ခရီးသွားရင်း လက်ဆော့ခြင်း
ကင်းပွန်းစခန်းကနေ တောင်ပေါ်ကို ကားစီးရင် နာရီ ဝက်လောက်ပဲ ကြာပါတယ်။
ကားရပ်တဲ့နေရာကနေ ဘုရားရင်ပြင်တော်ပေါ်ကို မန္တလေး တစ်ပြလောက်လျှောက်ရပါတယ်။
ဘုရားပေါ်မှာ နေ့ခင်းဘက်လမ်းလျှောက်ရင် အင်မတန်ပူပါတယ်ဗျာ။
ညဘက် ရင်ပြင်တော်ပေါ်မှာ ဖျာတစ်ချပ်ငါးရာ စဘော် တစ်ထောင်ပေးငှားပြီး ဒီအတိုင်းဖြန့်အိပ်နေကြတာလေးကိုလည်း
မှတ်တမ်းတင်ခဲ့ပါတယ်။
မနက်ဘက် အကြော်ကောက်ညှင်းပေါင်းရောင်းနေကြတာ၊ ခေါက်မုန့်ရောင်းနေကြတာကိုလည်း မှတ်တမ်းတင်ဖြစ်ပါတယ်။
ကြည့်ဗျာ။

























24 comments
blackchaw
March 16, 2012 at 1:51 pm
ကင်မရာထဲက မန်မိုရီကဒ် က ပို့စ်တင်နေရင်း
ရုတ်တရက် ကြောင်သွားလို့ ဒီပို့စ်ထဲမှာပဲ ညနေပိုင်းကျမှ
ပုံလေးတွေ ထပ်တင်ပေးပါဦးမယ်။
ပုံတွေအများကြီးကျန်သေးပေမယ့် ကျိုက်ထီးရိုးနဲ့ ပတ်သက်လို့ ဒီပို့စ်ဟာ
နောက်ဆုံးပို့စ် ဖြစ်တာကြောင့် ဒီပို့စ်ထဲမှာပဲ ပုံတွေထပ်တင်ပေးပါ့မယ်။
ကျေးဇူးပါဗျာ။
Ma Ei
March 16, 2012 at 2:00 pm
ခေါက်မုန့်လေး စားချင်လိုက်တာ…
ပုဇွန်ကြော်ရောဘဲ…
pooch
March 16, 2012 at 2:02 pm
ကိုဘလက် ခရီးသွားနေတာပေါ့လေ။ အကြော်ပုံတွေ သူကြီးက လိုနေတာမဟုတ်လား။ ဒီပုံတွေဆို ကြိုက်လောက်တယ် ထင်တယ်။
စည်တယ်နော် ။ မရောက်တာ ကြာနေပြီ။ သွားချင်နေတာ ။ အခွင့် မကြုံသေးလို့။
ဒါနဲ့ ကိုဘလက် ကျမကို စာမရေးဘူး စာမရေးဘူးနဲ့ လျှောက်ပြောနေတာ ။ ဝင်ဖြင့် မဖတ်ဖြစ်ပဲနဲ့ ။
ပြီးခဲ့တဲ့ ရက်တွေက တပုဒ်ရေးဖြစ်တယ်။ ပြန်ရှာကြည့်လိုက်ပါအုန်းနော်။ သစ်ခွဝေဒနာတဲ့ ။ ရေးမယ်ရေးမယ်ဆိုပြီး စိတ်ထဲတင်ရေးနေတာ အတော်ကြာသွားတယ်။
လာအုန်းမယ် နောက်တပုဒ် ။ ပျင်းနေသေးလို့ ။ ပြီးတော့ အချက်လက်စုနေလို့ ။ ကျမသိပ်စိတ်ဝင်စားတဲ့ တော်ဝင် ချစ်ခြင်းတပုဒ် ။ သိချင်တဲ့ လိုချင်တဲ့ အဓိက အချက်တွေ မရသေးလို့။ လာမယ် ကြာမယ်။ ဒီရက်ပိုင်းလည်း အလုပ်ရှုပ်မယ် ကိုဘလက်ရေ ။ အခါနားနီးတော့ အလုပ်ရုံ ၂ ခု သန့်ရှင်းရေး။ ရေကန်တွေ အပေါ်ကန် အောက်ကန် သန့်ရှင်းရေး။ သူတို့ရေကန်တော့ရင် ပေးဖို့ ဝယ်ရ ချမ်းရ အုန်းမယ်။ နောက် အမျိုးတွေ ရေကန်တော့ဖို့လည်း ဝယ်ရအုန်းမယ်။ အိမ် သန့်ရှင်းရေးတွေ။
