Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မင်္ဂလာပါရွာသူရွာသားတို့ (မန်းဂေဇတ်သို့မိတ်ဆက်ခြင်း)

မိုခ်ိဳMarch 19, 20121min88341

ကျမက  မန်းဂေဇတ်မှာ  ခုမှ post တွေ   တင်ဖြစ်ပေမယ့်   စဖတ်ဖြစ်တာ  ၂၀၁ဝ ဇူလိုင်   လောက်   ကတည်းကပါ။   မျက်စိလည်ပြီး     ရွာထဲရောက် လာပေမယ့် သဘောကျသွားလို့   နောက်ဆုံး စာမျက်နှာအထိ     ပြန် ဖတ်ဖြစ်တယ်။     အဲတုန်းက ခုလောက်တောင် ရွာသူားတွေ မစုံသေးဘူးရယ်။

မန်ဂေဇတ်ကို သဘောကျတာက မန်ဘာအများကရေးတဲ့ အကြောင်းရာစုံ၊ ပုံစံ အစုံ ဖတ်ရလို့

ပဲ။ ကွန်ပျုတာ ဖွင့်ပြီးတာနဲ့ ပထမဆုံး ဝင်ဖြစ်တဲ့ ဆိုဒ်က မန်းဂေဇတ်ပဲ။ အသစ်တက်သမျှ ပိုစ့်အကုန်လုံး   ဖွင့်ဖြစ်တယ်။    စိတ်ဝင်စားရင်တော့ အစအဆုံး၊  သိပ်စိတ်မဝင်စားရင်တောင် အစ နဲ့ အဆုံး ဖတ်တယ်။  ကွန်မန့်တွေဆိုလည်း  မလွတ်တန်းပဲပေါ့။    ပြောရရင် ရွာထဲမှာ အသံတိတ်  ချောင်းနေတာ   ကြာပြီဆိုပါတော့။   ရွာသူားအားလုံးကိုလည်း    ကျမဘက်က ရင်းနှီးနေပြီးသားပါ။

ကျမက မိုချိုပါ။ BE နဲ့ကျောင်းပြီးပေမယ်. လက်ရှိ အလုပ်အကိုင်က မန်နေဂျာ၊ စာရင်းကိုင်၊ စာရင်းစစ်။    အဲ့ ရာထူးတွေ ဘယ်လိုရထားလဲ ဆိုတော့     ချစ်ချစ်ကြီး နဲ့ သားတော်မောင်ကို ဟိုလိုလုပ်၊   ဒီလိုမလုပ်နဲ့၊   ဘာစား၊  ဘာဝတ်၊   ဘယ်အချိန်ထ၊   ဘယ်အချိန်အိပ်၊  ဒီအပတ် ပိတ်ရက်ကို   ဘယ်သွားမယ်၊ ဘာလုပ်မယ်၊……..မယ် ၊…….မယ်  အဲလိုစီမံညွှန်ကြားရတော့ မန်နေဂျာပေါ့။

ချစ်ချစ်ကြီးရဲ့  လစာ  ထုတ်ပြီး ရင်  အိမ်လခက ဘယ်လောက်၊  ရေဘိုး မီးဘိုးက ဘယ်လောက်၊  ဖုန်းဘေ  ဘယ်လောက်၊  အင်တာနက်ဘေ ဘယ်လောက်၊  ဘယ်လောက်၊  ညာက ဘယ်လောက်၊ …….ဘယ်လောက်…………ဘယ်လောက် ၊  လက်ကျန်က ဘယ်လောက် ဆိုပြီး စာရင်းတွေ     အမြဲ ညှိနေရတော့ စာရင်းကိုင်ပေါ့။

ချစ်ချစ်ကြီးအတွက်      ပေး ထားတဲ့ ခွဲတမ်းကို ဘာ ဘယ်လောက်သုံးလဲ  ၊  MRT ကဒ် ဘယ်လောက်ဖိုး  ဖြည့်လဲ၊   ထမင်းစားတာက   ဘယ်လောက်ဖိုးလဲ၊     ဘီယာက   ဘယ်နှဘူး ဝယ်သောက်ပြီးပြီလဲ၊ …….လဲ ……….လဲ၊   အသေးသုံးတာ   တဆယ်တောင် ကုန်သလား  ….လား၊  …..လား၊  အဲလို စစ်ရ  ရစ်ရတော့    စာရင်းစစ်ပေါ့။  ထမင်းချက်၊ သန့်ရှင်းရေး၊ နာနီ ရာထူးတွေ ကတော့ အဆစ်ပေါ့။

