ပိတောက်ဝါ
…ပွင့် စရာရှိလဲ
…တစ်ဖက်သတ်အတွေးနဲ ့
….အချိန်မရွေး ခဲ့သူပါ…။။
…တန်ခူးမဟုတ် လည်း
….တပေါင်းလေရူးနဲ ့
…သူ ့ အဖူးတွေ လူးလွန် ့ ပွင့်နေရှာပေါ့..။။
…မြင်နိင်လေ မလား
…သူ ့ဝိညာဉ် သူ ့ပင်ကိုအလှ
…ဝါပြနေပုံများ ရွှေချလို ့သာ ထားချင်တယ်..။
…ကမ္ဘာ ခြားသွားလည်း
…သစ္စာတရားက ခိုင်မာ
…သင်းရနံ ့ဝေဖြာ လို ့ ဘယ်ပန်းက သာနိင်ပါ့..။။
…ဝေလွယ် ကြွေ လွယ်တယ်လို ့ဆိုဆို
…မလွင့်ခင် ပွင့်ရဲ မြဲတဲ့တရားက
…သူ လာရင်
….အဟောင်းတွေ ချေပလို ့
…အသစ် ကို လမ်းပြခဲ့ သူပါ……..
……………………………………….
….သူငယ်ချင်းရေ…..
….ဟော.. ဟိုကပိတောက် တစ်ခက်နဲ့
….တို ့တစ်တွေ အသက် တစ်နှစ် ဆက် ကြစို ့လေ…။။
One comment
ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်
March 15, 2012 at 1:57 am
နွေ………….တဲ့
မရောက်ခင်ကတည်းက
သူ ့ရဲ ့ခြောက်သွေ ့မှု
လူကိုကူးစက်စေတယ်။
သူ ့ရဲ ့ပုံရိပ်…
တင်စားကြတဲ့
ပိတောက်ဆိုလည်း
အချိန်မတိုင်ခင်
အစောကြီးထဲက
သစ္စာမရှိ
ပွင့်နှင့်ကြတယ်။
ကြာလာတော့လည်း
ပြောင်းလဲလာတဲ့
သဘာဝတရားနဲ ့
လူတွေကြားမှာ
Flexible ဖြစ်အောင်
ငါ…ကြိုးစားမယ်
ပိတောက်တခက်
လက်ကိုင်စွဲလျက်
ဇောက်ထိုး မိုးမျှော် ငါ သခင်ကိုယ်တော် … ငှဲလျောင်း .. ငှဲလျောင်း