Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စကားပြောတတ်သူဆိုတာ ……. ?

စကားတော့ ‘အ’ နေတဲ့ လူတွေကလွဲပြီး လူတိုင်းနီးပါး ပြောတတ်ကြတာပဲ …။
စကားပြောတာများ အဆန်းလုပ်လို့ …… နော့ … 😀
အခု ကျနော် ဆိုလိုချင်တာ စကားကို ပြောရုံ ပြောတတ်တာကို ဆိုလိုချင်တာ မဟုတ်ပါဘူး။

ကျနော့် ပတ်ဝန်းကျင်က လူအများစု စကားပြောတာကို သတိထားပြီး ကြည့်ကြည့်တဲ့အခါ များသောအားဖြင့် စကားကို ‘လု’ ပြောနေကြတာက များပါတယ်။

တစ်ယောက်က စကားစ မပြတ်သေးဘူး။ နောက်တစ်ယောက် က ‘ဖြတ်’ ပြောပြီ။ ဒီလူမျိုးကို အများနဲ့ စကားပြောတတ်သူလို့ ပြောလို့ မရပါဘူး။ သူက တစ်ယောက်တည်းပဲ စကားပြောတတ်သူလို့ ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။

တစ်ချို့များကျတော့ သူတစ်ယောက်တည်းပဲ ပြောနေတယ်။ အခြားသူတွေကို စကားပြောဖို့ အခွင့်မပေးပါဘူး။ များသောအားဖြင့် ငါသိ ငါတတ် စကားမျိုးတွေပေါ့။ လက်ရှိ ခေတ်သုံးစကားနဲ့ ပြောရရင် ‘ပေါက်ပေါက်ဖောက်’ တယ် ဆိုတာ အဲဒီလို လူမျိုးတွေကို ဆိုလိုတာပါ။

စကားဝိုင်းလေးတစ်ခု စိုစိုပြေပြေ ရှိဖို့ဆိုရင် နားထောင်တဲ့ လူနဲ့ ပြောတဲ့လူဟာ မျှတနေဖို့ လိုပါတယ်။ ဒီနေရာမှာ နားထောင်သူ သက်သက်ကို ဆိုလိုချင်တာ မဟုတ်သလို၊ ပြောသူ သက်သက်ကိုလည်း ဆိုလိုချင်တာ မဟုတ်ပါဘူး။ တစ်ယောက် ပြောနေရင် အခြားသူတွေက သေသေချာချာ စိတ်ဝင်တစား နားထောင်ပေးတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါမှ ပြောနေတဲ့လူကို လေးစားရာ ရောက်မှာလို့ ထင်ပါတယ်။ တစ်နည်းအားဖြင့် သူပြောနေတာကို ကိုယ်က သေချာ နားထောင်ပေးမှ ကိုယ်ပြောတဲ့ အချိန်ကျရင်လည်း သူက သေချာ နားထောင်ပေးမှာပေါ့။ ဒါက ယေဘုယျ အနေနဲ့ပါ။

တစ်ချို့ လူလေးငါးယောက် ရှိတဲ့ စကားဝိုင်း တစ်ခုမှာ တစ်ပြိုင်တည်း စကားကို လု ပြောနေကြတာကို ကြုံတွေ့ဖူးပါတယ်။ ပထမ တစ်ယောက်က ပြောနေတာကို အခြားတစ်ယောက်ကလည်း အားကျမခံ ‘နာလည်း တတ်သကွ’ ဆိုပြီး သူပြောချင်တာကို နားထောင်နေတဲ့ လူတွေဘက် လှည့်ပြီး ပြောတော့တာပဲ။ ဒီအခါ နားထောင်တဲ့ လူတွေမှာ စိတ်ညစ်စရာ ဖြစ်ရပါတော့တယ်။ အားနာတတ်တဲ့လူဆို ပိုဆိုးသေး။ ဟိုဘက်ပဲ မျက်နှာလှည့်ထားရမလို၊ ဒီဘက်ပဲ မျက်နှာ လှည့်ထားရမလို ဖြစ်နေရပါတယ်။

