Maung Yit – မီဒီယာဆိုုတာ လွတ်လပ်ခွင့်ပဲ လိုုတယ်၊ အာမခံတဲ့ဥပဒေမလိုုဘူး

kaiMarch 21, 20121min1954

မတ်လ ၁၉ ရက်တုုန်းက ရန်ကုုန်မှာ မီဒီယာဖွံဖြိုးတိုုးတက်ရေး ညီလာခံကျင်းပတယ်။ မတ်လ ၁၈ ရက်နေ့က အမျိုးသားသတင်းဆုုပေးပွဲကျင်းပတယ်။ ခင်မင်ရင်းနှီးသူတွေကော၊ မခင်မင် မရင်းနှီးသူတွေကော တက်ရောက်ဆင်နွှဲကြတာကိုု တွေ့ရတယ်။ အာဏာရှင်တွေ အဆင့်ဆင် ပြဋ္ဌာန်းချုပ်နှောင်ခြင်း နှစ်ပေါင်းများစွာ ခံစားနေရတဲ့ စာနယ်ဇင်း မီဒီယာလောကမှာ သူတိုု့တွေရဲ့ ဥပဒေ စည်းမျဉ်းတွေ မလိုုဘူး၊ သူတိုု့တတွေရဲ့ ကျောသပ်၊ ရင်သပ် အလုုပ်ခံရတာမျိုး မလိုုဘူး၊ သူတိုု့တွေဆီက ဥပဒေတွေနဲ့ ကာကွယ်စောင့်ရှောက်ခြင်း အသနားခံစရာ မလိုုဘူးလိုု့ ပြောလိုုက်ချင်တာပဲ။ “စာနယ်ဇင်း” ဆိုုမှတော့ “မီဒီယာ” ဆိုုမှတော့ ပြည်သူတွေနဲ့ တန်းတူ လွတ်လပ်ခွင့်ပဲ လိုုတယ်။ ပြည်သူတွေကိုု ကန့်သတ်တားဆီးပြီးမှ အာမခံတာတွေ ကာကွယ်တာတွေ လုုပ်တဲ့ ဥပဒေတွေ မလိုုအပ်ဘူးလိုု့ ထင်တယ်။

စာပေစိစစ်ရေးအဖွဲ့တိုု့၊ စာပေစိစစ်ရေးဥပဒေစည်းမျဉ်းတွေက အိုုမင်း ဟောင်းနွမ်းနေပြီ။ ဒီတော့ အဲသည်အဖွဲ့ကြီးတွေ၊ စည်းမျဉ်းတွေကိုု ဖျက်ပြီးတော့ ခေတ်မီတိုုးတက်တဲ့ အဖွဲ့ကြီးတွေ၊ ပိုုမိုု လက်တွေ့ကျတဲ့ ထိရောက်တဲ့ စည်းမျဉ်း အာမခံချက်တွေ ရေးဆွဲကြမယ်ဆိုုတာက ကာတွန်းစကားနဲ့ ပြောရရင် ကြိုးစင်အဟောင်းကြီးကိုု ဖျက်ပြီး ကြိုးစင်အသစ်တွေ ဆောက်တာနဲ့ အတူတူပဲလိုု့ ပြောချင်တယ်။

လက်ရှိ မီဒီယာအသစ်တခုုဖြစ်တဲ့ အင်တာနက်မီဒီယာမှာ ဘယ်အာဏာပိုုင်တွေနဲ့ ဘယ်ဥပဒေတွေကမှ အသင်းအဖွဲ့တွေ ဝင်ခိ်ုုင်း၊ စည်းကမ်းဥပဒေတွေ စည်းကြပ် အရေးယူနေတာတွေ မရှိဘူး ဆိုုတာကိုု ကြည့်စေချင်တယ်။ ရည်ရွယ်ချက်ချင်း၊ အယူဝါဒချင်းတူသူတွေ မိတ်ဆွေဖွဲ့ကြတာ၊ အချင်းချင်း ကျီးမြှောက် ဘုုတ်မြှောက်လုုပ်ကြတာတွေ ရှိတယ်။ တဖက်နဲ့ တဖက် ပြောဆိုု ဆွေးနွေး ပြိုင်ဆိုုင် ကြတာရှိတယ်။ ရာဇဝတ်မှုမြောက်ရင်၊ နိုုင်ငံတခုုခုုရဲ့ ဥပဒေကိုု ထိပါးရင် အဲသည် ဥပဒေအရ အရေးယူကြတာ၊ တရားတဘောင်ဝင်ကြတာ ရှိတယ်။ အင်တာနက်ဥပဒေနဲ့၊ မီဒီယာ ဥပဒေနဲ့ မီဒီယာသမားတွေကိုု လည်ပင်းကြိုးကွင်းစွပ်တာမျိုး မရှိဘူး။

