ပွင့်လင်းတဲ့လူ ့ဘောင်ဖြစ်ရေး နဲ ့ ကိုမင်းကိုနိုင်သို ့
Open Society ပိုင်ရှင် သူဌေးကြီး ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံကို ရောက်ပြီးမကြာခင်ကာလမှာတင် ကိုမင်းကိုနိုင်တို ့အုပ်စုက ပွင့်လင်းတဲ့လူ ့အဖွဲ ့အစည်းဆိုတဲ့စကားကို ထပ်တလဲလဲပြောလာတာကို ကြားရပါတယ်။ ပြည်သူတွေနဲ ့တွေ ့ဆုံဆွေးနွေးပွဲတွေလုပ်ပြီး ပွင့်လင်းတဲ့လူ ့အဖွဲ ့အစည်းဆိုတာဘာလဲလို ့ ကိုမင်းကိုနိုင်တို ့အုပ်စု ရှင်းပြနေတယ်လို ့ယူဆရပါတယ်။
သတင်းထဲမှာလည်း ပွင့်လင်းတဲ့ လူ ့အဖွဲ ့အစည်းဆိုတာ ပိတ်ဆို ့ထားတဲ့လူ ့အဖွဲ ့အစည်းမဟုတ်ဘူးပေါ့ဗျာလို ့ဆိုပြီး…ထောင်ထဲမှာ နှစ်ပေါင်း နှစ်ဆယ်နီးပါးနေခဲ့ရတဲ့ ကိုမင်းကိုနိုင် ပြောလိုက်တာကို ကြားရတော့ ဒီလိုမှတ်ချက်ချမိပါတယ်။
သူပြောမှပဲရှင်းတော့တယ်လို ့ဆိုပြီး ကျနော်မှတ်ချက်ပေးပါတယ်။
အခုလည်း ပြည်ပရောက်နေတဲ့ လူတွေဟာ အခမ်းအနားတွေလုပ်ပြီး နိုင်ငံရေးကို အားတက်သရောလုပ်လာတာနဲ ့ပက်သက်ပြီး ပြောလာပြန်တော့ တခုခုတော့ ရေးမှ ရမယ်ဆိုပြီး ဒီစာကို ရေးရခြင်းဖြစ်ပါတယ်။
၁) ဘာ့ကြောင့်ကိုမင်းကိုနိုင်တို ့ Society ကို ဂျော့ဆိုးရော့လာမှ အိုးပန်းချင်တာလဲ။
၂) ဘာ့ကြောင့်ပြည်ပအဖွဲ ့အစည်းတွေလုပ်နေတဲ့ အခန်းအနားတွေနဲ ့ပက်သက်ပြီး အခုမှဝေဖန်ရတာလဲ။
၃) အခု ကိုမင်းကိုနိုင်တို ့အုပ်စု ဟောလီးဒေးလို လုပ်နေတဲ့အလုပ်က တကယ်ပဲ တိုင်းပြည်ပြောင်းအောင် ဖန်တီးပေးနိုင်လား။
ဒီမေးခွန်းသုံးခုကို ကျနော်ဘာကြောင့်မေးရလဲဆိုတော့ သံသယ ရှိနေလို ့ပါ။ ကိုမင်းကိုနိုင်နဲ ့အဖွဲ ့ဟာ တိုင်းပြည်အပေါ်ထားတဲ့သဘောထားနဲ ့ပက်သက်ပြီး လုံးဝကို သံသယမရှိပါဘူး။ မြန်မာပြည်ဟာ အိုပန်း ဖြစ်ဖို ့အရမ်းကိုလိုအပ်ပါတယ်။ ဒါကိုလည်း သဘောတူပါတယ်။ ဒါပေမဲ့ ဂျော့ဆိုးရောစ့်ကြီးပေးတဲ့ပိုက်ဆံရမှ အိုးပန်းနိုင်တဲ့ အခြေအနေနဲ ့လှုပ်ရှားမှု ့ကိုတော့ လုံးဝကို ကန် ့ကွက်တယ်။ လုံးဝကိုသဘောမတူပါ။ ဖြစ်နိုင်ရင် OSI က ပေးတဲ့ အကူအညီအစား ပြည်သူလူထုကပေးတဲ့ အကူအညီနဲ ့ Open Society ကန်ပိန်းကို လုပ်စေချင်တယ်။ ဘာ့ကြောင့် ဒီစကားတွေပြောရလဲဆိုတော့ ပြည်ပက အဖွဲ ့အစည်းတွေပျက်စီးရတဲ့အကြောင်းအရင်းမှာ အန်ဂျီအိုက အလွယ်တကူရတဲ့ငွေကို ယူပြီး ဒီအပေါ်မှာ သာယာသွားလို ့ပါပဲ။ လွယ်လွယ်နဲ ့များများရတော့ ကြာတော့ လူတွေပျက်စီးလာတယ်။ အချင်းချင်းကွဲလာတယ်။ ပြည်သူက အထင်အမြင်လွဲလာတယ်။ ဒါနဲ ့ပက်သက်ပြီး