တစ်ချို့လူတွေကျပြန်တော့လည်း တစ်ဖက်သား စိတ်ဝင်စားလား၊ စိတ်မဝင်စားဘူးလား မသိ၊ သူ ပြောချင်တာကို စွတ်ပြီး ပြောနေတတ်ပါတယ်။ ဆိုကြပါစို့ ..။ ညအချိန်မှာ လူနှစ်ယောက် စကားပြောနေကြတယ်။ အဲဒီ အချိန်မှာ တစ်ယောက်က အိပ်ချင်နေပြီ။ ဒါကို အထာမသိတဲ့ တစ်ယောက်က သူ့စကားကို မဖြတ်ဘဲ ပြောကောင်းကောင်းနဲ့ ဆက်ပြောနေတယ်။ အိပ်ချင်နေတဲ့ တစ်ယောက်ဟာ အသက်အားဖြင့် ငယ်ပြီး ပြောနေတဲ့လူကို အားနာနေတတ်သူ ဆိုရင်ဖြင့် အတော်ဒုက္ခ ကြီးမှာပါပဲ။ ဒါဟာ နားထောင်သူရဲ့ အထာကို မဖတ်တတ်တဲ့ စကားပြောသူရဲ့ အပြစ်ပါပဲ။ အဲဒီလို လူမျိုးကိုလည်း စကားပြောတတ်သူလို့ မဆိုနိုင်ဘူးလို့ ထင်ပါတယ်။

စကားပြောတတ်တဲ့ လူဆိုတာ သူများ ပြောနေတဲ့ အချိန်မှာ ‘ဖြတ်ပြော’ ‘လုပြော’ ပြောတတ်တဲ့ လူမျိုးတွေ မဟုတ်ပါဘူး။ သူများ ပြောနေတာကို သေချာ နားထောင်ပေးတယ်။ ပြောနေတဲ့လူ ပြောအားရှိအောင် တစ်ခါတစ်လေ ဝင်ထောက် ပေးတတ်တယ်။ သူ ပြောတဲ့ အချိန်မှာလည်း သူ့စကားကို တစ်ဖက်သားရဲ့ စိတ်ဝင်စားမှုပေါ် မူတည်ပြီး စကားပြောတတ်တဲ့ လူမျိုးတွေ ဖြစ်မယ်လို့ ထင်မိပါတယ်။

ဒါလေးတွေကတော့ ကျနော် သိသလောက်၊ တွေ့မိသလောက်ပါပဲ ခင်ဗျာ။

အခု ဒီဂေဇက်ဆိုတဲ့ ရွာကြီးထဲမှာ ကျနော့်ထက် အသက်အားဖြင့်ရော၊ ပညာအားဖြင့်ရော၊ အတွေ့အကြုံအားဖြင့်ပါ အများကြီး သာလွန်တဲ့ လူတွေ ရှိပါတယ်။
ဘာလို့ ဒီလို သိသလဲဆိုဒေါ့ သားသား အသက်က ခုမှ ၁၆ နှစ်ပဲ ရှိဒေးဒါ .. အဟီး … 😀
အယ် … ဒီကောင်နှယ် ခပ်တည်တည်နဲ့ ရေးနေတုန်း ပေါက်ကရ က ဝင်လာပြန်ပါပြီ။ ကိုင်း … ကိုင်း … ပေါက်ကရ မပြောနဲ့တော့။ စောစောက စကားကို ပြန်ဆက်။ … ဟုတ် … 😀 ။ စောစောက စကားကို ပြန်ဆက်ပြီနော် …

” ဒီဂေဇက်ဆိုတဲ့ ရွာကြီးထဲမှာ ကျနော့်ထက် အသက်အားဖြင့်ရော၊ ပညာအားဖြင့်ရော၊ အတွေ့အကြုံအားဖြင့်ပါ အများကြီး သာလွန်တဲ့ လူတွေ ရှိပါတယ်။ “
ဒီလူတွေက စကားပြောခြင်းနဲ့ ပတ်သက်တဲ့ မှတ်သားဖွယ်ရာတွေ၊ အတွေ့အကြုံ၊ အတွေးအကြံတွေကို ထပ်မံ ဖြည့်စွက်ပေးကြပါလို့ ကျနော်က လေးလေးစားစား ပန်ကြားအပ်ပါတယ် ခင်ဗျာ …။

ဒီတစ်ခါ နည်းနည်း ခပ်တည်တည် ရေးသားလိုက်တဲ့ …
အားလုံးကို ခင်မင် လေးစားတဲ့
အံစာတုံး

40 comments

    • ကိုနာဂ ရေ …
      ဒေါသ ထွက်လာရင်တော့ များသောအားဖြင့် ဆဲတတ်ကြတာပဲ …
      ကျနော်မှာလည်း အဲလို အကျင့်မျိုး ရှိပါတယ် … 😀
      သို့ပေသိ ဒေါသကို ထိန်းချုပ်နိုင်အောင် တစ်နည်းအားဖြင့် မဆဲမိအောင် ကိုယ့်စိတ်ကို ထိန်းချုပ်တတ်တဲ့ အကျင့်ကိုတော့ ပြုစု ပျိုးထောင်နေပါတယ် ခင်ဗျာ …
      ဆရာကြီး မင်းသိင်္ခ ဝတ္ထုထဲက ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွားရဲ့ လက်သုံးစကားလိုပေါ့ …
      ဘာဖြစ်ဖြစ် “ပြီးတော့လည်း ပြီးတာပါပဲ” ဗျာ ………..

