တီချယ်ကြီး တီတီနု အတွက် ခေတ်သစ် မြန်မာအီဒီယံ များ – Facebook (Myanmar Jokes) မှ ကူးပါသည်။
မြန်မာ့ ခေတ်သစ် idioms တွေ သုံးထားတဲ့ ခေတ်သစ် ရိုမီယို နှင့် ဂျူးလိယက် ဇာတ်လမ်း ပါတဲ့။
Facebook (Myanmar Jokes) ထဲကမို့ ဖတ်ပြီးသူတွေ ဖတ်ဘူးမှာပါ။
အဲဒီမှာ ဓာတ်ပုံတွေ ကလဲ ရီရတယ်။
http://www.facebook.com/myanmarjokes
ကျွန်မ တွေ့တာ jpg file ပုံ အဖြစ် သာတွေ့တာမို့ စာတွေကို ကိုယ့်ဟာကိုယ် ရိုက်ရတာပါ။
Copy & Paste မဟုတ်ပါဘူး။ Copy & Type ပါ။
ဒီ Post ကို ပွိုင့် မပေးပါနဲ့ သူကြီးရှင့်။
ဖတ်ဖတ်ပြီးချင်း တီချာကြီး ကို သတိရလိုက်တာမို့ ရယ်၊ အတော်လေးကို ရီရတာ ရယ်၊ မဖတ်ရသေး သူများကိုလဲ မျှချင်လို့ ရယ်
စသည်တို့ ကြောင့် တင်ပါတယ်။
သိသလောက် ရွာထဲ မှာ ဒီရက် ဒါကို မတင်ဘူးသေးဘူးထင်ရဲ့။
တင်ပြီးသားဆိုလဲ ခွေးလွှတ်ပြီး ဖျက်ပေးပါ သူကြီးရယ်။
ခေတ်သစ် ရိုမီယို နှင့် ဂျူးလိယက် ဇာတ်လမ်း (ဘန်းတော်ကီ များကို သုံးကာစီ ထားသည်)
ကောင်လေးတစ်ယောက် ရှိုးပွဲ သွားကဲရင်း ဖလမ်းဖလမ်း ထ၍ လွန်စွာ လန်းသော ကောင်မလေး တစ်ယောက် ကို တွေ့သည်။
ကောင်မလေးကလဲ ရုပ်ရှိရေလျှံ၊ ဘော်ဒီတောင့်ကာ ဒေါင်ကောင်းသလို ကောင်လေးကလဲ ဂိုက်ပေးကြမ်းသော်လည်း ပါဖြောင့်ပြီး တော်ကီညက်ကာ ကြူချက်က ၉လောက် ရှိသဖြင့် ပြန်ကြွေ သွားသည်။
သို့သော် ကောင်မလေး မိဘများက လော့အင် ဝင်ရန် ရီဂျစ်စတာ လုံးဝ လက်မခံသဖြင့် ကောင်လေးက ကောင်မလေးကို တိတ်တိတ်လေး ဟက်လိုက်သည်။
သူ့အစ်ကို ဝမ်းကွဲ က သိသွားသဖြင့် ဒေါဖောင်းကာ ဖုသွားပြီး ဒီကောင့်ကို ကင်မည်ဆိုကာ ဖေ့ဘွတ် ပေါ်တွင် တောနင်းရှာသည်။