နောက် ရှင်းစရာတွေ ။ သွားရအုန်းမယ် ကိစ္စလေးတွေ ။ ပြီးရင် စိုင်းစိုင်းက ဒီနှစ်မန်းမှာ ဘတ်ဒေး ရှိုးတဲ့ ။
ဟီး…. အားပေးရအုန်းမယ်လေ။ ညီမတတွေက စိုင်းစိုင်း ခရေဇီလေ။
ပြီးရင် နောက်ရက်ကျမှ ရိပ်သာကို အကြိုမတိုင်ခင် သွားပြီး ၁ဝ ရက်ပြည့်မှ ထွက်ခဲ့ရမှာ။ လုပ်စရာတွေ တန်းစီနေတာပဲ ။ 😀
inz@ghi
March 16, 2012 at 2:07 pm
စိုင်းစိုင်းခင်လှိုင် ကြိုက်တယ်ပေါ့ ကိုကိုပု…
သင်းတော့ချဉ်ဘာဒယ်အေ …
သင်းလည်း သများ လုံးဝခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုကြီးတခု
ကျူးလွန်ထား သကိုး ….
အော်….. မှုံကလေးရယ်……
😀
weiwei
March 16, 2012 at 2:18 pm
ဒီအတိုင်းအားပေးပြီး ဘာမှနှိုက်မစားသွားပါကြောင်း …
ဆူး
March 16, 2012 at 2:23 pm
စကားမစပ် ကျိုက်ထီးရိုးသွားတုန်းက အဲဒီ အကြော်တွေ ဝယ်စားဖြစ်တယ်။
အကြော်တွေက သဘာဝ ထက် ပိုလွန်အောင်ကို ချိုလွန်းနေတယ်။
အချိုမှုန့်တွေ မတရားသုံးပြီး ကြော်ထားလို့ စားပြီးတဲ့ အခါ တော်တော် ရေငတ်လှတယ်။
အကြော်ကို လည်း အရောင်လှအောင် ဆေးရောင်တွေ ထည့်ထားတယ်။
ဆွမ်းတော်ကပ်တာကိုတော့ တပွဲ ၅၀ဝ နဲ့ အဲဒီမှာ တန်တယ်။
ဆွမ်းတော် ဗန်းနဲ့ ရောင်းတာတွေကတော့ ဝယ်ပြီးမှ ကြည့်ရင်းနဲ့ စိတ်မကောင်း ဖြစ်မိတယ်။
နွားနို့တောင် ရေ အရောင် ဖြစ်နေတာ တော်တော် ဆိုးတယ်။
ခေါက်မုန့်သည်လေးဆီက ဝယ်စားမယ် ဆိုပြီး မဝယ်စားဖြစ်ခဲ့ဘူး။
နောက်တခုက မုန့်စလင်းတောင်ကြော်ခေါ်မလား… မုန့်လက်ကောက် လိုမျိုးကို မကြော်ခင်မှာ ပြားပြီး နှမ်းကပ်ပြီးကြော်ပြီး ခါစ ပူပူနွေးနွေ ထညက်ရည် စိမ်ပလိုက်တော့ မုန့်ကလေးက ချိုပြီး ကြွတ်မွနေတာ တော်တော် ကောင်းတယ်။ တခု ၁၀ဝ တဲ့ အရမ်းတန်တာပဲ။ စားခဲ့ရတယ်။ ပုံထဲမှာတော့ မပါဘူး စားခဲ့ရတာကို ပြောပြတာ။
kaung kin pyar
March 16, 2012 at 2:35 pm
ကိုဘလက်ချော…
ဒါက မြူဆွယ်မှုနဲ့ ပြစ်မှုမြောက်တယ်နော်…။ အဟင့်…မြင်သာမြင် မကြင်ရတဲ့ ဘဝပါလား…။
Mon Kit
March 16, 2012 at 2:40 pm
ဓါတ်ပုံလေးတွေ ခံစားရင်း ခုဘဲ ကျိုက်ထီးရိုးတောင်ပေါ်ရောက်ပီး ဘုရားဖူးလိုက်ရသလို ခံစားမိပါတယ်…
အေးသက်သက် အငွေ့လေးပါ ရလိုက်သလိုပါ..
kyeemite
March 16, 2012 at 2:45 pm
ဒေါ်ဘလက်ချင့်..