အခုုဟာက မြန်မာပြည်မှာ ဖြစ်နေတဲ့ပုုံက ပြည်သူတွေရဲ့ စကားပြန်၊ ပြည်သူတွေရဲ့ အသိဥဏ်ပညာကိုု စောင့်ရှောက်ကာကွယ် စကားပြန်ရမယ့်၊ မှောင်ရိပ်ခိုု အလစ်အငိုုက် တိုုက်ခိုုက်မယ့် သူခိုုး၊ ဒါးပြတွေကိုု ဟောင်ရ၊ ဟိန်းရမယ့် မီဒီယာဂုုတ်ကျားတွေ၊ အောင်နက်တွေ၊ ရန်လုုံတွေ၊ ခွေးဝဲစားတွေက အမြီးတနံ့နံ့နဲ့ အာဏာရှင်တွေ၊ လက်နက်ကိုုင်တွေဆီ သွားပြီးတော့ သူခိုုး ဒါးရိုုးကမ်းနေတာမျိုး၊ အရိုုးသွားတောင်းနေတာမျိုး၊ လည်ပတ်စီးပေးဖိုု့၊ သံကြိုးချည်ပေးဖိုု့ ပတတ်ရပ်ပြနေသလိုုမျိူး ဖြစ်နေတယ်လိုု့ ခံစားမိတယ်။

မီဒီယာလုုပ်ငန်းရှင်တွေ၊ မီဒီယာဝန်ထမ်းတွေကတော့ သူုု့ဆန်စား ရဲရမှာပေါ့လေ။ ခိုုင်းတာလုုပ်၊ ဖိတ်တာသွား၊ ပေးတာရေး၊ ကျွေးတာယူ၊ အချိန်တန် လခလေး၊ ဆုုကြေးငွေလေးတွေ ထုုတ်၊ ဆန်ဝယ်၊ ဆီဝယ်၊ အိုုင်ပက်ဒ်တွေ ဝယ်၊ အိုုင်တွေ့ ခြေဆေးတွေ လုုပ်တာကိုု အထူး စိ်တ်ထိခိုု်က်မှု မဖြစ်ပါဘူး။ သံသရာမှာ ဒါမျိုးတွေက ဖြစ်နေကြပါ။

အခုုဟာက ပြည်သူအတွက် မီဒီယာသမား၊ စာနယ်ဇင်းသမားဆိုုပြီး ခါးတောင်းမြောင်အောင်ကျိုက်၊ ပြည်သူ့အတွက်၊ ဒီမိုုကရေစီအတွက် တပြားမှ မလျော့၊ တဒေါ်လာ၊ တယူရိုု၊ တဘတ်၊ တရင်းဂစ်၊ တစ်ယန်းမှ ဈေးမလျော့နိုုင်ဘူး ဆိုုတဲ့သူတွေက စစ်အာဏာရှင်တွေမြှောက်စားလိုု့ အာဏာပုုလ္လင်ပေါ်ရောက် တောင်ပြော မြောက်ပြော ခေါင်းပေါင်းစတလူလူတွေကိုု ညီလာခံတွေ လိုုက်တက်၊ ဥပဒေစကား၊ အာမခံချက်စကား၊ ဆုုပေး၊ ဒဏ်ပေးစကားတွေ အမြှုပ်တစီစီ နောက်က တကောက်ကောက်နဲ့ လိုုက်ပြောနေကြတာကိုု မျက်စိစပါးမွှေးစူးလွန်းလိုု့ ရေးမိတာ ဖြစ်ပါတယ်။