မြန်မာပြည် မှာ   တုန်းကတော့  အေအီး လို့ ၃နှစ်လောက်     ခေါ်ခံရဘူးတယ်။     အေအီး ဆိုလို့ ဆောက် လုပ်ရေးတို့၊ ဆည်မြောင်းတို့၊ လျှပ်စစ်တို့၊ ဆက်သွယ်ရေး တို့ လို လက်ဖျား ငွေ သီးတဲ့ အေအီး ပြေး   မမြင်လိုက်ပါနဲ့။     လူသိမများ တဲ့ ဌာနတခုမှာ  လစာလေး ၈၀၀၀ဝ ကို သုံးခါနီးတိုင်း      နှစ်ရွက်  ကပ်  ပါမသွားအောင်    အထပ်ထပ် ပွတ်ပြီး    သုံးခဲ့ ရတဲ့ အေအီးပါ။

ခုတော့ ခြင်္သေ့ ကျွန်းမှာနေတယ်။ အလုပ် အကိုင်က     ပြော ခဲ့တဲ့အတိုင်းဆိုတော့   တနေ့နေ့ အင်တာ နက် ရှေ့    ငုတ်တုတ်ထိုင်ပြီး  ကမ္ဘာပတ်လိုက်၊ ရွာပတ်လိုက် ပေါ့။ ရွာထဲ ဝင်ရေးချင်ပေမယ့် လက်မသွက်

တာက တကြောင်း  ဆရာ့ ဆရာ ရွာ သူား များကြားထဲ ဝင်ရေးရမှာ မဝံ့ရဲ ပါသောကြောင့် တကြောင်း    တိတ်တိတ်ပုန်း ဖတ်သူ အဖြစ်သာ ကြာနေပါ၏။     ပထမဆုံး ပိုစ့် မှာ ကွန်မန့်   လေးများ ရရှိ ပါသောကြောင့် အားတက်ကာ     ဆက်ရေးမိပါ၏။  ပထမဆုံးပိုစ့်  မှာ ကွန်မန့်များချီး မြှင့် ပေးသော သဂျီး နှင့် တကွ ရွာသူရွာသားတို့ အားကျေးဇူး တင်ပါကြောင်းနှင့် ယခုမှစ၍ ပေါ်တင် ဝင်ပွားတော့ မည်ဖြစ်ပါကြောင်း။

အဲ…… ပြီးသေးဘူး။ ပိုစ့်တင်တော့ user ကို mocho လို့ပေးပြီး passward  ကတော့ ဘယ်တော့မှ မမေ့ တဲ့ မွေးနေ့ ပေါ့။ ပိုစ့် တတ်လာတော့ mm co ဖြစ်နေပါ၏။  မန်ဘာဝင်ဖြစ်တာ ဦးဘလက်ရဲ့ ကျောင်းတော်ကြီး  ဓါတ်ပုံတွေ တင်တည်းက ဝင်ပွားတော့မယ်ဆိုပြီး စဝင်ဖြစ်တာဆိုတော့ ကိုယ့်ဘာ ကိုယ် ဘယ်နေရာမှာ mm co ပေးခဲ့ မိလည်း မှတ်မိတော့ဝူူး။   ရေးသုူ နေရာမှာ user အတိုင်း  mocho      ဖြစ်ချင်တယ်။  စိန်ပေါက်ပေါက်ရေးတဲ့ ဂေဇတ်လမ်းညွှန်မှာ ဖတ်ဖူးပေမယ့်  ပြန်ရှာရမှာပျင်းတယ်။

ကူညီနိုင်ရင် ကူညီကြပါ။

 

 

 

41 comments

  • ကျွန်ုပ်ထက် ဝါ ရော၊ ရာထူး ရော ၊ ဘာရောညာရော ..
    ကြီးမြတ်လှတော်မူပါသော … မမိုချို ခင်ဗျား ……..

    ကျွန်ုပ်မှလည်း မင်္ဂလာပါလို့ ဦးစွာ ပထမ မင်္ဂလာ ဖြစ်ပါစေကြောင်း ပြန်လည်၍ နှုတ်ခွန်း ဆက်သလိုက်ပါ၏ …။

    User Name ပြောင်းချင်သည်နှင့် ပတ်သက်၍မူ ပို့စ်များ တင်သော နေရာ၊ Dashboard ၏ ဘယ်ဘက် အခြမ်းတွင် Profile ဟူသော နေရာ ရှိပါ၏ …
    ထို Profile ကို နှိပ်လိုက်ပါ …။ ပေါ်လာပါက Nickname ဟူသည်ကို တွေ့ပါလိမ့်မည် …။ အဲဒီ ဘေးနားက Box ထဲမှာ ပေါ်ချင်တဲ့ နာမည်ကို ရေးထည့်လိုက်ပြီး အောက်ဆုံးနားက အပြာရောင် button ကြီး Update Profile ကိုသာ နှိပ်ချလိုက်ပါတော့လို့ … ။