  • surmi

    March 16, 2012 at 10:46 pm

    ထင်တာရွှီးရရင်တော. ။။။။။။။။။
    တစ်ဖက်လူနားထောင်လိုစိတ်ရှိအောင် ပြောနိုင်တဲ.သူကို (ဘယ်နည်းနဲ.ဖြစ်ဖြစ်စည်းရုံးပြီး)
    စကားပြောတတ်သူ လို.ထင်တာပဲ ။
    ( မှတ်ချက် — ရမ်းတုတ်ခြင်း ဖြစ်သည်)

    • ကိုဆာမိရေ …
      အပြောကောင်းသူ၊ စကားပြော ကျွမ်းကျင်သူတဲ့ လူမျိုးတွေဟာ ကိုဆာမိ ပြောတဲ့ လူမျိုးတွေ ဖြစ်မှာပါ …
      ကျုပ်ဖြင့် အဲလို လူတစ်ယောက် ဖြစ်ချင်လိုက်တာဗျာ …
      တကယ့် လက်တွေ့ စမ်းကြည့်တော့ လွယ်ဘူးရယ် … 🙁

      ခုလို ပြောပြပေးတာ ကျေးကျေးပါ အမီနာ … အဲ … ဆာမိ ရယ် … 😀

  • cobra

    March 16, 2012 at 10:50 pm

    ဟုတ်တော့ဟုတ်တယ်ဘီယာဆိုင်ထိုင်ရင်ပိုဆိုးတယ်
    ကိုယ်ကနည်းနည်းမူးရင်စကားနည်းတဲ့သူဆိုတော့
    သူတို့ေြ့ာတာလိုက်နားထောင်နေရတယ်
    ဟိုလူကလုပြောဒီလူကလုပြောလိုက်နဲ့ကြာတေ့ာခေါင်းတွေပါပိုမူးလာရော….။

    • ဘီယာက မမူးဘူး …
      စကားတွေ လိုက်နားထောင်ရတာလို့ မူးသွားဘီ … ပေါ့ .. 😀

      အရက် သမားတွေက များသောအားဖြင့် မူးလာရင် ရစ်တတ်တယ်ဗျ …
      ကျုပ်ကတော့ အဲလို ရစ်ဖို့ အစပျိုးတာနဲ့ ပြေးတော့တာပဲဗျို့ …
      ရစ်တာကလည်း အတော် စိတ်ညစ်စရာကောင်းတဲ့ ကိစ္စဗျ …

      • cobra

        March 17, 2012 at 1:38 pm

        ဟုတ်တယ်…
        မူးလို့ရစ်ရင်တော်တော်ခံရတယ်ထိုးရအောင်လည်းသူငယ်ချင်းကဖြစ်နေ
        မထိုးတော့လည်းဆက်ရစ်နေဦးနယ်
        ထွက်ပြေးတာသာအကောင်းဆုံးပဲ။

  • ဦးဦးပါလေရာ

    March 16, 2012 at 10:54 pm

    ကိုဒိုက်စ် ရဲ့-
    ကျုပ်အကြိုက် စကားဝိုင်းမှာ အကောင်းဆုံးစကားပြောသူကတော့
    ပြောလိုတဲ့ အကြောင်းအရာပေါ်မှာ မပိုမလို ချိန်ပြောရင်း
    နားထောင်သူကိုလဲ အမေးနဲ့အလှည့်ပေး
    ပြီးတော့မှ စကားထောက်နဲ့ ပြန်ဘရိတ်ဖမ်းပြီး
    ကိုယ့်အလှည့်ပြန်ယူတတ်သူ လို့ပဲ ဆိုပါရစေတော့…။

    • ဟုတ်တာပေါ့ ဦးဦးရယ် ..

