ် …. ။
တကယ့် အရည်ချင်းကို မရွေးထုတ်ပဲ .. အကျီ င်္ကို ရွေးနေလို့လေ … ။ 👿
surmi
March 12, 2012 at 11:03 pm
ပျောက်နေတာကြာပြီ ၊အလုပ်များနေတယ်ထင်ပါ. ။ပင်နီဆိုလို. ကျုပ်တို.ငယ်ငယ်ကပင်နီနဲ.တိုက်ပုံချုပ်ရင်
မုူရင်းအတိုင်းအတာထက် ငါးလက်မလောက်ပိုချုပ်ရတယ် ၊ ခုတော. နည်းပညာတွေကောင်းလာတော.
အသားအနားပိုကောင်းလာမယ်ထင်တယ် ။ ကျုံ.ကြွ တာတွေလည်းရှိမှာမဟုတ်ဘူး ။နောက်ဆို
နိုင်ငံတကာဈေးကွက်တောင်ရောက်သွားမလား မဆိုနိုင်ဘူးနော …..။
Khin Latt
March 13, 2012 at 4:53 am
ဘာရယ်မဟုတ် ငယ်ငယ် က မောင်ရေခဲ နဲ့ မရွှေဖဲ ဘုရားပွဲ ကို သွားတဲ့ အကြောင်း ကဗျာလေးသတိရလို့။
ဘာဝယ်ခဲ့လဲ မရွှေဖဲ ….ပင်နီအကျင်္ ီ ယောထမီ တဲ့။
အရီးလဲ ယောထမီ ကို သိပ်ကြိုက်ခဲ့ဘူးတာပေါ့။
အဲဒီချိန်က ပင်နီ က ယောထမီ လောက်ခေတ်မစားဘူး ထင်ရဲ့။
အရင် မြန်မာပြည်ကပြန်ရင် ရှမ်းပင်နီအကျင်္ ီ တွေတော့ ဝယ်ပြီး ဒီမှာ လက်ဆောင်ပေးဘူးတယ်။
ဒီကလူတွေ အတော်သဘောကျ ကြတယ်။
ဒါပေမဲ့ ပေးတိုင်း ရေလျှော် ရင် သီးခြားခွဲပြီး လက်နဲ့ လျှော်ဖို့ပြောရတယ်။
မတော်လို့ ဆေးတွေကျွတ် မှာစိုးလို့။
တကယ်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီလို ဒီဇိုင်းက ၁၉၈၈ ထဲက ရှိပြီးသားပါ။
အဲဒီတုန်းက မိန်းကလေးတွေ က မြန်မာထမိန် မြန်မာအကျင်္ ီ ဘဲ အဝတ်များသေးတော့ သိပ်မထူးခြားသလို ဖြစ်ခဲ့တာ …. ထင်ရဲ့။
အခုမှာတော့ မြန်မာ မိန်းကလေးတွေ မြန်မာထမိန် မဝတ်သလောက် ဖြစ်ကုန်တော့ အဆန်းဖြစ်သွားတာလား ….. မသိ။ 🙂
etone
March 13, 2012 at 10:31 am
ကိုဆာမိရေ …အလုပ်များနေတာကြောင့် … ခဏတဖြုတ်သာ ဝင်ဝင်ဖတ်ဖြစ်တာကြောင့် … စာသိပ်မရေးဖြစ်သလိုဖြစ်နေတာပါ … တိုက်တိုက်ဆိုင်ဆိုင်ပဲ … မနက်ကလည်း ကဏန်းကြီး ဆဲဗမ်း ဆဲဗမ်းက ပျောက်နေတယ်စာမရေးတော့ဘူးလား လာပြောသွားသေးတယ် … ။
ပင်နီသားပိုကောင်းလာတာတွေ တွေ့ရပါတယ် … ဒါပေမယ့်လေ …. မြန်မာ့ဟန်ပန်ပါတဲ့ ပင်နီစစ်စစ်ရဲ့ အငွေ့သက်တွေ လွင့်ပါးလာတာကိုတော့ ခံစားမိတယ် … ။ ပင်နီရဲ့ သဘာဝကိုက .. ဆေးကျွတ်မယ် ၊ ကျုံ့မယ် … ရေလိမ်ညွှစ်လျှင် တွန့်ကြေမယ် … အသားကြမ်းမယ် ..ချည်ပေါက်ကျဲမယ်လေ … အခုပေါင်းသား ဆိုတာလေးတွေတောင် … ပင်နီလိုဖီလင်မျိုးမဟုတ်ပဲ ပါးပါး လှပ်လှပ် ဘိတ်ရှန်လို အသားတွေ ဖြစ်နေတာတွေ့ရတယ် 🙄