    စိန်ပေါက်ပေါက် မည်ကျော် ဆြာပေါက်ဖော်ရဲ့ ဂေဇက် လမ်းညွှန် ကတော့ ဟောဒီ နေရာမှာပါလို့ ….
    http://myanmargazette.net/64188/education/learn-how-to-do-just-about-everything

    ခင်တဲ့ … အံစာတုံး

  • အသူရာ

    March 19, 2012 at 12:48 pm

    အဟီးးး ရွာထဲက လူပျိုဂျီးဒွေကို ကြောက်လို့ ကြိုပိတ်ထားသလားပဲ 😆
    edit my profile ထဲကပြောင်းကြည့်ပါ့လား၊ သိသလောက် ရမ်းတီးလိုက်ပြီ။
    ရွာထဲက ဆရာ့ဆရာဂျီးဒွေ လမ်းပြပေးပါလိမ့်မယ် 🙂

  • inz@ghi

    March 19, 2012 at 12:48 pm

    စကီလေး ဆို ကူညီမို့ဟာ ….
    ချစ်ချစ်ဂျီး နဲ့ သားတယောက် ရှိဒယ်ဆိုလို့..
    စိတ်ထိခယက်သွားပီး…
    ဘာမှ မပြောဘဲ ပြန်ထွက်သွားဘာသည်…..
    😛

    ပုံ
    ရွာ့အပေအေတ
    နှူးဘာဂိုဏ်းချုပ် ဂီ

    p.S ရွာထဲသို့ ဝဲလ်ကမ်း ပါကြောင်း..
    ပြောရန် မေ့သွားဘာသည်…

  • နတ်ဆိုးလေး

    March 19, 2012 at 12:57 pm

    အဲ့လောက်လဲ ချစ်ချစ်ကြီး ချစ်ချစ်ကြီး လို့ မကြေငြာပါနဲ့ အင်းနော် စိတ်ဆိုးလာပြီ။ မင်္ဂလာဆောင်ရင် လှမ်းပြီးတော့ကို ဖိတ်လိုက်အုံးမယ်။ဒါဘဲ ။
    အတူတူ ကဲတာပေါ့ ရွာထဲမှာ အပြင်မှာတွေ့ရင် ပိုက်ဆံချေးမယ် မမကြီး mmcho

  • တီတီရေငုံနှုတ်ပိတ်

    March 19, 2012 at 12:58 pm

    မမိ်ုချိုရေ
    nick name ကိုပဲပြောင်းလို့ရတယ်ထင်တယ်။
    user name ကိုတော့ ပြောင်းလို့မရဘူးလို့ထင်ထားတာ..
    စမ်းတော့ကြည့်ပါဦး
    ကျုပ်ကတော့ ဒီရွာထဲ ပဲပြုတ်ရောင်းရင်းရောက်လာတာ
    မကြာသေးပါဘူးတော်…..

    • ဖားသက်ပြင်း

      March 19, 2012 at 1:04 pm

      ကျုပ်က အကြော်ဆို သိပ်ကြိုက်…
      အားပေးမယ်ဗျို့ ….

      လုပ်ပါ..
      သင်္ချာဝင့်ကြော် ၁ပွဲလောက်…..

      😀

      • ဆူး

        March 19, 2012 at 2:59 pm

        ပဲပြုတ် ၅ ပိဿာလောက် ပေးပါ.. အလှူနေ့ကျရင် ရွာသားတွေကို ပဲပြုတ်ကျွေးမယ်။
        ဗီတာမင် အပြည့်ပါတဲ့ ပဲပြုတ်ကျွေးပြီး ခွန်အားရှိတဲ့ ဂေဇတ် ရွာသားများ ဇြစ်လာအောင်.. ဟဲဟဲ

        • ဖားသက်ပြင်း

          March 19, 2012 at 3:20 pm

          ဘယ့်နှယ့် ပဲပြုတ်လာဝယ်နေပါသလဲကွယ်…
          လေဘာဒယ်….

          သများ ပဲပြုတ်မရောင်းဘူး…
          😀

          ဟုတ်ကဲ့.. သများအခု ဘိုးဘွား ရိပ်သာ မှာ အလုပ်ဝင်နေပါတယ်…
          (ပြန်ကြားရင်တော့ …ဝိုင်းသမတော့မယ်….)
          စိတ်ထိခယက်ရပါဒယ်… ကွယ်..
          ဘယ့်နှယ့် နှူးဘာဂျုပ် ကိုမှ အဘိုးကြီးဒွေကြား
          အလုပ်လာလုပ်ခိုင်းနေဒယ်…..