      ဦးဦး ပြောတဲ့ လူမျိုးဟာ တကယ့် စကားပြော ကောင်းတဲ့လူ၊ စကားပြော ကျွမ်းကျင်တဲ့ လူလို့ ဆိုရမှာပါဗျာ …

      ကျုပ်တို့ရဲ့ သုံးလောက ထွက်တင် မြတ်စွာဘုရားရှင်က ရာဟုလာ ကို “စကားကို မပြောခင် စဉ်းစားပြီးမှ ပြောဖို့၊ ပြောပြီးတဲ့ စကားကိုလည်း ပြန်စဉ်းစားဖို့” မိန့်ခဲ့တယ်ဗျ …
      ဒါကို ထောက်ခြင်းအားဖြင့် စကားပြော ကောင်းတဲ့လူဟာ ခပ်အေးအေးနဲ့ စဉ်းစားချင့်ချိန်ပြီး ပြောတတ်တဲ့ လူမျိုးတွေလို့ ဆိုရင် ရနိုင်မလားပဲ …

      ဦးဦးရေ …
      ဦးပေါ်ဦး တို့လို လျှပ်တပြတ်ဉာဏ်ပြီး ဗဟုသုတ တွေနဲ့ ပြည့်စုံတဲ့ လူမျိုးတွေကိုလည်း စကားပြော ကောင်းသူ စာရင်းထဲ ထည့်ရင် ရနိုင်မယ်လို့ ထင်မိပါတယ်…

      ခုလို ဝင်ရောက် ပြောပေးတာ ကျေးကျေးပါလို့ …

  • ကြောင်လေး

    March 16, 2012 at 11:13 pm

    စကားပြောတတ်ချင်ရင် စကောကိုပြားအောင်နင်းပါကွယ်။ ခွစ်ခွစ်ခွစ်

    • စကောပြား တော့ …
      စကားပြော …
      စကားပြော တော့ ..
      ဘသားချော …
      ဘသားချော ဆိုတော့ ..
      နာ့ကိုများ ချောတယ် ကြောတာလား သိဘူး … 🙄
      ဟီဟိ မြင်လည်း မြင်ဘူးပဲနဲ့၊ ဟို စိန်ပေါက်၊ ဗြဲသီးနဲ့ ကြီးမိုက်တို့ထက်တော့ အနော်က အပုံကြီး ချောတယ် သိရား ….
      😀 😀

  • kai

    March 17, 2012 at 4:26 am

    စကားပြောတတ်ဖို့.. များများပြောရပါတယ်..။
    များများငြင်းခုန်ရပါတယ်..။
    “ငြင်းခုန်ခြင်း အနုပညာ”လိုပါတယ်..။
    http://myanmargazette.net/62285/mandalay-gazette-2/editors-notes-announcements-letters-to-the-editor
    ဆိုတော့..
    မြန်မာပြည်မှာ.. ကျောင်းတွေမှာ.. စကားရည်လုပွဲပြန်လုပ်သင့်တယ်..။
    အဲဒိကနေ.. စကားပြောကောင်းသူတွေ.. မွေးထုတ်လိမ့်မယ်..။

    အဲဒီကနေ.. နိုင်ငံရေးသမားတွေ.. မွေးထုတ်လိမ့်မယ်…။

    • Khin Latt

      March 17, 2012 at 4:55 am

      သူကြီး … သူကြီး …. သူများတွေ မမြင်ခင် တိုးတိုးလေးပြောမယ်။
      သူကြီး ရေးထားတဲ့ အဲဒီ ဆောင်းပါးထဲမှာ
      ~~~~~
      “မိတ်ငါစည်း”
      အမှန်တကယ်တွင် Aggree to Disgree စကားသည်ရှိ၏။
      ~~~~~
      “Agree to Disagree” က Agree မှာ g တစ်လုံး ပိုနေ ပြီး Disagree မှာတော့ a လိုနေ ပြန်ရော။
      ဒါဟာ တမင် လုပ်တာမဟုတ်ဘဲ မတော်တဆ ပို တယ် ဆိုလို့ ကတော့ အဲဒီ ရှဲဒိုး သမား ဆီက ပွိုင့် ခုနှစ်သောင်း အကုန်ပြန်နှုတ်ပလိုက်။
      ဒါသူကြီး ကို တမင် ချောက်ထဲတွန်းတာ။
      သတိထားစမ်းပါ သူကြီးရယ်။
      ဒီလို လူမျိုးကို ရှဲဒိုး ရေးခိုင်းရတယ်လို့ဘဲ။ 😕
      😉

      • inz@ghi

        March 17, 2012 at 8:22 am

        Kit kit…

        The art of speaking is not debating…
        Just story-telling…
        😛

        Evil marketers own one and each stories to drive listeners crazy…

        Be aware of such guys…

        Dat ga lout..dat ga lout

        • သူကြီး ညွှန်းတဲ့ လင့်မှာ …

          “… (Freedom)လွတ်လပ်ခြင်းဟူသည် သဘောထားကွဲလွဲခြင်း ဆွေးနွေးငြင်းခုန်ခြင်း ညှိနှိုင်းစကားပြောခြင်းတို့ဖြင့် အထပ်ထပ်အမြုတေကျအောင် တည်ဆောက်ထားခြင်းသာဖြစ်သည်။ …”