ွှအရီးလတ်ပြောသလိုပဲ …. ဒီပင်နီဒီဇိုင်းရှိခဲ့တာ …. အရင်ကတည်းပါ…. အဲ့ဒီအချိန်မှာတော့ .. အားလုံးက သူလို ကိုယ်လို ဝတ်ဆင်နေကြတော့ .. သိပ်ပြီး အထွေထူး … ဟိုက်လိုက်မဖြစ်တာကြောင့်ဖြစ်မယ် .. အခုတော့ .. ကိုရီးယားဖက်ရှင်ထဲ … မြန်မာအထည်လေးတွေပါ .. ရောထွေးလာလို့ … နည်းနည်းမြင်သာလာတာဖြစ်မယ် … ။ ဘာပဲဖြစ်ဖြစ် .. မြန်မာပြည်တွင်းဖြစ် အထည်လေးတွေ .. တခေတ်ဆန်းလာတာကိုတော့ သဘောကျမိတယ် … ။ 🙂
kai
March 13, 2012 at 5:16 am
ကြည့်ရတာ.. ယူအက်စ်ကပဲ.. ပင်နီအစတွေထုတ်ရတော့မယ်ထင်တယ်..။
အရင်ဆုံး.. ငွေရင်းနှီးမြုတ်နှံဖို့.. ရှယ်ယာခေါ်မယ်..
.. ဖြစ်မယ်ထင်သလား…။ 😆
Thel Nu Aye
March 13, 2012 at 7:22 am
ဟင့်အင်းသဂျီး။ ပင်နီကိုမြန်မာကထုပ်နိုင်မှ ဂုဏ်ယူစရာဖြစ်တော့မပေါ့။ မြန်မာနဲ့ပင်နီဟာ ကိုရီးယားနဲ့ကင်ချီတွဲသလိုတွဲမြင်အောင်မြန်မာမှာပဲ အောင်မြင်အောင်ထုပ်နိုင်အောင်ကြိုးစားဖို့လို တယ်လို့ထင်ပါတယ်။ ပင်နီအစမြန်မာကဖြစ်ရမယ်။
inz@ghi
March 13, 2012 at 8:50 am
အလို…
အမေဒစ်ကင်န် ပင်နီ ဟုတ်စ ….
ဒုက္ခ
:'(
ကိုပေါက်(မန္တလေး)
March 13, 2012 at 9:29 am
မြန်မာပြည် က ပစ္စည်းတွေက လက်မူ့ပစ္စည်းအစစ်ဖြစ်တော့ ပေါပေါမထွက်ပါဘူး။
နိုင်ငံခြားကလူတွေလဲ ဟန်းမိတ်ဆို ဈေးပိုပေးရတယ်ဆိုဘဲ။
မြန်မာပြည်က အမျိုးသားရေးအနေနဲ့ဝတ်ရမယ့်အထည်ကို မြန်မာပြည်ထဲကဘဲ ထုတ်လုပ်မှသဘာဝကျမှာပေါ့။
တကယ်ပြောရရင် အပေါ်ယံညီဘို့ထက် အတွင်းက ညီနေဘို့က အဓိကပါ။
မိုက်ကယ်ဂျော်နီအောင်ပု
March 13, 2012 at 10:43 am
ဝင်လွှတ်အုန်းမှ 😀
ဒေါက်တာပြောသလို မြန်မာ့ယဉ်ကျေးမှု့ဆိုတဲ့ကိစ္စကတော့ ပြောလို့လည်းပြီးမှာမဟုတ်တော့
ပြောတော့ပါဘူးဒေါက်တာ
ကိုယ့်ကြိုက်တာသာကိုယ်ဝတ်ကြပေတော့ပေါ့ဟုတ်ဘူးလား အကြိုက်ခြင်းတော့တူကြမည်မထင်
( အကြိုက်ခြင်းတူကြလို့ကတော့ ဒေါက်တာ့ရဲ့ဒေါက်တာကြီးကိုလည်း အခြားလူတွေနဲ့
ရင်ထုပြီး ဒေါက်တာလုနေရအုန်းမှာနော ( စကားချပ် ) )