နှစ်ဖက်တွေ့၍ အမုန်းတွယ်ကြရာ ကောင်မလေး အစ်ကိုဝမ်းကွဲ နားကားသွားသလို ကောင်လေး သူငယ်ချင်း တစ်ယောက် စမုံတုန်း သွားသည်။
ပွဲကြမ်းနေချိန် ကြောက်လွန်း၍ မြောင်းထဲ ဝင်ခွေ နေသော ကောင်လေးကို ရဲက မဆီမဆိုင် ဆွဲစေ့ မည်ဆိုသောကြောင့် ကောင်လေးခမျာ အထက်မြန်မာပြည်ဖက် စတေးရှောင်သွားရသည်။
ကောင်မလေးက ကောင်လေးနောက် လိုက်ကပ်မည် ဆိုသော်လည်း အိမ်ကပါမစ် ပိတ်ထားသဖြင့် လမ်းကြောင်း ရှာရတော့သည်။
ဆေးဆရာကြီး တစ်ဦး ထံကို “ဂါ” ကာ နှစ်ရက်ခန့် အိပ်ပျော်စေသောဆေးကို အောက်လမ်းမှ ယူသွင်းလာခဲ့သည်။
ထိုဆေး ဆွဲ ပြီးသွားသောအခါ မိဘများက ကောင်မလေး ကြွသွားပြီ အထင်ဖြင့် ဦးကျော်သူလက် အပ်လိုက်တော့သည်။
ကောင်လေးမှာ အထက်မြန်မာပြည် ဖားကန့်ရောက်ရင်း သူများဆီက ကျော်လို့ရသော ကျောက်တစ်လုံး ပွင့်လာသဖြင့် အထုတ်ပိုက်ကာ ပြန်လာသည်။
သို့သော် ကောင်မလေးကိုတွေ့ချိန်တွင် ကောင်မလေးမှာ ခဲနေပြီဖြစ်သည်။
ကောင်လေးလဲ လေသွားပြီး ညစ်တွန်းတွန်းကာ ကြွက်သတ်ဆေး ကိုပုလင်းလိုက် မြိုလိုက်ပြီး တုံးကနဲ လဲကျသွားသည်။
ထို့နောက် ကောင်မလေး အက်တီဘိတ် ပြန်ဖြစ်လာကာ လဲနေသော ကောင်လေးကို တွေ့သဖြင့် ဟတ်ထိသွားကာ မိမိကိုယ်ကို ဓားဖြင့် ရှော့ လိုက်ရာ ဓားမှာ သစ်စိမ်းချိုးချိုး သလို ကျိုးသွားသည်။ (တရုတ်လုပ် ဖြစ်နေသဖြင့်)
ကောင်လေးမှာလဲ မသေပေ။ ( ကြွက်သတ်ဆေးမှာ ဒိတ်လွန် တရုတ် ဖြစ်နေသဖြင့်)
ပုလင်းကတော့ ပြောင်းဖြင့် ထုတ်လိုက်ရသည်။
23 comments
ဖားသက်ပြင်း
March 28, 2012 at 7:42 am
အရီးလတ်ကို အဂ္ဂမဟာ စာမျက်ခွက်တော်ကြီးမှာ ရှာ အတ် ရန် စိတ်ကူးတဖွားဖွား ပေါ်လာပါဂျောင်း…
ခင်တဲ့..