          လို့ တွေ့ရပါတယ် …။

          ကျနော် သိသလောက် ဒါလို ပြောဆိုခြင်းဟာ ပညာရှိတို့ရဲ့ စကားပြောခြင်းလို့ ထင်ပါတယ် ..။ တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုန်ရင်း ရန်ဖြစ်တဲ့ အဆင့်ထိ ရောက်သွားတာတော့ ပါဘူးပေါ့နော် … 😀

      • kai

        March 18, 2012 at 6:10 am

        ဘယ်ကတမင်လုပ်ရမှာလည်း…
        မှားနေတာခင်ဗျ…

        ရှဲရှဲဆီက.. လျှော်ကြေးတောင်းမှပဲ..။ 😆
        =
        မြန်မာပြည်မှာကတည်းက.. စာတွေစစ်ရင်.. စာလုံးပေါင်းကစစ်ခဲ့တာ.. စစ်တတ်တာမဟုတ်..။
        အယ်ဒီတာဆိုတာက.. စာလုံးပေါင်းစစ်တဲ့သူမှ မဟုတ်တာနော…။
        စာလုံးပေါင်းစစ်သူက သပ်သပ်ရှိရမှာ.. ရှိတာပါ..။

        ဆိုတော့…
        ရှဲရှဲပဲ.. လွှဲချလိုက်တော့မယ်..။
        သူ.. သူလုပ်တာ..။ 😕

        • တီတီရေငုံနှုတ်ပိတ်

          March 18, 2012 at 12:44 pm

          အော်..
          ပညာခန်းတွေ မကုန်နိုင်ပါလားတော်… 😀

  • Khin Latt

    March 17, 2012 at 5:00 am

    စကားလုပြောတတ်သူ ဖြစ်လို့ ကုတ်ကုတ်လေး နဲ့ ဝင်ဖတ်သွားပါတယ်။
    လေးလေးနက်နက် သေသေချာချာ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန် ဖတ်အပြီး လက်မကို အမြင့်ကြီး ထောင်ပေးသွားပါတယ် ခြောက်မျက်နှာရေ။
    လေးစားပါတယ်ဟေ့။ 🙂

    • အယ် … အရီးလတ် ကတော့ …
      လေးစားပါတယ်ဟေ့ .. တဲ့ ..
      ကလူ .. ကလူ .. ကလူ (အရီးလတ် အသံဖြင့်) 😀

      အရီးလတ် ထောင်ပေးသွားတဲ့ လက်မကြီးအတွက် ကျေးကျေးပါလို့ …
      ပီး အရီးလတ်ရဲ့ စကားပြောတာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံလေးတွေကိုလည်း မျှဝေပေးပါဦးလို့ ….

      ခင်မင်၊ လေးစားစွာဖြင့်
      အံစာတုံး

      • pooch

        March 17, 2012 at 5:32 pm

        တယောက်က ဖရဲသီးရောင်းတယ် ။ တယောက်က ဂျိုကာအရုပ်လေးတွေ ရောင်းတယ် ။ 😀
        just kidding!!!!!!!!!

        • windtalker

          March 17, 2012 at 6:59 pm

          တစ်ယောက်ကတော့ ဆရာမကြီး ။ စာတွေသင်တယ် ။

  • kyeemite

    March 17, 2012 at 9:45 am

    စကားနဲ့ပါတ်သက်လို့ကတော့..
    “စကား စကားပြောဖန်များ စကားထဲကဇာတိပြ”တဲ့
    ဆိုတော့ကာ..ဒီမန်းလေးဂေဇက်ပေါ်မှာ
    စာရေး ကွန်မန့်ပေးနေသူတွေအားလုံးဟာ
    တကယ်တော့စကားပြောနေကြတာပါဘဲ..
    ဒါကြောင့် ပို့စ်တွေဖတ် ကွန်မန့်တွေဖတ်ရင်းနဲ့
    ရေးသူမန့်သူတွေရဲ့ဇာတိတွေသိလာရတယ်မဟုတ်ပါလား..
    ဘယ်သူကတော့ ဆရာဝန် ဘယ်သူကတော့ အင်ဂျင်နီယာ
    ဘယ်သူကတော့ စက်ရုံမန်နေဂျာ..ဘယ်သူကတော့
    ITပညာသယ်..ဘယ်သူကတော့ မားကက်တာ..
    ဘယ်သူကတော့ ဒါ့ပုံဆြာ..ဘယ်သူကတော့ အကြော်သယ်..
    ဘယ်သူကတော့ နှူးဘာ..ဘယ်သူကတော့ ဆရာမ..
    ဘယ်သူကတော့ ကျောက်ကုန်သယ်..ဘယ်သူကတော့ နိုင်ငံရေးသမား
    ဘယ်သူကတော့ ကဗျာဆရာ..ဘယ်သူကတော့ …ဘာသာရေးသမား
    ဘယ်သူကတော့ ဘုန်းကြီး..ဘယ်သူကတော့ ….တော်သေပြီ..။

