Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒါ ဒီမိုကရေစီ မဟုတ်

three colorsMarch 23, 20121min6245

ရန်ကုန်မြို့လယ်၊၂ခန်းတွဲ ၆ထပ်တိုက်၊ စုစုပေါင်း ၁၂ခန်း၊

ရခန်းမှာ ကားတစီးစီ၊ တိုက်က မြေနေရာ မချန် အပြည့်ဆောက်ထားတော့ ကားတွေလမ်းမပေါ်၊ဘေးကလမ်းကြားထဲတွေမှာပါသွားရပ်ရတယ်၊

အဲလို တိုက်တွေပဲ ဆောက်ကြတော့ တလမ်းသွားလမ်းကြားမှာလဲ ကားတွေကို ဘယ်ရော၊ညာမှာပါကပ် ရပ်ကြလို့ အလယ်ကြောတခုနဲ့မောင်းရတယ်၊အချိုရည်ချတဲ့ကားလို၊အမှိုက်ကားလိုများပိတ်ရပ်လိုက်ပြီ ဆို တရုတ် အသုဘလှည့်သလို ဟွန်းသံတွေ ညံနေတာပဲ၊

အနော်ရထာလို၊မဟာဗန္ဓုလလို ၅ကြောရှိတဲ့လမ်းမတောင်

ဘယ်ဘက်ဆုံးကြောမှာ ပါကင်ကားတွေယာဉ်ကြောပြည့်စောင်းရပ်ထားတယ်၊

ကပ်ရက်လမ်းကြောကျတော့နောက်ဆုတ်ပါကင်ဝင်မဲ့ကားတွေနဲ့ ပိတ်နေတတ်တယ်၊ညာဘက်ဆုံးကြောကျ မှတ်တိုင်ရပ်တဲ့ဘတ်စ်တွေပိတ်နေတယ်၊အရင်လိုတဲ့ဘတ်စ်ကျ ညာဘက်ဆုံးတောင်ချမရပ်တော့ပဲကပ်ရက် ညာကြောမှာပဲ အတင်အချ လုပ်ကြတယ်၊ (၃၈ လမ်း၊အနော်ရထာလမ်းမဆို ညာဘက်ဆုံးကြောက ဈေးသည်တွေက ညနေ၂နာရီနောက်ပိုင်းဆို ပိတ်ထားပြီ။)အဲဒီလိုနဲ့ အလယ်ဆုံးတကြောမှာပဲ စုတိုးနေကြတယ်၊ညနေ ၃နာရီ(ရုံးဖွင့်ရက်)ဆို အနော်ရထာလမ်းမကြီးပေါ် အရှေ့ဘက်ဗိုလ်အောင်ကျော်လမ်းနဲ့ အနောက်ဘက်ဆို ရွှေတိဂုံဘုရားလမ်း ကြားဟာ အကျပ်ဆုံးပဲ။

လမ်း(၄၀)မှတ်တိုင်ကနေ ရေတွက်ကြည့်ချက်အရအနော်ရထာလမ်းပေါ်မှာ ယာဉ်လိုင်း(၃၉၊၃၃၃၊၁၂၄၊၃၅၊၄၈၊အဓိပတိ(အပြာ)၊၆၅၊ရွှေဧည့်သည်……….စသဖြင့်)စုစုပေါင်း ၁၆လိုင်းထက်မနည်း ပြေးနေတယ်၊ကိုယ်ပိုင်ယာဉ်တွေနဲ့ ပါပေါင်းတော့မကျပ်ခံနိုင်ရိုးလား??