ကျုပ်ရဲ့အကြော်ဆိုင်ကို ခွင့်ပြုချက်မတောင်းဘဲ
အိမ်သာနက်ပေါ်တင်လို့ ကန့်ကွက်ပါဒယ်..
အမြန်မတောင်းပန်ရင်..တရားစွဲရလိမ့်မည်ဖြစ်ပါဂျောင်း..
Diamond Key
March 16, 2012 at 2:47 pm
ကိုချောက သတင်းပုံရိုက်လည်း တော်သဗျာ … ။ ပုံတွေကို ဗိုက်ဆာနေချိန် ကြည့်လိုက်မိတာ တဂွီဂွီ ဖြစ်သွားရပါတယ်။ 😀 အစားချင်ဆုံးက ဆီထမင်းငါးကြော်နဲ့ ခေါက်မုန့် 😆
လက်ကျန်ရိုက်ချက်များကို မျှော်လျှက် —
ဦးဦးပါလေရာ
March 16, 2012 at 2:53 pm
ရင်ပြင်တော်ပေါ်က ထမင်းဝိုင်းပုံလေးတွေ့ရတာ ရင်ထဲပျော်သွားတယ်။
ငယ်ငယ်က ဘုရားဖူးထွက် ခရီးထွက်ခဲ့ပုံတွေကိုလဲ ပြန်သတိရသွားတယ်။
ကျုပ်ကတော့ –
(ညစ်တီးညစ်ပတ်ကြိုက်တယ်လို့ ဆိုချင်လဲဆို)
အဲလိုထမင်းဝိုင်းမျိုးကို စားသောက်ဆိုင်က ထမင်းဝိုင်းနဲ့ မလဲဘူးဗျို့ …..
Moe Z
March 16, 2012 at 3:00 pm
မညစ်ပတ်ပါဘူး ဦးဦးပါလေရာရယ်
ကိုယ်တိုင်ချက်ယူသွားတာက သူများချက်တာထက်စိတ်ချရတယ်
လူအသွားအလာနည်းတဲ့ ဖုန်မထူတဲ့နေရာရွေးစားတာပေါ့ ပျော်စရာကြီး 😀
inz@ghi
March 16, 2012 at 3:07 pm
မတူတဲ့အမြင်ကတော့ …
ကျုပ်တို့လူမျိုး ဆီတယ်သုံးသကိုး …
နှာခေါင်းထဲတောင် ညှော်နံ့ ရသလိုလို…
😀
နွယ်ပင်
March 16, 2012 at 3:11 pm
ဦးဘလက်ရဲ့ ပုံတွေက ကျိုက်ထီးရိုးသွားချင်အောင် ဆွဲဆောင်နေသလိုပပါပဲ
အကြော်တွေကလည်း စားချင်စရာကြီးပဲ ………..
