ပျင်းတွဲတွဲ နေ့တစ်နေ့… အာသီသတွေ ပက်ကြားအက်နေပုံ ငေးရင်း ကိုယ့်ကိုယ်ကို ပြန်မချောင်းမိခဲ့လို့များ အရာအားလုံးဟာ လှကုန်ကြသလားလို့။ ရင်ဆိုင်ထားတဲ့ လက်သီးဆုပ်ထဲမှာ အမှားတွေ ဘယ်လောက်များ မှောင်ပိန်း နေမလဲဆိုတာလဲ မေ့လို မေ့နဲ့။ တစ်နွယ်ငင်ရုံနဲ့ သံသရာတစ်ခုလုံး နေရာယူလာတဲ့ သူတွေ။ တကယ်တော့… ငါ အသီးတွေ မှည့်လည်း မချိုခဲ့ပါဘူး။ ဘာမှမသိတဲ့ အသိလေးကို ပျိုးအောင် အောင်စိုက်ဖို့ အလေ့အထတွေကို ထွန်ယက်ရဦးမယ်။ စောစောစီးစီး အိမ်ပြန်ကြပါ။ သူစိမ်းတွေနဲ့ ရင်းနှီးနေတဲ့ရိုးရာကို လည်ချောင်းထဲက ဆွဲနှုတ်ရဥိးမယ်လေ…။