မြန်မာ့ပင်နီကို အဆင့်မှီထုပ်လုပ်ဘို့ကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ရော
စီးပွားရေးအမြင်နဲ့ရော ( စီးပွားရေးအမြင်းပြောလို့ လာအထင်မကြီးနဲ့အုန်း ကျုပ်ကအရက်သမား 👿 )
ထောက်ခံမိပါတယ်ဗျာ
ပြောရရင်တော့ ထိုင်းဈေးကွက်တွေထည်းမှာ Handmade တွေအတော်ဈေးကောင်းရတယ်ဗျ
ခု ဒေါက်တာတို့ပြောနေကြမှ သတိရမိတယ်
ယ္ခင်က ကျုပ်အမြင် အဲ့သည် Handmade တွေကို ဂုံနီအိပ်အသားနဲ့တူရန်ဂေါ ဆိုပြီး
အူကြောင်ကြောင်မြင်ခဲ့ဘူးတယ် အများအားဖြင့် အသားနီကျင်ကျင်နဲ့ လူဖြူတွေအတော်ကြိုက်တာ
သတိထားမိတယ်
ကျုပ်တို့ မြန်မာ့ပင်နီတွေကိုလည်း ဒီလို အဆင့်မှီလုပ်မယ်ဆိုရင်ရလာမယ့်အကျိုးဆက်က
ဝါဂွမ်းစိုက်တဲ့တောင်သူတွေမှသည် ရေဆုံးမိုးဆုံးသာမြင်ကြည့်ပေါ့ဗျာ
ပြဿနာက ဂက်စ်လိုင်းနဲ့ မြစ်ဆုံရဲ့ စွမ်းအင်တွေက တရုပ်ပြည်ကိုတန်းးးးးးးးးနေတာဘဲဆိုတော့
ယွန်းထည်ဖက်ပြန်လှည့်ရင်လည်း အနုစိတ်လက်ရာ အဖုအဖေါင်းတွေတွက်
A/C D/C နှင့် သုံးရတဲ့ မော်တာအသေးစားလေးတွေကလည်း
အဲ့သည် ဂက်စ်လိုင်းနဲ့ မြန်မာ့မြစ်ချောင်းအင်းအိုင်တွေစီကို ပြန်ရောက်လာတော့
စွမ်းအင်မဲ့အောင် ထိန်းချုပ်နေကြတဲ့ သတ္တဝါတွေကိုဆုတောင်းမေတ္တာပို့ဖို့သာအထူးပေးလုပ်သင့်ပါကြောင်း
အကြံပြုဆွေးနွေးတင်ပြလိုက်ပါဒယ် ဒေါက်တာ
ပြောလို့ရတာဟုတ်ဘူး ဒီရွာထဲ စစ်ဗိုလ်အမျိုးတွေခပ်များများဆိုတော့
blackchaw
March 16, 2012 at 9:29 pm
Etone မရေ။
လက်မလေးတစ်ချောင်းထောင်ပြီး အားပေးသွာပါတယ်။
တညင်သား
March 17, 2012 at 9:31 am
ပြောရရင် သူများကြိုက်လို့ဖြစ်အုံးမယ်……..
တားတား ငယ်ငယ်ကထဲက အဲဒီ ပင်နီ တိုက်ပုံ ကို သန်လျှင် ကျိုက်ခေါက် ဘုရားပွဲဈေးမှာ တနှစ်တခါ ဝယ်ဝတ်နေကျ ..လယ်ထွန်တော့လဲ စွတ်ကျယ်လေး ဝတ်ပြီး အပေါ်က ပင်နီတိုက်ပုံ အဟောင်းလေးနဲ့ တားတားရဲ့ ယူနီဖောင်းပေါ့..ပင်နီ ပါတီကြီးပေါ်လာတော့ တားတားမဝတ်ရဲတော့ဘူး ..အိမ်မှာ ဆန်ကောင်းကောင်းစားရတယ်လေ .အမြင်ကပ်တဲ့ပုတ်မ ကြီးနဲ့ ဆန်ကြမ်းစားခိုင်းနေမှာစိုးလို့ :(…..
အခုလဲဝတ်ပါသေးတယ် ပင်နီ ဘောင်းဘီလက်မတိုမရှည် မယုံရင်ကြည့်မလား…:):)