      • ဆူး

        March 19, 2012 at 3:31 pm

        ငြီး မပြောပါဘူးအေ.. ပဲပြုတ်ဝယ်တာတောင် ကြားထဲက သူ့အကြောင်းလေး လှမ်းပြီး မားကတ်တင်း ဆင်းနေတယ်။
        လေပါတယ်အေ.. ရယ်..

  • အတည်ပြောရရင် ပထမပိုစ်ကို မဖတ်လိုက်ရပါဘူး။
    ဒီနေရွာလည်တဲ့နေ့ဆိုတော့ တွေ့လို့မန်းလိုက်ပါ၏။
    ရေးရေး ဖတ်ဖတ် အသင်းဝင်ဝင် မဝင်ဝင် စီနီယာ ကျကျ မကျကျ
    ရေးတတ်တတ် မတတ်တတ်
    အခုမှဝင်ဝင် အရင်ကဘဲဝင်ဝင်
    ဒီဂေဇက်ထဲရောက်လာတယ်ဆိုရင်ကို ဘဲ ဝမ်းမြောက်ဝမ်းသာစွာကြိုဆိုပါ၏။
    ကျနော်လည်းတတ်လို့သိလို့ရေးနေခြင်းမဟုတ်ပါ။
    ကိုယ်သိခဲ့ကြုံခဲ့တာလေးကို ပြန်ပြောပြတယ်လို့ ခံစားရင်းစာရေးပါ၏။
    မမကိုကို(နာမည်အသစ်လေးပေးလိုက်ပါ၏)လည်း
    နည်းနည်းမှစ၍ များများရေးနိုင်ပါစေလို့ တိုက်တွန်း ပါ၏။

  • ဆူး

    March 19, 2012 at 3:01 pm

    ရွာသူ အသစ်ကလေးကို ကြိုှဆိုပါတယ်။
    ပျော်စရာ ကောင်းပြီး စည်ကားတဲ့ ရွာလေးမို့ ဆူးလည်း ရွာသက် ကြာနေပြီ။

  • koaung

    March 19, 2012 at 3:14 pm

    ကြိဆိုပါတယ်ဗျာ ဒီရွာလေးကနွေးထွေးပါတယ် အေးချမ်းပါတယ်

  • kai

    March 19, 2012 at 3:23 pm

    ပြောရရင်.. ခြင်္သေ့ကျွန်းမှာ.. မြန်မာအင်ဂျင်နီယာတွေအများကြီးပဲနော…
    မြန်မာပြည်ရေနက်ဆိပ်ကမ်း၂ခု ထိုးတက်လာလို့.. မြန်မာအင်ဂျင်နီယာတွေ ပြည်တော်ပြန်ကြရင်.. ဘယ်လိုလုပ်ကြမလည်းတောင် မသိဘူး..
    ( မဖြစ်လာနိုင်ပါဘူး.. နောက်တာပါ)

    မဏိပူရ တဲ့..။ သီဟပူရတဲ့..
    ပူရဆိုတာ.. မြို့တဲ့..
    သီဟ =ခြင်္သေ့
    ပူရ=မြ်ို့

  • mm co

    March 19, 2012 at 3:25 pm

    ကျေးဇူးပဲ အံဇာတုံးလေးရေ စမ်းကြည့် လိုက်ပါအုံးမယ်။
    အသူရာ၊ နဲ့နတ်ဆိုးလေးရေ
    မီးမီးက အန်တီ အရွယ် ဖြစ်နေပြီ ဆိုတော့ ရွာထဲက လူပြိုဂျီး၊ လူပြို လေး များကို ကြောက်ပါဝူး။
    အလုပ် အကိုင်နဲ့ ပရော်ဖက်ရှင်နယ် တယောက်မဟုတ်တဲ့အတွက် ရေးလတ္တံ့သောစာများရဲ့အဆင့်အတန်းကို ကြိုတင်ခန့်မှန်းနိုင်ရန်အလို့ငှာမ ီးမီးရဲ့အရည်အချင်းများကို ကြေညာရခြင်းဖြစ်ပါ၏။
    လေးပေါက် ရေ
    ဂေဇတ်ထဲ ရောက်ပြီး နောက်ပိုင်းကိုပြန်ရှာဖတ်ဖြစ်တဲ့ ထဲမှာ လေးပေါက်ရဲ့ပိုစ်တွေ အများဆုံးပေါ့။
    ဂီဂီရေ
    ဂီဂီရဲ့ပိုစ်တွေ စဖတ်ရတုန်းက ဗဟုသုတ နှံ့စပ်တဲ့ မင့်ကို အသက် ကြီးပြီထင်နေတာ။ နောက်မှအတော် ငယ်သေးမှန်း သိတာ။ ချီးကျူးပါတယ် ဂီဂီရေ။
    တီတီရေငုံနှုတ်ပိတ်ရေ
    ရွာထဲကတော့လည်ပြီးရင် ထွက်ရခက်ပ။
    စကားအတင်းစပ်
    (မီးမီးက ဦးဦးပြေတီဦးနဲ့အတန်းတူ၊ မေဂျာမတူ ဖြစ်ပါ၏)