    • ဟဲ့ … မိကြီးမိုက် ..
      ညည်းက အကြော်သည်မှန်း သိအောင် ..
      အစုံပလုံ ရောသမမွှေ ဘယ်သူကတော့ တွေနဲ့ ကြောတွားတာပေါ့လေ … 😀
      ဒါဆို ညည်းကို နာမေးရဦးမယ် ..
      နာနဲ့ ဗြဲသီးကရော ဘီလို လူမျိုးလဲ ကြောစမ်းပါဦးအေ့ …
      မမှန်လို့တော့ ညည်းရဲ့ အကြော်ကြွေးတော့ အကြေပဲလို့ မှတ်လိုက် …
      ဒါဗြဲ …. 😀

      • pooch

        March 17, 2012 at 5:36 pm

        ဆောရီး ဒီနားမှာလာရေးတာ အပေါ်ရောက်သွားလို့ .. :mrgreen:

        • တိုရီးပုချ် … တိုရီးပုချ် ..
          မိဗြဲသီး က နာမည်နဲ့ လိုက်အောင် ဖရဲသီး ရောင်းတာတော့ ဟုတ်ပါပြီ ..
          များကျတော့ ဘာဖစ်လို့ ဂျိုကာရုပ်လေးတွေ ရောင်းတာလို့ ထင်ရတာလဲ … ဟင် ..
          😀

        • pooch

          March 18, 2012 at 11:28 pm

          လျှောက်ပြောတာလေ လျှာထုတ်နေတဲ့ အရုပ်လေးက ဂျိုကာနဲ့တူသလားလို့ :mrgreen:

  • htet way

    March 17, 2012 at 10:07 am

    စကားကတော့ အဓိကကြပါတယ်
    ကျွန်တော်က စကားပြောစွမ်းရည်ကိုနှစ်သက်ပါတယ်။
    တိကျတဲ့စကား နာပျော်ဖွယ်စကား သစ္စာရှိသောစကား
    စာနာသောစကား ချစ်စဖွယ်စကားသုတဖြစ်စေသောစကား….။
    ငါ့စကားနွားရတော့ မလိုချင်ဘူး။
    တစ်ချို့စကားဘယ်လောက်ပြောလဲဆိုရင် တိုင်နဲ့စကားပြောနေတယ်။
    ကျွန်တော်အိမ်ဘေးမှာ မိန်းမတစ်ယောက်ရှိတယ်။
    တစ်ယောက်ထဲစကားပြောတယ် အကြာကြီးပဲ..အရူးစကား။တစ်ချို့ကပြောတာကို အဟုတ်လို့မထင်ဘူးကိုယ်မသိတာကို မရှိဘူးမဟုတ်ဘူးထင်တယ်။သုတမရှိသောသူတွေနဲ့
    စကားမပြောချင်ဘူး။
    တစ်ချို့ လုပြောတယ်၊ နားလည်မူမရှိသော စကား……….။
    ဒါမျိုးရေးတာကြိုက်တယ်

    • ဆရာထက်ရေ …
      အချို့သော သုတ မရှိသူတွေက သူတို့ မသိတာ၊ မတတ်တာကို သူများက ပြောရင် ငြင်းတတ်ကြတယ် ဆိုတာ ဟုတ်ပါတယ်ဗျာ …
      အဲဒီ လူမျိုးတွေက ဆွေးနွေး ငြင်းခုန်တာ မဟုတ်ဘူး၊ ဖင်ပိတ် ငြင်းတာ …
      ကျနော်လည်း အဲလို လူမျိုးတွေနဲ့ စကားပြောရတာကို မနှစ်သက်ဘူး ခင်ဗျ …..

      ခုလို လာရောက် ပြောပေးတာကို ကျေးကျေးပါလို့ ….

  • ကိုရင်မောင်

    March 17, 2012 at 11:23 am

    အံစာတုန်းရေ..
    အိပ်ချင်နေတဲ့အချိန်စကားလာပြောတာ
    စိတ်အပျက်ဆုံးဘဲ…
    စကားပြောကောင်းပေမဲ့နားထောင်တတ်ဘို့လဲအရေးကြီးပါတယ်
    အံစာတုန်းရဲ့ပို့စ်ကိုအားပေးသွားပါတယ်….