မီဒီယာမှာ စာနယ်ဇင်းမှာ လွတ်လပ်ခွင့်ပဲလိုုတယ်။ တခြားဘာမှ မလုိုဘူး။ အဖွဲ့အစည်းတွေ အာဏာပိုုင်တွေက ပေးအပ်တဲ့ “သင်သာလျင် လွတ်လပ်တဲ့ စာနယ်ဇင်းသမားဖြစ်တော့သကိုုး” ဆိုုတဲ့ လည်ပတ်သံကြိုး မလုိုဘူး။ “ငဒိုု့ အာမခံတဲ့ စာနယ်ဇင်းသမားလေးပါကွယ့် အဖမ်းအဆီး အတားအမြစ် ကင်းလွတ်ခွင့်ရှိစေသတည်း …” ဆိုုတဲ့ ပီယဆေးလိုုလိုု ဂမ္ဘီရအဆောင်လိုုလိုု အဆောင်အယောင်တွေ မလိုုဘူး။ ပြည်သူတွေနဲ့ တသားတည်း အတူတူ သူလည်း လွတ်လပ်၊ ကိုုယ်လည်း လွတ်လပ်တဲ့ တန်းတူညီမျှ အတားအဆီး အနှောက်အယှက်မရှိတဲ့ လွတ်လပ်ခြင်းကိုု ကိုုယ်တိုုင် ရယူ ဆောင်ရွက်နိုုင်တဲ့ နိုုင်ငံသားစာနယ်ဇင်းသမားတွေဖြစ်ဖိုု့ပဲ လိုုတယ် ထင်တယ်။

၁၉၆၂ တော်လှန်ရေးအစုိုးရတက်တော့ စစ်အာဏာရှင်နဲ့ မဆလတပါတီ အာဏာရှင် ဦးနေဝင်း အဆွယ်ကောင်းလိုု့ ကိုုယ့်အဖုို်းနဲ့ အဖွား ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တိုု့ အစုိုးရသတင်းစာတွေမှာ ဝင်လုုပ်တယ်။ ၁၉၆၈ မှာမှ အာဏာရှင်တွေ သရုုပ်သဘောကိုု ဘွားဘွားကြီး သိလိုု့ (အဲသည်ပတ်ဝန်းကျင်မှာ စာပေစိစစ်ရေးတွေ အတော် စခန်းထကြတယ် ပြောတယ်) အလုုပ်ကနေ ထွက်ကြ၊ အငြိမ်းစားယူကြရတယ်။ ဆရာကြီး သခင်ကိုုယ်တော်မှိုင်းဆိုုတဲ့ မြန်မာစာပေရဲ့ မီးရှူးတန်ဆောင်ကြီးဟာ အဲသည်တုုန်းက ငြိမ်းချမ်းရေးလှုပ်ရှားမှုရဲ့ တပ်ဦးမှာ ရှိနေတယ်။ တော်လှန်ရေးကောင်စီရဲ့ သတင်းစာအလုုပ်တွေ၊ စာပေလုုပ်သားညီလာခံတွေ ခါးတောင်းကျို်က်ပြီး လိုုက်တက်နေတယ်လိုု့ သမိုုင်းမှာ မကြားမိဘူး။ လူထုုဒေါ်အမာတိုု့၊ လူထုုဦးလှတိုု့ကိုု တော်လှန်ရေးကောင်စီက မျက်မုန်းကျိုးလိုုက်သမှ၊ အသက်အန္တရယ်ကိုု ရန်ရှာတဲ့ အထိပဲ။ အဲသည်တုုန်းက စာပေနဲ့ စာနယ်ဇင်းဥပဒေတွေနဲ့ သူတိုု့လူထုုမောင်နှံကိုု ကာကွယ်စောင့်ရှောက်ပေးတယ် တခါမှ မကြားမိပါဘူး။ နိုုင်ငံတော်အရေးပေါ်ဥပဒေတွေနဲ့ ဖမ်းတယ်၊ သိမ်းတယ်၊ တားတယ်ပဲ ရှိခဲ့ပါတယ်။

လွတ်လပ်တဲ့ တိုုင်းပြည်မှာ သာမန်လမ်းဘေးပြည်သူကလည်း အစုိုးရကိုု မကျေနပ်ရင် လမ်းပေါ်ထွက် ဆဲချင် ဆဲတာပဲ။ ဆန္ဒပြချင် ပြတာပဲ။ စာနယ်ဇင်းသမားတွေကလည်း သူတိုု့ စိတ်မလိုုရင် မလုိုသလိုု ရေးသားဝေဖန် ပြစ်တင်နေတာပဲ။ သူတိုု့ကိုု အာမခံတဲ့ အခြေခံဥပဒေက တခုုတည်းပဲ ရှိတယ်။ လူသားတိုုင်း မိမိစိတ်ဆန္ဒရှိသည့်အတုိုုုင်း လွတ်လပ်စွာ ထုုတ်ဖော်၊ ပြောဆိုု၊ ရေးသား၊ ဖြန့်ချိခွင့် ရှိသည် ဆိုုတာပဲ။ သတင်းစာဆရာလည်း လူပဲ။ လူသားအားလုုံး အတူတူ လွတ်လပ်ခွင့် ရှိရမယ်။ ငါတိုု့က စာနယ်ဇင်းသမားတွေမိုု့လိုု့ သာမန်လူသားတွေထက် တမူးပိုုရှုချင်ရင် အာဏာသမား၊ ငွေသမား၊ အခွင့်အရေးသမားနောက်လိုုက်တဲ့ ဘိန်းစားပဲ ဖြစ်လိမ့်မယ်။