  • kyeemite

    March 19, 2012 at 3:25 pm

    မင်္ဂလာပါဗျာ..ကျုပ်ကိုတော့သိမှာပါ
    ရွာလူမိုက်ပေါ့..ကြီးမှမိုက်တာပါ..
    ကျုပ်ကြောင့် ပထမပို့စ်ရေးဖြစ်တယ်ဆိုလို့
    ဝမ်းသာမိပါသဗျာ…ဒီရွာမှာနေမယ်ဆို
    ပျော်သလောက်နေနိုင်ပါကြောင်း(သဂျီးကိုယ်စား)
    ပြောကြားရင်း နောက်တင်မဲ့ပို့စ်တွေစောင့်
    ဖတ်ပါ့မယ်..အဲတစ်ခုပြောဘို့ မေ့တော့မလို့..
    ဒီရွာမှာ အချောက်တစ်ဖွဲ့ရှိတယ်..သိလား
    ဖြဲသီးမ..မိစိန်ပေါက်..အံဇာမ..မိရွှေတိုက်…ဟီး
    ဒါပေမဲ့ လျှော့မတွက်နဲ့နော်..အဲကောင်မတွေက
    ကွန်ပူတာအိတ်စပတ်တွေ..အရေးရယ်အကြောင်းရယ်ဆို
    သူတို့ဘဲလှမ်းမေးရတာ..လစ်ပီ..

  • mm co

    March 19, 2012 at 3:43 pm

    ကျမစာ ရိုက်နေတုန်း ကွန်မန့်တွေ များကြီး ဖြစ်သွားပြီ။ ကျမစာရိုက် အဲလောက်မြန်တာ။
    ဟုတ်ပါတယ် သဂျီးရေ ကျမတို့ တကျောင်းလုံးနီးပါးပါပဲ။ အစိုးရဝန်ထမ်း လုပ်နေတဲ့သူတွေ လောက်ပဲကျန်မယ် ထင်တယ်။ ကုမ္ပဏီ ဝန်ထမ်းဆိုရင်လည်း တော်တော် လစာကောင်းတဲ့သူလောက်ပဲကျန်တယ်။ကျမကတော့ အင်ယာ တွေ အတွက် အလုပ်ပေါတဲ့ စလုံး မှာ အကြာင်းကြောင်းကြောင့်ဘာမှမလုပ်ပဲ မှီခိုသူ ဖြစ်နေရတာ ဒီပရက်ရှင် မရအောင် ကြိုးစားနေရတယ်။

  • htoosan

    March 19, 2012 at 4:18 pm

    မင်္ဂလာပါ မမိုချို ။ ရေးသူနေရာမှာ mocho ပြောင်းလို့ ရပါတယ် ။
    ပြောင်းပြီး သွားရင် ယခု ရေးထားတဲ့ comment တွေမှာ mm co ဖြစ်နေတာက လွဲရင် ကျန်တာ mocho ပြောင်းသွား မှာပါ ။ စုစုပေါင်းမန့်ထားတဲ့ အရေအတွက်ကတော့ မပြောင်းပါဘူး ။

  • pooch

    March 19, 2012 at 4:47 pm

    မင်္ဂလာပါ အမ ကြိုဆိုပါတယ်။
    အမဒီရွာထဲကို ရောက်လာရင် ဒီပရက်ရှင်ဆိုတာ ဘာလဲလို့တောင် မေးယူရအောင် မေ့သွားပါလိမ့်မယ် 😀

  • ကိုရင်မောင်

    March 19, 2012 at 4:50 pm

    ရွာသူလေးတယောက်တိုးလာပါပေါ့လာ
    ကြိုဆိုပါတယ်ဗျာ
    မင်္ဂလာပါmm co ရေ…..

  • ခပ် KING ကင်း

    March 19, 2012 at 6:08 pm

    မင်္ဂလာပါ အမ
    မီးမီးလေးတစ်ယောက်ထပ်မွေးတော့မှပဲ
    လာဆက်သွယ်တော့မယ်
    အခုတော့
    ဆက်ရေးမယ့် စာပဲ ဖတ်နေမယ်
    😆

  • Khin Latt

    March 19, 2012 at 6:16 pm

    မိုချို ရေ
    ကြိုဆိုပါတယ်နော်။
    အာအိုင်တီ က ကိုယ့်ကျောင်း မဟုတ်ပေမဲ့ ကိုယ်သွားချင်ခဲ့တဲ့ ကျောင်း ရဲ့ သမီးလေးမို့ အားကျ ဂုဏ်ယူပါတယ်။
    မိုချို ရဲ့ ၈၈/၉၆ နောက်ပိုင်း ချစ်ချစ်ကြီး နဲ့ သားတော်မောင် ပုံပြင်လေး တွေ ကိုလဲ နားထောင်ဖို့ မျှော်လင့်နေပါတယ်။ 🙂

