Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့တဲ့ သိုမှီးစနစ်

khinmintatthuJune 9, 20109min1580

“မကြာမီလာမည်” ဆိုတဲ့ ခေါင်းစဉ်တွေနဲ ့ နည်းပညာသစ်တွေ တန်းစီပြီးရှိနေပါလိမ့်မယ် ။ ဒီခေါင်းစဉ်တွေထဲမှာ ကွန်ပျူတာ ဒေတာတွေကို သိုမှီးသိမ်းဆည်းမှုအတွက် နည်းပညာအသစ်တွေလည်း ရှိနေမှာဖြစ်တယ် ။

RAID 0 အခင်းအကျင်းနဲ ့dual-SSD drives ကို လည်ပတ်စနစ် အတွက် configure လုပ်ယူမဲ့ ကိစ္စတွေကို ကြိုဆိုနိုင်တယ် ။ ရသမျှဒေတာတွေကို ထည့်သွင်းနိုင်ယူနိုင်မယ့် စူဇကာပုဏ္ဏားလို 2TB SATA HDD တွေကိုလည်းမျှော်နိုင်တယ်။ ရုပ်ရှင်တွေကြည့်ဖို ့နဲ ့HD အရည်အသွေးနဲ ့ရုပ်ရှင်တွေကိုလည်း backup လုပ်ထားနိုင်မယ့် Blu-ray optical drives ကိုလည်း တမ်းတကြိုဆိုလို ့ဖြစ်နိုင်တယ် ။ Rig တစ်ခုကနေ နောက်ကွန်ပျူတာတစ်လုံးဆီကို အလျင်အမြန် သယ်ပို ့ပြောင်းရွှေ ့နိုင်ဖို ့အတွက် 64GB USB thumb drive တွေကိုလည်း သုံးခွင့်ရကြတော့မယ် ။ ဒီလို စိတ်ကူးယဉ် အိမ်မက်တွေကို အကောင်အထည် ဖော်ပေးနိုင်မယ့် သိုမှီးစနစ် စီမံချက်တွေဆင့်ကာဆင့်ကာ လက်တွေ ့လောကထဲကို ရောက်လာမှာဖြစ်တယ်။ တစ်ချိူ ့ကလည်း ၃ ဒသမ ၅ လက်မ Floppy လေးတွေနဲ ့ မိမိတို ့ရဲ ့ဒေတာတွေကို ကျောင်းကနေ အိမ်သယ်လာလိုက် ၊ အိမ်ကနေ ကျောင်းယူသွားလိုက် လုပ်ခဲ့ရတာတွေကို ပြန်ပြောင်း သတိရနေကြလိမ့်မယ်။ ကက်ဆက်တိပ်ခွေလေးနဲ ့သီချင်းနားထောင်ကြရတာ ကိုလည်း သတိရကောင်းရကြလိမ့်မယ် ။ ဒါပေမဲ့ IBM Punch Card ဆိုတဲ့ကိရိယာကို ဘယ်လိုအသုံးချခဲ့တယ်ဆိုတာတော့ ကိုယ်တွေ ့ပြောပြနိုင်မဲ့သူ မရှိလောက်တော့ပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် ကွန်ပျူတာ ဒေတာသိမ်းဆည်းမှုအတွက် စနစ်အမျိူးမျိူး ကိရိယာအမျိူးအမျိူးကို အသုံးပြုခဲ့ကြရင်း ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ရတာ အမှန်ပင်ဖြစ်ပါတယ်။

IBM Punch Card
၁၈ ရာစုကတည်းက DeLorean က punch card သဘာဝကို ဖန်တီးပေးခဲ့တယ် ။ ဒါပေမဲ့ အမေရိကန်လူမျိူး Herman Hollerith က အမေရိကန်နိုင်ငံ သန်းခေါင်စာရင်းကိုပြုစုပေးနိုင်မယ့် paper punch card machine ကိုဒီဇိုင်းပြုလုပ်ပြီး အသုံးချစေခဲ့တယ် ။ ဒါကိုအခြေပြုပြီး ၁၉၀ဝ ပြည့်နှစ်တွေက data processing လုပ်ငန်းစဉ်တွေအတွက် ကိုယ်ပိုင် format တွေ ပေါ်ပေါက်လာစေတယ် ။ ၁၉၃ရ ခုနှစ်မှာတော့ IBM ကုမ္ပဏီကြီးက တစ်နေ ့တစ်နေ ့punch card တွေ ၁ဝ သန်းလောက်အထိထုတ်ပြီး ရောင်းချပြီးဖြစ်နေပါပြီ ။ Punch card တွေအတွက် maximum capacity က 960 bits ပဲ ရှိပါတယ်။ Punch Card အသုံချမှု အချိန်ကာလကို အတိအကျပြောဆိုရမယ်ဆိုရင် ၁၇၂၅ ခုနှစ်ကနေ ၁၈၇၅ ခုနှစ်လောက်အထိလို ့သတ်မှတ်နိုင်ပါတယ်။