    • ကိုရင်မောင်ရေ …
      နားထောင်တတ်ဖို့ အရေးကြီးတာပေါ့ဗျာ …
      ကျနော်တို့မှာ ပါးစပ်က တစ်ပေါက်တည်း …
      နားက နှစ်ဖက် ရှိနေတာ …
      အဲဒါ နားကို ပိုအလုပ်ပေးရမယ် … တဲ့ …
      အဲလို ဖတ်ခဲ့ဖူးတယ် ခင်ဗျ …

  • amatmin

    March 17, 2012 at 2:04 pm

    ဘိုအံရေ..
    သေသေချာချာကြီးကို ဝင်နားထောင်သွားပါတယ်..
    ကျနော်ကတော့ နားထောင်ကောင်းသူ အဖြစ်ကို ပိုနှစ်သက်ပါတယ်ဗျ.. 🙂

  • alinsett

    March 17, 2012 at 6:39 pm

    အံစာတုံးရေ..။ ကျွန်တော်တော့ စကားမပြောတတ်သေးပါဘူးဗျာ.။

    အမှားတွေ.ပြောမိနေဆဲပဲ။ အမှားတစ်ခုကို နောက်တစ်ကြိမ်..ထပ်မမှားဖို ့..ကြိုးစားနေရဆဲ…ပါပဲ။

    ဒီပို ့စ်လေး..ကို တင်ပေးတာ သိပ်ကျေးဇူးတင်မိပါတယ် ။

    စိတ်ဝင်စားစရာ… မှတ်သားစရာ..ပို ့စ်လေး…ပါပဲ.။

    ခင်မင်စွာ

  • padonmar

    March 17, 2012 at 9:41 pm

    ဒေးကာနက်ဂျီရဲ့ မိတ္တဗလ ဋီကာမှာတော့ စကားပြောကောင်းသူဆိုတာ သူများပြောတာကို စိတ်ရှည်ရှည် နားထောင်ပေးတတ်သူတဲ့။

  • metallic

    March 17, 2012 at 10:59 pm

    အဆိုးဆုံးက ကျနော့်လိုလူတွေဖြစ်မယ် (ရိုက်ပေါက်)
    နင့်ဘာသာနင်ကြွားချင်သလောက်ကြွား
    ငြင်းချင်သလောက်ဖင်ပိတ်ငြင်း
    ငါကတော့ ဒီဖက်နားကဝင်
    ဟိုဖက်နားကထွက်ပဲ
    နင်ကငါနားထောင်လောက်အောင် ထိုက်တန်အောက်မှ မပြောဘဲ း)

  • aye.kk

    March 17, 2012 at 11:58 pm

    ကိုအံစာတုံးရေ..
    သိထားတဲ့ဗဟုသုတလေးအားပြန်ဝေမျှလိုက်ပါရစေ..
    ချိန်သင့်မတန်၊မစောင်းပြန်
    ဧကန်မရှုတ်ရ၊ဆိုင်တာကိုပြော
    စင်းလုံးချော၊အပြောတတ်သင့်လှ..တဲ့။(ဖတ်ဖူးထားတာလေးပါ)
    ————————————————————————————-
    နတ္ထိပုတ္တသမသုတ်(နတ်သားနှင့်မြတ်စွာဘုရားအမေးအဖြေ)
    နတ်သားမေး..ဥစ္စတကာ့ဥစ္စာတွင်နွားတည်းဟူသောဥစ္စာနှင့်တူသောဥစ္စာမရှိပါ။
    ဖြေ=ဥစ္စာတကာ့ဥစ္စာတွင်စကားတည်းဟူသောဥစ္စာနှင့်တူသောဥစ္စာမရှိ။
    ————————————————————————————–
    လုပ်ကိုင်ပြောကြားသတိထားသင့်တာလေးပါ..
    ၁။ကောင်းမွန်စွာပြောဆိုခြင်း
    ၂။ချစ်ခင်နှစ်သက်ဖွယ်ပြောဆိုခြင်း
    ၃။မှန်ကန်စွာပြောဆိုခြင်း
    ၄။သဘာဝကျကျလိုက်နာဖွယ်ရှိအောင်ပြောဆိုခြင်း
    —————————————————————————————-
    ပြောသင့်ပြောထိုက်သောစကားကောင်းတို့မှာ..
    အလိုနည်းပါးသောစကားမျိုး
    ရောင့်ရဲစေသောစကားမျိုး