တခါတရံ ညာဘက်ဆုံးကြောမှာပါ ကားပါကင်ရပ်ထားတာ တွေ့တယ်၊အရေးယူတာလဲ အခုတလော နဲသလိုပဲ၊

ဆိုလိုချင်တာက မြို့လယ်ဆို ၂ခန်းတွဲ၆ထပ်တိုက်မှာပင် ကားပါကင် မပါရင် တခန်းမှာ ကားတစီးမရှိရင်တောင် တိုက်ရှေ့ လမ်းဘေးက မလုံလောက်၊

ရုံးဖွင့်ရက် ဆင်ခြေဖုံးက ကားတွေလာရပ်ကြတဲ့အခါ ဖြစ်သလိုရပ် ၊ ကားလမ်းတွေကြပ် ဖြစ်တာ မဆန်းပါဘူး၊

တိုက်တလုံးစီမှာ လုံလောက်တဲ့ မြေညီထပ်ကားပါကင် ပါသင့်တဲ့အပြင် မြို့လယ်ဆို အာဂန္တုကားတွေ အတွက် block တိုင်းမှာ ပါကင်နေရာ (အထပ်မြင့် ဖြစ်စေ) သီးသန့်ရှိရမှာ ဖြစ်ပါတယ်၊

တိုးတက် တဲ့ နိုင်ငံ တိုင်းမှာ လမ်းဘေးမှာ ပါကင် လုပ်တာမရှိပါ၊   ဆူးလေလမ်းလို ၂ထပ် လမ်းကျယ်ကြီးတွေဆရင်ို အတွင်းလမ်းကို ပါကင်သုံးကြပါတယ်။

တိုက်တိုင်းမှာ နေထိုင်သူတွေအတွက် ကားပါကင် ထည်မဆောက်ပဲ လမ်းဘေးမှာ ရပ်ခွင့်ပေးနေလို့  မြို့ပြင်အချို့နေရာတော်တော်များများမှာလဲ ကားလမ်း ပိတ်ဆို့မှူတွေဖြစ်နေပါပြီ၊

ကားပါကင်လုံလုံလောက်လောက်မရှိပဲ လမ်းဘေးမရပ်ရ သတ်မှတ်လို့မရနိုင်၊အခုထဲကလုပ်စရာတွေကို ပြတ်ပြတ်သားသား မလုပ်ရင် နေပြည်တော်ကလို လမ်းကျယ်ကြီးတွေတောင်  အနာဂါတ်မှာ ဒီပြသနာ ပေါ်လာမှာပါ၊

ကန်ထရိုက်တာတွေ၊မြေပိုင်ရှင်တွေကတော့ လမ်းတွေမပိတ်ဆို့ဘို့ရေရှည်ကိုမကြည့်ဘဲ သူတို့အကျိုးဘဲကြည့်ပြီး ပါကင်လုံလုံလောက်လောက်ထည့်ဆောက်ဘို့၊မြေညီထပ်ကိုပါကင်ထည့်ဘို့ ဆိုတာကို ကန့်ကွက်တာ၊အားလုံးစု လက်မှတ်ထိုး အရေးဆိုတာတွေ ပြုလုပ်လာနိုင်ပါတယ်၊သူတို့အတွက်ဘဲ စဉ်းစားတဲ့သူတွေ ပါ၊  မစိစစ်ဘို့ဆို လာဘ် ပေးဘို့ လဲ ဝန်လေးမဲ့သူတွေ မဟုတ်ပါ။

စုပေါင်းအရေးဆိုတိုင်း ဒီမိုကရေစီထင်ပြီးခွင့်ပြုစရာ၊လျှော့ပေးစရာ မလိုပါဘူး၊ အားလုံးအတွက် စင်္ကာပူလို နိုင်ငံကျဉ်းကျဉ်းလေးနဲ့ကားများသော်လဲ လမ်းမပိတ်ဆို့တဲ့ မြို့တော်ကြီးဖြစ်အောင် ခိုင်ခိုင်မာမာခွင့်ပြုမိန့်ပေးရာမှာစိစစ်ဘို့ လိုအပ်ပါတယ်၊ဟိုတုံးက မစိစစ်ပဲ ခွင့်ပြုလို့ အခု ဘယ်လိုဖြစ်နေသလဲ၊

အခု မစိစစ်ပဲ ခွင့်ပြု ရင် နောင် ဒိထက်ကားပိုများလာရင် ဘာတွေဖြစ်လာမလဲ ဆင်ခြင်သင့်ပါတယ်၊

