နွေဦးအစ.နံနက်ခင်းလေးများ………………….တစ်
နွေဦးအစ.နံနက်ခင်းလေးများ………………….တစ်
(25-30-2012)နေ့မနက်လမ်းလျှောက်အထွက် ရေနည်းနေတဲ့ကန်တော်ကြီးကို တွေ့ရပါတယ်။
အဲဒါနဲ့ ကန်အောက်ခြေထိဆင်းပြီးကရိဝိက်ကို ဆော်ထည့်လိုက်တာပေါ့။
ကန်ပေါင်ပေါ်တက်ပြီးလမ်းပြန်လျှောက်လာတော့ ပန်းရောင်အသွေးနဲ့လှနေတဲ့ ကုလားကုက္ကိုပွင့်တွေကိုလှပစွာမြင်ရတော့
ထုံးစအတိုင်းလက်ဆော့ပေါ့။
နောက်ဆက်လျှောက်လာရင်းလုံးဝန်းနေတဲ့သဏ္ဍာန်နဲ့နေမင်းကို တွေ့ရပြန်ပါတယ်။
ကိုစိန်သော့ပြောဘူးတာတော့ နေမင်းရဲ့ အဝန်းညီတာက မတ်လကုန်အထိဘဲလို့ပြောတော့ မှတ်မှတ်ရရလက်ဆော့ မိပါတယ်။
ကဲမနက်ခင်းလေးကို ခံစားကြည့်လိုက်ကြရအောင်ဗျာ။
ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့အတွေးပါးပါး
(25-3-2012)
18 comments
Mon Kit
March 26, 2012 at 8:41 am
ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံလှတဲ့ နံနက်ခင်းလေးပါ…
ကိုပေါက်(မန္တလေး)
March 26, 2012 at 9:48 am
ကျေးဇူးတင်ပါ၏။
ကြည့်လိုက်ရလို့စိတ်ချမ်းသာသွားတယ်ဆိုတော့ ဝမ်းသာပါ၏။
water-melon
March 26, 2012 at 10:36 am
လေးပေါက် နံပါတ် ရ ပုံလေးက
ကုက္ကိုကျွန်းလားဟင် 😀
ကိုပေါက်(မန္တလေး)
March 26, 2012 at 11:56 am
ဟုတ်တယ် ဖရဲမ နင်ကောင်လေးတွေနဲ့သွားသွားကဲတဲ့နေရာလေ။
ဂန်ထရီ ဥူးဦးထုပ်
March 26, 2012 at 3:13 pm
လေးပေါက်က အစောကြီး ထတာပဲနော် ..
များတို့ကတော့ အဲချိန်ဆို အိပ်လို့ ကောင်းတုန်း ..
အဟိ … 😀
လေးပေါက်ရဲ့ မနက်ခင်းအလှ ဝီရိယပုံလေးတွေကို ခံစားသွားပါဂျောင်း …
moe minthar
March 26, 2012 at 7:26 pm
ကိုပေါက်ရေ……….
အရမ်းကိုကြည် ့လို ့ကောင်းတဲ ့ပုံလေးတွေပါခင်ဗျ……..
မသိလို ့မေးပါရစေ……ကိုပေါက်ကဓါတ်ပုံဆရာလားဟင်။
ရိုက်ချက်ကအရမ်းကောင်းနေတယ်လေ။
ကိုပေါက်ရဲ ့ပုံလေးတွေကြည် ့ရင်းလွမ်းလိုတာဗျာ……။
အသူရာ
March 26, 2012 at 7:45 pm
အားပေးသွားပါတယ် လေးပေါက်ရေ့
စကားအတင်းဇွတ်စပ်
လွမ်းလိုက်တာ မဟားဒယားဘဲ ဘယ်သူ့ကိုလဲဆိုတာတော့ ပြောဘူး ရင်ဘတ်ကြီးထဲပဲ သိမ်းထားမယ် 😉
ကိုပေါက်(မန္တလေး)
March 26, 2012 at 11:07 pm
မိုးမင်းသားရေ
ကျနော်ကလည်း သူလိုကိုယ်လို ဝါသနာရှင်တစ်ယောက်ပါဘဲခင်ဗျာ။
ဦးဦးကောလ ဟာလ
March 26, 2012 at 11:47 pm
ကျောင်းသားဘဝသတိရမိသဗျာ………..
