ကမ ္ဘာ့အချမ်းသာဆုံး နိုင်ငံ
အောင်သင်း ကျွန်တော် မျက်လုံးတစ်ဖက်ကရယ်လျက် မျက်လုံးတစ်ဖက်က ငိုလျက် ပြန်ရတော့မယ်၊ ကျွန်တော် ဂျာမနီက ထွက်လာခဲ့တာ ကြာပြီ၊ တခြားနိုင်ငံတွေမှာလည်း လေ့လာခဲ့ရသေးတယ် ၊ ဒါကြောင့် ကျွန်တော့် မိသားစုနဲ့ ပြန်ပြီးတွေ့ရမှာမို့ ပျော်တယ် ၊ ဒါမေပယ့် ခင်ဗျားတို့ရဲ့ ဒီလောက်ချမ်းသာတဲ့ တိုင်းပြည်က ခွာရမှာအတွက်လည်း ဝမ်းနည်းမိတယ်။
အောင်သင်း ၊ ခင်ဗျားရဲ့စိတ်ထဲမှာ ရုပ်ဝတ္တုပစ္စည်းတွေ အလျှံပယ်ပေါနေတာကို ချမ်းသာတယ်လို့ထင်နေသလား၊ ဟုတ်ပါတယ် ကျွန်တော်တို့ဆီမှာ ပစ္စည်းတွေပေါပါတယ်၊ တစ်မျိုးပြီးတစ်မျိုး ပေါ်နေတာပါပဲ၊ အဲဒါကြောင့် ဒီပစ္စည်းတွေနောက်က အမောတကော လိုုက်နေကြရတယ်၊ ဟိုက်ဘက်ခန်းခ ရေဒီယို ဝယ်တော့ ဒီဘက်ခန်းက ရေဒီယို ဝယ်နိုင်အောင် ကြိုးစားရတယ်၊
ဟိုဘက်ခန်းက ကက်ဆက်ဝယ်တော့ ဒီဘက်ခန်းက ကက်ဆက်ဝယ်ရပြန်တယ်၊ ဟို်ဘက်ခန်းက ရုပ်မြင်သံကြားဝယ်တော့ ဒီဘက်ခန်းက ရုပ်မြင်သံကြား ဝယ်နိုင်အောင် ကြိုးစားရတယ်၊ဘာကြောင့်လဲဆိုတော့ ဟိုဘက်ခန်းကဝယ်လို့ပါ၊ အဲဒီလိုမှ မဝယ်နိုင်ရင် နေလို့မရတော့ဘူး၊ စိတ်ဆင်းရဲနေရတာပဲ၊ ကြာတော့ လူတွေဟာ ဘာကြောင့် ဒီလိုလုပ်နေရတယ် ကိုယ့်ဘာသာ မသိကြတော့ဘူး။
သူများမှာရှိလျက်နဲ့ ကိုယ့်မှာ မရှိရင် စိတ်မချမ်းသာတော့ဘူး၊ အဲဒီလို သူများနည်းတူ ဝယ်လိုက်နိုင်မှပဲ သက်သာရာရတယ်၊ အဲဒါကို သူတို့ ပျော်တယ်လို့ထင်နေကြတယ်၊ အဲဒီလို ပျော်တယ်လို့ထင်ပြီး သက်သာရာရအောင်လုပ်ရင်း သေကုန်ကြရတာပဲ ဒီမှာ မစ္စတာအောင်သင်း ဥရောပ တစ်တိုက်လုံ:မှာ လိုက်ရှာရင်တောင်မှ မဟာစည်တို့ ဝေဘူတို့လို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးမျိုးတစ်ယောက်စ နှစ်ယောက်စ တွေ့နိုင်မယ် ထင်သလား။
ခင်ဗျားတို့ဆီမှာ ဒီလိုမြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ဘယ်လောက်များသလဲ ဒီလိုလူသားတိုင်း စိတ်ချမ်းမြေ့အောင် ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်မျိုးတွေဘယ်လောက် ကြွယ်ဝတဲ့တိုင်းပြည်လဲ။ ဒီတိုင်းပြည်မျိုးကိုမှ ချမ်းသာတယ်လို့ မပြောရင် ဘယ်တိုင်းပြည်မျိုးကို ပြောရမလဲ။
(ဂျာမနီအမျိုးသား ပါဠိသုတေသီ ဒေါက်တာဘရောင်း ၁၉၇၄ ခုနှစ်က ဆရာအောင်သင်းကို ပြည်တောင်ပြန်ခါနီးတွင် ပြောခဲ့သောအမှတ်တရစကား)
10 comments
kai
March 26, 2012 at 2:13 pm
အဲဒီလိုနဲ့.. ဥရောပသားတွေ..အနောက်နိုင်ငံသားတွေ.. ညာချခဲ့ပေါင်းများလှပေါ့ကွယ်..