5 comments

  • Gipsy

    March 23, 2012 at 1:54 pm

    ဒီထက် ကားများလာရင် တနေရာနဲ့တနေရာ ကားစီးရင် ဓါတ်ဆီပို သုံးရမယ်..၊
    လမ်းတွေ ပိတ်ဆို့ပြီး လမ်းလျှောက်သွားတာကမှ မြန်ဦးမယ် ဖြစ်လာမယ်..၊
    ကားတွေပိတ်ဆို့နေတော့ လမ်းတွေ မှာ ကားတွေ ဒီထက်ပိုကြပ်လာရင်
    ဘယ်လိုဖြစ်မလဲဆိုတာ တွေးရင်း စိတ်တွေ မောနေမိတာ …။ ပီးတော့
    ကားဈေးကလဲ တဖြည်းဖြည်း ကျလာ . ကားဝယ်မစီးနိုင်တဲ့ လူလတ်တန်းစားတွေ
    ကားဝယ်စီးလာမယ်…။

  • မေ့ ချစ်သူ မောင်

    March 23, 2012 at 2:09 pm

    အဆောက်ဦး တခုဆောက်ရင် ကားပါကင် တခုတော့ ပါသင့်နေပါပြီ။
    ကားအစီးရေ တိုးလာတော့ ပိုဆိုးတော့မှာပေါ့၊
    ခုတောင် ကားကြပ်လွန်းလို့ လိုရာခရီး တော်တော်နဲ့ မရောက်နိုင်ဘူး။
    တက္ကဆီဒရိုင်ဘာတွေကလဲ ဓါတ်ဆီပိုကုန်တယ်ဆိုပြီး ဈေး ပိုတောင်းနေကြလေရဲ့။

  • Thel Nu Aye

    March 23, 2012 at 2:59 pm

    အခုအမိန့်အသစ်က ၆ ထပ်တိုက်ဆောက်ရင် အောက်ထပ်ကားပါကင်ပါရမယ်တဲ့။ ကန်ထရိုက်တွေက မဖြစ်နိုင်ဘူးဆိုပြီး ၃ ထပ်ခွဲကို အထဲမှာထပ်ခိုးတွေထဲ့ပြီး ၅ ထပ်ခွဲဖြစ်အောင်ဆောက်တယ်။ အပြင်ကနေကြည့်ရင် ၃ ထပ်ခွဲ။ အတွင်းမှာ ၅ ထပ်ခွဲ။ နေတော့မိသားစု ၆ စုပဲ။ ကားတွေပါလာတော့ ထုံးစံအတိုင်းလမ်းပေါ်၊ လမ်းကြား။ ကဲဘယ်လိုရှင်းကြမလဲ။ အမိန့်ထုပ်တဲ့သူနဲ့လိုက်နာသူ ရဲ့လက်တလုံးကြား မှာ ပြည်သူတွေကတော့ဒုံရင်းဒုံရင်း ပါပဲ။

  • နေဝန်းနီ

    March 23, 2012 at 7:53 pm

    အဆင့်မြင့်တိုက်ခန်းဆိုတာလဲ သိပူး…။ ကားလဲရှိဘူး…..။ တားတားကြောင့်ဖစ်တာဟုတ်ဝူးနော်….

  • တီတီရေငုံနှုတ်ပိတ်

    March 23, 2012 at 10:11 pm

    အော်…. တော်တို့ကလဲ…
    အစကတည်းက သူတို့တောင်းပလင်မှာ ကားပါကင်အတွက်မှ ထည့်မတွက်တာ။
    ဘာလို့မတွက်လဲဆိုတော့ သူတို့လက်ထက်မှာ
    လူတွေကားမစီးနိုင်လောက်ဘူးလို့ ထင်ထားလို့ ဖြစ်မှာပေါ့တော်။
    ကိုယ့်လက်ရည် ကိုယ်ယုံတဲ့သဘောပေါ့…။

    ကျုပ်ကတော့ ဒီ့ထက်ကားကြပ်လာရင်
    ပဲပြုတ်ရောင်းမယ့်အစား ဂျမ်းဖြစ်နေတဲ့ကားတန်းတွေထဲ
    ရေသန့်ဗူးရွက်ရောင်းဘို့ စဉ်းစားထားပြီးသား။

Leave a Reply