IBM Magnetic Tape
၁၉၅ဝ ပြည့်နှစ်အချိန်တွေကစပြီး တေးသံသွင်းဆိုတာ ဓာတ်ပြားစနစ်ကိုကျော်လွှားပြီး ပေါ်ပြူလာဖြစ်လာတယ် ။ သက်တမ်းကြာကြာထားလို ့လည်းရတယ် ။ ထုထည်ပမာဏကြီးမားပြီး သိုမှီးထားနိုင်မယ်ဆိုတဲ့ အာမခံချက်တွေနဲ ့ magnetic tape တွေက ကွန်ပျူတာလောကကိုလည်း အပြောင်းအလဲ တစ်ရပ်ဖြစ်ပေါ်သွားစေတယ် ။ ၁၉၅၂ ခုနှစ်မှာတော့ IBM က နီကယ်လောင်းထားတဲ့ ကြေးနီတိပ်ကို အသုံးချနိုင်ဖို ့vaccum columns နဲ ့လုပ်ထားတဲ့ ကြမ်းခင်းပေါ် ချထားသုံးရပြီး ကြီးမားလှတဲ့ ကိုယ်ထည် ပုံစံပြု drive တွေကို တီထွင်ဖန်တီးပေးခဲ့တယ် ။ Maximum capacity အဖြစ် 1TB ပမာဏလောက် အထိ အသုံးပြုကြတယ်။ သက်တမ်းကတော့ ၁၉၅၁ ခုနှစ်လောက်ကစပြီး ဒီနေ ့အထိ အသုံးပြုကြတယ် ။

Paper Tape
မှတ်တမ်းပြုစုထားတဲ့ ဒေတာတွေကို ကိုယ်စားပြုမယ့် အပေါက်လေးတွေနဲ ့ပုံစံပြုထားပြီး punch card နဲ ့အလားသဏ္ဍန်တူတဲ့ paper tape တွေကို အသုံးပြုခဲ့ကြတယ် ။ ဒါပေမဲ့ rigid counterpart ပုံစံနဲ့တော့မတူပါ ။ ၁၉၆၆ မှာ HP က 2733 A Tape Punch Card ကိုမိတ်ဆက်ထုတ်လုပ်ပေးခဲ့တယ်။ တစ်စက္ကန့် မှာ character ၁၂ဝ လောက်အထိ တိပ်ကိုဖောက်ပေးနိုင်လောက်တဲ့ အထိ မြန်ဆန်မှုရှိလာတယ် ။ Paper Tape တွေ အသုံးပြုခဲ့တဲ့ သက်တမ်းကိုကြည့်မယ်ဆိုရင် ၁၈၄၆ ခုနှစ်ကနေ ၁၉၉ဝ ပြည့်နှစ်လောက်အထိ နိုင်ငံတကာမှာ အသုံးပြုခဲ့ကြတယ် ။ Maximum capacity အနေနဲ ့ kilobytes ဒါဇင်တော်တော်မျာများရရှိခဲ့တယ် ။

Audio Cassette Tape
ကက်ဆက်တိပ်ဆိုတာကို ၁၉၆၃ ခုနှစ်က ဥရောပမှာ Philips က ပထမဆုံးမိတ်ဆက်ပေးခဲ့တာဖြစ်တယ် ။ အဲ့ဒီနောက်တစ်နှစ်အကြာမှာ အမေရိကန်နိုင်ငံကိုရောက်သွားတယ် ။ ဒီကိစ္စက portable ကဏ္ဍရဲ ့ခြေလှမ်းအစ ဖြစ်သွားစေခဲ့တယ် ။ မိနစ် ၉ဝ စာ standard cassette တစ်ခုက တစ်ဖက်ကို 700 KB ပမာဏလောက်ရှိတဲ့ data တွေကို မှတ်သားထားနိုင်တယ် ။ နောက်ပိုင်းမှာ အိမ်သုံး PC ဖြစ်တဲ့ ZX Spectrum / Commodore 64 / TRS.80 တို ့မှာ သိုမှီးစနစ်အဖြစ် စသုံးဖြစ်ကြတယ်။ ကက်ဆက်ခေတ်ကို ၁၉၇ဝ ပြည့်နှစ်တွေကနေ ၁၉၈ဝ ပြည့်နှစ်တွေ အထိလို ့သတ်မှတ်ခဲ့ကြတယ် ။