ဪ………အသက်တွေလည်းကြီးခဲ့ပြီ…….ကိုပေါက်ရေ ………
ကျုံးဘေးကစစ်တုရင်ခုံကြီးကိုရိုက်ထားတာကောမရှိဘူးလားဗျ။
မနှစ်ကတွေ့မိလို့ မန်းမြေကိုလွမ်းနေပေမယ့် ယန်းငွေကခမ်းလေတော့ လာနိုင်သေးဘူးထင်ပါ့ဗျာ။
ကိုပေါက်ရဲ့ပုံလေးကိုကြည့်ရင်းငယ်ဘဝကို သတိရသဗျာ…………
ကိုပေါက်(မန္တလေး)
March 27, 2012 at 8:55 am
အောအောကူးရေ
ခင်ဗျားပြောမှ စစ်တုရင်ခုံကြီးရိုက်ဘို့ သတိရသွားပြီ။
ရှိသေးတယ် လူစုံတက်စုံ ကစားတဲ့နေ့တစ်ရက်ဆော်ထည့်လိုက်မယ်ဗျာ။
Mလုလင်
March 27, 2012 at 12:31 pm
ကျွန်တော် ရောက်တုန်းက ပလက်ဖောင်း ပြင်နေလို့ .. အဲ့ စစ်တုရင် ခုံ ကြီးပဲရှိပြီး အရုပ်တွေ မရှိဘူး .. 🙁
မနက် တက်နေဖြစ်ဖြစ် .. ညနေစောင်း ပဲဖြစ်ဖြစ် .. side light နဲ့ .. အရိပ် စောင်းစောင်းလေးတွေ ပေါ်တုန်း .. တစ်ပုံလောက် ရိုက်ခဲ့ပေးပါဗျို ့ ……။
ကိုပေါက်(မန္တလေး)
March 27, 2012 at 6:34 pm
စိတ်ချပါ ဒီနေ့ မင်းလွမ်းအောင်ပြောလိုက်အုံးမယ်။
ငါရယ် ကိုသော့ရယ် ဖရဲရယ် အဝေးကလာတဲ့ ကိုထွန်းဝင်းလတ်ရယ်
မန်းလေးမြို့အရှေ့ဖက်မှာရှိတဲ့ ဒီးဒုတ်ရေတံခွန်ကို သွားကြတာမောင်.
လှမှလှ။
ကိုသော့က ပိုစ်တက်လာမယ်။
ကြည့်ချင်ရင်ည ဖေစ်ဘုတ်ကိုတက်လာခဲ့ အမြည်းကျွေးမယ်။
ကိုသော့နဲ့ဖရဲမတင်ပြီးမှ သူနဲ့မတူတဲ့ပုံတင်ပေးမယ်။
Mလုလင်
March 27, 2012 at 7:20 pm
ဖရဲ က ကင်မရာ ဝယ်ပြီး ပြီပေါ့ … ညကျ facebook ကို လာခဲ့မယ် … ➡
marblecommet
March 27, 2012 at 6:36 pm
ငါးမျှားချင်ထှာကိုပေါက်ဒ့ါပုံတွေ ကြည့်ပြီးတော့.
MaMa
March 27, 2012 at 8:17 pm
(ရေနည်းချိန်မှာသာ ကန်ထဲကိုဆင်းပြီးရိုက်လို့ရတဲပုံ့ကလေးပါ) ဆိုတော့
မုဆိုးမှ သားကောင်ဖြစ်ခြင်းထဲကလို ကိုပေါက်တို့ ဓာတ်ပုံဆြာတွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် သားကောင်ဖမ်းကြတာ ကြည့်ချင်တယ်။
(ရန်တိုက်ပေးလိုက်ပြီ) 😀
windtalker
March 27, 2012 at 9:20 pm
နွေဦး စိန်ပန်းများ ၊ ကန်တော်ကြီး လမ်းမှာ
နွေဦး ချစ်သူများ ၊ တက်သေးအင်း တစ်ဝိုက်မှာ
ကိုပေါက်(မန္တလေး)
March 27, 2012 at 9:55 pm
မမရေကိုယ်ကသာသူများလိုက်ချောင်းနေတာ
ဖရဲမနဲ့ကိုသော့လက်ထဲ ကိုယ့် ပုံတွေဘယ်လောက်ပါသွားမှန်းမသိလိုက်ဘူးနော။်
ကိုပေါက်(မန္တလေး)
March 27, 2012 at 10:57 pm
ဒီကန်က ငါးကမျှားစရာမလိုဘူး။
မနက်စောစောကမ်းစပ်မှာ တုတ်နဲ့လိုက်ရိုက်တာနဲ့ရတယ်
ကိုကိုကမ်းရေ………………..