    ခင်မင်စွာဖြင့်
    အရီးလတ်

  • mm co

    March 19, 2012 at 6:24 pm

    ကွန်မန့် များပေးသောရွာသူရွာသား အပေါင်းအား ကျေးဇူးတင်ပါ၏။ စာရိုက်နှေးသောကြောင့်တယောက်ချင်းကိုရှဲ့ရှဲ့မလုပ်နိုင်တာ ခွေး လွှတ်ပါ။ဤပိုစ့်ကိုရေးတာ၂နာရီလောက် ကြာပါ၏

  • Mr. MarGa

    March 19, 2012 at 6:31 pm

    အဟိမ်း
    ဦးမာဃ ကြီးကလဲ ကြိုဆိုပါတယ်။
    မန်းဂေဇက်မှာတော့ ဘဝတူလို.ပြောရမယ်ထင်တယ်။
    ဦးမာဃလဲ စာဖတ်သူပဲလေ
    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

  • windtalker

    March 19, 2012 at 9:23 pm

    မိုချိုလေး ကို ကူညီချင်ပါတယ်ကွယ် ၊ ခက်တာက အဲ့ကိစ္စက သဂျီးအူးကိုင် တို ့ ငပေါက်ဖော်တို ့မှသာ ကျွမ်းကျင်ကြတဲ့ အမျိုးကလား ။ ဘာဘဲဖြစ်ဖြစ် ရွာသူ အသစ်လေးအား နွေးနွေးထွေးထွေး ကြိုဆိုပါကြောင်း နော် ။

  • surmi

    March 19, 2012 at 10:48 pm

    မှတ်ထား …
    ကျုပ်နာမည် ဆာမိ
    ဘာဘာညာညာသိပ်မသိဘူး
    ရွာထဲမှာတော. ဂျလေဘီရောင်းတယ်
    နှစ်ထုပ်ဝယ်ရင် တစ်ထုပ် လက်ဆောင်ပေးတယ်

  • မှတ်ထား
    ကျုပ်နာမယ် မိဆာ
    ဘာညာဘာညာလာမပြောနဲ့
    တကယ်ဆာရင်လိုက်စားမှာဘဲ
    ခေါ်ခဲ့ရင်ပေ့ါ

  • surmi

    March 19, 2012 at 11:17 pm

    မိဆာဆိုရင်
    အထိနာတတ်တယ်
    ကြည်.သာရှောင်တော.ဆရာရေ …..ဟဲ ဟဲ
    (လစ်ပြီ လေးပေါက်ရေ …..)

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 20, 2012 at 12:08 am

    မိုင်ဆွန်ခ ရှမ်းလိုနှုတ်ဆက်တာပါခင်ဗျာ မင်္ဂလာပါလို့ပေါ့ အသစ်အသစ်ချင်းမို့ ကြိုဆိုပါ၏လို့ပြောတော့ပါဘူး
    တူတူပဲရွာရိုးကိုးပေါက် လျှောက်ပြီးဂေါ်လီလိုဒိုးရအောင်လို့ပြောပါရစေ အန်တီမိုချို(ကျွန်တော့်ထက်အသက်ကြီးလေတော့)
    အန်တီရေးတဲ့ပထမပို့စ်ကိုကျွန်တော်မဖတ်ရသေးပါဘူး လင့်လေးမန့်ပေးပါဦး
    အန်တီပြောသလို ရှာရမှာပျင်းတဲ့ထဲကျွန်တော်လည်းပါတယ်လေ……..
    ဂေဇက်ရဲ့စာမျက်နှာများကလည်းများသလားမမေးနဲ့ တစ်ခါတုန်းက ကိုသန်းထွဋ်ဦးက
    သူ့ရဲ့ရှမ်းပြည်ကချယ်ရီသံတွဲမှာကြွေလေပြီဆိုတဲ့ပို့စ်လေးကိုပြောလိုက်တာ တစ်ရက်နဲ့နှစ်ညသာကုန်သွားတယ်
    မတွေ့ဘူးဗျ ကျွန်တော်လည်းမရေးတတ်ဘဲရေးနေတဲ့ရှမ်းပြည်ကလူရှုပ်တစ်ယောက်မို့ အဖော်တစ်ယောက်တိုးလာတော့
    ဝမ်းသာမိပါကြောင်း အန်တီမိုချိုရဲ့စာတွေကိုမျှော်နေမယ်နော်…………..
    လေးစားစွာဖြင့် ရှမ်းပြည်သား(တောင်ပိုင်း) စကားမစပ် ဒီပို့စ်ကို စွယ်တော်ရွက်တစ်ယောက်မမန့်သေးဘူး
    နော်….သူ့ကိုလည်းမန့်ပါဦးလို့ အန်းဂလိစာတွေနဲ့လေ…………