T10000 Magnetic Tape
Magnetic Tape ဆင့်ကဲဖြစ်စဉ်တစ်ရပ်အဖြစ် တိုးတက်ကောင်းမွန်အောင် ဖြည့်ဆည်းဆောင်ရွက်ရင်း ဒီနေ့ခေတ်အထိ သယ်ဆောင်လာခဲ့တယ် ။ ၂၀၀၆ ခုနှစ်မှာတော့ 500 GB ပမာဏလောက်ရှိတဲ့ ဒေတာတွေကို သိမ်းထားနိုင်တဲ့ Tek T10000 tape drive ကို Sum က ထုတ်လုပ်ခဲ့တယ် ။ (မကြာသေးခင်ကတော့ T10000 B ဆိုပြီး 1 TB ပမာဏ ဝင်ဆံ့တဲ့ drive ထွက်ပေါ်လာခဲ့ပါတယ် ) Data transfer rates 120 MB/s ရတယ် ။ နှစ်ပေါင်း ၆ဝ လောက်ကြာခဲ့ပြီဖြစ်တဲ့ tape technology က အမြင့်မားဆုံး ထုထည်ပမာဏနဲ ့ ခေါင်းထောင်ပြခဲ့တာဖြစ်တယ် ။ Maximum Capacity ကို 1 TB လို ့သတ်မှတ် ယူပြီး သက်တမ်းကတော့ ၂၀၀၆ ခုနှစ်ကနေ ယနေ ့အထိ အသုံးပြုနေကြရတယ် ။

8″ Floppy Disk
Floppy Disk တွေကတော့ တစ်နေ ့နေ့မှာ ပိုးဟပ်တွေ မျိူးတုံးအောင်လုပ်မယ်လို ့စိတ်ကူးရှိသလို တွေးထင်ကြပါလိမ့်မယ် ။ မျိူးတုံးမှု ရှိမရှိကတော့ သိပ်မသေချာပေ ။ ဒါပေမဲ့ Floppy Disk ကို ၁၉၇၁ ခုနှစ်ကနေ IBM 23 FD နဲ ့စပြီး မိတ်ဆက်ခွင့် ရခဲ့ကြတာဖြစ်တယ် ။ ဒီလို ၈ လက်မ အရွယ်အစား floppy တွေကို ၁၉၇၁ ကနေ ၁၉၇၆ ခုနှစ်လောက် အထိအသုံးပြုခဲ့ကြတယ် ။

5.25″ Floppy Disk
၁၉၇၆ ခုနှစ်မှာ Wang Laboratories ဆိုတဲ့ ကွန်ပျူတာ ကုမ္ပဏီက ၈ လက်မထက်သေးတဲ့ floppy တွေထုတ်ဖို ့ကြိုးစားလာတယ် ။ Shugart Associate က ပိုပြီး အသုံးဝင်စေမဲ့ ၅ ဒသမ ၂၅ လက်မ အရွယ်နဲ ့ format ကိုကျူံယူပြီး ထုပ်လုပ်စေခဲ့တယ် ။ ၁၉၇၈ ခုနှစ်မှာတော့ ဒီအရွယ်အစားက အဆင်ပြေကြောင်း ရောင်းအားနဲ ့သက်သေပြနိုင်ခဲ့တယ် ။ 1.2 MB 5.25 inch floppy dirve တွေကို ထုတ်လုပ်သူတွေလည်း တစ်ဒါဇင် လောက်ရှိသွားတယ် ။ Density မြင့်မြင့်နဲ ့ maximum capacity က 1.2 MB ရှိတယ် ။ ဒီလို floppy တွေကို ၁၉၇၆ ကနေ ၁၉၈၂ ခုနှစ်အထိ သုံးစွဲခဲ့ကြတယ် ။