မှတ်ချက်။ ။ မိုးမခ မောင်ရစ်ဆီမှ ကူးယူသည်။
http://moemaka.com/2012/03/maung-yit-%E1%80%99%E1%80%AE%E1%80%92%E1%80%AE%E1%80%9A%E1%80%AC%E1%80%86%E1%80%AD%E1%80%AF%E1%80%AF%E1%80%90%E1%80%AC-%E1%80%9C%E1%80%BC%E1%80%90%E1%80%B9%E1%80%9C%E1%80%95%E1%80%B9%E1%80%81/

4 comments

  • Khin Latt

    March 21, 2012 at 4:14 am

    ~~~ အချင်းချင်း ကျီးမြှောက် ဘုုတ်မြှောက်လုုပ်ကြတာတွေ ရှိတယ်။~~~
    ကျီး ဘုတ်မြှောက်၊ ဘုတ် ကျီးမြှောက် လို့ ပြောချင်တာထင်ရဲ့။

    မောင်ရစ် ပြောတာကို သဘောကျမိပါတယ်။
    မီဒီယာသတင်း တွေနဲ့ နောက်က မှတ်ချက် တွေ ကို ကောင်းကောင်း နားထောင်တတ်တာ လဲ အစိုးရကောင်း ရဲ့ အရည်အချင်း တစ်ရပ်ပါဘဲ။
    ပြောတိုင်း လိုက်လုပ်စရာတော့မလိုပါဘူး။
    ဘယ်နေရာမ ဆို အမှားမကင်း တာမို့ အစိုးရမှာလဲ အမှားပါနိုင်ပါတယ်။
    အဲဒီ အမှားအမှန် ချင့်ချိန် နိုင်စေတဲ့ ပါဝါ ကို ဝေဖန်တဲ့ မီဒီယာ တွေ ကနေယူသင့်ပါတယ်။

  • phone_kyaw

    March 21, 2012 at 5:06 am

    ကိုကြီးရစ်ကြည့်ရတာ အတော်ဒေါကန်နေပုံပဲ…

  • kyeemite

    March 21, 2012 at 9:00 am

    ကြိုက်သဗျို့…တင်ပြ ထောက်ပြထားတာတွေလည်း
    တော်တော်ထိမိတယ်…
    “စာပေစိစစ်ရေးအဖွဲ့တိုု့၊ စာပေစိစစ်ရေးဥပဒေစည်းမျဉ်းတွေက အိုုမင်း ဟောင်းနွမ်းနေပြီ။ ဒီတော့ အဲသည်အဖွဲ့ကြီးတွေ၊ စည်းမျဉ်းတွေကိုု ဖျက်ပြီးတော့ ခေတ်မီတိုုးတက်တဲ့ အဖွဲ့ကြီးတွေ၊ ပိုုမိုု လက်တွေ့ကျတဲ့ ထိရောက်တဲ့ စည်းမျဉ်း အာမခံချက်တွေ ရေးဆွဲကြမယ်ဆိုုတာက ကာတွန်းစကားနဲ့ ပြောရရင် ကြိုးစင်အဟောင်းကြီးကိုု ဖျက်ပြီး ကြိုးစင်အသစ်တွေ ဆောက်တာနဲ့ အတူတူပဲလိုု့ ပြောချင်တယ်။”
    ဒီအချက်ကအထိမိဆုံးဥပမာဘဲ…
    ဆရာရစ်က ကာတွန်းဆရာမှတ်တယ်…

  • ကြောင်ကြီး

    March 21, 2012 at 9:13 am

    ကျနော် ဒီနေ့အဲဒီစာ ဖတ်မိတော့ သဘောကျလို့ ရွာထဲမှာတင်ပေးအုံးမလို့ စဉ်းစားနေတာ။ သဂျီးဦးသွားတယ်ဗျာ…။ မစ္စတာဘောရှု၊ ဘောမ၊ ဘောစုပ်များ ဖတ်မိပြီး ဆင်ခြင်နိုင်ဂျပါစေလို့ ဆုတောင်းပါတယ်ဗျာ..။ ဒါနဲ့ ကျုပ်တို့သဂျီးက ဘာဘောပါလိမ့်….။ 🙄

Leave a Reply