တချိန်က တန်ဖိုးအရမ်းကြီးခဲ့တဲ့ ခေါင်းဆောင်တွေရဲ ့ Reputation တွေ တဖြည်းဖြည်း မှေးမှိန်လာတယ်။ နောက်ဆုံး ပြည်သူလူထုက ဒီလူနဲ ့ဒီအဖွဲ ့အစည်းဆိုရင် လိမ်တဲ့လူတွေ လုပ်စားတဲ့လူတွေဆိုပြီး ကဲ့ရဲ ့လာကြပါတယ်။ ဖြစ်နိုင်ရင် Open Society ဆိုတဲ့ ကန်ပိန်းကို ပြည်သူလူထုရဲ ့ လှူဒါန်းငွေနဲ ့လုပ်စေချင်ပါတယ်။ ဥပမာ နာရေးကူညီမှုအသင်းလို ပြည်သူလူထုက လှူးဒါန်းငွေနဲ ့ရပ်တည်တာဟာ အရမ်းကို ဂုဏ်သိက္ခာရှိပါတယ်။
ပြည်ပမှာ OSI ကြောင့် လူတွေပျက်စီးသွားတာကို တင်ပြနေတာပါ။ ကောင်းလာတဲ့လူတွေလည်းရှိပါတယ်။ ဒါပေမဲ့နည်းပါတယ်။
နောက်တစ်ခုက မနေ ့တနေ ့ကမှ ထောင်ထဲက ထွက်လာတဲ့လူတွေက Open Society ဆိုတဲ့ နိုင်ငံရေးအယူလို ့ပဲပြောမလား၊ အိုင်ဒီယာပဲပြောမလား (ကျနော်နားမည်ပါ)…..ဆိုတော့ ဒီလိုဘာသာရပ်ကို တကယ်ကော တက်ကျွမ်းလို ့လား။ မတက်ကျွမ်းပဲနဲ ့ပြည်သူလူထုက ကြည်ညိုလေးစားနေတာကို အခွင့်ကောင်းယူပြီး ပြောဆိုဆွေးနွေးနေတာကိုတော့ လုံးဝသဘောမကျပါဘူး။
နောက်ဆုံးအနေနဲ ့ဘာ့ကြောင့်များ ဟိုးတုန်းကတည်းက Open Society ကန်ပိန်းကို မလုပ်တာလဲ။ ဂျော့ဆိုးရောစ့်လာပြီးမှ လုပ်တာကတော့ မရိုးသားဘူးလို ့ထင်ပါတယ်။ ဒီကိစ္စကို ရှင်းလင်းဖို ့တောင်းဆိုချင်ပါတယ်။
ကျနော်တို ့နယ်စပ်အဖွဲ ့အစည်းတွေ လူပုဂိ္ဂုလ်တွေဟာ ရှင်းရှင်းပြောရရင် အန်ဂျီအိုပေါ်မှာ မှီပြီး စားလာရတာ အတော်ကိုကြာနေပြီ။ တချိူ ့တွေသူဌေးဖြစ်ကုန်ပြီ။ အများစုက အရက်သမားတွေဖြစ်ကုန်တယ်။ နယ်စပ်က နိုင်ငံရေးဆိုတာက မရှက်တမ်းပြောရရင် ညနေပိုင်းအရက်သောက်ရင်း ဘီဘီစီ၊ အာဖက်အေ၊ ဗွီအိုကေ ကိုနားထောင်ရပါတယ်။ ပြီးရင် ဟိုအဖွဲ ့အစည်းက ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး အတင်းပြောပါတယ်။ မနက်ပိုင်းဈေးဝယ်၊ ထမင်းချက်ပြီး၊ ညနေပိုင်း မိန်းမကို ချ ရပါတယ်။ ဒါကို အိပ်စား-ိုး၊ လို ့ခေါ်ပါတယ်။ အခန်းအနားရာသီမှာ အခန်းအနားလုပ်ပါတယ်။ စတိမတ်ထုတ်ချိန်ဆိုရင် စတိတ်မန် ့ထုတ်ပါတယ်။ သင်တန်းတက်ရပါတယ်။ ခြုံကြည့်ရင် ကျနော့်တို ့နယ်စပ်က နိုင်ငံရေးကို အကြမ်းဖျဉ်းသိပါလိ့မ်မယ်။