3.5″ Floppy Disk
5.25 လက်မ အထိလျှော့ချနိုင်ခဲ့တဲ့ တိုင် floppy disk တွေအတွက် အရွယ်အစားကြီးမားမှု ပြသနာက ရှိနေသေးတယ်။ သယ်ယူရာမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေစေသလို ဧရိယာကြီးမားမှုကြောင့် ဖုန်၊မြူ အညစ်အကြေးတင်ဖို ့အခွင့်အလမ်းများပြီး တကယ့်အတွင်းက မီဒီယာမှာလည်း ပျက်စီးဖို ့အခွင့်အလမ်းပိုများတယ် ။ မျက်မှောက်ခေတ် ကာလမှာတော့ ပီစီအသစ်တွေမှာ floppy drive bay ပင် ပါမလာတတ်တော့ပေ ။ ဘယ်လိုပဲဖြစ်ဖြစ် ၁၉၈၂ ခုနှစ်ကနေ ဒီနေ ့အထိ floppy တွေကို အသုံးပြုနေဆဲလို ့ပြောရပါလိမ့်မယ် ။ Maximum capacity က 1.44 MB ဖြစ်တယ် ။

Compact Disc
ကွန်ပျူတာ သိုမှီးမှုစနစ်အတွက် လေဆာအသုံးပြုမှုတွေ မလုပ်ဆောင်နိုင်မီမှာ optical disc တွေက တဖြည်းဖြည်းချင်းစလာခဲ့တယ် ။ ၁၉၈၂ ခုနှစ်မှာ ဒစ်ဂျစ်အသံပိုင်းဆိုင်ရာ မီဒီယာတစ်ခုအနေနဲ ့စီဒီတွေကို ပထမဆုံးမြင်တွေ ့ခဲ့ကြရတယ် ။ နောက်နှစ် အနည်းငယ်အတွင်းမှာပဲ CD-ROM ဆိုတာပေါက်ဖွားခဲ့တယ် ။ ပထမဆုံးထွက်ပေါ်လာတဲ့ CD-ROM Drive တွေက နှေးကွေးတယ် ။ Floppy တွေနဲ ့နှိုင်းစာရင် ဝင်ဆံ့မှုပမာဏ က အဆ ၄၅ဝလောက်ပိုရတယ် ။ စမ်းသပ်ချက်အရ maximum capacity 70 MB လောက်အထိ ရရှိခဲ့တာဖြစ်တယ် ။ ၁၉၈ဝ ကနေ ဒီနေ ့အထိ compact disc တွေကို အသုံးပြုနေကြရဆဲဖြစ်တယ် ။

Magneto-Optical Drive
Magneto-Optical Drive(MOD) ဆိုတာကို ၁၉၉ဝ ပြည့်နှစ်ဝန်းကျင်က မိတ်ဆက်လာတယ် ။ Magnetic နည်းပညာနဲ ့optical နည်းပညာ နှစ်ခုပေါင်းစပ်ထားပြီး high densities ရရှိဖို ့အဓိက စီမံဆောင်ရွက်ထားတယ် ။ ၁၃ဝ မီလီလီတာ အရွယ်အစားမှာ 9.2 GB လောက်အထိ ဝင်ဆံ့လာတယ် ။ ၁၉၉ဝ ပြည့်နှစ်ကနေ ယနေ ့အထိ MOD တွေကို အသုံးပြုနေကြဆဲဖြစ်ပါတယ် ။

Mini Disc
စီဒီချပ်ပြားတွေ အသုံးပြုပြီး မကြာခင်မှာပဲ Mini Disc(MD) နဲ ့လည်း အသုံးပြုလာခဲ့ကြတယ် ။ ၁၉၉၃ ခုနှစ်လောက်နေ ဒီနေ ့အထိ အသုံးပြုကြဆဲဖြစ်တယ် ။ 1 GB လောက်အထိ ဝင်ဆံ့နိုင်တယ် ။ ၁၉၉၂ ခုနှစ်လောက်ကနေ ၁၉၉၆ ခုနှစ်လောက် အထိ အသုံးပြုခဲ့ကြတယ် ။

Colorado Backup
Quarter tape catridge (QIC) ဖြစ်ပြီး ” ကွစ် ” လို ့အသံထွက်နိုင်တဲ့ tape backups လို ့ပြောရပါလိမ့်မယ် ။ HP က QIC ထုတ်လုပ်သူအဖြစ် ဝယ်ယူလိုက်ပြီး ဆက်လက်ရောင်းချခဲ့တယ် ။ ၂၀၀၁ ခုနှစ်မှာတော့ Colorado ထုတ်လုပ်မှု အဆုံးသတ်သွားခဲ့ပါတယ် ။ Maximum ပမာဏက 14 GB ဖြစ်တယ် ။