ဖားတပိုင်းငါးတပိုင်းဆယ်လီဗျစ်တီ
ဂီ
Khin Latt
March 29, 2012 at 3:45 am
ဘုရား ဘုရား
ကျုပ်ကို တောနင်းရှာတော့ မယ်ပေါ့လေ။
ပြီးရင် နာ့ တူမလေးတွေ ကိုပါ ဆက် အတ် မှာလား ငင်င်င်င်င်င်င်င်င်င်။ 😉
mg mg
March 28, 2012 at 7:43 am
အရီး- – ကျနော်လဲ အတော်ဒိတ်အောက်နေပြီဗျ၊ “ကင်မည်” “နားကား” “စမုံတုန်း” “ဂါ” နားမလည်ဘူးဗျ။
မောင်ဘလိူင်
March 28, 2012 at 10:20 am
နဲနဲ ဝင်ဖြီး ကြည့်ဦးမယ်..ကိုမောင်မောင်ရေ
ကင်တာကတော့ ကျွန်တော်သိသလောက်
ပေါင်တာ နှံတာ ကို ပြောတာပဲဗျ..။အခုတော့
ဘယ့်နှယ်သုံးသလဲ မပြောတတ်ဘူး။ နားကား တာ
ကတော့ ဒုက္ခရောက်တာ ဖြစ်လိမ့်မယ်။စမုံတုန်း ဆိုတာ
နှမ်းစိုက် တောင်သူတွေ ပြောတဲ့စကားက ဆင်းသက်
လာတာလို့ ထင်မိတယ်။ မှန်းချက်နဲ့ နှမ်းထွက် ဆိုတဲ့
စကားလေး ရှိတယ်မို့လားဗျ။ နှမ်း တွေ ဖြစ်ထွန်းကာနီး
ရင် စမုံ လို့ခေါ်တဲ့ အပွင့်လေးတွေပွင့်သတဲ့။ မိုးဖျက်
ဘာဖျက်နဲ့ အဲဒီစမုံလေးတွေ (တုံး)တုန်း သွားရင် နှမ်းပျက်ပြီ
ပေါ့ဗျာ..။ ဂါ တာကတော့ အခု လာဘ်ထိုးတယ်ဆိုတဲ့ အသုံး
အနှုန်းပဲ ဗျ။ အင်း…ဗမာစကားလုံးတွေ ဆင်းသက်လာပုံ
နိရုတ္ထိ (etymology) ကို ပြုစုထားတဲ့ အဘိဓာန် တိတိကျကျ
မရှိသေးဘူး ထင်ပါတယ်။ မြန်မာ ဝေါဟာရ အဘိဓာန်မှာတော့
နည်းနည်းပါးပါး ဖော်ပြထားတာ တွေ့ဖူးပါတယ်။
ကိုရင်မောင်
March 28, 2012 at 10:32 am
ကင်တယ်ဆိုတာ ဂင်တယ်လို့ပြောထာထင်တယ်
ချမယ်ရိုက်မယ်
စမုံတုန်းတယ်ဆိုတာသေးသွားတာကိုပြောတာထင်တယ်
Khin Latt
March 29, 2012 at 3:47 am
ကိုမောင်မောင်ရေ ကျွန်မလဲ တစ်ချို့စကား တွေက ဘာပြောမှန်းမသိဘူး။ 😀
ဝင် ရှင်းပြလို့ သင်းခရုပါ ကိုဘလှိုင် နဲ့ ကိုရင်မောင်ရေ။
yaungchikha
March 28, 2012 at 8:14 am
အစ်မလတ်ရေ.. ဖတ်ပြီးရီသွားပါတယ်နော်.. 🙂 ၊ အခုလိုမျှဝေပေးလို့ကျေးဇူးတင်ပါတယ်..
htoosan
March 28, 2012 at 9:16 am
ဪ ကိုယ်လည်း ဒိတ်လွန်ပြီး ခေတ်နဲ့ အတော်ဟလားနေပါပြီလား သံဝေဂ ကတစ်ဖက် နဲ့ ရီသွားပါသည်။
ကိုရင်မောင်
March 28, 2012 at 9:33 am
အရီးလတ်ရေ တလောက တူလေးနဲ့အွန်လိုင်းမှာတွေ့ကြတယ်
သူရေးထားတဲ့စာကြောင်းထဲမှာ ဖု တယ်ဆိုတဲ့စာလုံးကိုနားမလည်လို့
ပြန်မေးရသေးတယ်ဗျာ…စိတ်ဆိုးတာကို ဖုတယ်လို့ဆိုဘဲ…
..အင်… ကျနော်တို့လဲခေတ်သစ်ဘန်းစကားတွေနဲ့အလှမ်းကွာနေတာ
ခုပိုပိုသိနေရတယ်ဗျာ…..