အောက်ခြေရဲဘော်တွေအတွက်မှာ အလုပ်မရှိသလောက်ပါပဲ။ အရင်တုန်းက တောထဲမှာလှုပ်ရှားမှု အားကောင်းနေတုန်းက ရဲဘော်တွေအတွက် အလုပ်အရမ်းပေါပါတယ်။ ထမင်းချက်၊ ထင်းခွေ၊ ကင်းစောင့်က ကျနော်တို ့လို ရဲဘော်အတွက်ဖြစ်တယ်ဆိုတော့ အလုပ်က အရမ်းပေါတယ်။ မြို ့ပေါ်လည်းရောက်ရော ကျနော်တို ့အလုပ်ဆိုတာက ခေါင်းဆောင်တွေကို ဆိုင်ကယ်မောင်းပို ့၊ ထမင်းချက်ကြွေး၊ ပြီးရင် သူတို ့ခိုင်းတာလုပ်ရပါတယ်။ ငွေရလားဆိုတော့ မရပါဘူး။ ခေါင်းဆောင်လို ့ခေါ်တဲ့ အသက်ကြီးပြီး ဟိုဟာမကြီးတဲ့သူတောင်းစားတွေကတော့ ပြည်တွင်းယူဂျီလုပ်ငန်းကို သူတို ့ကိုင်ထားတယ်။ ပြည်တွင်းက နိုင်ငံရေးအင်အားစုနဲ ့အထိအစပ်ရှိတော့ သူတို ့ပဲ အလုပ်ရှိပါတယ်။ ဒါက သူတို ့အလုုပ်။ သူတို ့ဘာလုပ်လဲဆိုတာ ယနေ ့အထိ ကျနော်လုံးဝမသိပါဘူး။
နောက်ဆုံး ဂွင်မရှိတဲ့အောက်ခြေက ရဲဘော်တွေအားလုံးဟာ တတိယနိုင်ငံတွေကိုသွားဖို ့ပြင်ဆင်ရပါတယ်။ နယ်စပ်မှ ဆက်ပြီးနေရင် ကျနော်တို ့တင်မကဘူး၊ ကျနော်တို ့ခလေးတွေပါ လူညွန် ့တုံးမယ်ဆိုတာကို သိပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားကို ရတဲ့အပေါက်ကနေ ထွက်ပါတယ်။ ရောက်တဲ့နိုင်ငံမှာ ကိုယ်နိုင်သလောက်၊ ကိုယ်မှီသလောက် လုပ်ကြတဲ့ ရဲဘော်တွေချည်းပါပဲ။ လူတိုင်း နိုင်ငံရေးနဲ ့မကင်းပါဘူး။ မပြတ်ပါဘူး။ လိုအပ်ရင် လိုအပ်သလို နိုင်ငံရေးမှာ ပါကြတယ်။
ဒီနေ ့ဒီအချိန်မှာ ကိုမင်းကိုနိုင်တို ့အုပ်စုအနေနဲ ့နယ်စပ်က နိုင်ငံရေးအင်အားစု၊ တတိယနိုင်ငံက နိုင်ငံရေးအင်အားစုတွေနဲ ့ အစည်းအဝေးလိုမျိူးလုပ်ပြီး အကျင့်ပျက် ချစားနေတဲ့အမှုကို ရှင်းလင်းပေးဖို ့တောင်းဆိုပါတယ်။
နောက်ဆုံးတစ်ခုက….ကိုမင်းကိုနိုင်တို ့အုပ်စုက ပြည်ပက နိုင်ငံရေးလှုပ်ရှားသူတွေကို အထင်မကြီးတာကိုတွေ ့တော့ အရမ်းကို အံ့ဩမိပါတယ်။ စကားပြောရင် ခေါင်းဆောင်ပီပီ တည့်တည့်ပြောပါ။ ဘယ်အဖွဲ ့အစည်းတွေဘာလုပ်နေလဲ၊ ဘယ်လူပုဂ္ဂိုလ်တွေ ဘာဖြစ်လဲဆိုတာကို တည့်တည့်ပြောပါ။ ကိုမင်းကိုနိုင်တို ့မသိဘူးမဟုတ်ဘူး။ သိတယ်လို ့ကျနော်ယူဆပါတယ်။
ပြည်ပကလူတွေ တနေ ့နေ ့ကျရင် ပြန်လာမှာပါ။ ဒါကိုတော့ စိတ်ချစေချင်တယ်။ ကျနော်တို ့ဘဝတွေဟာ ပြည်ပမှာ မပျော်လည်းနေရပါတယ်။ ကိုမင်းကိုနိုင်တို ့လို ခလေးမရှိခလောက်မရှိတဲ့လူတွေမဟုတ်တော့ သားကျွေးမှု မယားကျွေးမှု ့အပြင် ပြည်တွင်းမှာ ငတ်နေတဲ့ မိဘတွေကိုလည်း ကျွေးရပါသေးတယ်။ ဒီလို အမျှင်တန်းနေတဲ့အချိန်မှာ ပြည်တွင်းကို ပြန်လာပြီး ကျနော်တို ့ဘာလုပ်ရမှာလဲ။ အစိုးရဖမ်းတာကို အချိန်နဲ ့တပြေးညီထိုင်စောင့်ရမှာလား။ ဟိုအစည်းအဝေးတက်၊ ဒီအစည်းအဝေးတက်ပြီး နိုင်ငံရေးကို လုပ်ရမှာလား။ ဘယ်နေရာမှာလုပ်ရမှာလဲ….ဖြေပေးပါ ကိုမင်းကိုနိုင်နဲ ့ကိုကိုကြီးခင်ဗျား….။
လေးစားလျှက်
ဘုန်းကျော်