Compact Flash
San Disk က လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က စပြီး အသုံးပြုသူတွေလက်ထဲကိုထည့်ပေးခဲ့တာ ဖြစ်တယ် ။ အများသုံး CF card တွေမှာ 64 GB အထိသာမြင်တွေ ့ရပေမဲ့ 100 GB ပမာဏရှိတဲ့ CF Card တွေလည်း ရှိပါတယ် ။ ၁၉၉၄ ကနေ ဒီနေ ့အထိ အသုံးဝင်နေဆဲပါ ။

Zip Drive
10 Mega က ၁၉၉၄ ခုနှစ်မှာ floppy တွေထက်ပိုပြီး သိုမှီးလိုသူတွေ အတွက်ဆိုပြီးတော့ Zip Drive တွေကို မိတ်ဆက်ပေးခဲ့တယ် ။ 1 MB/s နှုန်းထားနဲ ့လွှဲပြောင်းပေးနိုင်တဲ့ အတွက်လည်း floppy ထက်နှစ်ဆပိုမြန်တယ် ။ ၁၉၉၄ ကနေ ၂၀၀၃ လောက်အထိ အသုံးပြုခဲ့ကြတယ် ။

Jaz Drive
Iomega ကုမ္ပဏီက ၁၉၉၅ ခုနှစ်မှာ Jaz Drive ဆိုတာကို ပွဲထုတ်ခဲ့တယ် ။ Zip Drive နဲ ့မတူပါ ။ ဝင်ဆံ့မှု ပမာဏအလိုက် တွက်ကြည့်ရင် အင်မတန်ဈေးကြီးနေတယ် ။ အသုံးပြုစဉ်ကာလအတွင် းအပြားလိုက် ချသုံးထားရတယ် ။ SCSI Interface ကလည်း ကျေနပ်လောက်စရာ မရှိတဲ့အတွက် ၂၀၀၂ ခုှနှစ်လောက်မှာ အဆုံးသတ်သွားခဲ့ရတယ် ။

DVD
Compact disks တွေနေရာမှာ ၁၉၉၅ ကနေစပြီး ဝင်လာတယ် ။ အခုအချိန်မှာတော့ အထိရောက်ဆုံးနဲ ့ကုန်ကျစရိတ် အသက်သာဆုံး portable storage ဖြစ်နေပါတယ် ။ Single-layer media နဲ ့DVD burner တွေရဲ ့ဈေးနှုန်းတွေကလည်း အံ့အားသင့်လောက်အောင် ချိူသာတယ် ။ နောက်ပိုင်းမှာ dual layer တွေဝင်လာပြီး 4.7 GB ကနေ 8.5 GB အထိ ရသွားတော့တယ် ။ ၁၉၉၅ ကနေ ယနေ ့အထိ ရှိနေတဲ့ ပစ္စည်းဖြစ်တယ် ။

LS-120
၁၉၉ရ ခုနှစ်မှာ 3M က Super Disk ဆိုတဲ့ အမည်နဲ ့လိုက်ဖက်ညီတဲ့ သိုမှီးစနစ် ကို ထုတ်လုပ်ခဲ့တယ် ။ LS-120 ခေါ် Super Disk တွေက ၁၉၉ရ ခုနှစ်ကနေ ၂၀၀ဝ အထိ ၃ နှစ်တာ လျှောက်လှမ်းနိုင်ခဲ့တယ် ။ 240 MB အထိ သိမ်းဆည်းနိုင်တယ် ။

Smart Media
Toshiba က ၁၉၉၅ မှာ floppy ရဲ ့အားနည်းချက်ကို ဖြည့်စွမ်းနိုင်ဖို ့Smart Media ကို စထုတ်ခဲ့တယ် ။ Maximum capacity က 128 MB လောက်ပဲ ရှိတယ် ။