  • MTY

    March 18, 2012 at 12:45 pm

    ကျွှန်တော့တွင်ဦးလေးကြီး၂ယောက်ရှိခဲ့ဖူးပါတယ်။
    နှစ်ယောက်လုံးမရှိတော့ပါ။တစ်ယောက်ကစစ်ဗိုလ်၊
    တစ်ယောက်ကအလွန်ချမ်းသာသူ။တူတာကနှစ်ယောက်စလုံးအဆဲ
    သမားများ။မတူတာကတစ်ယောက်ကဝန်းကျင်အရဆဲတတ်လာသူ
    နောက်တစ်ယောက်ကမိန်းမရှုပ်သူပီပီဆဲပြီးပြောရတာအာတွေ့သူ၊
    စာအရေးအသားကျတော့နှစ်ယောက်စလုံးကောင်းကြသဗျ၊ပြီးတော့
    တူတာကစာအရေးအသားမှာညစ်ငြမ်းခြင်းမပါ။လက်ရေးကလဲလှ။

    ဒေးကာနက်ဂျီရဲ့ မိတ္တဗလ ဋီကာစာအုပ်ကိုအလွန်နှစ်ခြိုက်သူပါ။
    မြန်မာဘာသာပြန်တာရှိတယ်၊ဦးနုထင်ပါသည်။

  • ကိုအမတ်မင်း

    ကျနော်နဲ့ တူတူပါပဲလို့ …။
    ဘာကြောင့်လဲဆိုတော့ ကျနော်လည်း နားထောင်သူ အဖြစ်ကိုပဲ ပိုနှစ်သက်လို့လေ ..။
    ___________________
    ကိုအလင်းဆက်

    တစ်ခါတစ်ရံ မှားမိတာနဲ့ စကား မပြောတတ်ဘူးလို့ ဆိုလို့ မရပါဘူးဗျာ …။
    လောကကြီးမှာ အမှားနဲ့ကင်းတဲ့ စင်းလုံးချော လူရယ်လို့လည်း ရှိမယ် မထင်ပါဘူးဗျာ …။
    ဥပမာ – ကျနော်ဟာလည်း အမှားတွေ အများကြီးနဲ့ ရှင်သန်နေရသူပါ … လို့ …။
    ___________________
    အန်တီပဒုမ္မာ

    ခုလို လာရောက် ပြောကြားပေးတာ
    ကျေးကျေးပါလို့ …။
    ___________________
    metallic

    ကျနော်တို့ စကားပြောတတ်သူ ဖြစ်အောင်
    ကြိုးစားကြည့်ရအောင်လားဗျာ …
    ___________________
    အမအေး

    ခုလို အမအေး သိထားတဲ့ ဗဟုသုတတွေကို
    လာရောက် ဝေမျှပေးတာ
    ကျေးကျေးပါလို့ …
    ___________________
    MTY

    ဟုတ်ပါတယ်ဗျာ …
    ဒေးကာလ်နက်ဂျီရဲ့ “How to Win Friends and influrence people” စာအုပ်ကို
    မိတ္တဗလဋီကာအဖြစ် ဦးနုက မြန်မာဘာသာ ပြန်ဆိုခဲ့တာပါ …။
    MTY ရဲ့ ဦးလေး နှစ်ယောက်ကလည်း စာရေးခြင်းကိုတော့ အတော် မြတ်နိုးပုံ ပေါ်သဗျ …
    ဆဲတော့ ဆဲတယ် …
    စာရေးတဲ့ အခါကျ ညစ်ညမ်းတာ လုံးဝ မသုံးဘူး … ဆိုတော့လေ ..
    ကျေးကျေးပါ …
    ___________________

    အားလုံးကို ခင်တဲ့ …
    အံစာတုံး

  • yaungchikha

    March 19, 2012 at 10:04 am

    လက်မထောင်ပြီး အားပေးသွားပါတယ် အံစာတုန်းရေ့..

  • kyeemite

    March 19, 2012 at 11:51 am

    မိအံဇာက သူနာပြု
    လူနာ့ေ-ွးအုတူနဲ့ထု
    ဗြဲသီးကကျောင်းဆရာ
    ကျူရှင်ပြပီးအောက်ဆိုဒ်ရှာ
    စိန်ပေါက်ဖေါ် မီးသတ်သမား
    ပြာကျပီးမှ သူရောက်သွား…
    ကဲခုတော့သိပီမဟုတ်လား..အံဇာမရဲ့..

    • မိကြီးမိုက်က အကြော်သည်
      ဂေါ်ဆယ်ဖိုးဆို တစ်ခုတည်းရယ် ..
      တူးနှယ် … တူးနှယ် .. ဗျောင် …
      😀 😀

Leave a Reply