  • Burmese or Chinese

    March 20, 2012 at 7:07 am

    မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်း ဆက်သလိုက်ပါသည်……..ကျွန်ုပ်ထက် ဝါ ရော: ရာထူး ရောကြီးပါသော … မမိုချို ခင်ဗျား

  • ကြောင်လေး

    March 20, 2012 at 8:13 am

    ကြောင်တတ်မတော်ကြီး၏ ကိုယ်စား ကြောင်လေးမှ လှိုက်လှဲပျူငှာ၊နွေးထွေးစွာ ကြိုဆိုလိုက်သည်။
    ပုံ
    အမိန့်မရ
    ကြောင်လေး။

  • TTNU

    March 20, 2012 at 9:31 am

    ံHello MMCho,
    Welcome to our planet!
    Teacher Nu.

  • yaungchikha

    March 20, 2012 at 1:23 pm

    အစ်မ မိုးချို မင်္ဂလာပါ၊ မနေ့က တစ်နေ့လုံး ကွန်နက်ရှင်အဆင်မပြေလို့ အခုမှပဲ နှုတ်ဆက်ရတော့တယ်..

  • Khaing Khaing

    March 20, 2012 at 3:14 pm

    မမိုချိုလား မမိုးချိုလား မင်္ဂလာပါ…. မမMCလို့ခေါ်မယ်နော် MG ကခိုင်ခိုင်က အိမ်မှုတာဝန်ထမ်းဆောင် ရတယ်ဆိုတာ တစ်ကယ်တော့လွယ်တဲ့အလုပ်မဟုတ်ပါဘူး မီးမီးကတော့ မိန်းကလေးသာဖြစ်တာ အိမ်မှုတာ ဝန်ကို ကျေပွန်အောင်မထမ်းဆောင်နိုင်ဘူး အခုလို အိမ်မှုတစ်ဖက်နဲ့ရွာထဲဝင်နိုင်တာချီးကျူးပါတယ် ….မီးမီး နဲ့အဝေးဆုံးနေရာတွေက ဈေး၊ မီးဖိုချောင် အဲဒီနေရာတွေပါပဲ ဈေးသွားရတာ ထမင်းဟင်းချက်ရတာလောက် ခေါင်းစားတာမရှိဘူး သူများချက်တာကိုစားရတာအကောင်းဆုံးပဲ မီးမီးက ချစ်ချစ်ရှာရင် အဲဒါတွေလုပ်ပေး နိုင်တဲ့သူကိုပဲရှာမှာ …..

    မမမိုချိုရေ ခင်မင်စွာဖြင့်
    Khaing Khaing

    • ရှမ်းပြည်သား (တောင်ပိုင်း)

      March 20, 2012 at 9:53 pm

      မမကြီးခိုင်ရေ……… ဒွေးဆိုသွားတဲ့သီချင်းလေးထဲကလို မူပိုင်ရှင်မကြီးမမခိုင်လို့ခေါ်လိုက်မယ်နော်။
      အဲလိုချစ်ချစ်မျိုးလိုချင်ရင် ရှမ်းပြည်သားကိုအရင်စဉ်းစားပေးနော် ကျွန်တော်ကအိမ်မှုကိစ္စလည်း
      လုပ်တတ်တယ် ။ စီးပွားလည်းရှာတတ်တယ် တူးဝေးရတယ်နော်…….. ချစ်ချစ်ရှာရင်
      ကျွန်တော်ထိပ်ဆုံးကလာပြီး CVတင်မယ် ။