2.5″ Portable Hard Drive
Prairie Tek အနေနဲ ့၁၉၈၈ မှာ notebook တွေအတွက် ၂ ဒသမ ၅ လက်မအရွယ် hard dirve တွေကို ဒီဇိုင်းလုပ်ပေးခဲ့ကြတယ် ။ USB 2.0 interface ကို အသုံးချကြတယ် ။ ဝင်ဆံ့မှု ပမာဏကလည်း 1 TB လောက်အထိ ရှိလာတယ် ။ နောင်အခါ eSATA နဲ ့အသုံးပြုတဲ့ drive တွေ လွှမ်းမိုးလာစရာ အကြောင်းရှိတယ် ။ 2.5″ Portable Hard Drive တွေဆိုတာ ၂၀၀၅ ခုနှစ်ကနေစပြီး ယနေ ့အထိ အသုံးပြုလာတာဖြစ်တယ် ။

Micro Drive
IBM က Micordrive တွေရဲ ့ပထမမျိူးဆက်မှာ သုံးဖို ့ 170 MB ကနေ 340 MB အထိ မြှင့်တင်ပေးခဲ့တယ် ။ အဲ့နောက်မှာ 8 GB က အမြင့်ဆုံး ဖြစ်လာတယ် ။ Micro drive တွေက အကြမ်းခံတယ် ။ iPod mini အပါအဝင် အိ်တ်ဆောင်ကိရိယာ တော်တော်များများမှာ တွေနေ ့ကြဆဲဖြစ်တယ် ။

SD Memory
Toshiba ရဲ ့MultiMedia Card format ပေါ်မှာ အခြေခံထားတဲ့ flash memory SD card တွေမှာ DRM encryption feature တွေပါဝင်လာတယ် ။ ပထမပိုင်း မှာ 32 MB နဲ ့ 64 MB လောက်ပဲ ရှိပေမဲ့ SDHC(Secure Digital High Capacity) ဆိုပြီး 32 GB နဲ ့ထွက်လာပြန်တယ် ။ ဒီကနေ ့မှာ SDHC ရဲ ့ဝင်ဆံ့မှု ပမာဏ က 2 TB ပမာဏအထိ ရှိသွားတယ် ။ ၁၉၉၉ ခုနှစ်ကနေ ဒီနေ ့အထိ အသုံးပြုနေကြဆဲဖြစ်တယ် ။

USB Flash Drive
Floppy တွေ အဆုံးသတ်စေဖို ့၂၀၀ဝ ပြည့်နှစ်မှာ USB Flash Drive တွေ ထွက်ပေါ်လာခဲ့တယ် ။ မားသားဘုတ်ရဲ ့BIOS တွေက update လုပ်နိုင်တယ် ။ USB key ကနေ boot လုပ်ပေးနိုင်တဲ့ အရည်အချင်းတွေ ရှိတယ် ။ Application တွေ ထည့်ထားပြီး လုပ်ဆောင်နိုင်တယ် ။ USB Flash Drive တွေ က ကွန်ပျူတာအသုံးပြုသူတွေ အတွက် မရှိမဖြစ် ပစ္စည်းဖြစ်လာခဲ့တယ်လို ့ဆိုရမှာ ဖြစ်တယ် ။ Maximum capaticy က 64 GB ဖြစ်တယ် ။

HD DVD
High-Definition format ယှဉ်ပြိုင်ပွဲကြီးမှာ ရှေ ့တန်းက ပါဝင်ခဲ့တယ် ။ ထွန်းကားခဲ့တဲ့ ကာလ အပိုင်းအခြားကို ၂၀၀၆ ကနေ ၂၀၀၈ အတွင်းလို ့ခန့် မှန်းပြောဆိုရလိမ့်မယ် ။

Blu-ray
High-Definition format ယှဉ်ပြိုင်ပွဲကြီးမှာ အောင်ပွဲရသွားတဲ့ Blu-ray ဖြစ်တယ် ။ ၂၀၀၂ မှာ Sony က ပထမဆုံး မိတ်ဆက်ပေးခဲ့တယ် ။ ဒါပေမဲ့ ၂၀၀၆ ခုနှစ်ရောက်မှာသာ BD-ROM sepcification က နောက်ဆုံးပိတ် အပြီးသတ် ဆောင်ရွက်ပြီးသွားတယ် ။ Media နဲ ့players နှစ်ခုလုံးက ဈေးနှုန်း ကြီးမြင့်နေပေမဲ့ ရလာတဲ့ အကျိူးဆက်က ကောင်းတဲ့အတွက် Blu-ray က ထွန်းကား အောင်မြင်လာခဲ့တယ် ။ Dual-layer အတွက်ဆိုရင် 50 GB ပမာဏအထိ ဝင်ဆံ့တယ် ။

မှတ်ချက်။   ။ မြန်မာအိုင်တီမှ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။