ကိုယ်တိုင်အနောက်နိုင်ငံမှာနေတော့မှ.. သဘောပေါက်လာမိတော့တယ်..
သူတို့အတွက်.. ကစားစရာနယ်အရုပ်ကလေးတွေဖြစ်မှန်းမသိ… ဖြစ်လို့..။
မြန်မာပြည်လိုတိုင်းပြည်တွေဆီက.. ဝါးနဲ့..ဝါဂွမ်းစတာတွေကို.. ငွေစက္ကူလို့အမည်ပေးထားတာကြီးတွေနဲ့ဝယ်လိုက်..
ကမ္ဘာမှာဝယ်တဲ့.ရောင်းတဲ့.. ပိုက်ဆံ(ငွေ)ဆိုတာကြီးကို.. . ဒေါ်လာတွေ..ယူရိုတွေနဲ့.. အမည်ပေး ရောင်းဝယ်လုပ်ကိုင်စေလိုက်..
.. ဒေါ်လာ-ယူရိုတွေအမည်ပေးပြီး.. ဝါး..ဝါဂွမ်းတွေနဲ့ပဲ.. အချပ်လိုက်အုပ်လိုက်.. စက်ရုံတွေကထုတ်လိုက်…
ဟုတ်နေတော့တာပဲ..။
ကျန်သေးတယ်..
အစိုးရဘွန်းတွေ.. ငွေတိုက်စာချုပ်တွေ..
စက္ကူတရွက်.. ဒေါ်လာသန်းချီအမည်တတ်ထားတာ..
အဲဒါတရွက်ကို..သူတို့ကပုံနှိပ်ထုတ်လိုက်တာ.. ၁ဝမိနစ်မကြာပေမဲ့.. မြန်မာပြည်လိုတိုင်းပြည်မှာကတော့.. အဲဒီတရွက်စာမှာ.. ဘဝအခု၁၀ဝ မက..ရင်းယူရတယ်..
အနိစ္စ..ဒုက္ခ… 😆
windtalker
March 26, 2012 at 2:19 pm
သဂျီး သိသွားပြီ ဆိုတော့ ဝမ်းသာပါ၏ ။ ဟီဟိ အလကားစတာပါခင်ဗျ ။
ဖားသက်ပြင်း
March 26, 2012 at 3:37 pm
လာပါသဂျီးရယ်…. ဟိုတိုင်-၄ လုံးနဲ့ ..ဟို ပိရမစ်ကြီး သွားရှုရအောင်…
ဒီမှာ အာနာပါန ရှုနေကြတယ်တဲ့ ….
😀
အော်.. သဂျီးလည်း ထိပ်ဆုံးက ကို အနီကတ်ထိပြီး
ဆိုလိုရင်းကို မဖတ်တတ်သူဘွ ရောက်ပါရောလား…
အနိစ္စ ဒုက္ခ
စပ်ဖြဲ
March 26, 2012 at 6:31 pm
တခါတုန်းက တို.ရွာမှာ သဘောကောင်းပီး ဆင်းရဲတယ်….. 😀
manawphyulay
March 26, 2012 at 2:40 pm
ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ကြွေးမကင်းကြတာ များပါတယ်။ ကြွေးကင်းနိုင်ငံကတော့ တစ်နိုင်ငံပဲရှိတယ်လို့ မြင်မိတာပါပဲ(မှတ်ချက် – မြန်မာနိုင်ငံမဟုတ်တာတော့ အသေအချာပါ)
gabar
March 26, 2012 at 3:02 pm
ဆိုလိုရင်း ကိုရောက်အောင်ဖတ်မသွားကြတာ ဝမ်းနည်းစရာပဲ။
koko
March 26, 2012 at 3:10 pm
ကိုယ်လိုရာ ကိုယ်ဆွဲတွေးကြ လို့ပါ GABAR ရေ ၊ဒီလိုပါပဲ၊ နေရာလွဲနေလို့ပါ။ တကယ်စိတ်ချမ်းသာမှု အစစ်အမှန် ကို နားလည် ထားမှ ဗျ။
MTY
March 26, 2012 at 3:30 pm
ရုပ်ဝတ္ထုတွေကြွယ်ဝချမ်းသာမှု၊စိတ်ချမ်းသာမှုဘယ်ဟာကိုရွေး
ကြမလဲ။ကိုယ်သန်ရာကိုယ်ရွေးကြလိမ့်မပေါ့။
htoosan
March 26, 2012 at 3:41 pm
သူကြီး ဆိုလိုရင်းကိုသိလို့လဲ ဒီမှတ်ချက်ပေးတာပေါ့ကွယ် ….
From USA
March 27, 2012 at 9:32 am
Money is not the most important thing in life, but it does affect everything that is important.