blackchaw
March 16, 2012 at 4:37 pm
ကဲ ပုံလေးတွေ ကြိုးစားပြီး ထပ်တင်လိုက်ပါပြီ ကျောင်းဒကာ ကျောင်းအစ်မတို့ရေ။

နည်းနည်း ကြည့်ပေးကြပါဦး။
ကြပ်လည်း ကြပ်ပေးကြပါဦး။
Moe Z
March 16, 2012 at 4:44 pm
ဘဘဘလက်ရေ ကျိုက်ထိုကပုံတွေက အကုန်ပဲလားဟင်
ငယ်ဘဝက အမှတ်တရလေးတွေ အတိုင်းအတာတစ်ခုအထိရှိခဲ့တဲ့နေရာလေးပါ
လွမ်းလိုက်တာ 😥
Khin Latt
March 16, 2012 at 8:26 pm
ကဘချောရယ်
ထမင်းစားချိန်မှာ အကြော်တွေ နဲ့ အဝ စားသွားပါတယ်။
ကောင်းချက်ကတော့။
သူများ ရဲ့ ထမင်းချိုင့် ထဲ က ဟင်းမျိုးစုံ ကလဲ စားချင်စရာကြီးဗျိုး။
ကူးထားပြီး နေ့လည်စာစားတိုင်း ကြည့်ပြီးစားရမယ်။
ဘုရားပေါ် က အမှိုက်ပုံးလေးတွေ ကို သဘောကျမိပါရဲ့။
ကျိုက်ထိုမြို့လယ်တံတားပေါ်က ရိုက်ချက်တွေ ကတော့ အမေ နဲ့ ရွာ ကို လွမ်းတယ်။ 😥
ပုံလေးတွေ ရှိသေးရင် ထပ်တင်ပါဦး။
သင်းခရုပါ။
ကိုရင်စည်သူ
March 16, 2012 at 9:50 pm
ကိုဘလက်ရေ… ကျနော် ဟိုတလောတုန်းက သွားတုန်းက
အဲ့ဒီဆိုင်တန်းတွေ ဘက်က အကြော်တွေတော့ ဝယ်မစားဖြစ်ခဲ့ဘူး
ပြန်ကြော်တွေဖြစ်မယ်ထင်လို့…
ဘာဟင်းနဲ့ စားစား ထမင်းအဝစား ၁၅၀ဝ ကျပ်နဲ့ပဲ ၃ရက်လောက်တွယ်ခဲ့တယ်..
ကိုချောရိုက်ပြတာ ပြန်ကြည့်တော့.. အမှတ်တရပေါ့လေ…
ဘဲရီးဂွတ်… ဘဲရီးဂွတ်…
koaung
March 16, 2012 at 10:43 pm
မြန်မာပြည်ဘုရားဖူးခရီးထဲမှာ တောင်ပေါ်အထိလမ်းလျှောက်ပြီး တက်ရတာကိုသတိရမိသလို အနှစ်သက်ဆုံး အကြော်စုံကလဲအကြိုက်ဆုံး မုန့်ဟင်းခါးထဲထဲ့စားရတာအနှစ်သက်ဆုံး
(နားရက်မို့လို့) ကျေးဇူးပါဆရာ ဘလက်ရေ
တနင်းလာနေ့တိုင်းအားပေးတယ်
windtalker
March 17, 2012 at 12:44 pm
ပုဇွန်ကြော် + ဘီယာ = လက်သွက်ခြေသွက် ရိုက်ချက်များ
yoeyar may
March 17, 2012 at 1:55 pm
ကျေးဇူးပဲ အစ်ကိုရေ
ကြည့်ရင်းဗိုက်တောင်စာလာပီ
alinsett
March 17, 2012 at 6:55 pm
ကိုဘလက်နဲ ့အတူ…ဘုရားဖူးခွင့်ရလိုက်ပါပြီ။
padonmar
March 17, 2012 at 10:41 pm
ဘုရားဒကာကြီးကိုဘလက်
လျောင်းတော်မူရဲ့ posture လေးက ထူးဆန်းတယ်နော်။
ကျိုက်ထို တံတားပေါ်ကရိုက်ချက်မှာ ချောင်းလေးလားမြစ်လားမသိ ကောတော့မယ်နော် ဘေးမှာ သဲသောင်တွေဖြစ်နေပြီ။ပြန်တူးသင့်နေပြီ၊
မှဲ့ရှင်ဘုရားရဲ့ မှဲ့ကို zoom လေးမဆွဲခဲ့ဘူးလား။
Moe Z
March 19, 2012 at 11:22 am
အန်တီပဒုမ္မာရေ မှတ်မိသလောက်တော့ အဲဒီချောင်းက ရေအတက်အကျနည်းနည်းကြမ်းတယ်
ရေတက်လာပြီဆိုရင် တစ်ခဏအတွင်းကိုပြည့်သွားတာ မျက်စိရှေ့မှာကို ကလေးတစ်ယောက်မျောပါသွားတာမြင်ဖူးတယ် 🙁