  • padonmar

    March 21, 2012 at 2:34 am

    မိုချိုရေ
    ပထမဆုံး post မှာကတည်းက ဒီလက်ကလေး စာရေးကောင်းတယ်လို့ မှတ်လိုက်မိသား။ခုမှ မိတ်ပြန်ဆက်ရတယ်ပေါ့။
    မှီရေးတာတွေ ဖတ်ဖူးလိုက်မှာပါ။
    အိမ်ရှင်မလည်း ဒီဂေဇက်မှာ လူရာဝင်ပါတယ်။
    ဂေဇက်ကို ငွေကြေးအရ အရေးပိုင်တို့၊သူကြီးတို့ ပိုင်ပေမယ့်
    ဒို့ရွာသူရွာသားတွေက ဒို့အားလုံးနဲ့ ဆိုင်တယ်လို့ သတ်မှတ်ထားကြတာပါ။
    ရွာထဲမှာ ဒီမိုကရေစီ အပြည့်နဲ့နေရလို့လည်း ပျော်ကြပါတယ်။
    မိုချိုလည်းနောင်ဆို ဂေဇက်နဲ့ မျက်နှာသစ်ရပါတော့မယ်။
    ဝမ်းပန်းတသာကြိုဆိုပါတယ်။
    ပြည်တော်ပြန်လာရင်လည်း ကြိုဆိုနေမှာပါ။ခဏဖြစ်ဖြစ် အမြဲဖြစ်ဖြစ်ပေါ့။
    ဒို့သူကြီးက သူမပြန်ချင်တိုင်း လျှောချတယ်။ မဖြစ်လာနိုင်ပါဘူး၊အလကားနောက်တာပါတဲ့။မီးဒုတ်ပါဗျို့။
    စွယ်တော်ရွက်တောင်ပြန်လာတော့မှာကို။

  • ရွှေဘိုသား

    March 21, 2012 at 9:04 am

    အဲဒါ မန်နေဂျာ အလုပ်ရဲ့အစပေါ့နော်
    ဒါဆို မိန်းမလေး 20 လောက်ယူပြီး စီမံခန့်ခွဲလုပ်အုံးမယ်
    ဒါမှ ရာထူးကြီးကြီးရမှာ

  • ကြောင်ကြီး

    March 21, 2012 at 9:08 am

    ဘီအီးဒီစီကြောင်ကြီးမှ ဘီအီးသမားများအားလုံးကို ကြိုဆိုပါတယ်…
    အားလုံး ပုံစံ… #$%^သားတွေ ပုံစံထိုင်တယ်ဆိုတာ နားမလည်ဘူးလား။ ကြမ်းပြင်မှာ ဆောင့်ကြောင့်ထိုင် လက်နှစ်ဖက်ကို ဒူးပေါ်ဆန့်တင် ခေါင်းကိုအောက်စိုက်ထား… ပြန်စမယ်.. ပုံစံ….$%^#သားတွေ နှစ်ခါမပြောဘူး မှတ်ထား၊ မင်းတို့ အပြင်မှာ ဘာကောင်ဖြစ်ခဲ့ဖြစ်ခဲ့ ရွာထဲရောက်ရင် ဗိုလ်နဲ့ဂျို နှစ်မျိုးပဲရှိတယ်။ ရွာထဲမှာနေရင် ရွာစည်းကမ်းနဲ့အညီ နေရမယ်၊ ရွာလူဂျီးတွေ ပြောစကား နားထောင်ရမယ်။ ထဆိုထ ထိုင်ဆိုထိုင် အိပ်ချိန်အိပ် စားချိန်မှာစား ပေးသမျှယူ ကျွေးသမျှစားလိုက် အထွန့်မတက်နဲ့။ ပြသနာရှိရင် ရွာလူဂျီးများကို စည်းကမ်းသေသေဝပ်ဝပ်နဲ့ တင်ပြနိုင်တယ်။ တုတ်ယူမလား၊ မုန့်ယူမလား ကြိုက်တာရွေးနိုင်တယ်….။

  • etone

    March 21, 2012 at 1:58 pm

    အစ်မ မိုချိုရေ … အရောင်သွေးစုံလင်ပြီး ပျော်စရာကောင်းလှတဲ့ ဂေဇက်ရွာလေးက ကြိုဆိုပါတယ် … ။
    အခုမှ စာစရေးတာတောင် … အရေးသား ညက်လွန်းလှပါတယ် … စာရေးကောင်းသူတစ်ယောက်တိုးလာတာ … ရွာကြီး ပ ိုပြီး စည်ကားသွားတာပေါ့ အစ်မရေ … ။ နောက်တင်မယ့် ပို့စ်များကိုလည်း … စောင့်ဖတ်အားပေးပါဦးမယ် …. ။ အိမ်ရှင်မတစ်ယောက်က အိမ်တွင်းမှာနေပေမယ့် …. တစ်ကမာ္ဘလုံး ဘာဖြစ်နေသလဲ သိနိုင်တယ်ဆိုတာ… သက်သေထူလိုက်ပါ အစ်မရေ … 🙂

  • ရွာစားကျော်

    March 21, 2012 at 2:47 pm

    မင်္ဂလာဘားးးးး .. (အာဇာနည်.. လေသံဖြင့်)
    ရွာသူအသစ် မကြီးမိုချိုကို နှုတ်ခွန်းဆက်ပါတယ်ဗျား

  • Wow

    March 21, 2012 at 4:19 pm

    ဒါနဲ့ စကားအတင်းစပ် မကြီးမိုချိုက ဒီမိုကရက်တစ်လား ကွန်ဆာဗေးတစ်လားဟင်…င်င်င်
    😛

Leave a Reply