မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းဝက်ဘ်ဆိုက်လွှင့်တင်

klnJune 10, 20101min570

မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၏ www.mwja.org ဝက်ဘ်ဆိုက်ကို ဇွန်လ ရရက်နေ့မှစတင်ကာလွှင့်တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါဝက်ဘ်ဆိုက်တွင် မြန်မာနိုင်ငံစာနယ်ဇင်းအဖွဲ့မှ ဆောင်ရွက်ချက်များ၊ သတင်းများနှင့်ကြေညာချက်များကိုဖော်ပြသွားမည် ဖြစ်ကြောင်းသိရသည်။ “အခုဝက်ဘ်ဆိုက်မှာတော့ စာပေစာနယ်ဇင်း၅ကြိမ်မြောက်ညီလာခံလုပ်တာရယ်၊ ရေရှားတဲ့နေရာမှာ ရေလှူခဲ့တဲ့အကြောင်းတွေတင်ထားပါတယ်။ စာပေစာနယ်ဇင်းက ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေကိုလည်း တင်ထားပါတယ်”ဟုဝက်ဘ်ဆိုက်စီစဉ်သူကပြောသည်။ အဆိုပါ www.mwja.org ဝက်ဘ်ဆိုက်ကို ဇွန်လ ၈ရက်တွင် ကြည့်ရှုသူပေါင်းတစ်ရာကျော်သွားပြီဖြစ်ကြောင်း သိရသည်။