အားပေးသွားပါတယ်…. စိတ်မကောင်းစရာဇာတ်လမ်းကိုရယ်စရာအဖြစ်ပြောင်းလွဲတဲ့နေရာမှာ
အရမ်းတော်ကြပါတယ်……
Thel Nu Aye
March 28, 2012 at 9:43 am
ဟားမိုက်တယ်အရီးလတ်ရေ။ ဟော့ရှော့ပဲ။ ဂွတ်။ ရီရလို့ကျေးဇူးပါ။
mocho
March 28, 2012 at 10:30 am
ဖေ့ဘွတ် မဝင်ဖြစ်တဲ့ကျမတွက်တော့ ဘရမ်းနယူး ဟာသပဲဗျို့။ အရီးလတ် တယောက် တွေ့လည်းတွေ့တတ်တယ်။ စကားမစပ် အဲလို စာလုံးမဲမဲ တွေ ဖြစ်အောင် ဘယ်လို လုပ်ရလဲ။ ကျမ က word ပေါ်ရေးပြီး ကူးတင်တာ ဘိုးပေးထားတဲ့ အမဲတွေ ပြုတ်ကျန်ခဲ့တယ်။ ကူးပြီး မှ ကိုယ် မဲချင်တာကို ရွေးပြီး ဘိုး တင်ပေး တာလဲမရဘူး။ သိတဲ့သူတွေ ပြောကြပါဦး။
htoosan
March 28, 2012 at 10:43 am
ကူးပြီးတင်ပြီးမှ မဲချင်တာရွေး ဘိုးတင်ရပါတယ် ။ word ထဲမှာ လုပ်ထားသမျှ စာကလွဲရင် ဘာမှ မပေါ်ပါဘူး..
နွယ်ပင်
March 28, 2012 at 12:19 pm
ဖတ်ပြီး ရယ်လိုက်ရတာ အရီးလတ်ရေ …
windtalker
March 28, 2012 at 12:20 pm
အဲဒါနဲ ့ဇါတ်ပေါင်းမှာ ကောင်လေး နဲ ့ကောင်မလေး ဖလန်းဖလန်းထ သွားကြကုန်လေသတည်းပေါ့နော် ။ အန်တီလတ်
ဖားသက်ပြင်း
March 29, 2012 at 10:53 am
ဇာတ်လမ်းအဆုံးတွင် ငတိလေးနှင့် စကီလေး ..
အခန်းတံခါးပိတ်၍ စန္ဒယားနှိပ်ကြလေသဒီး …
(တိန်… ဂေါ်လည်း ဂေါ်ဝူး …ရှေးသုံးဂျီး..)
😀
pooch
March 28, 2012 at 12:44 pm
ဖတ်ဖူးတယ် အရီး ပေးတဲ့ကွန်းမန့်တွေက ပိုရီရတယ် ။ သူများရှဲထားတာကို ဖတ်ဖူးတာ။
စကားလုံးတွေက လန်ထွက်နေတာပဲ ။ ရေးလည်းရေးတတ်တယ်။ 😀
Khin Latt
March 29, 2012 at 3:58 am
မောင်ဂီ၊ ကိုမောင်မောင်၊ ကိုဘလှိုင်၊ ကိုရင်မောင် ။ရောင်ခြည်၊ ကထူးဆန်း၊ သဲနု၊ မိုချို၊ နွယ်ပင်၊ ကိုပေ၊ Pooch လေးရေ …
အားပေးကြလို့ ကျေးဇူးပါ။
ဒီ Post ရဲ့ မူရင်းရေးသူ ကို လဲ အထူးကျေးဇူးတင်ပါတယ်။
အမှန်တော့ ဒီစာမှာ အနှစ်တော့ မပါပေမဲ့ စာဖတ်သူတွေ ကို ရီဆေး ပေးနိုင်ပါတယ်။
ရီသောသူ စိတ်ပျို ကိုယ်နု လို့ ကြားဘူးလို့။ 😀
မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........
