အနတ္တ လက္ခဏာနဲ့ လူ
ပျင်းတွဲတွဲ နေ့တစ်နေ့…
အာသီသတွေ ပက်ကြားအက်နေပုံ ငေးရင်း
ကိုယ့်ကိုယ်ကို ပြန်မချောင်းမိခဲ့လို့များ
အရာအားလုံးဟာ လှကုန်ကြသလားလို့။
ရင်ဆိုင်ထားတဲ့ လက်သီးဆုပ်ထဲမှာ
အမှားတွေ ဘယ်လောက်များ
မှောင်ပိန်း နေမလဲဆိုတာလဲ
မေ့လို မေ့နဲ့။
တစ်နွယ်ငင်ရုံနဲ့ သံသရာတစ်ခုလုံး
နေရာယူလာတဲ့ သူတွေ။
တကယ်တော့…
ငါ အသီးတွေ မှည့်လည်း မချိုခဲ့ပါဘူး။
ဘာမှမသိတဲ့ အသိလေးကို
ပျိုးအောင် အောင်စိုက်ဖို့
အလေ့အထတွေကို ထွန်ယက်ရဦးမယ်။
စောစောစီးစီး အိမ်ပြန်ကြပါ။
သူစိမ်းတွေနဲ့ ရင်းနှီးနေတဲ့ရိုးရာကို
လည်ချောင်းထဲက ဆွဲနှုတ်ရဥိးမယ်လေ…။
4 comments
Khaing Khaing
March 30, 2012 at 11:05 am
အရိုးစူးသွားတလား …. မှည့်ပြီးမချိုဘူးဆိုတော့ ကျီးအားသီးပဲဖြစ်မယ် …. အလကားစတာပါ …
အားပေးသွားပါတယ်နော် …..
windtalker
March 30, 2012 at 8:59 pm
နေညိုရင် အနေခက်
ရင်ပူ အာခြောက်
အဝေရာ ဟောတု ပါ မိတ်ဆွေ ။
Gipsy
March 30, 2012 at 10:40 pm
အစင်းစင်းကြွေကျတဲ့
သက္ကရာဇ်တွေနောက်မှာ
အိပ်တန်းမပြန်နိုင်တော့တဲ့
အိပ်မက်တွေအကြောင်း
တခမ်းတနားစာစီဖို့
မလှပတဲ့အတိတ်ကို
ဇာတ်ကြောလှန်…
ငါ့အိပ်မက်တွေ…
တခါ…
နောက်ကောက်ကျ ကျန်ခဲ့သွားပြန်တယ်…..။
Snzzy Jazzi
နေ ဒေါင်းဖြူ
March 31, 2012 at 1:05 am
ဒီအသွင်ပြောင်းအစိုးရ အကြောင်းရေးထားသလားမှတ်တယ်
ကောင်းသဗျာ…..ကမာ္ဘ. …..ကဗျာ…..။
ဒါနဲ. BY THE WAY GUITARISTS လားဗျာ……….။