March 29, 2012 at 10:11 am
ဂွက်တယ်ဂွက်တယ် အရီးရေ……. ဒါ့ကြောင့်သူကြီးထက်တစ်လုံးပိုပြီး သုံးလုံးဖြစ်နေတာနေမှာ
ဖေ့ဘွတ်သုံးပေမယ့် မြင်ရသေးဘူးရယ် ရှယ်ပေးတာ ကျေးကျေးပါနော်။
manawphyulay
March 29, 2012 at 10:42 am
ဪ ဒါဖတ်ပြီးမှ အတော့်ကို ခေတ်နောက်ကျပြီး အတော့်ကို ပိန်းပါလားလို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိတယ်။
padonmar
March 29, 2012 at 11:45 pm
မလတ်ရေ
တော်တော်ရယ်ရတာပဲ။
ပုလင်းကတော့ ပြောင်းဖြင့် ထုတ်လိုက်ရသည်။
အဲဒါဘာပြောမှန်းမသိဘူး။
ဂါ ဆိုတာ ဂါရဝ ပြုတယ်ကများလာသလားလို့။
ဒူတယ်လို့ ပြောပြောနေကြတာ ပါဠိမှာ ဒူရေ-ဝေးသောလို့ တွေ့တော့ အင်း ဒီစကားက ဆင်းသက်တာဖြစ်မှာပါလို့ တွေးမိပါတယ်။
ချာလီဂဇက်ဒလဝမ်
March 30, 2012 at 12:04 am
ဘယ်ရမလဲ ကျုပ်မလဲ ဖေ့ဘုပ် ရှိတာပေါ့
ကဲ လာပီ
အိပ်၍မပျော်
စိတ်ခေါ်ရာနောက်
ပြတင်းပေါက်မှာ
လက်ထောက်မျှော်ငေး
ဟိုဒီတွေးရင်း
အတွေးထဲမှာ
သူဝင်လာတယ်
ရင်ထဲအရိပ်
စွဲလမ်းစိတ်နဲ့
အမြဲမြင်ရောင်
မျှော်တော်ရောင်ဖြင့်
အိပ်မက်ထဲလည်း
မင်းပဲရှိတယ်
မယုံမေးကြည့်
သက်သေရှိတယ်
ခေါင်းအုံးလေးရယ်
ပြောပေးပါ။
အိပ်လို့ကတော့ မဖြစ်သေးဘူးလေ
ဘယ်သူမှ မအပ်နှင်းတဲ့ ဒလဝမ်ရာထူးနဲ့မို့.. ဟိဟိ
(Moe Nge Lay)
MaMa
March 30, 2012 at 7:14 am
တီချာကြီးသင်ပေးနေတဲ့ English Idiom မို့ မတတ်ဘူးလား ထင်နေတာ…..
မလတ်ပြောမှပဲ ခေတ်သစ် မြန်မာအီဒီယံ လည်း မသိ။ 🙁
ထို့ကြောင့် ခေတ်မှီလိုသူတိုင်း ဤစာကို ဖတ်ရမည်။ 🙂
blackchaw
March 30, 2012 at 9:58 am
အစ်မရေ။
အခုမှတွေ့လို့ အခုပဲ ဖတ်ပြီး
အခုချက်ခြင်းပဲ ကွန်းမန့်လေးရေးလိုက်ပါတယ်ခင်ဗျာ။
အခုခေတ် မြန်မာ အီဒီယံလေးတွေနဲ့ ရေးထားတဲ့
ခေတ်သစ် ရိုမီယိုနဲ့ ဂျူးလိယက် ဇာတ်လမ်းလေးက
ဖတ်ရင်း ဖတ်ရင်း ပြုံးရင်းပြုံးရင်း ဝုန်းကနဲ ရယ်မိစေပါတယ်ခင်ဗျာ။
ကွန်းမန့်ပေးတာ နောက်ကျသွားတာ ခွင့်လွှတ်ပါဗျို့။
🙂
ကြူချက်က ၉ လောက်ရှိတယ်ဆိုတာကတော့ ဂီဂီ သုံးနေကြ အီဒီယံ လေးပါခင်ဗျာ။